ပုပ်ဖရန်စစ်သည် ဂါနာ သံအမတ်နှင့်နွေးထွေးပျူငှာစွာတွေ့ဆုံနုတ်ဆက်

ပုပ်ဖရန်စစ်သည် ဂါနာ သံအမတ်နှင့်နွေးထွေးပျူငှာစွာတွေ့ဆုံနုတ်ဆက်

ပုပ်ဖရန်စစ်သည် ဂါနာ သံအမတ်နှင့်နွေးထွေးပျူငှာစွာတွေ့ဆုံနုတ်ဆက်

 

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်အတွက် ဂါနာမှ သံအမတ်အသစ် မစ္စ အန်ဂျလီနာ ဘိုင်ဒန် အမီရှ အား ဗာတီကန်ရှိ တမန်တော်ကြီးများနန်းဆောင်မှာ  လက်ခံတွေ့ဆုံခဲ့ပါတယ်။ အရှင်သူမြတ်အား တွေ့ဆုံစဉ် ဂါနာသံအမတ်သည်လည်း ၎င်းတို့ယဉ်ကျေးမှုရိုးရာ ဝတ်စုံနှင့်အတူ ပြုံးရွှင်စွာနုတ်ဆက်တွေ့ဆုံခဲ့တာပါ။

အရှင်သူမြတ်အား သူမသည် အီတလီ စကားကို သင်ယူနေဆဲဖြစ်ကြောင်းဆိုရင်း နေကောင်းပါရဲ့လားလို့ အရှင်သူမြတ်ကို နုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဂါနာသမ္မတ နှင့် သူမ၏ရှေ့တာဝန်ယူခဲ့သူ တို့ကိုယ်စား အရှင်သူမြတ်အား နုတ်ဆက်ပါကြောင်းဆိုရင်း တရားဝင် အထောက်အထားများကို အရှင်သူမြတ်အား ပြသခဲ့ပါတယ်။

နုတ်ဆက်ထွက်ခွာခြင်းမပြုခင်မှာ သံအမတ်နှင့် အပေါင်းအပါများအား အရှင်သူမြတ်က ကောင်းကြီးပေးကာဆုတောင်းပေးမည့်ကတိစကားကို လည်းမြွက်ကြားခဲ့ပါတယ်။

၁၉၇၅ ခုနှစ်ကထဲက ဗာတီကန်ဟာ ဂါနာ နိုင်ငံနဲ့ သံတမန် ဆက်သွယ်မှု အစပြုခဲ့တာဖြစ်သလို အာဖရိက မှ ပညာရေး၊ ကျန်းမာရေး နှင့်ဆပ်ဆိုင်တဲ့ အဖွဲ့အစည်းအများစုဟာလည်း ကက်သလစ်အသင်းတော် မှ တည်ထောင်ခဲ့သည့် အဖွဲ့အစည်းများဖြစ်ကြပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3qRRDdT

Add new comment

4 + 0 =