relationship တစ်ခုကို တည်ဆောက်တဲ့ခါမှာ အမှုမဲ့ အမှတ်မဲ့ ပြောဆို ပြုမူတာ လေးတွေကို ဆင်ခြင်သင့်တဲ့အကြောင်း

Wife material

            ဒီနေ့မှာ relationship တစ်ခုကို တည်ဆောက်တဲ့ခါမှာ အမှုမဲ့ အမှတ်မဲ့ ပြောဆို ပြုမူတာ လေးတွေကို ဆင်ခြင်သင့်တဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

            အမျိုးသမီးရော အမျိုးသားတွေရော လိုအပ်မယ်လို့ ထင်မိပါတယ်။

            ဒီနေ့ခေတ်မှာ အမျိုးသမီးအများစုက အိမ်ပြင်ထွက်ပြီး လုပ်ငန်းခွင်ဝင်ကြရတယ်။ လုပ်ငန်းခွင်က ပြန်လာရင် တချို့သော အမျိုးသမီးတွေက မိမိအိမ်ကို တိုက်ရိုက်မပြန်ဘဲ ရင်းနှီးတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားဖောင်ဖွဲ့ကြ။ နောက်ဆုံးပေါ်သတင်းတွေကို ပြောကြနဲ့ အချိန်ဖြုန်း တတ်ကြတယ်။ Stress out ဆိုရင်လည်း မမှားပါဘူး။

            တချို့သော အမျိုးသမီးတွေကျပြန်တော့ night club ကို ခေါ်တဲ့ နေရာကို စိတ်အပန်းပြေ သွားတတ်ကြတယ်။ အဲဒီမှာ အချိန်ဖြုန်းရင် ယောကျ်ားမိတ်ဆွေသစ်တွေရလာတာကနေ relationship ဖြစ်သွားတာတွေလည်း ရှိပါတယ်။

တချို့သော အမျိုးသမီးတွေက  night club လို့ခေါ် တဲ့နေရာကို စိတ်အပန်းဖြေသွားတတ်ကြ တယ်။ အဲဒီမှာ အချိန်ဖြုန်းရင် ယောကျ်ားမိတ်ဆွေသစ်တွေ ရလာတာကနေ relationship ဖြစ်သွား တာတွေလည်း ရှိပါတယ်။ တချို့သော အမျိုးသမီးတွေက night club သွားရလာရတာကို အင်မတန် ဝါသနာပါကြပါတယ်။ ဒါကြောင့် အမျိုးသားတစ်ယောက်အနေနဲ့ ဒီလိုဝါသနာပါတဲ့ အမျိုးသမီးနဲ့ relationship ထူထောင်ရတာ လွယ်တယ်ဆိုအုံးတော့ အိမ်ထောင်တစ်ခု တည်ထောင်ဖို့ဆိုရင် သေသေချာချာ စဉ်းစားပြီး deal အပေးအယူ တော်တော်လုပ်ယူရလိမ့်မယ်လို့ ထင်ပါတယ်။

တချို့ အိမ်ထောင်ရှင် အမျိုးသမီးတွေကျပြန်တော့ အပြင်လောကရဲ့ လုပ်ငန်းခွင်မှာ ကြုံရတဲ့ အမျိုးသားတွေနဲ့ မလွှဲသာမရှောင်သာရှိပေမယ့်လို့ မိမိရဲ့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားတယ်။ ဂုဏ်ကျက်သရေရှိအောင် နေတယ်။ အခြားယောကျ်ားတွေက နီးစပ်အောင် ပြုမူတာ chase လိုက် တာတွေကို သိပေမယ့် အလံနီပြပြီး နေထိုင်တတ်တဲ့ အမျိုးသမီးတွေလည်း ရှိပါသေးတယ်။

တချို့ကျတော့လည်း အခု relationship ဖြစ်နေတဲ့ သူနဲ့အတူ ရှိနေပေမယ့် တချိန်က တွေ့ဆုံခဲ့ရတဲ့သူဆီက Ph message တွေက လာနေလို့ ခိုးကြောင်ခိုးဝှက်ပြောနေရတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါတွေကို relationship ဖြစ်နေတဲ့သူက နားလည်ပြီး မသိလိုက် မသိဖာသာ နေလိုက် တယ်။ ပြီးခဲ့တဲ့ အဖြစ်အပျက်  သူအရှုတ်သူရှင်းပါစေဆိုပြီး အခု သူနဲ့ကျမှ ပါမလာရင်ပြီးတာပဲလို့ သဘောထားတဲ့သူတွေလည်း ရှိပါသေးတယ်။

တချို့ အမျိုးသမီးတွေက သူနဲ့ relationship ဖြစ်နေတဲ့ အမျိုးသားကို သူဖြစ်ပျက်ခဲ့သမျှကို လိုလိုလားလား ပြောပြတတ်ကြတယ်။ သူက ဒီအမျိုးသားထက် ဝင်ငွေပိုရှိတယ်။ ပိုပြီး ပညာတတ် တယ်။ ပိုပြီး အောင်မြင်မှုတွေရထားတဲ့သူ ဒီအမျိုးသားနဲ့ level မတူဘူး။ မြင့်တယ်။ သူက အခုလို ပြောပြတဲ့ သဘောက ကြိုးကိုင်ချင်တဲ့သဘော၊ အထက်စီးကနေ အနိုင်ယူချင်တဲ့သဘော သက်ရောက်သွားစေပါတယ်။ အဲဒီတော့ relationship  က တည်မြဲပါ့မလား။

တချို့သော ဇနီးမယားတွေက အိမ်ထောင်ကျပြီးပေမယ့် မိမိရဲ့ ခန္ဓာကိုယ် ခေါင်းအစ ခြေ အဆုံး ကျော့ရှင်းရည်မွန် စတိုင်ကျအောင် ပြုပြင်နေထိုင်တတ်ကြတယ်။ မိမိတို့နေထိုင်တဲ့အိမ်ကို လည်း ဘုရားခန်း၊ အိမ်ဦးခန်း၊ အိပ်ခန်း၊ မီးဖိုဆောင်ကအစ သပ်ရပ်စွာ ပြုပြင်ပြီး နေတတ်ကြတယ်။ ဒီခင်ပွန်းတစ်ယောက်အနေနဲ့ အိမ်ထာင်သက် နှစ်တွေကြာလာပေမယ့် ဇနီးသည်က ခင်ပွန်းရဲ့ အမ အမေပုံစံ ပေါက်နေရမယ့်အစား အိမ်ထောင်ကျခါစကလိုပဲ မြင်တွေ့နေရတာတွေလည်း ရှိပါသေး တယ်။ ဒီလို အမျိုးသမီးမျိုးတွေက confident ရှိတယ်။ သူ့ကိုယ်သူလည်း ပြုပြင်နေထိုင်တယ်။ သူ့ ကိုယ်သူလည်း သူချစ်တယ်။ ဒီတော့ သူ့ပတ်ဝန်းကျင်ကိုလည်း ချစ်တတ်အောင် ကြိုးစားတတ်တဲ့သူ ဖြစ်တယ်။

တချို့ အမျိုးသမီးတွေ မိမိခင်ပွန်းရဲ့ စိတ်ဓာတ်ကို သဘောပေါက်နားလည်တတ်ကြတယ်။ တခြားအမျိုးသားတွေနဲ့လည်း ဘယ်တော့မှ နှိုင်းယှဉ်မပြောဘူး။

ကိုယ့်အမျိုးသားရဲ့ အောင်မြင်မှုအတွက် အမြဲဂုဏ်ယူတတ်တယ်။ ခင်ပွန်းရှာဖွေ စုဆောင်း ထားတာတွေကိုလည်း အမြဲဂုဏ်ယူလေ့ရှိတဲ့ အမျိုးသမီးဖြစ်တယ်။ ဒီလိုခင်ပွန်းရတဲ့ အတွက် ဘုရား ပေးတဲ့ဆုလည်း သတ်မှတ်တယ်။ အပြုသဘောဆောင်တဲ့ အတွေးရှိတဲ့သူပဲဖြစ်ပါတယ်။ positive energy ရှိတဲ့သူဆိုရင် မမှားပါဘူး။

အဲဒီလိုအရည်အချင်းရှိတဲ့ အမျိုးသားကို တချို့သော ဇနီးသည်တွေက မိမိခင်ပွန်းနဲ့ နှိုင်းယှဉ် ပြီး ပြောတတ်ကြတဲ့ခါမှာ ခင်ပွန်းရဲ့ သိက္ခာမရှိတော့ဘူးလို့ ခံစားသွားရပါတယ်။ အပြန်အလှန်ပေါ့ နော်။ ဇနီးသည်အချင်းချင်း ခင်ပွန်းသည်အချင်းချင်း compare မနှိုင်းယှဉ်မိဖို့ လိုအပ်လှပါတယ်။

ဒီလိုအကြောင်းအရာလေးတွေက relationship မှာ marriage life မှာ အမှုမဲ့ အမှတ်မဲ့ ပြုမူ လိုက်ပြောလိုက်ပေမယ့် ချစ်သက်တမ်းကြာရှည်ဖို့ ဆူးညောင့်ခလုတ်တွေကို ဖြစ်စေတဲ့ လျှို့ဝှက်ချက် တွေပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

12 + 8 =