”လူငယ်နှင့် အောင်မြင်ခြင်း”

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”လူငယ်နှင့် အောင်မြင်ခြင်း”  ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။

ချစ်သောလူငယ်များရှင်-     လူငယ်တွေအနေနဲ့တကယ်အောင်မြင်ချင်းပါသလား။သင့်တကယ်အောင်မြင်ချင်တယ်၊သင့်တကယ်တိုးတက်ချင်တယ်ဆိုတဲ့စိတ်ရှိပြီးဆိုရင် သင့်တကယ်အောင်မြင်လာပါလိမ့်မယ်။လူတိုင်းလိုလိုမှာအောင်မြင်ချင်တဲ့စိတ်ဆန္ဒတွေရှိကြပါတယ်။ဒါကြောင်းလဲသူသူဌါဌါကြိုးစားနေကြပါတယ်။ လူငယ်တို့လဲ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ချင်ရင်မိမိလုပ်နေတဲ့အလုပ်အပေါ်မှာစိတ်၀င်စားပြီး၊တစိုက်မတ်မတ်အားရုံထားရမှာဖြစ်ပါတယ်။ပေါ့ပေါ့ဆဆအလွယ်သဘောမျိုးလုပ်လိုမရပါဘူး။အောင်မြင်ချင်လမ်းကိုလျှောက်တော့မယ်ဆိုရင်လွယ်လွယ်နဲ့တော့မရနိုင်ပါဘူး။အောင်မြင်ခြင်းလမ်းကိုသွားနေတဲ့ခရီးဟာ ပန်းခင်းလမ်းလိုအမြဲဖြောင့်ဖြူးနေတာမဟုတ်ပါဘူး။ဆူးခင်းလမ်းကိုလျှောက်နေရသလိုဖြစ်ပါတယ်။ခက်ခဲပါတယ်။ဒီလိုလမ်းခရီးမှာပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်နေရတက်ပါတယ်။လူမျိုးပေါင်းများစွာနဲ့လဲ

ရင်ဆိုင်တွေ့ကြုံရပါတယ်။အဲဒီအရာတွေကိုသင်သည်းခံနိုင်ရည်ရှိဖို့လိုပါတယ်။ဒါအပြင်ယုံကြည်မှုရှိဖို့လဲလိုအပ်ပါတယ်။

အောင်မြင်သူဖြစ်ချင်ရင်-စိတ်ကောင်းရှိဖို့လဲလိုအပ်ပါတယ်။အောင်မြင်ချင်ရင်အခွင့်အလမ်းတွေကို ထိုင်စောင့်မနေပါနဲ့။ဖန်တီးယူလိုက်ပါမိတ်ဆွေတို့။ဒါအပြင်မိမိမှာရှိတဲ့အိုင်ဒီယာတွေကို စတင်အကောင်အထည်ဖေါ်လိုက်ပါ။  မိတ်ဆွေလူငယ်များရှင်  - သစ်ခုပ်သမား(၂)ဦးရဲ့ပုံပြင်ကိုကြားဖူးကြမှာပါ။ သစ်ခုပ်သမား(a)ကတနေ့ကို(၁၀)နာရီအရပ်မနားခုပ်တယ်။သစ်ခုပ်သမား(B)ကတော့တနေ့ကို(၅)နာရီခုပ်တယ်။သူကအေးအေးဆေးဆေးနားနားနေနေခုပ်တဲ့သူပေါ့။သစ်ခုပ်သမား(၂)ဦးရဲ့အောင်မြင်မှုရလဒ်ကဘယ်သူဖြစ်မလဲ။

မိတ်ဆွေတို့ရေဘယ်သူလိုထင်ပါသလဲ။-သစ်ခုပ်သမား(B) ကအောင်မြင်သူဖြစ်ပါတယ်။သစ်ခုပ်သမား(B) က တနေ့ကို(၅)နာရီခုပ်တယ်။တစ်နာရီခုပ်ပြီးတိုင်းနာရီ၀တ်သူပေါက်ဆိန်ကို သွေးလေ့ရှိပါတယ်။သူရဲ့အတွေးအခေါ်ကိုဆန်းစစ်ခြင်းပါဘဲ။နဂိုအတိုင်းမဟုတ်ပဲပေါက်ဆိန်သွေးသလိုကျွန်မတိုရဲ့အတွေးတွေဆန်းစစ်ဖို့လိုပါတယ်။ချစ်လှစွာသောလူငယ်များလဲမိမိတို့လုပ်နေတဲ့အလုပ်ကိုတကယ်အောင်မြင်

ချင်စိတ်နဲ့တစိုက်မတ်မတ်၊အားရုံစိုက်ပြီးလုပ်နေကြသလား။မိတ်ဆွေလူငယ်များလဲဒီပုံပြင်ထဲကသစ်ခုပ်သမားလိုအတုယူကြပါစေ။ဒါမှာမဟုတ်မိမိနဲ့မဆိုင်တဲ့အခြားသောမိမိစိတ်၀င်းစားရာကိုဘဲအားရုံစိုက်နေကြတာလား။?တချို့လူငယ်တွေဟာ မိမိအောင်မြင်ချင်တဲ့၊အောင်မြင်နိုင်တဲ့အလုပ်ကိုမလုပ်ဘဲမဆိုင်တဲ့အလုပ်တွေကိုဘဲလုပ်နေတက်ပါတယ်။ဥပမာ-

သင်ဟာ-စာရေးဆရာဖြစ်ချင်တယ်ဆိုပြီးသီချင်းဘဲဆိုနေရင်စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ထို့နည်းတူသင်ဟာဗိသုကာပညာရှင်ကြီးဖြစ်ချင်တယ်ဆိုပြီးလေ့လာမှု၊ကြိုးစားမှုတွေမရှိအချိန်ရှိတိုင်းမှာအိပ်နေမယ်ဆိုရင်အောင်မြင်တဲ့ဗီသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါတွေကိုကြည့်ခြင်းအားဖြင့်လူတော်တော်များများဟာမအောင်မြင်ချင်တဲ့သူတွေများပါတယ်။ဒါကြောင့်မို့လူငယ်တို့လဲတကယ်အောင်မြင်

ချင်ပါသလားဆိုတာကိုယ်ကိုကိုယ့်ပြန်မေးပါ။မိမိအောင်မြင်မှုရရှိရန်အတွက်၊သူတပါးကိုချောက်မတွန့်ပါနဲ့။သူတပါးကိုလဲအသုံးမချပါနဲ့။သူတပါးကိုနင်းခြေပြီးရရှိလာတဲ့အောင်မြင်ခြင်းဟာရေမွှေးဆွတ်ထားတဲ့ကော်ပန်းလိုပဲအချိန်ကြာကြာမမွှေးနိုင်သလိုရေရှည်လဲမတည်မြဲနိုင်ပါဘူး။

မိတ်ဆွေလူငယ်များရှင် -လူငယ်တို့အနေနဲ့ အောင်မြင်ချင်ရင် စွန့်စားရဲရမယ်။ဆုံးရှုံးသွားတဲ့အိမ်မက်တွေကိုပြန်

တည်ဆောက်ရဲရမယ်။ကျဆုံးမှုတွေကိုလက်ခံနိုင်ရမယ်။အောင်မြင်တဲ့သူတွေကနည်းလမ်းရှာကြတယ်။ကျဆုံးသူတွေကတော့ဆင်ခြေရှာတက်ကြပါတယ်။လူငယ်များတို့လဲဘယ်နည်းလမ်းကိုအသုံးပြုနေကြပါသလဲ။မိမိကိုယ်ကိုပြန်မေးကြပါနော်။  လူငယ်တို့အနေနဲ့အောင်မြင်ချင်တယ်ဆိုရင်မိမိလုပ်ရမဲ့အလုပ်ကိုစူးစူးစိုက်စိုက်နဲ့တကယ်လုပ်ရမှာဖြစ်ပါတယ်။မိမိရဲ့အလုပ်ပေါ်မှာစိတ်ကိုနှစ်ပြီးအချိန်ရှိတိုင်း၊အချိန်ရတိုင်းတစိုက်မတ်မတ်နဲ့အဲဒါတွေကိုလုပ်မယ်ဆိုရင်တနေနေ့

အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်လာမှာသေချာပါတယ်။သင့်ရဲ့ကျဆုံးမူကိုစောင့်ကြည့်နေကြတဲ့သူတွေရဲ့

ကြားမှာအောင်မြင်မူကိုရယူပြလိုက်စမ်းပါ။လူငယ်တွေမှာအမြော်အမြင်ရှိကြတယ်။ကျွန်မတို့ထက်သာတဲ့အမြင်တွေလဲရှိကြပါတယ်။အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများဖြစ်ကြတဲ့လူငယ်များတို့  မျက်စိရှင်းရှင်း၊နားရှင်းရှင်းစွင်ထားပြီးအောင်မြင်ခြင်းလမ်းကိုပို့နေတဲ့အခွင့်အလမ်းများကိုအမိအရယူလိုက်ကြ

စမ်းပါ။မိမိတို့လိုလားတောင်းတကြတဲ့အချိန်တစ်ခုမှာအောင်မြင်ခြင်း၊အောင်မြင်မှုအသီးအပွင့်တွေနဲ့‌‌ေ၀ဆာလာမှာဖြစ်လိုကြိုးစားကြပါလို့တင်ဆက်ရင်းဒီတစ်ပတ်တွက် လူငယ်နှင့်အောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ရင်းရပ်နားခွင့်ပြုပါ။ နားဆင်ကြည့်ရှုအားပေးကြတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်ရှင်၊ရွှင်လန်းချမ်းမြေ့ကြပါစေ။နောက်အပတ်တွေမှာလဲအားပေးကြပါအုံးနော်။ ကျွန်မကတော့ စစ္စတာရ် မေရီဒိမ် ပါရှင်။

တင်ဆက် - စစ္စတာရ် မေရီ (SFX)

တည်းဖြတ် - ပေါလ်

Photos Credit:Google Images

 

 

Add new comment

3 + 4 =