ဘုရားက အခုလက်ရှိ ဘယ်မှာရောက်နေလဲ၊ “လူမှုနေဝေး Quarantine မှာ စိတ်ကူးအတွေးတွေက ကျွန်ုပ်တို့ ရဲ့ ယုံကြည် ခြင်းကို ဘယ်လိုအထောက်အကူ ပေးနိုင်ပါသနည်း၊

ဘုရားက အခုလက်ရှိ ဘယ်မှာရောက်နေလဲ၊ “လူမှုနေဝေး Quarantine မှာ စိတ်ကူးအတွေးတွေက ကျွန်ုပ်တို့ ရဲ့ ယုံကြည် ခြင်းကို ဘယ်လိုအထောက်အကူ ပေးနိုင်ပါသနည်း၊

ဘုရားက အခုလက်ရှိ ဘယ်မှာရောက်နေလဲ၊ “လူမှုနေဝေး Quarantine မှာ စိတ်ကူးအတွေးတွေက ကျွန်ုပ်တို့ ရဲ့ ယုံကြည် ခြင်းကို ဘယ်လိုအထောက်အကူ ပေးနိုင်ပါသနည်း၊

Fr.Nicolas Steeves, SJ  နှင့်တွေ့ဆုံခြင်း  ရောမမြို့၊ အီတလီ ဧပြီ ၂၂၊ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စောင့်ကြည့်အနေအထားနဲ့ အိမ်တွင်းအောင်းရမယ့် အမိန့်တွေကို လိုက် နာရတာကြောင့် ကက်သလစ်ဘာသာဝင် အများစုဟာ သူတို့ပြုလုပ်နေကျ ဘာသာရေး အစဉ် အ လာ ဓ လေ့ တွေကို ပြုလုပ်နိုင်စွမ်း မရှိကြပါဘူး။ မစ္ဆားတရားလည်း မနာယူနိုင်၊ ကိုယ်တော်မြတ် စက္ကရ မင် တူး ကို လည်း မပင့်ယူနိုင်တဲ့အချိန်မှာ ဘုရားကျောင်းဆီကို မသွားရင်တောင် သင်ဟာဘုရားကို ဘယ် မှာရှာ တွေ့နိုင်မှာလဲ၊

ပထမဦးဆုံး သတိရရမယ့်အချက်က “ဘုရားရှင်က ကျွန်ုပ်ကို အချိန်တိုင်းမှာ ကယ် ဆယ် ပေး ချင်ပါတယ်။ ဟိုအရင်အချိန် စက္ကရမင်တူးများကို ကိုယ်တိုင်ခံယူနိုင်၊ မစ္ဆား တရား တော် တွေ လည်း နာယူ နိုင်စဉ်ကာလတွေထက် သခင်ဘုရားက ကျွန်ုပ်တို့ကို ကယ်တင်ဖို့ လျှော့ပေါ့လိုက်မှာ မ ဟုတ်ပါဘူး”လို့ Fr. Nicholas Steeves SJ က UCAN ကို ပြောကြားခဲ့ပါတယ်။

စက္ကရမင်တူး ခံယူခွင့်တွေ ဆုံးရှုံးခံလိုက်ရတဲ့အခါ ကျွန်ုပ်တို့ဟာ “အခုလက်ရှိမှာ ဘုရားက ဘယ် ကို ရောက်နေတာလဲ”လို့ သိချင်လွန်း အားကြီးကြပါတယ်။ရောမမြို့၊ ဂရေဂေါ်ရီယမ်တက္ကသိုလ်က သီအို လော်ဂျီပရော်ဖက်ဆာတစ်ဦးက “ဒီအထက်ပါ မေးခွန်းဟာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်အချိန်မှာပဲ ဆီလျော်တဲ့ မေးခွန်းမဟုတ်ဘဲ ပါစကားကာလ အချိန်အခါနဲ့လည်းပဲ သင့်မြတ်ပါတယ်။

သခင်ယေဇူးရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ ကောင်းကင်သို့ ပြန်လည်တက်ကြွခြင်း အဖြစ်အပျက် ၂ ခုကြားမှာ “တပည့်တော်ကြီးတွေ ဘယ်မှာရှိနေခဲ့တာလဲ၊ မေရီမက်ဒလင်းက ဘယ်မှာရောက်နေလဲ၊ တမန်တော်ကြီးတွေက ဘယ်နေရာမှာ သခင်ယေဇူးကို ရှာဖွေခဲ့ကြတာလဲ၊ Fr.Steeves က “အဲဒီအချိန်တွေအားလုံးဟာ သခင်ယေဇူး သတ်မှတ်ထားတဲ့ မျက်ဝါးထင်ထင်မြင်ရဖို့ ကိုယ်ထင်ရှားပြသဖို့ အချိန်နဲ့ အနေအထားတွေသာ ဖြစ်ပါတယ်။

ဒီလိုပဲ ကျွန်ုပ်တို့ဟာလည်း ဒီပါစကားအချိန်ကာလအတွင်းမှာ “သခင်ယေဇူး လက်ရှိဘယ်မှာလဲ။ ငါ့ဘဝမှာ သခင်ယေဇူးကို လောလောလတ်လတ် ဘယ်မှာရှာတွေ့နိုင်မလဲ၊ ”လို့ ပုံဖော်ကြည့်ရမှာဖြစ်ပါတယ်။

 

စိတ်ကူးပုံဖော်ခြင်း

ဓမ္မဟောင်းကျမ်းစာထဲမှာ ဗိမာန်တော်ဟာ ဖျက်ဆီးခံရပြီး ဘုရားသခင်က သူ့ရဲ့လူမျိုးတော်တွေရဲ့ ကျွန်ဘဝ ကျရောက်ချိန်မှာ အတူရှိနေခဲ့တာကို Fr.Steeves က ပြန်လည်ထောက်ရှုပါတယ်။ သူက ကိုရိုနာဗိုင်းရပ်စ်-လူမှုနေဝေး (Quarantine) ကာလအနေအထားဟာ ကျွန်ုပ်တို့ ဘုရားကို အမြဲသွားရောက်ရှာဖွေလေ့ရှိတဲ့ ဘုရားကျောင်းတော်ကြီးများ ထဲကနေ ဝေးရာကိုထွက်သွားဖို့ နယ်နှင်ဒဏ်ခံလိုက်ရသလိုပုံစံမျိုးနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ အခုလောလောလတ်လတ် အချိန်မှာပဲ ဘုရားသခင် ငါ့အတွင်းထဲ၊ ငါ့အနီးတစ်ဝိုက်မှာရှိနေတယ်လို့ အာရုံစိတ်ကူးနိုင်ချေရှိတာကြောင့် ကျွန်ုပ်ဟာ ဘုရားနဲ့ အချိတ်အဆက် ပြုနိုင်ပါတယ်။ ဒါဟာဆိုရင် စိတ်ကူးစိတ်သန်းဟာ တကယ့်အစစ်အမှန်ဖြစ်လာဖို့ အသုံးဝင် ပါတယ်လို့ သူက ဆက်လက်ပြီး ရှင်းပြပါတယ်။

“စိတ်ကူးယဉ်ပုံဖော်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲပေမယ့်လည်း အရစ္စတယ်တိုတယ်(လ်)ကတော့ စိတ်ကူးအတွေးများနဲ့ မှတ်ဉာဏ် တွေဟာ ကျွန်ုပ်တို့နဲ့နီးစပ်မှုရှိရာ မြင်လေရာရာများမှ တစ်ဆင့် ကျွန်ုပ်တို့ရဲ့ အာရုံခံများနဲ့ စိတ်ကူးအတွေးတွေ အစပျိုးဖြစ်တည်လာစေဖို့ ပုံရိပ်များရဲ့ ရတနာသိုက်တစ်ခုလို ဖြစ်တယ်လို့ ဆိုပါလိမ့်မယ်”လို့ Fr.Steeves က ပြောပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓာပိုင်းဆိုင်ရာ အာရုံခံများဟာ အပေါ်ယံ ကြောတွေကိုသာ ခံစားနိုင်ပေမယ့် ခရစ်ယာန်များရဲ့ ထူးခြားတဲ့ စိတ်ကူးအတွေးပုံဖော်ခြင်းကတော့ စစ်မှန်တဲ့အရာတွေ ကို စိတ်ကူးယဉ်ဖို့ပဲဖြစ်ပါတယ်။ ခရစ်ယာန်များရဲ့ သီအိုလော်ဂျီမှာ အခြေခံကျတဲ့ အတွေးအခေါ်ဖြစ်တဲ့ ““စိတ်တွင်းမှ နှစ်မြုတ်နေသောအရာများကို ဖော်ထုတ်ခြင်း၊ တကယ်တော့ အကာအရံကို ဖယ်ရှားခြင်း””ပဲဆိုတာကို ထောက်ပြထားပါတယ်။ သာမန်အချိန်တွေမှာတောင်မှပဲ ဘုရားသခင်ကိုရှာဖွေကြတဲ့အခါမှာ အတားအဆီးအချို့က ရှိနေမြဲပဲဆိုတာ ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ယုံကြည်ခြင်းက ယုံမှတ်ထားပါတယ်။ ဘုရားရှင်ရဲ့ ဖော်ပြချက်တွေဟာ သာမန်အားဖြင့် ရိုးရာ ဓလေ့ထုံးတမ်း၊ သမ္မာကျမ်းစကားနဲ့ အသင်းတော်ရဲ့ နည်းဥပဒေတွေဆီကနေ ရောက်ရှိလာတာဖြစ်ပါတယ်။ အသင်းတော်သွန်သင်တဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးဟာ ဥပမာသက်သေတစ်ခုဖြစ်ပါတယ်။

ကက်သလစ်များဟာ “မုန့်နဲ့စပျစ်ရည်”ပုံသွင်ပြင်ထက်သာလွန်ပြီး မြင့်မြတ်သန့်ရှင်းသော စက္ကရမင်တူးထဲမှာ သူ၏ခန္ဓာတော်၊ သူ၏အသွေးနှင့်အသား၊ ဘုရားရှင်အစစ်အဖြစ် နက်နဲလှစွာ တည်ရှိနေတာကို ကက်သလစ်ခရစ်ယာန်များက မစ္ဆားတရား နာယူချိန်အတွင်းမှာ တွေးဆ စိတ်ကူးပုံဖော်ကြည့်ရပါတယ်။ ယုံကြည်ခြင်းက ကျွန်ုပ်ကိုသင်ကြားပေးတဲ့ “ကိုယ်တော်မြတ် စက္ကရမင်တူး (Eucharist) ”ထဲမှာ ခရစ်တော်ဟာ အမှန်တည်ရှိခြင်းနဲ့ အဲဒီအရာကို တွေးမြင်ပုံဖော်ကြည့်လို့ ရနိုင်တယ်ဆိုတာ မဟုတ် မှန်တာတွေကို ဇာတ်လမ်းထွင်ထားတာ မဟုတ်ပါဘူး။ တကယ့်ကို ဧကန်ဖြစ်ရပ်မှန်ပါ။ ဒါပေမဲ့ အဲဒါကို တကယ်နားလည် သိမြင်ချင်ရင်တော့ အပေါ်ယံပုံသွင်ပြင်ကို ကျော်လွန်ထိုးဖောက်ထွက်ရပါတယ်။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းမှာ “စိတ်ကူး ပုံဖော်ခြင်း”ကို သုံးရခြင်းအချက်ဟာ စိတ်ကူးယဉ်ကမ္ဘာကို ဖန်တီးဖို့မဟုတ်ဘဲ ကျွန်ုပ်တို့အာရုံများနဲ့ ထင်းထင်းကြီး မြင် နိုင်စွမ်း၊ ကြားနိုင်စွမ်းမရှိတဲ့ ဘုရားရဲ့ ဝှက်ကွယ်ခြင်းကို ပုံဖော်ရှာဖွေမှသာ ကျွန်ုပ်တို့ကို ကယ်တင်ပြီး ထာဝရအသက်ကို ဆောင်ကြဉ်းပေးတဲ့အရာဟာ အမှန်တကယ်ဖြစ်တည်လာပါတယ်။ ခရစ်ယာန်များဟာ ဒီလိုစိတ်အတွေးနဲ့ မြင်ယောင် ပုံဖော်ခြင်းကို ဆုတောင်းမေတ္တာပြုခြင်း၊ သမ္မာကျမ်းစာ(နှုတ်ကပါတ်တော်) ဖတ်ရှုခြင်းနဲ့ စက္ကရမင်တူး ခံယူခြင်းတွေမှာ လက်တွေ့အသုံးပြုကြပါတယ်။ ဒီလိုနည်းလမ်းကို ကျွန်ုပ်တို့ရဲ့ မေတ္တာတရားလုပ်ငန်းနဲ့ နေ့တဓူဝကိစ္စရပ်တွေမှာလည်း အသုံးပြုနိုင်ပါတယ်လို့ Fr.Steeves က ဆက်လက်ပြောကြားပါတယ်။

ကမ္ဘာ့ကပ်ဆိုးကြီးအလယ်မှ ယုံကြည်ခြင်း

မိမိနှင့်ချစ်ခင်ရင်းနှီးသူတွေကို ဖုန်းပေါ်မှာ ဒါမှမဟုတ် အခြားလူမှုကွန်ရက်တွေပေါ်မှာ အဆက်အသွယ်ပြုရတာဟာ အပြင်လက်တွေ့ဘဝမှာ တစ်ဦးနဲ့တစ်ဦး ထိတွေ့နှုတ်ဆက်ရတာနဲ့ မတူသလိုပဲ လေလှိုင်းပေါ်က မစ္ဆားတရား ပုံရိပ်လွှာနဲ့ လူကိုယ်တိုင် ပါဝင်ကြားနာရတဲ့ မစ္ဆားတရားဆိုတာလည်း လုံးဝမတူညီနိုင်ပါဘူး။ ဘယ်လိုပဲဆိုပေမယ့် ဖန်သားပြင် မြင်ကွင်းကို ဖောက်ထွက်ပြီး ကျွန်ုပ်တို့ စိတ်ကူးမြင်ယောင်ပုံဖော်ဖို့ နည်းလမ်းတွေ ရှိနေပါသေးတယ်။ ဥပမာပြောရရင် သံပေါလုရဲ့ နှိုင်းယှဉ်ပြ သြဝါဒတွေ၊ ဆာလံကျမ်းထဲက စာပေအဖွဲ့အနွဲ့တွေ၊ ဓမ္မဟောင်းကျမ်းထဲက ပုံတိုပတ်စတွေ၊ သခင်ယေဇူးရဲ့ ပုံဥပမာပေးသင်ကြားခြင်းတွေကို နာကြားနေစဉ်မှာ အဲဒါတွေက ကျွန်ုပ်ရဲ့ “စိတ်ကူးအတွေးပုံဖော်ခြင်း” ကို ဘယ်လိုလှုပ်နှိုးပြီး ကျွန်ုပ်ရဲ့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ချစ်ခြင်းတရားကို ဘယ်လိုဆပွားတိုးတက် စေနိုင်လဲဆိုတာ ပဲဖြစ်ပါတယ်။

“စိတ်ကူးပုံဖော်ခြင်း”ဟာ ကုသိုလ်ပါရမီ ဆပွားဖို့သာမက အထောက်အပံ့ဖြစ်စေနိုင်တာမဟုတ်ဘဲ  မစ္ဆား တရား အချိန်အတွင်းနဲ့ မစ္ဆားတရားအပြီး ရက်သတ္တပတ်လုံးအတွင်းမှာ “အထွေထွေဆုတောင်းခန်း” သီးသန့်ရည်ရွယ် ဆုတောင်း ချက်တွေကို ကိုယ်စိတ်နှစ်ပြီး ဆုတောင်းနိုင်ဖို့၊ ဖျားနာခြင်းနဲ့ လူမှုဒုက္ခပြဿနာ ရှိသူများထံကို ဖုန်းဆက်စကားပြောခြင်း၊ ကိုယ်တိုင်သွားရောက်အားပေးခြင်းတို့ကို တွန်းအားပေးပါတယ်။

ဘုရားသခင်နဲ့ ဘယ်လိုတွေ့ဆုံပြီး အသင်းတော်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားရဖို့ တွေးဆကြည့်ရင် မစ္ဆားတရားနာယူနေစဉ် အချိန်မှာတောင် မဖြစ်နိုင်ပါဘူး။ “ဘယ်အရာ ကျွန်ုပ်ကို အထောက်အကူ အဖြစ်နိုင်ဆုံးအရာ ဖြစ်နိုင်မလဲ”လို့ မေးခွန်းထုတ်ဖို့ Fr.Steeves က အားပေးထားပါတယ်။ “လေလှိုင်း မစ္ဆားတရားက ကျွန်ုပ်ကို အကူအညီ ဖြစ်စေတာလား။ ဒါမှမဟုတ် ကျွန်ုပ်ကိုပိုပြီး စိတ်ပျက်စေတာလား”လို့ စဉ်းစားကြည့်ရမယ့်အပြင် Fr.Steeves က “သန့် ရှင်းသော သမ္မာကျမ်းစာနဲ့အတူ ဆုတောင်းခြင်း၊ ဘုရားတရားရေးရာ စာပေများ ဖတ်ရှုခြင်း၊ ရဟန္တာများရဲ့ အတ္ထုပ္ပတ္တိနဲ့ သူတို့ရဲ့ရေးသားချက်များ၊ ထုံးတမ်းစဉ်လာ နည်းများဖြစ်တဲ့ စိတ်ပုတီးစိတ်ခြင်းနဲ့ လစ်တနီရွတ်ဆိုခြင်းများနဲ့ ဘုရားသခင်ကို ရှာဖွေကြဖို့ လက်တွေ့ကျကျနည်းများကိုလည်း အဆိုပြုထားပါသေးတယ်။ အဲဒါအပြင် ကျွန်ုပ်တို့ရဲ့ အာရုံများကို ဆက်နွှယ်လှုံ့ဆော်ပေးတဲ့ အမွှေးနံ့သာလောင်မြိုက်ခြင်း၊ ၀ိညာဉ်နဲ့ တရားရေးရာဂီတ၊ သီချင်းများကို နားဆင်ခြင်း၊ အနု ပညာတစ်ခု ပေါ်မှာ ဆင်ခြင်ထောက်ရှုခြင်းတို့ကို ပြုလုပ်ဖို့ ဆက်လက်အကြံပေးထားပါသေးတယ်။

ဘယ်အရာကိုပဲလုပ် လုပ် သင့်ရဲ့ခန္ဓာအာရုံတွေက ဘုရားကျောင်းအမှတ်တရပုံရိပ်တွေ၊ ဘုရားရှင်နဲ့ ပေါင်းစပ်ထိတွေ့ခဲ့တာတွေ၊ ချစ်ခြင်းနဲ့ မျှော်လင့်ခြင်းမှာ တိုးပွားလာခဲ့တာတွေ စတဲ့ပျော်ရွှင်ကြည်နူး ရုပ်ပုံလွှာတွေကို ပြန်လည်ယူဆောင်ပေးပါလိမ့်မယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမှတ်တရပဲဖြစ်ဖြစ်၊ ဘုရားကျောင်းအသင်းအဖွဲ့နဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေမှာ ဘုရားနဲ့ထိတွေ့ခဲ့ခြင်း အတွေ့အကြုံတွေပဲဖြစ်စေ အားလုံးဟာ ဒီအချိန်ကာလမှာ အသုံးဝင်ကိရိယာတစ်ခုဖြစ်နိုင်တယ်လို့လည်း သူက သတိပြု မိပါတယ်။

အသင်းတော်ရာဇဝင် သမိုင်းကို သိခဲ့မယ်ဆိုရင် ပလိပ်ရောဂါနဲ့ အခြားသော နာဖျားခြင်းများ ဖြစ်ပွားချိန်မှာရော၊ ရဟန်းများရဲ့ ယုံကြည်သူမောင်နှမများရဲ့ ယုံကြည်ခြင်းခိုင်ခံ့စေဖို့ သာမန်မဟုတ်တဲ့ အခြေအနေတစ်ခုမှာ အသင်းတော် ကြီးဟာ ဆက်လက်ရပ်တည်ဖို့ အားလုံးအတွက် အသင်းတော်ကြီးမှာ နည်းလမ်းဖောက်ထွင် နိုင်တယ်ဆိုတာ ရှာဖွေသိရှိ ကြမှာဖြစ်ပါတယ်။ အင်မတန် ခက်ခဲကြပ်တည်းတဲ့ ကာလဖြစ်သော်လည်း “ဘုရားကိုရှာဖွေခြင်း”၌ ခိုင်ခံ့တည်ကြည်ကြဖို့ သူက တိုက်တွန်းထားပါတယ်။

““ဘုရားစင်စစ်ဖြစ်ခြင်း-ဖန်ဆင်းရှင်-ငါတို့ဟာဘယ်သူတွေလဲဆိုတဲ့ စိတ်တွင်းအနက်ပိုင်းကို ဖွင့်လှစ်လိုက်တဲ့ အတွက် နေသာထိုင်သာရှိသွားမယ်လို့ ကျွန်ုပ်ထင်ပါတယ်”” ဆက်လက်ပြီး Fr.Steeves က “ကျွန်ုပ်တို့ဟာ ချို့တဲ့အားနည်းတဲ့ သတ္တဝါတွေသာဖြစ်သော်လည်း ဘုရားရဲ့ချစ်ခြင်းကို ခံနေဆဲဖြစ်ပါတယ်။ ဘုရားရှင်က ကျွန်ုပ်တို့ကို သမရိုးကျလမ်း ဟောင်းများမှ ခွဲထွက်ပြီး သူ့ကို အခုချက်ချင်း လိုက်လံရှာဖွေကြဖို့ ဖိတ်ခေါ်နေပါတယ်။

Translated by
Sr.Perpetua Nyein Nyein Loo,SJA (Cyprus)

Photo Credit: fizkes / Shutterstock

https://bit.ly/3aJkSnL

 

Add new comment

11 + 3 =