ငြိမ်းချမ်းရေးရဖို့ သင်ဘယ်လိုလုပ်ဆောင်သလဲ

၂၀၂၃ခုနှစ် နိုဝင်ဘဘာလ (၆)ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကျောင်းကလေးတွေကို ကမ္ဘာငြိမ်းချမ်းရေးအတွက် လုပ်ဖို့သင်ပြပေးခဲ့ပါတယ်။

ကျွန်တော်က ယူကရိန်းနိုင်ငံက အီဗန်ဖြစ်ပါတယ်။ငြိမ်းချမ်းရေးရဖို့ သင်ဘယ်လိုလုပ်ဆောင်သလဲ ရှင်းပြပေးပါ။

ငြိမ်းချမ်းရဖို့ သင်ဘယ်လို လုပ်ဆောင်သလဲ မေးခွန်းက ဖြေရခက်တယ် မဟုတ်လား။ ဒီနားကို လာခဲ့ပါဦး။ ငြိမ်းချမ်းရဖို့ သင်ဘယ်လို လုပ်ဆောင်သလဲ မေးခွန်းက ရှင်းပြရ ခက်ပါတယ်။ အမုန်းနဲ့ ကလဲ့စား ချေပြီး သူများကို နာကျင်အောင် ဘယ်လို စစ်ပွဲမျိုး ခင်း၊ စစ်တိုက်ရမလဲဆိုတာမှ ပိုလွယ်ကူတာ ဖြစ်တယ်။

ဒီဟာတွေ အားလုံးက ပင်ကိုစရိုက်ကနေ လာခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရအောင် သင်တို့ဘယ်လို လုပ်ဆောင်ကြမလဲ။ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး ရရှိလာအောင် သင်ယူလုပ်ဆောင်ပါဆိုပြီး နည်းလမ်းဆိုတာ မရှိပါဘူး။

ဒီအရာက အမူအရာဟန်ပန် တစ်ခုဖြစ်တယ်။ ငြိမ်းချမ်းရေးကို တခြားသူတွေနဲ့ အမြဲကြိုးစား ပူပေါင်းပါဝင် စေခြင်းအားဖြင့် မိတ်ဖွဲလက်ဆန့်တန်းပြီး လုပ်ဆောင်နိုင်ပါတယ်။ ငြိမ်းချမ်းရေးကို လက်ဆန့်တန်းပြီး လုပ်ဆောင် နိုင်ပါတယ်။

လက်ဆန့်တန်းခြင်းနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်းဖြစ်လို့၊ မိတ်ဆွေတွေကို သင့်အိမ်မှာ ကြိုဆိုနှုတ်ဆက် နိုင်ပါတယ်။

ငြိမ်းချမ်းရေးကို နှလုံးသားနဲ့တကွ လက်ဆန့်တန်းခြင်းနဲ့ လုပ်ဆောင်ပါ။

✍️ထန်းဟာ SJ

Video courtesy of Catholic News Service

#PopeFrance #Peace #rvamyanmar

Add new comment

12 + 2 =