Relationship တစ်ခုကို တည်ထောင်ဖို့ ရည်ရွယ်တဲ့ အမျိုးသားနဲ့ အမျိုးသမီး

Men Test Woman

            ဒီနေ့မှာ relationship တစ်ခုကို တည်ထောင်ဖို့ ရည်ရွယ်တဲ့ အမျိုးသားနဲ့  အမျိုးသမီးတို့ရဲ့ အစောဆုံး တွေ့ဆုံတဲ့ ကာလမှာ နှစ်ဖက်စလုံးက အပြန်အလှန် ရင်ထဲမှာ ကိုယ်စီ သိချင်တာတွေကို စမ်းသပ်ကြတယ်။ စနည်းနာကြတယ်။ (enquire) ဆိုတဲ့အကြောင်း sharing ပေးချင်ပါတယ်။

            အခုလို အပြန်အလှန် စမ်းသပ်ကြတာကို ကာယကံရှင်တွေကိုယ်တိုင်တောင်မှ မသိကြဖူးလို့ ဆိုပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး အစဦးဆုံး တွေ့ဆုံတဲ့ကာလမှာ နှစ်ဖက်စလုံးရဲ့ ရင်ထဲမှာ ခုနက ငါတို့ ဘယ်လိုထင်မြင်ယူဆမလဲ?  ထင်ကြေးတွေနဲ့ ကိုယ်စီ မှန်းဆတွက်ဆမိကြမှာ အမှန်ပါပဲ။ သေချာတာကတော့ တဘက်က ငါ့ကို သူ့နည်းသူ့ဟန်နဲ့ ဆက်ဆံရင် ငါက ဘယ်လို တုန့်ပြန်မလဲ? ဒီလိုအတွေးတွေ ကိုယ်စီပြင်ဆင်လာကြမှာပါ။

            ကျွန်မရဲ့ ထင်မြင်မှုကတော့ ငါ့ကို သူက စမ်းသပ်ရင် ငါဘယ်လို ပြန်တုန့်ပြန်မလဲ? ငါက ဘယ်လို တုန့်ပြန်ရင် အသင့်လျော်ဆုံးဖြစ်မလဲ? ငါတုန့်ပြန်လိုက်ပုံက ငါ့ကို ဆွဲဆောင်မှု ပိုရှိလာသမလား? ဒါမှမဟုတ် ဆွဲဆောင်မှုတွေ လျော့သွားမှာလား? ဒီတခါ အစ ပထမတွေ့တာနဲ့ တင် ငါ့စိတ်ကူးထဲက ထွက်သွားမှာလား အဲဒီလို တွေးကြမှာပါ။

            မိမိရဲ့ တုန့်ပြန်လိုက်တဲ့ နည်းတွေက တစ်ဘက်သားဆီက လေးစားမှု အပြည့်အဝ ခံရမယ် ဆိုရင် မိမိပြန်တုန့်ပြန်လိုက်တာက မိမိကို ထိုက်ထိုက်တန်တန်ရရှိသွားစေတာပါ။

            အခုကတော့ အမျိုးသားတွေရဲ့ စမ်းသပ်ပုံနည်းလေးတွေကို တစေ့တစောင်းလေး တင်ပြပေး ချင်တာပါ။

            ပထမဆုံးကတော့ စကားလုံးတွေနဲ့ နှုတ်အားဖြင့် စမ်းသပ်မယ်။ တစထက်တစ ကာယကံ မြောက် မိမိနားကိုချဉ်းကပ်လာမယ်။ လာရောက်ထိတွေ့မယ်။ တဖြည်းဖြည်း သိမ်မွေ့ချဉ်းကပ်လာ မှာပါ။ ဒီနေ့ခေတ်မှာဆိုရင် kiss လုပ်တာတွေရှိလာမယ်။ တခါတရံ ဒီထက်ပိုဆိုးမယ်။ ဒီအချိန်မှာ အမျိုးကောင်းသမီးတယောက်ရဲ့ အဆင့် အခြေအနေကို မိမိက ထိန်းနိုင်ရမယ်။ မိမိရဲ့ အနားမှာ ချဉ်းကပ်လာတဲ့အတွက် မိမိစိတ်မသက်သာရှိနေမယ်ဆိုရင် တစ်ဘက်ကလည်း တစထက်တစ ကျယ်ပြန့်လာပြီဆိုခဲ့ရင် အမျိုးသမီးတယောက်ရဲ့ အကြီးမားဆုံး ကုန်ဆုံးမယ့် ရလဒ်ကို ဦးတည်နေ တယ်ဆိုတာ သိမြင်ပြီး လုး၀လက်မခံဖို့ အရေးကြီးပါတယ်။ အခုလို relationship တည်ထောင်ဖို့ တွေ့ဆုံတဲ့ အစောဆုံးကာလမှာ အမျိုးသားတယောက်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင် ဒီအမျိုး သမီးအတွက် ဘာတွေကျန်ခဲ့မလဲ။ ဒါဟာ အမျိုးသားကောင်း ယောကျ်ားတစ်ယောက်ရဲ့ အရည် အသွေးကို ပြနိုင်ရမယ့်အချိန်ဖြစ်လို အမျိုးကောင်းသမီးတစ်ယောက်ရဲ့ တန်ဖိုးကို ထိန်းသိမ်းနိုင်ရင် အမျိုးသားကနေ အမျိုးသမီးကို respect ပေးမှာ ဖြစ်သလို ဒါဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝ တသက်စာအတွက် အဓိကသော့ချက်ပဲ မဟုတ်ပါလား။

            နောက်တမျိုးကတော့ သူရည်ရွယ်ထားတဲ့ အမျိုးသမီးကို ထေ့ငေါ့တဲ့ စကားတွေနဲ့ သူ့ကို ဘယ်လောက်ထိ စိတ်ကဆွဲဆောင်မှုရှိနေသလဲ။ သူ့အပေါ်မှာ ဘယ်လောက်ထိ စဉ်းစားထားသလဲဆို တဲ့ စမ်းသပ်မှုမျိုးပါ။ အဲဒီလို စမ်သပ်လာရင် ဒီအမျိုးသမီးဟာ နားလည်သဘောပေါက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ရပါမယ်။ အမျိုးသားတစ်ယောက်ရဲ့ လိုချင်တပ်မက်မှုတွေကို ဒီထေ့လုံးငေါ့လုံး  တွေနဲ့ မခံချင်လို့ မခံမရပ်နိုင်လို့ပါ။ မိမိက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မချနိုင်ခဲ့ရင် မိမိက လက်ခံတဲ့ အဖြစ်ကို ရောက်သွားမယ်။ ဒီအမျိုးသမီးတစ်ယောက်အနေနဲ့ ငါက ဘယ်သူလဲ ငါက ဘာကို လိုအပ် တာလဲ။ ငါ့ဘဝတစ်သက်စာ လက်တွဲဖော်အတွက် ဘယ်လိုအရည်အချင်းတွေရှိတဲ့သူ ဖြစ်ရမှာလဲ။ အဲဒီလိုစဉ်းစားမယ်ဆိုရင်တော့ တန်ဖိုးရှိတဲ့ အမျိုးကောင်းသမီးအဖြစ် ထင်ကျန်ခဲ့မှာပါ။

            အမျိုးသားတိုင်းကတော့ သူ့လက်တွဲမယ့်သူကို စမ်းသပ်ကြမှာကတော့ ဓမ္မတာပါပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီအမျိုးသားက ငါ့ကို ဘယ်လို ဆက်ဆံ (treat)လုပ်သလဲ။ ရိုးရိုးလေးနဲ့ ကြုံဖူးသူတိုင်း သိပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ စဉ်းစားရတော့မယ်။ အမျိုး သားတစ်ယောက်ဟာ ကြင်နာမှုတွေ စဉ်းစားဆင်ခြင်မှုတွေ ကြောင်းကျိုးရှုမြင်တတ်တဲ့အလေး အနက်တွေးခေါ်တတ်သူ၊ အမျိုးသမီးပေါ် ညှာတာထောက်ထားတဲ့ စိတ်ဓာတ်ကောင်းရှိတဲ့သူ ချိုသာ တဲ့ ဆက်ဆံမှုမျိုး to be nice and sweet ရှိတဲ့သူ ဘောင်သတ်မှတ်ပြီး အပြောင်းအလဲမရှိ ဆက်ဆံ တာတွေဟာ အမျိုးကောင်းသားတစ်ယောက်ရဲ့ သူတန်ဖိုးထားတဲ့ အမျိုးသမီးတစ်ယောက်အတွက် ထိုက်တန်တဲ့ အပြုအမူတွေပဲ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ အဲဒီလို မိမိကိုယ်ကို အဆင့် standard ရှိတဲ့သူဖြစ်ရင် ဒီလိုစမ်းသပ်မှုတွေကို ကျော်လွှားခွာနိုင်မှာပါ။

            ကျွန်မထင်တာကတော့ ဒါတွေဟာ High value woman and high value man တွေ အတွက် အတွေးလေးတစ်ခု အထောက်အကူလေးတစ်ခု ရမယ်လို့ မျှော်လင့်ရင်း take good care လို့ပဲ ပြောရင်း နိဂုံးချုပ်ပါတယ်။

Add new comment

13 + 4 =