Stay at Home ကာလ ‌လေ့ကျင့်ခန်း

(ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။)

အမျိုးသားနဲ့အမျိုးသမီး တစ်ဦီးကိုတစ်ဦီး အထောက်အမဖြစ်စေဖို့ ဘာတွေက အတားအဆီးဖြစ်နေတာလဲ။

Stay at Home ကာလ ‌လေ့ကျင့်ခန်း

မိန်းကလေးတစ်ယောက်ရဲ့ communication ပုံစံက သူ့ရဲ့အတွေးတွေခေါင်းထဲကနေခုန်ထွက်လာပြီး သူ့ရဲ့နှလုံးသားလက်နဲ့ ဖမ်းစုပ်လိုက်ပြီး သူ့ရဲ့နုတ်ကနေထွက်လာတာဖြစ်တယ်။ အမျိုးသားရဲ့အတွေးတွေက သူ့ရဲ့ခေါင်းထဲကနေထွက်လာတယ်။ ဒါမဲ့သူ့ရဲ့ သေးငယ်တဲ့အခန်းကျဉ်းလေးတစ်ခုထဲမှာ ရပ်တန့်သွားတယ်။

Communication

အမျိုးသားတွေနဲ့အမျိုးသမီးတွေရဲ့ ဦးနှောက်ဖွဲ့စည်းပုံအရမ်းကိုကွာခြားနေခြင်းက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခြင်းအပေါ်မှာလဲ သက်ရောက်မှုရှိနေပါတယ်။ အမျိုးသမီးတွေအတွက်က သတင်းအချက်အလက်တွေပြောရာမှာ စိတ်ခံစားချက်တွေပါဝင်ပါတယ်။ သူ့ရဲ့အတွေးတွေခေါင်းထဲကနေခုန်ထွက်လာပြီး သူ့ရဲ့နှလုံးသားလက်နဲ့ ဖမ်းစုပ်လိုက်ပြီး သူ့ရဲ့နုတ်ကနေထွက်လာတာဖြစ်တယ်။ အမျိုးသားရဲ့အတွေးတွေက သူ့ရဲ့ခေါင်းထဲကနေထွက်လာတယ်။ ဒါမဲ့သူ့ရဲ့ သေးငယ်တဲ့အခန်းကျဉ်းလေးတစ်ခုထဲမှာ ရပ်တန့်သွားတယ်။ ခံစားချက်တွေကို တစ်ခြားသီးခြားအခန်းတစ်ခုကို ပို့လိုက်တယ်။ လှုပ်ရှားမှု သို့မဟုတ် တုန့်ပြန်မှုကို ခံစားချက်နဲ့သီးသန့်ထားပြီး လုပ်ဆောင်တယ်။ ခံစားချက်ကို ထည့်ချင်တယ်ဆိုရင်လဲ ခေါ်ထည့်လို့ရတယ်။ ဥပမာ လက်ဆောင်ပေးတဲ့အချိန်မျိုးမှာလို။

အမျိုးသားတွေက ခံစားချက်မရှိဘူးလို့ မကြာခဏစွပ်စွဲခံကြရပါတယ်။ ဒါမဲ့အမှန်တစ်ရားက သူတို့တွေက ခံစားချက်တွေကို အလွယ်တစ်ကူ မပြတတ်ကြတာဖြစ်တယ်။ အခန်းကဏ္ဍတွေကို သီးခြားစီ ခွဲထုတ်ထားနိုင်စွမ်းကြီးတဲ့ သူ့ရဲ့ဦးနှောက်က အမျိုူးသမီးတွေရဲ့ ဦးနှောက်နဲ့ တုန့်ပြန်မှုပိုင်းမှာ အရမ်းကိုကွာခြားနေပါတယ်။ အမျိုးသမီးရဲ့ ဦးနှောက်က ခံစားချက်တစ်ခုအပေါ်မှာ အချိန်အကြာကြီး တစ်စိမ့်စိမ့်နေတတ်ပြီး၊ အမျိုးသားရဲ့ ဦးနှောက်က ခံစားချက်တစ်ခုဖြစ်လာရင် ဖြေရှင်းလိုက်ဖို့ အပူတစ်ပြင်းနညး်လမ်း ရှာတတ်ပြီး၊ နဂိုတည်ငြိမ်တဲ့အခြေအနေကို အလျင်အမြန်ပဲ ပြန်ရောက်သွားတယ်။

သူတို့ရဲ့ ယောကျာ်းတွေက သူတို့ရဲ့ပြသနာတွေကို နားထောင်မပေးဘူးဆိုပြီး အမျိုးသမီးတွေရဲ့ အပြစ်တင်သံတွေကို မကြာခဏကြားရပါတယ်။ တစ်ကယ်တမ်းတော့ သူက သူ့မိန်းမခံစားနေရတဲ့ ပြသနာအတွက် ဖြေရှင်းချက်ကို အပူတစ်ပြင်းရှာဖွေနေတာဖြစ်ပြီး သူမခံစားနေရတဲ့ဝေဒနာကို အလျင်အမြန်ပျောက်သွားစေလိုတာဖြစ်တယ်။

အမျိုးသမီးတစ်ယောက်က အလုပ်ကနေအိမ်ပြန်ရောက်ပြီး သူ တစ်နေ့တာတွေ့ကြုံခဲ့ရတာတွေကို အိပ်သွန်ဖါမှောက်ပြောပြနေတယ်ဆိုရင် တစ်ကယ်တမ်းက သူ ကြုံတွေ့ခဲံ့ရတဲ့ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုပြီး အကြံဉာဏ်လိုချင်လို့ပြောနေတာမဟုတ်ပါဘူး။ သူ့မှာ ပြသနာတွေအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ သူဘာလို့ ပြောနေရတာလဲဆိုရင် အဲဒီလိုပြောခြင်းအားဖြင့် ဖိဆီးမှုတွေကို ဖြေလျော့စေလို့ဖြစ်တယ်။ သူမ တစ်နေ့တာ ဖြတ်သန်းခဲ့ရတာတွေကို ဖြေရှင်းဖို့ သူ့ရဲ့ခံစားချက်တွေကို ပြောပြဖို့လိုအပ်နေတာဖြစ်တယ်။ အမျိုးသားတွေက ကျတော့ ပြသနာဖြစ်လာရင် ဖြေရှင်းဖို့နဲ့ အလျင်အမြန်ပြေလည်သွားစေဖို့ သဘာဝရှိနေတာကြောင့် အကြံဉာဏ်တွေ ပေးတတ်ကြတာကြောင့် ကံဆိုးစွာနဲ့့ပဲ စကားများရတဲ့အခြေအနေဆီကိုရောက်သွားပါတယ်။ အမျိုးသမီးက ပြသနာကိုဖြေရှင်းပေးစေလိုတာမဟုတ်ပဲ နားပဲနားထောင်ပေးစေလိုတာဖြစ်ပေမဲ့၊ အမျိုးသားက သူ့ရဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ သဘာဝကို မတွန်းလှန်နိုင်ဘူးဖြစ်နေတယ်။

Stress

အမျိုးသားတွေနဲ့အမျိုးသမီးတွေအကြား နောက်ထပ်ကွဲပြားမှုတစ်ခုက။ Pennsylvania တက္ကသိုလ်ကြီးက ၂၀၁၃ မှာပြုလုပ်ခဲဲ့တဲ့သုတေသနတွေ့ရှိချက်အရ အမျိုးသားတွေက ဦးနှောက်ထဲမှာ လုံးဝဘာတစ်ခုမှကို မတွေးပဲနေနိုင်တယ်။ သူတို့ရဲ့ဦးနှောက်လှုပ်ရှားမှုက လုံးဝကို ပြားကပ်နေနိုင်တယ်။ တစ်ကယ်ကို အမှန်ဖြစ်ပါတယ်။ အမျိုးသားတွေက အဲဒီလိုလုပ်နိုင်စွမ်းရှိတယ်။ ဒါနဲ့ ဆန့်ကျင်ဖက်က အမျိူးသမီးတွေရဲ့ ဦးနှောက်က ဘယ်တော့မှ မရပ်တန့်ဘူး။ အရမ်းကိုဖိဆီးမှုဖြစ်နေတဲ့အချိန်မျိုးမှာ သူတို့ရဲ့ဦးနှောက်ကိုရပ်ထားလို့ရရင် ရပ်ထားချင်တယ်လို့ အမျိုးသမီးတွေ ဟာသအဖြစ်ပြောကြတာ ကြားဖူးပါသလား။ ဒါက ဖိဆီးမှုကို အမျိူးသားတွေနဲ့ အမျိူးသမီးတွေ ဘယ်လိုမတူညီစွာ ဖြေရှင်းကြတယ်ဆိုတာကို သိနိုင်ပါတယ်။ အမျိုးသားတွေက ဖိဆီးမှုဖြစ်တဲ့အချိန်မှာ ဦးနှောက်ကို လုံးဝ နှေးကွေးထားစေပြီး လှုပ်ရှားမှုလုံးဝရပ်ထားနိုင်ပါတယ်။ အဲလိုအချိန်မှာ သူမလုပ်ချင်ဆုံးအရာက စကားပြောရတာပဲဖြစ်ပါတယ်။ TV ကြည့်ရင်ကြည့်မယ်။ ဟိုဟိုဒီဒီလျှောက်သွားရင်လျှောက်သွားမယ်။ အမျိုးသမီးတွေက ဖိဆီးမှုဖြစ်တဲ့အချိိန်မှာ စကားပြောကိုပြောရမှာဖြစ်တယ်။ အဲဒီလိုမှ မပြောရရင် သူ့ရဲ့ဦးနှောက်က ပေါက်ကွဲထွက်တော့မလို ခံစားရတယ်။

ကောက်နုတ်။ Elizabeth and Jim Carrol, "Marriage Boot Camp," New American Library, New York, NY. 2016

Fr. Richard Hla Min Oo

 

Add new comment

14 + 4 =