Romance လို့ခေါ်တဲ့ လူနှစ်ယောက်ရဲ့ ချစ်ရေးချစ်ရာကို တည်ဆောက်လို့ ရပါ တယ်

Romance

           ဒီနေ့မှာ Romance လို့ခေါ်တဲ့ လူနှစ်ယောက်ရဲ့ ချစ်ရေးချစ်ရာကို တည်ဆောက်လို့ ရပါ တယ် ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

          Romance လို့ခေါ်တဲ့ စိတ်ကူးယဉ်အချစ် ဒီစကားလုံးက အိမ်ထောင်ရှင်တွေကြား ချစ်သူ တွေကြားမှာ ရေပန်းအစားဆုံး စကားလုံးဖြစ်သလို နှစ်ဦးနှစ်ဘက် စလုံးက အလုပ်တစ်ခု လုပ်ငန်း တစ်စုလုပ်သလို လုပ်ကိုင်လို့ ရပါတယ်လို့ အကြံပေးချင်ပါတယ်။

          Romance ဆိုတဲ့ စကားလုံးကို အဘိဓာန်မှာ ရှာကြည့်ရင် Romantic လို့ဆိုပါတယ်။ အခြားသူတစ်ဦးထက် ဦးစွာရယူပိုင်ခွင့် ရခြင်းလို့ဆိုထားပါတယ်။

          အချစ်ကို ခံစားတတ်တဲ့ သူတိုင်း ကြားဖူး၊ သိဖူး၊ သုံးဖူး ခံစားဖူးကြတဲ့ စကားလုံးပါ။

          ဥပမာ အိမ်ထောင်တစ်ခုမှာ ဇနီးရဲ့လိုအပ်ချက်ကို ခင်ပွန်းကနေ အလိုလိုသိပြီး ဖြည့်ဆည်း ပေးတာ ခင်ပွန်းရဲ့ လိုအပ်ချက်ကို ဘာမှ ထုတ်ဖော်မပြောပဲ ဇနီးကသိပြီး ဖြည့်ဆည်းပေးတာက လည်း Romance လို့ပြောပါတယ်။

          နောက်အဓိပ္ပါယ်တစ်ခုကတော့ သင့်ရဲ့ ဘဝထဲကို ဝင်ရောက်လာတာပဲဖြစ်ပါတယ်။

          ဥပမာ-ခင်ပွန်းက သူ့ချစ်တဲ့ဇနီးအတွက် ပန်းစည်းတစ်စည်း လက်ဆောင်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဇနီးနဲ့ ပြဿနာနည်းနည်းရှိခဲ့လို့ တောင်းပန်တဲ့သဘော သူ့အမှားအတွက် ပြန်လည်ကြေအေးဖို့  သူ့ကိုယ်သူ အပြစ်ရှိတာ ထင်ရှားလို့ ပန်းစည်းပေးပြီး နှစ်သိမ့်စေတယ်။

          ဒါပေမယ့် ခင်ပွန်းနဲ့ ဇနီးကြား ဘာပြဿနာမှ မရှိပဲ ဇနီးအတွက် ပန်းစည်းပေးတာကတော့ ဒါက ဇနီးကို သူ့အတွေးထဲမှာရှိနေလို့ ဆိုတာကို သက်သေပြတဲ့သဘောပါ။ ဒါကလည်း Romantic ပဲမဟုတ်လား။

          ခင်ပွန်းက သူ့ရဲ့ လိုအပ်ချက်အတွက် ဘာလုပ်ပေးပါအုံးဆိုတဲ့ စကား ထုတ်ဖော်မပြောပေမဲ့ ဇနီးက သူ့ခင်ပွန်းရဲ့ လိုအပ်ချက်ကို အလိုအလျောက်သိပြီး အလိုက်သင့် လုပ်ပေးတာကို ခင်ပွန်းက သိနေတယ်။ ဒါကလည်း Romantic ပဲ မဟုတ်လား။

          ခင်ပွန်းနဲ့ ဇနီးကြား လိုအပ်တာချင်းတော့မတူပါဘူး။ ခင်ပွန်းတွေက ဇနီးမယားဆီက respect အရိုအသေပေးတာကို ရချင်ကြတယ်။ နှစ်ယောက် ခန္ဓာကိုယ်ချင်း ရင်းရင်းနှီးနှီးရှိချင်တယ်။ တစ်ယောက်ကိုတစ်ယောက် ရင်းနှီးစွာနဲ့ ချစ်စနိုးအဖျားစွတ်ခေါ်တာကို လိုလားကြတယ်။

          ဇနီးမယားကျပြန်တော့ မိမိတို့ တည်ဆောက်ထားတဲ့ အိမ်ထောင်အတွက် လိုအပ်တာတွေ ခင်ပွန်းကနေ ထောက်ပံ့ပေးစေချင်တယ်။ မိမိဘဝအတွက် လုံခြုံမှုရချင်တယ်။ ဖက်လှဲတကင်း နေထိုင်ရတာကို သိပ်ပြီး မချစ်တတ်ကြဘူး၊ မိမိကိုချစ်တာ ခင်မင်မြတ်နိုးတာကို ရချင်ကြတယ်။ အိမ်ထောင်အတွက် ခေါင်းဆောင်မှုပေးတာကို လိုလားကြတယ်။

          အိမ်ထောင်တစ်ခုမှာ ခင်ပွန်း/ဇနီး ရင်တွင်းက ကွဲပြားခြားနားတဲ့ လိုအပ်ချက်တွေ သိနားလည်နေဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။

          ဒါကြောင့် romance ဆိုတာ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဦးစားပေးသိ ခြင်း၊ တဖက်လူက မမေးပဲ၊ မပြောပဲ သိနေတာကို လုပ်ဆောင်ပေးခြင်းပါပဲ။

          အဲ့ဒီလို လုပ်ဆောင်ပေးတာကို ရချင်လို့ အချိန်ရှိတိုင်း ပြောဆိုတောင်းဆိုနေမယ်ဆိုရင် ဒါက romance မဟုတ်တော့ပါဘူး။

          အလိုအလျောက် သိပြီး လိုအပ်ချက်တွေကို အစွမ်းကုန်လုပ်ဆောင်ပေးတာက အချစ်ကို ရှင်သန်စေတဲ့ သဘောသက်ရောက်သွားစေပါတယ်။

          အိမ်ထောင်သက် (၂၀)နှစ်ကျော်တဲ့ အိမ်ထောင်ရှင်က အခုလိုပြောပါတယ်။ သူ့အိမ်ထောင်က နှစ်(၂၀)ကျော်ပြီး သားသမီးတွေလည်း အရွယ်ရောက်ကုန်ပြီ ဒီအချိန်မှာ သားသမီးအရေးတွေနဲ့ပဲ အလုပ်တွေများ၊ ဘယ်လောက်ပဲ များနေတဲ့အခါမှာ အချင်းချင်း တစ်ယောက်ပေါ်တစ်ယောက် ပေးဆပ်ရမယ့် လိုအပ်ချက်တွေကို လျစ်လျူရှုမေ့နေတတ်ကြပါတယ်။ ပြန်သတိရတဲ့အခါမှာ ပေးဆပ် ရမယ့် လိုအပ်ချက်တွေ အများကြီးရှိပါလားလို့ သိလာရပါတယ်။

          ဥပမာ - ကားတစ်စီးကို အသုံးပြုမောင်းနှင်ခဲ့တာကြာလာတဲ့အခါ ကားမောင်းရတာ မကောင်းတော့ဘူး၊ လိုအပ်ချက်တွေရှိလာရင် ကားကို reenergized ပြုလုပ်ရသလို ဇနီးမောင်နှံ အချင်းချင်းလည်း လိုအပ်ချက်တွေကို ပြန်လည်ပြီး တဖက်သတ်ကြီးမဟုတ်ပဲ နှစ်ဦးစလုံး ပြန်လည် ပေးဆပ်ရတော့မှာ ဖြစ်ပါတယ်။

          အိမ်ထောင်ရှင်တွေ လက်တွေ့အသိဆုံးပါ။ တစ်ယောက်နဲ့တစ်ယောက် ဦးစားပေးကြတယ် ဆိုတာ အိမ်ထောင်အတွက် အထောက်အကူအများကြီး ရသွားစေပါတယ်။

          သားသမီးလေးတွေ အရွယ်ရောက်လာတဲ့အချိန်ဆိုရင် ဒီဇနီးမောင်နှံက ပြန်လည်ပြီး romantic ကို ဦးစားပေးရတော့မယ်။ ဆိုလိုတာက နှစ်ဦးရဲ့ စိတ်ခံစားချက်တွေ့ပြန်ပြီး connect လုပ်ရတော့မယ်။ နှစ်ဦးအေးအေးဆေးဆေး ဘုရားသွားကျောင်းတတ်တာ၊ အတူသွားအတူလာတာ ပြန်လည်လုပ်ဆောင်တာတွေကလည်း romantic – romance ပဲ မဟုတ်လား။

          ဒီနေ့ခေတ်မှာ - မိမိဇနီး(ဝါ)ခင်ပွန်းကို အနားမှာထားပြီး မိမိက ဖုန်းပြောနေတာ၊ social media ကိုပဲ ဦးစားပေးကြည့်နေတာတွေက နီးရက်နဲ့ဝေးနေသလို ကိုယ့်ဘေးနားမှာရှိတဲ့သူက အဝေးကသူကို စိတ်ဝင်စားစွာ ဖြစ်နေတာက အနီးမှာရှိတဲ့သူကို ဘယ်လိုခံစားစေမလဲ၊ ဒါကြောင့် marriage ဆိုတာ တစ်ကိုယ်ကောင်းဆန်သူတွေအတွက်တော့ မဖြစ်နိုင်ပါဘူး။

          Relationship ဆိုတာ တစ်ယောက်ပေါ်တစ်ယောက်က casing လုပ်ပေးမယ်။ အမြဲတွေးပေး မယ်။ အမြဲနားထောင်ပေးမယ် ဆိုတာတွေက romance ကို ဖြစ်စေပါတယ်။

          ဥပမာ အပြင်သွားပြီး/အလုပ်လုပ်ပြီး ပြန်လာရင် အပြန်လမ်းမှာ အိမ်ပြန်ရောက်တော့မယ်။ နောက်မိနစ် ၂၀ ဆိုရင် ရောက်ပြီ စသဖြင့် message လေးပို့ပေးတာ အကြီးအကျယ်လုပ်ဆောင် ရတာမဟုတ်ပေမယ့် နေ့တစ်နေ့ကို ဖြတ်သန်းရတာ casing လုပ်ပေးတာကလည်း romance ပါပဲ။

          ဒါကြောင့် Romance ဆိုတာ အခြားသူအတွက် တွေးပေးတာ၊ ညင်သာတဲ့ ကြင်နာတဲ့ စကားလုံးတွေနဲ့ တစ်ဦးပေါ်တစ်ဦး ပြောဆိုတာဟာ ပျော်ရွှင်ဖွယ်ရာ နေ့လေးတစ်နေ့ကို ဖြတ်သန်း တာဟာ romance romantic ပါပဲ ဆိုတာကို ကြိုးစားလုပ်ဆောင်ကြရင်း သူဘာလိုနေတာလဲ၊ ငါဘာ လုပ်ပေးရမလဲ ဆိုတာကို တွေးရင်း အချစ်တွေပေါ်လွင်အောင် ပြသရင်း romance ကို တည်ဆောက် ကြရအောင် ကြိုးစားပြီး လုပ်ကိုင်ကြရအောင်ပါ။     

 

Add new comment

1 + 0 =