A Real man Does

A Real man Does

သောတရှင်များအားလုံးမင်္ဂလာပါ။ဒီတပတ်သီရဂေဟာမှာတကယ်စစ်မှန်တဲ့ အမျိုးကောင်းသား တစ်ယောက်ဟာ သူရရှိလာတဲ့ Real Relationship မှာ သူ့အိမ်ထောင်သည်ဇနီးကိုအခုလိုပဲပြုမူပြောဆိုနေထိုင်တတ်လေ့ရှိပါတယ်ဆိုတဲ့ အကြောင်း ကို မျှဝေပေးချင်ပါတယ်။

အမျိုးသားကောင်းယောကျာ်းတစ်ယောက်ဟာအမျိုးသမီးတွေထက်သူတို့အိမ်ထောင် လှို့ဝှက်စွာနဲ့ သြဇာလွှမ်းမိုးမှုကို သုံးတတ်တယ်။ သူ့မိသားစုကိုလည်း မတိမ်း မစောင်း အောင်အရာရာကိုလည်း အထမြောက်အောင်စီစဉ်ပေးရတဲ့သူဖြစ်တယ်။

များသောအားဖြင့်ကမ္ဘာပေါ်မှာရှိတဲ့ဇနီးသည်အများစုကလည်းတခါတလေအတိမ်း အစောင်းရှိခဲ့ပေမဲ့ နားလည်ပေးနိုင်ပြီး အခုလို ဦးဆောင်တာကို ဆန္ဒရှိိတဲ့သူတွေပါ။

ဒါကြောင့်မို့အမျိုးသားကောင်းဆိုတာ ဘယ်လိုသူတွေလဲ။

သူတို့နဲ့ သက်ဆိုင်တဲ့အရာဟူသမျှ တခြားအုပ်စု အဖွဲ့ကနေ ခွဲထွက်ပြီး ကိုယ်ပိုင်သီးသန့် မိသားစုကိုတည်ထောင်ချင်တဲ့ ဆန္ဒရှိတဲ့သူပါ။

အမျိုးသားကောင်းယောကျာ်းတစ်ယောက်ဟာ သူဖြတ်သန်းလာရတဲ့ ဘဝအတွေ့ အကြုံတွေနဲ့ မိိမိကိုယ်မိမိ နှိမ့်ချပြီး မိိမိအိမ်ထောင်ကို တည်ထောင်ချင်တဲ့သူတွေပါ။

လောကကြီးကိုနားလည်ပြီးကောင်းတဲ့အိမ်ထောင်၊ကောင်းတဲ့မိသားစုဘဝကို တည်ထောင်မြင်ချင်တဲ့ သူတွေဖြစ်တယ်။

အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုချဉ်းကပ်လာတဲ့ အမျိုးသားဟာ၊အမျိုးသားကောင်း  ယောကျာ်းတစ်ယောက် ဖြစ်နိုင်လား  ဆိုတာကတော့ ရုတ်တရက် သညှာမှတ်ဖို့တော့ ခဲယဉ်းပါတယ်။

အမျိုးသမီးကောင်းတိုင်းကတော့  ၊ အမျိုးသားကောင်းကိုတော့ လိုချင်ကြတာချည်းပါပဲ။

အမျိုးသားကောင်းတစ်ယောက် ဆိုတာကတော့ သူချစ်တဲ့ အမျိုးသမီးကို Respect ပေးတတ်တဲ့ သူဖြစ်တယ်။

ဒါဟာအမျိုးသမီးတစ်ယောက်ပထမဆုံးတွေ့မြင်ရမဲ့သွင်ပြင်ပုံပမ်းပဲဖြစ်တယ်။ ဒီအမျိုးသမီးကောင်းကလည်းယေဘုယျအားဖြင့်တခြားအမျိုးသမီးတွေနဲ့ ဘယ်လိုပြော ဆိုဆက်ဆံသလဲ။ မြင်ကွင်းတွေ၊ထင်မြင်ချက်တွေ၊ကိုသတိထားလေ့လာမှာပါပဲ။

နောက်ပြီးအမျိုးသမီးရဲ့ ပင်ကိုယ်အရည်အသွေးတန်ဖိုး ဘာသာရေး ယုံကြည်မှု၊ စိတ်ခံစားချက်တွေ ကိုယ်ကာယနဲ့ ဆိုင်တဲ့လိုအပ်ချက်တွေကို အမျိုးသားကောင်း ယောကျ်ားက အသိအမှတ်ပြု Respect ပေးတယ်ဆိုတာကို Relationship မှာ ဘယ်လိုပြုမူတယ်ဆိုတာကို ဒီအမျိုးသမီးက သိနေပါတယ်။ ခန့်မှန်းလို့ရပါတယ်။

အမျိုးသားကောင်းယောက်ျားတစ်ယောက်ဟာ ပေါ့ပျက်ပျက်စကားမျိုးမပြောဘူး။ သူပြောတဲ့ စကား၊ ကတိတည်တယ်ဆိုတာကို  အမြဲ သက်သေပြနို်င်တဲ့သူဖြစ်တယ်။

သူ့အိမ်ထောင်ကိုလည်း Good Relationship          ဖြစ်အောင်တည်ထောင်တယ်။ သူ့ကိုယ်သူ ဘယ်နေရာကနေ ရပ်တည်ရမယ်ဆိုတဲ့ သတ္တိတွေရှိတဲ့သူ ရင်ဆိုင်လာရတဲ့ အခြေအနေ တွေကို ဆန်းစစ်ပြီး ဘယ်လိုထင်မြင်ရမလဲ ။ ဆုံးဖြတ်ချက်ချရမလဲ ၊ သူ့အိမ်ထောင်ကို နိုင်အောင်ထိန်းနိုင်သူဖြစ်ပါတယ်။

သူနဲ့လက်တွဲတဲ့သူကိုလည်း အသေးအဖွဲလေးဖြစ်ခဲ့ရင်လည်းသူက အသိအမှတ်ပြုပြီး တန်ဖိုးထားတဲ့သူတယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့စိတ်ခံစားချက်တွေကို အပြည့်အဝ မပြတတ်ပဲ နှလုံးသားခံစားချက်နဲ့ပဲ ဆုံးဖြတ်ချက်ချတတ်သူပါ။

သူ့ဇနီးရဲ့ပြောဆိုမှုတွေကိုယုံကြည်မှုအမြဲရှိတယ်။ ဘယ်သူကမှ ကြားဝင်စွတ်ဖက်တာကို မလိုလားဘူး။

Relationship မှာ ဇနီးသည်ကချောတယ်၊ လှတယ်၊တော်တယ်။ဒါတွေကို သူမမှုပါဘူး။

ဇနီးသည်ရဲ့တန်ဖိုးကိုပဲ မြတ်နိုးတဲ့သူဖြစ်တယ်။ မိမိရဲ့ အိမ်ထောင်ကို ဘယ်လိုပဲခက်ခဲတဲ့ ခါးသီးတဲ့ အရာတွေနဲ့ တွေ့ကြုံပါစေ သူကိုယ်တိုင် ကိုယ်တွယ်ဖြေရှင်းနိုင်တဲ့ ဦးဆောင်နိုင်တဲ့ သတ္တိတွေရှိကြပါတယ်။

ဒါကြောင့်တကယ်စစ်မှန်တဲ့အမျိုးသားကောင်းယောကျ်ားတွေမှာဒီလို အရည်အသွေး တွေ ဒီအချက်တွေအားလုံး မဟုတ်ပေမဲ့ တချို့သော အချက်တွေကို တွေ့မြင်ရခဲ့ရင် မိမိဟာဖြင့် အမျိုးသားကောင်းတယောက်နဲ့ Real Realationship တည်ထောင်ပြီး ဘဝခရီးကိုအောင်မြင်စွာနဲ့ဖြတ်သန်းနိုင်မှာပါဆိုတာကိုMessageပေးရင်းနိဂုံးချုပ်ပါတယ်

Add new comment

20 + 0 =