relationship တစ်ခုတည်ဆောက်တဲ့ခါမှာ လက်တွဲဖော်မိန်းကလေးဆီကနေ အမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်

Expect

            ဒီနေ့မှာ relationship တစ်ခုတည်ဆောက်တဲ့ခါမှာ လက်တွဲဖော်မိန်းကလေးဆီကနေ အမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးသွားချင်ပါတယ်။

            ပရိသတ်ကြီးရှင့်

            ပုထုဇဉ်လူသားတိုင်း ကိုယ်ချစ်တဲ့သူဆီကနေ ပြန်ရနိုင်မယ့် မျှော်လင့်ချက်တွေနဲ့ ဘဝခရီးကို သွားနေကြတဲ့သူချည်းပါပဲ။ ဥပမာ- သားသမီးကလည်း မိဘဆီကနေ နားလည်ပေးနိုင်မှုတွေ လိုအပ်ချက်တွေ ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်သလို မိဘကလည်း မိမိမျှော်လင့်ချက်ပေါင်းများစွာ သားသမီးထဲကနေ ရနိုင်မလား။

            ချစ်ကြသူအချင်းချင်းလည်း မိမိပေးလိုက်တဲ့ ချစ်မေတ္တာတွေ တဖက်လူဆီကနေ ပေးသလောက်ပြန်ရနိုင်မလား။

            ဌာနတစ်ခုဆိုရင်လည်း အထက်လူကြီး Boss က လက်အောက်ငယ်သားတွေရဲ့ သစ္စာရှိမှု အလုပ်ကြိုးစားလုပ်ကိုင်မှုတွေ မျှော်လင့်သလို လက်အောက်ငယ်သား ဝန်ထမ်းတွေကလည်း Boss က ငါတို့အပေါ် ဘယ်လောက်နားလည်မှုပေးနိုင်မလဲ။

            အဲဒီလို မျှော်လင့်ချက်တွေရှိတာ ဓမ္မတာပါပဲ။ အခုလည်းပဲ အမျိုးသားတစ်ယောက်က သူ့ partner ဆီကနေ  ဘာတွေ မျှော်လင့်မလဲ။

            များသောအားဖြင့်ကတော့လေ အမျိုးသားတွေက သူ့ partner  က သူ့ကို လိုလိုလားလား လုံးဝဥသုန် လက်ခံတာ ယုံကြည်တာကို လိုချင်တာပါ။ သူ့က ဘယ်လို ယောကျ်ားမျိုးလဲ။ who they are ဆိုတာပါပဲ။

            အမျိုးသားတွေက မိမိကို တခြားသူတွေနဲ့ လက်တွဲဖော်က နှိုင်းယှဉ်ပြောတာကို မနှစ်သက် ကြပါဘူး။ တစ်ဦးတစ်ယောက်က pressure ပေးတာ။ pressed လုပ်တာတွေ မကြိုက်ဘူး။ မဖြစ်နိုင် တဲ့ စံနမူနာတွေနဲ့ ဖြစ်စေချင်တာ unrealistic standard တွေကိုလည်း လက်မခံဘူး။

            မိမိရဲ့ partner နဲ့အတူ မိမိရဲ့ရည်မှန်းချက်တွေ စိတ်ကူးစိတ်သန်းတွေ လျှို့ဝှက်ချက်တွေကို share လုပ်မယ်။ စိုးရွံ့တာတွေကို မျှဝေပြောမယ်။ အဲဒီလို ရင်ထဲက စကားတွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြီး partner နဲ့ သက်တောင့်သက်သာ ခံစားချင်ကြတယ်။

            ဘယ်အမျိုးသားကမှ ကြိုးကိုင်ချယ်လှယ်တာကို မကြိုက်ပါဘူး။ အမျိုးသမီးတွေက သူတို့ partner ကို သူတို့ လိုချင်တဲ့ ပုံစံဖြစ်အောင် ပြောင်းလဲနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်တာ မှားပါလိမ့်မယ်။

            အရေးကြီးတာက အမျိုးသမီးတွေက ကိုယ့်လက်တွဲဖော်ကို စောင့်ကြည့်နေရမယ်။ ကိုယ့် အမျိုးသားကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနိုင်ဖို့။ သူ့ရဲ့ ဝါသနာကို စိတ်ဝင်စားပေးနိုင်ဖို့ ပြုစု ပျိုးထောင်ပေးနိုင်ဖို့ အပြန်အလှန်အားကိုးအားထားပြုမှုတွေနဲ့ ကောင်းမွန်တဲ့ healthy relationship  ဖြစ်ချင်ကြတာပါ။

            များသောအားဖြင့် အမျိုးသားတွေက သူတို့ရဲ့ အားနည်းချက်၊ ပျော့ညံ့ချက်တွေကို ဝေဖန် တာ၊ အထင်အမြင်သေးတာ မခံချင်ကြပါဘူး။ သူတို့ရဲ့ အားနည်းချက်ကို အများသိမှာ စိုးရိမ်ကြတယ်။ သူတို့ကိုယ်သူတို့ စိတ်ခွန်အား ခန္ဓာကိုယ်အင်အားရှိတဲ့သူ၊ ဦးဆောင်နိုင်တဲ့သူ ဖြစ်ချင် ကြတယ်။ အဲဒီလို စိတ်ခံစားချက်တွေနဲ့ ပတ်သက်တဲ့ အားပေးမှုတွေကို partner ဆီကနေ လိုချင်ကြ တယ်။

            အမျိုးသားတွေက မိမိရဲ့ ဝါသနာ မိမိကြိုက်နှစ်သက်တဲ့အရာတွေကို partner က သိစေဖို့ စိတ်ဝင်စားစေချင်တယ်။ အသေးအဖွဲလေးပဲ ဖြစ်ဖြစ်၊ ဥပမာ- ဂစ်တာတီးတာ အားကစားလုပ်တာ အပြင်ထွက်လည်ရင် ဓာတ်ပုံရိုက်တာ အမျိုးမျိုးပေါ့နော်။ ဒါတွေကို အသိအမှတ်ပြုစေချင်ကြတယ်။

            အမျိုးသားတွေက ကြုံတွေ့လာတဲ့ ပြဿနာတွေကို ခေါင်းအေးအေးထားပြီး သေသေချာချာ ကိုင်တွယ်တတ်တဲ့ လက်တွဲဖော်ကို မျှော်လင့်ကြတယ်။ လက်တွဲဖော်ရဲ့ ပြဿနာကို တုန့်ပြန်မှုတွေ ပြန်လည်ပြုမူဆောင်ရွက်မှုတွေကို အထူးသတိမူတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

            အမျိုးသားတွေက သူ့ရဲ့ partner ကို ပန်းစည်းလက်ဆောင်တို့၊ အစားအသောက်တို့၊ လက် ဆောင်ပစ္စည်းတို့ မကြာခဏ ဝယ်မပေးတတ်ကြပေမယ့် အပြင်ထွက်လည်တဲ့ date မျိုးကို surprise လုပ်ယူတတ်ကြတယ်။

            အမျိုးသားတွေက မေတ္တာစစ်နဲ့ ချစ်ပြီဆိုရင် အခွင့်အရေးယူတာ မလုပ်ဖူး။ တန်ဖိုးထားချစ် မယ်။ ချစ်သူကို ဦးစားပေးချင်မယ်။

            အမျိုးသားတွေက သူ့ချစ်သူနဲ့အတူ ဘဝခရီးကို အတူပျော်ရွှင်စွာနဲ့ လျှောက်လှမ်းချင်ကြ တယ်။ ဒါ့ပြင် ဇနီးမယားအဖြစ် ချစ်သူ သူငယ်ချင်းအဖြစ် သူ့ရင်ထဲမှာ ထင်ကျန်စေပြီး အများသူငါ တွေရဲ့ ရှေ့မှာ ရဲရဲဝံ့ဝံ့ ရပ်တည်မယ် ယုံကြည်စိတ်ချစွာနဲ့ စောင့်ရှောက်ပြီး မိမိဘဝရဲ့ လက်တွဲဖော် အဖြစ်နဲ့ ဘဝကို တည်ဆောက်သွားဖို့ မျှော်လင့်ကြတဲ့သူတွေဖြစ်ပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ် ပါတယ်။

Add new comment

2 + 16 =