ကိုဗစ် ကာလ အတွင်း အင်ဒိုနီးရှားကက်သလစ်လူငယ်များ ကူညီမှုအသစ်တစ်ခု ဖြင့်စတင်လှုပ်ရှား

ကိုဗစ် ကာလ အတွင်း အင်ဒိုနီးရှားကက်သလစ်လူငယ်များ ကူညီမှုအသစ်တစ်ခု ဖြင့်စတင်လှုပ်ရှား

ကိုဗစ် ကာလ အတွင်း အင်ဒိုနီးရှားကက်သလစ်လူငယ်များ ကူညီမှုအသစ်တစ်ခု ဖြင့်စတင်လှုပ်ရှား

အင်ဒိုနီးရှားရှိ ကက်သလစ် လူငယ်အဖွဲ့ဟာ ကိုဗစ်အချိန် ဒုက္ခတွေ့နေကြရတဲ့ မိသားစုများအားကူညီရန် လှုပ်ရှားမှုတရပ် စတင်လိုက်ပါတယ်။

Orang Muda Katolik သို့မဟုတ် ကက်သလစ်လူငယ်များဆိုသည့် အဖွဲ့ဟာ "ညီလေးတယောက်မွေးစားကြမယ်" ဆိုတဲ့ အစီအစဉ်လေးကို စတင်လိုက်တာပါ။

ဒီအစီအစဉ်မှာဆိုရင်တော့ အလုပ်လက်မဲ့ဖြစ်ပြီး ကိုဗစ် အချိန် ဒုက္ခရောက်နေကြရတဲ့ မိသားစု ထဲက တယောက်ကို ခဏမွေးစားပြီး ဒီမွေးစားတဲ့ အကိုအမ ကပဲ ဒီကလေးရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးသွားကြမဲ့

အစီအစဉ် ကောင်းလေးပဲဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ကိုဗစ် ကူးစက်ခံရသူ ၇၅၀၀ နဲ့ သေဆုံးသူ ၆၄၇ ဉီးရှိပြီး အလုပ်သမား၀န်ကြီးဌာန ရဲ့ မှတ်တမ်းအရ ကိုဗစ် ကပ်ဘေးကြောင့်အလုပ်လက်မဲ့ဉီးရေ ၂.၈ သန်းရှိကြောင်း

ကမ္ဘာကြီးကိုအသစ်ပြပြင်ရာမှာ လူငယ်များအနေနဲ့ အဓိက ဇာတ်ဆောင်နေရာမှ ပါ၀င်ကြဘို့ ပုပ်ရဟန်းမင်းကြီးကလည်းဖိတ်ခေါ်ထားပါတယ်ဆိုခြင်းကို CNA news အရ သိရှိရပါတယ်။

 

Photo Credit: Sergey via Flickr (CC BY-SA 2.0)

https://bit.ly/2Y4MrVz

Add new comment

11 + 7 =