adult အရွယ်ရောက်လာတဲ့ သားသမီးတွေက မိဘကို အဆက်ဖြတ် ချင်ကြတာ ဘာဖြစ်လို့လဲ။

ဒီနေ့မှာ ကြီးကောင်ဝင် adult အရွယ်ရောက်လာတဲ့ သားသမီးတွေက မိဘကို အဆက်ဖြတ် ချင်ကြတာ ဘာဖြစ်လို့လဲ။ မိဘနဲ့သားသမီးကြား ခိုင်မာတဲ့ မိသားစုချည်နှောင်မှုကို ပြန်လည်ပြီး ဘယ်လိုတည်ဆောက် ယူမလဲ ဆိုတဲ့အကြောင်း ကြားဖူးမြင်ဖူးခဲ့တာလေးတွေနဲ့ မျှဝေပေးချင်ပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင် သောတရှင်တို့ရဲ့ ပတ်ဝန်း ကျင်မှာ မိဘတွေရဲ့ ညည်းသံတွေကြားနေ ရသလို တချို့မိဘတွေလည်း ကိုယ်တိုင်ခံစားနေကြရမှာပါ။

ဒီကြီးကောင်ဝင်တဲ့ အရွယ်တွေက မိဘတွေလုပ်ပေးတာကို မကြိုက်ကြဘူး၊ အဲ့ဒီတော့ မိဘနဲ့ သားသမီး ကောင်း မွန်တဲ့ဆက်နွယ်မှု မရှိသလို ဖြစ်နေပါတယ်။ မိဘတစ်ဦးက ခုလိုပြောဖူးပါတယ်။ ‘‘မိဘတစ်ယောက်အနေနဲ့
သားသမီးကို အကောင်းဆုံးဖြစ်အောင် လိုအပ်တာတွေကို ကြိုးစားပြီးသိသာအောင် လုပ်ပေးခဲ့တယ်။ ငါကတော့ အပြစ်အနာအဆာကင်းတဲ့သူမဖြစ်တာတော့ သေချာတယ်။ သမီးက ဘာကို အလိုမကျနေလဲ ငါလဲမသိဘူး။’’ အဲ့ဒီလိုပြောပါတယ်။

ဆက်ပြီးပြောသေးတယ်။ ‘‘ငါ့ကလေးက ငါ့ကို အလိုမရှိဘူးဖြစ်နေတယ်။ ငါဘာအမှားလုပ်မိပါလိမ့်၊
ငါတို့က မိဘနဲ့ သားသမီးဆက်နွယ်မှုလေ။ ငါ့ကိုစကားပြန်ပြောလာအောင် ငါဘယ်လိုလုပ်ရပါ့မလဲ။ မိဘကို ဘာဖြစ် လို့ ခွင့်မလွှတ်နိုင်ရတာလဲ။ ငါမွေးထားတဲ့ကလေးပါ။ ပတ်ဝန်းကျင်ကိုလည်း မသိစေချင်ဘူး။ ဒီလိုဖြစ် နေတာ ငါ့မှာ အဖြေလည်းမရှိဘူး။ သူတို့ကို စိတ်ဆိုးလို့လဲ မရဘူး။ ပိုဆိုးသွားမှာဆိုးလို၊ ငါဘာဆက် လုပ်ရမလဲ’’ အဲ့ဒီလိုပြောတာကြားခဲ့ရပါတယ်။

ဒီကြီးကောင်ဝင်အရွယ်တွေက သာမန်အကြောင်းအရာလေးတွေနဲ့လဲ မိဘကို စကားမပြောပဲ မကြေနပ်လို့ အဆက်ဖြတ်ချင်ကြတယ်။ သူတို့မှာ အကြောင်းပြချက်တွေက အများကြီးရှိနေမယ်။ မိဘကပဲ သားသမီးကို လွဲမှားစွာ ပြုမူဆက်ဆံမိသွားလို့လား။ ဒါမှမဟုတ် အတ္တလွန်ကဲနေလို့လား။ ထိန်းချုပ်လွန်းနေလို့လား။ မိဘက ဆဲရေး တိုင်းထွာနေလို့လား။ မိဘဖြစ်တဲ့အတွက် အကောင်းဆုံးကတော့ မိမိကိုယ်မိမိပဲ ရိုးသားစွာနဲ့ ပြန်ပြင်ဆင် လုပ်ယူ
ရတော့မယ်။ ငါတို့က မိဘနဲ့သားသမီးကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့တာပဲ၊ ဘယ်တော့မှလဲ ရန်ဖြစ်တဲ့ ဆက်ဆံရေး
တွေ မရှိခဲ့ဘူး။ ငါထင်တယ် ငါက Control မလုပ်ခဲ့ဘူး။ ငါက ကောင်းတဲ့ အကျင့်စရိုက် ဖြစ်နိုင်ဖို့ တကယ်ခက်ခဲပေမယ့် ကြိုးစားလုပ်ခဲ့တယ်။

ဒါပေမယ့် ငါ့ကလေးက ငါ့ကိုရှောင်ဖယ်နေတယ်။ ဒါဘယ်လိုဖြစ်တာလဲ ဒါဆိုရင် သူ့ကို ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ အရမ်းများနေလို့လား။ ဒီအရွယ်တွေ သိထားတာ ရင်ထဲမှာ စွဲနေတာ က သူတို့က အရွယ်ရောက်ပြီး ကိုယ့်ဘဝစရတော့မယ်။ အဲ့ဒီတော့အချုပ်အနှောင်အားလုံးကို ဖြတ်ပစ် ရတော့မယ်လို့ ခံယူထားကြတယ်။ အခု သူတို့ ပတ်ဝန်းကျင်မှာက သူငယ်ချင်းတွေ online ကအသံ တွေ ရုပ်ရှင်တွေ၊ ဒီနေ့ခေတ် ဗီဒီယိုတွေဆီကနေ အဲ့ဒီအတွေးအမြင်တွေကို ကြားနေမြင်တွေ့နေကြ တာ။ အဲ့ဒီတွေကနေ အသံတွေက ဒေါသကို မြှင့်ပေးတယ်။ တကိုယ်ကောင်းဆန်မှုတွေကို တိုးပွား သွားစေတယ်။ လူတစ်ဖက်သားကို အလေးထား ဂရုပြုရမယ်ဆိုတာ အားနည်းသွားတယ်။ ဒါတွေက ကြီးကောင်ဝင်စအရွယ်တွေကို ဘယ်လိုအတွေးတွေ ဖြစ်လာသလဲဆိုတော့။ သူတို့ ပတ်ဝန်းကျင်ကို Control ထိန်းချုပ်မယ်။ ဒါမှ သူတို့က strong ဖြစ်တဲ့သူအဖြစ် ရပ်တည်နိုင်မယ်လို့ သူတို့က တွေးပြီး အဲ့ဒီအတိုင်း နေထိုင်လာကြတယ်။
ဒါတွေက သူတို့လုပ်သင့်လုပ်ထိုက်တာ။ ရသင့်ရထိုက်တယ်လို့ သူတို့စိတ်ခံစားချက်မှာ ရှိနေ တာပါ။ သူတို့ရဲ့ ဘဝလမ်းကြောင်းကို အဲ့ဒီလို Control လုပ်ပြီး လျှောက်လှမ်းနေကြတာတွေကို မိဘ တွေက အထူးသတိထားဖို့ လိုလာပါပြီ ဘယ်လိုကိုင်တွယ်ရမယ်။ ဘယ်လိုဆွေးနွေးရမယ်ဆိုတာတွေ ကိုပါ။ ဒီအရွယ်တွေက လူအများနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ် ကြုံတွေ့လာရတဲ့ ပြဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိကြဘူး။
ပတ်ဝန်းကျင်က ငါတို့ကို Control မလုပ်ရဘူး။ ငါတို့ကသာ Control လုပ်ရမှာဆိုတဲ့ သံမဏိလို မာကြောတဲ့ ခွန်အားတွေရှိနေတော့ မိဘနဲ့လည်း ဝေးကွာနေကြတယ်။

ဒါကြောင့် မိဘအနေနဲ့ မိမိကိုယ်မိမိပဲ ပြန်သုံးသပ်ပြီး Control လုပ်သင့်တာကို လုပ်ရတော့ မယ်။ သားသမီးနဲ့ relationship ကို ပြန်လည်ပြုပြင်ရတော့မယ်။ သူတို့ရဲ့ အတွေးတွေ idea တွေကို ယုံကြည်ချက်ကို လက်ခံရ တော့မယ်။ အားလုံးကို မဆိုလိုပါဘူး။ မိဘရဲ့ အမှားအမှန်ကို သိမြင်တဲ့စိတ် ထင်မြင်ချက်တွေနဲ့ မိဘဆိုတဲ့နေရာ
ကနေ ဆက်လက် ကျန်ရှိနေဖို့လိုပါတယ်။ သားသမီးက ပြောင်းလဲနေတဲ့အချိန်မှာ မိဘက မပြောင်းလဲဘူး စံနမူနာ
အဖြစ် ဆက်ရှိနေ မယ်။ ဒီသားသမီးက တချိန်ချိန်မှာ မိဘနဲ့ ပြန်လည်ပေါင်းစည်းလာမှာပဲ။ မိဘက strong ဖြစ်တယ် ဆိုတာ သိလာမယ်။ ဒါဆိုရင် Okay ပေါ့နော်။

ဒါမှမဟုတ် သားသမီးနဲ့ ဆွေးနွေးတာဆိုရင် အကောင်းဆုံးပါ။ မိဘနဲ့ မဆွေးနွေးချင်ရင် သူနဲ့ ချစ်ခင်သူတွေကတဆင့် ဆွေးနွေးစေမယ်။ မိဘနဲ့ သားသမီးပြဿနာကတော့ ဖြစ်နေမယ်။ မိဘက သိချင်နေတယ်။ ဘာဖြစ်လို့လဲ မိဘနဲ့ သားသမီးစကားများတာကိုတော့ မဖြစ်ချင်ဘူး။ ကူညီပေးနိုင် မလား။ မိဘမှာ အဲ့ဒီလို စွမ်းရည်မျိုးလိုအပ်ပါတယ်။ မိဘအနေနဲ့ ပြောပြမယ်။ ဆုံးဖြတ်ချက်ချမယ်။ သားသမီးရဲ့အပြုအမူကိုအရေးမယူဘူး။ ဒါတွေက မိဘကိုယ်တိုင် မိမိကိုယ်မိမိ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပြီး ရလာတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ သင့်လျော်တဲ့ လျော်ကန်တဲ့ မိဘတစ်ယောက်ရဲ့ mindset ပေါ့။ဒါဆိုရင် မိဘနဲ့ ကြီးကောင်တင်လာတဲ့ သားသမီးနားလည်မှုတွေ
ပိုရှိသွားမယ်။ ဆက်နွယ်မှု တွေလည်း ပိုကောင်းလာမယ်လို့ မှေျှာ်လင့်ရင်း နိဂုံးချုပ်အပ်ပါတယ်။

Add new comment

1 + 10 =