”သင်ယူလေ့လာခြင်း”

သီရိဂေဟာ အစီအစဉ်

ဒီတပတ် သီရိဂေဟာ အစီအစဉ်မှာ '' သင်ယူလေ့လာခြင်း '' ဆိုတဲ့ခေါင်းစဉ် နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။

တင်ဆက် - Sr.Mary Dim (SFX)

တည်းဖြတ် - ပေါလ်

*********************************************************************************

အားလုံးဘဲမင်္ဂလာပါရှင်- အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါ

တယ်။ဒီတပတ်တင်ဆက်ပေးမဲ့ခေါင်းစဥ်လေးကတော့”သင်ယူလေ့လာခြင်း” ဆိုတဲ့အကြောင်းအရာလေးနဲ့လူငယ်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်း။

မိတ်ဆွေလူငယ်များရှင်- ဘ၀ဆိုတာသင်ယူခြင်းပါဘဲ။သင်ယူခြင်းမှာအသက်အရွယ်၊အပိုင်းအခြင်းအမကန့်သတ်ထားပါဘူး။မိမိသင်ယူနိုင်လေလေပိုတက်မြောက်လေ၊ပိုအကျိုးရှိလေဖြစ်ပါတယ်။ဒါကြောင်းမိမိတို့သင်ယူထားတဲ့အရာတွေကိုအကောင်းဆုံးသင်ယူမှတ်သားပြီးသူတပါကိုလည်းမျှာ‌ေ၀ပေးပါ။ပိုတန်ဖိုးရှိလာမှာပါ။

ချစ်သောလူငယ်များရှင်- ဘ၀ဆိုတာသင်ယူခြင်းဖြစ်တဲ့အတွက်သင်ယူခြင်းကိုမရပ်တန့်လိုက်ပါနဲ့။

ကျွန်မတို့သင်ယူခြင်းတွေကိုနည်းအမျိုးမျိုးဖြင့်သင်ယူလေ့လာလိုရပါတယ်။နေ့စဥ်လုပ်ကိုင်ရေရတဲ့အတွေ့အကြုံအားဖြင့်၎င်းပတ်၀န်းကျင်ကနေ

သော်၎င်းသင်ယူလိုရပါတယ်။ဒါအပြင်မိမိထက်အသက်ကြီးသူတွေဆီမှာ၎င်း 

ကိုယ်ထက်ကြီးမြတ်သူတွေထံမှာ၎င်းကိုယ်နဲ့တန်းတူညီတူတွေဆီမှာလည်းသင်ယူလိုရပါတယ်။လူတိုင်း၊အချိန်တိုင်း၊နေရာတိုင်းမှာလည်းသင်ယူစရာတွေရှိပါတယ်။ဘာကြောင့်လဲဆိုရင်သင်ယူခြင်းဟာသင့်ရဲ့တိုးတက်မှုဖြစ်နေတဲ့အတွက်ကြောင့်သင်ယူလေ့လာကြ

ပါ။

ချစ်သောလူငယ်များရှင်- စိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့အတွက်သင်ယူလေ့လာ

ခြင်းတွေနဲ့ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွက်သင်ယူမှုတွေကိုအမြဲတမ်းအသစ်အသစ်တွေနဲ့သင်ယူလေ့လာဖို့လိုပါတယ်။လူငယ်များတို့အပင်တပင်ကြီးထွားဖွံဖြိုးလာဖို့အတွက်

အဓိကဘာဖြစ်မလဲ။ရေသောက်မြစ်ဖြစ်ပါတယ်။ရေသောက်မြစ်ကိုနေ့တိုင်းရေလောင်း၊ပြုစုပေး၊မြေဩဇာထည့်ပေးမှာသာလျှင်အပင်ဟာဖွံဖြိုးကြီးထွားလာမယ်၊‌ေ၀ဆာလာ

မှာဖြစ်ပါတယ်။၎င်းအားဖြင့်အပွင့်တွေအသီးတွေချွတ်ခူးရရှိမှာဖြစ်ပါတယ်။ဒါကြောင်းမို့လူငယ်တယာက်ရဲ့ဖွံဖြိုးလာမူဟာလေ့လာသင်ယူမှုပေါ်အခြေခံပါတယ်။လူငယ်များတွေလဲနည်းအမျိုးမျိုးဖြင့်သင်ယူရရှိတဲ့အရာတွေကိုပြန်အသုံးချပါ။လက်တွေ့မှာလည်း

အကောင်အထည်ဖေါ်လုပ်ကြပါ။အဓိကမိမိကိုယ်၌ကသင်ယူလိုစိတ်ရှိလာပြီးဆိုရင်သင့်ရဲတိုးတက်မှုလမ်းကြောင်းတွေကိုတခြားသူတွေဘယ်နည်းနဲ့မှာကန့်သတ်တားဆီးလိုမရပါဘူး။စဥ်ဆက်မပြတ်သင်ယူခြင်းဖြင့်အသစ်သောတွေးခေါ်မူတွေရရှိမှာဖြစ်ပါတယ်။ဒါအပြင်အသစ်အသစ်တွေကိုလုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ရှင်။

သင်ယူလေ့လာသူတွေအတွက်ဆိုရင်မိနစ်တိုင်း၊စက္ကန့်တိုင်း၊နာရီ၊နေ့၊လ၊နှစ်တွေဟာသူတို့အတွက်အကျိုးရှိပါတယ်။  “ဓါးမှန်ရင်အတုံးနဲ့မကင်းသလိုလူမှန်ရင်လည်း

အရှုံးနဲ့မကင်းပါဘူး။အမှားတစ်ခုကြောင်းတချိန်လုံးနောင်တနဲ့မနေပါနဲ့။

အမှားရှိမှာအမှန်ကိုသိလာမှာြဖစ်လိုအဲဒီအမှားထဲကနေသင်ခန်းစာယူစရာတွေကိုအဖြစ်မနေသင်ယူလိုက်ပါ။

လူငယ်များတို့ရေ             သင်ယူလေ့လာရတဲ့အချိန်ကာလဟာအချိန်ကုန်၊ငွေကုန်၊လူပင်ပန်း၊စိတ်ပင်ပန်းရတဲ့အတွက် ပျံလွင်နေတဲ့စိတ်နဲ့မသင်ယူဘဲ၊အကျိုးရှိရှိအကောင်းဆုံးသင်ယူလေ့လာကြ

ပါလိုတင်ပြရင်းလူငယ်များတွက်လည်းအကျိုးရှိလိမ့်မယ့်လိုမျှော်လင့်မိပါတယ်။

ဒီလောက်နဲ့ဘဲရပ်နားပါရစေ။နောက်တစ်ပတ်မှာလည်းအားပေးကြပါအုံးရှင့်။

နားဆင်ကြည့်ရှုသူအားလုံးကိုအထူးကျေးဇူးတင်ပါကြောင်း။

ကျွန်မကစစ္စတာရ် မေရီဒိမ် ပါရှင်။

 

Add new comment

8 + 7 =