”ဂျက်မားရဲ့ဘ၀အခက်အခဲတွေကြားကဘယ်လိုအောင်မြင်လာတဲ့အကြောင်း”

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဥ် မှ တဖန်ကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”ဂျက်မားရဲ့ဘ၀အခက်အခဲတွေ

ကြားကဘယ်လိုအောင်မြင်လာတဲ့အကြောင်း”  ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။

သော်တရှင်များရှင်- ဂျက်မားရဲ့မိသားစုဟာငယ်ငယ်ကတည်းကဆင်းရဲတဲ့မိသားစုလေးဖြစ်ပင်မဲ့ ခုချိန်မှာတော့

ဂျက်မားဟာဘယ်လောက်ထိချမ်းသာလဲဆိုရင်မြန်မာငွေနဲ့ထွက်ကြည့်တော့ကုဋေ(၆)သိန်းကျော်ချမ်းသားတဲ့

သဌေးကြီးတစ်ဦးပါ။

ဂျက်မား တက္ကသိုလ်တက်ဖို့ရန်(၃)ကြိမ်ထိထိလျှောက်လွှာတင်ခဲ့ပါတယ်။မရခဲ့ပါဘူး။ဟားဗတ်တက္ကသိုလ်တက်ဖို့အတွက်(၁၀)ကြိမ်ထိထိလျှောက်လွှာတင်ခဲ့ပါတယ်။မအောင်မြင်ခဲ့ပြန်ပါဘူး။ဒါနဲ့သူအလုပ်လုပ်ဖို့ရန်အတွက်အခေါက်(၃၀)ထိထိအလုပ်လျှောက်ခဲ့ပါသေးတယ်။မရခဲ့ပြန်ပါဘူး။အဲအချိန်မှာသူရဲဘ၀ဟာအရမ်းကိုအခက်အခဲတွေရင်ဆိုင်ရပြီးစိတ်ဓာတ်လည်းအရမ်းကိုကျခဲ့ပါတယ်။အလုပ်ရပြန်တော့လည်းလခကအရမ်းနည်းနေခဲ့တယ်။ဒါနဲ့ဂျက်မားဟာဒီထက်ကောင်းတဲ့အလုပ်ကိုရှာခဲ့ပါတယ်။အလုပ်မရခဲ့ပြန်ပါဘူးကွယ်။တနေ့ဂျက်မားရဲ့သူငယ်ချင်းဖြစ်သူက

ကွန်ပြူတာမှာအင်တာနက်ဖွင့်ပြပြီးလိုချင်တဲ့ပစ္စည်းကိုအင်တာနက်မှာ၀ယ်လိုရတယ်လိုပြောလိုက်ပါတယ်။ဂျက်အိမ်ပြန်ရောက်တော့တရုတ်ပြည်ရဲ့တစ်ခုတည်းသောအင်တာနက်ကပစ္စည်းတွေရောင်းတဲ့ china Pages ဆိုတဲ့

Website ကို၀င်ကြည့်ခဲ့တယ်။တင်ထားတဲ့ပစ္စည်းတွေကမစုံသလိုပစ္စည်းနာမည်တွေဈေနှုန်းတွေအားလုံးတရုတ်စာနဲ့ရေးထားတာကိုတွေ့လိုက်တယ်။တရုတ်စာမဖတ်တက်တဲ့နိုင်ငံတွေကဘယ်၀◌ယ်ပါမလဲဆိုတဲ့အတွေးတစ်ခုသူခေါင်းထဲဖျတ်ခနဲ့၀◌င်လာတယ်။အဲဒီမှာဂျက်ဟာအခွင့်အလမ်းတစ်ခုကိုစတွေ့လိုက်ပါတယ်။အခွင့်အလမ်းဆိုတာအရံသင်းရွှေလင်းဗန်းနဲ့ရောက်လာတာမဟုတ်ပါဘူး။ဒါပေ့မဲ့နှစ်ပေါင်းများစွာစောင့်နေတဲ့ဂျက်မားအတွက်တော့ဒါဟာကြီးပွားချမ်းသာမဲ့လမ်းစတစ်ခုဆိုတာသိနေတော့ရတဲ့အခွင့်အရေးကိုအမိအရဆုပ်ကိုင်ဖို့ပြင်ဆင်ပါတော့တယ်။

၁၉၉၄ခုနှစ်မှာအင်တာနက်နဲ့ပက်သတ်တဲ့စီးပွားရေးအလုပ်လုပ်ဖို့ရန်ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။(၂၃)ယောက်ကသဘောမတူကြပြန်ပါဘူး။သူအဖော်သူငယ်ချင်းတွေက နင့်ပြောတဲ့အင်တာနက်ဆိုတာမကြားဘူးပါဘူး။မင်းရဲ့

အိုင်ဒီယာတွေကလည်းတုံးလိုက်တာ။မင်းကကွန်ပြူတာဆိုတာဘာမှန်းတောင်မသိဘဲနဲ့ဆိုပြီးပြောဆိုခနဲကြပါတယ်။ဂျက်မားဟာမလျှောသောဇွဲနဲ့နောက်(၄)နှစ်အကြာမှာတော့အင်တာနက်ကုမ္ပဏီမှာအစုငွေထည့်၀◌င်ဖို့စည်းရုံး

ပြန်ပါတယ်။ဂျက်မားရဲ့လုပ်ငန်းကိုသူတို့အယုံကြည်၊လက်မခံကြပြန်ပါဘူး။နောက်တစ်ကြိမ်ရည်မှန်းချက်ကြီးမားစွာကြိုးစားပြန်ပါတယ်။ဂျက်ရဲ့စိတ်အားထက်ထက်သန်သန်စည်းရုံးမှုကြောင့်အချို့ကအစုငွေထည့်လာကြပါ

တယ်။ရင်းနှီးမတည့်ငွေအမေရီကန်ဒေါ်လာ (၆)သောင်းရလိုက်ပါတယ်။ပစ္စည်းကြော်ငြာမဲ့ website တစ်ခုတည်ထောင်လိုက်ပါတယ်။ဂျက်မားရဲ့အားသားချက်တစ်ခုဟာတရုတ်စာကိုအင်္ဂလိပ်လိုကျွမ်းကျွမ်းကျင်ကျင်ဘာသာပြန်တက်ပါတယ်။သူလိုချင်တဲ့websiteပုံစံရအောင်သူသူငယ်ချင်းကွန်ပြူတာကျွမ်းကျင်သူတွေကိုအကူအညီတောင်းခဲ့ပါတယ်။ဂျက်တနေ့နေ့အောင်မြင်လာလိမ့်မယ့်လိုဘယ်သူမှာမယုံကြည်ကြပါဘူး။ဂျက်နင့်ကမ

ဖြစ်နိုင်တာတွေကိုတွေးနေတာဘဲလိုပြောကြပါတယ်။ဒါနဲ့ဂျက်လည်းသူအကြံအစည်တွေကိုအကောင်အထည်ဖေါ်ဖို့ရန်ဘဏ်ကနေအမေရီကန်ဒေါ်လာ(၃၀၀၀)ချေးဖို့ကြိုးစားခဲ့ပါတယ်။ဘဏ်ကအကြောင်းမပြန်ခဲ့ပါ။ဒါအပြင်

ဂျက်ဟာချမ်းသားကြွယ်၀တဲ့သူတွေနဲ့လည်းတွေ့ဆုံပြီးသူရဲ့အိုင်ဒီယာအကြောင်းကိုပြောပြခဲ့ပါတယ်။သူဘယ်လိုကြိုးစားကြိုးစားမယုံကြည်လက်မခံကြပါဘူး။လူတွေတော်တော်များများပြောကြတယ်။အလီဘာဘာကုမ္ပဏီ

ဟာအရမ်းကိုညံတာပဲ။ဂျက်ကပြန်ပြောခဲ့ပါတယ်ဒီကုမ္ပဏီတရက်ကျရင်အောင်မြင်လာပါလိမ့်မယ့်ကျွန်တော်ယုံကြည်တယ်လိုပြောခဲ့ပါတယ်။ဒီနေ့လောက်အထိအလီဘာဘာကုမ္ပဏီကြီးဟာအဲ့လောက်ထိအောင်မြင်လာပါ

လိမ့်မယ့်လိုသူကိုသူမထင်ထားခဲ့ပါဘူးလိုလဲပြောခဲ့ပါတယ်။

ချစ်သောလူငယ်များရှင်- ကျွန်တော်အမြဲတမ်းယုံကြည်ခဲ့တဲ့အရာတစ်ခုက ကျွန်တော်တနေ့နေ့အစွမ်းကုန်ကြိုးစားရင်အောင်မြင်လာမယ့်လိုယုံကြည်ပါတယ်။ဒါနဲ့ဂျက်မားလည်းကုမ္ပဏီကိုစတင်တည်ထောင်ခဲ့ပါတယ်။အစပိုင်းသုံးနှစ်လောက်ကတော့အခက်ခဲ့တွေနဲ့ပေါ့။နောက်ပိုင်း၀ယ်ယူအားပေးတဲ့ကြတဲ့သူတွေဒီလုပ်ငန်းဟာအရမ်းကိုကောင်းတာဘဲ၊အရမ်းလည်းအကူအညီဖြစ်တယ်။တရက်ကျရင်အောင်မြင်လာလိမ့်မယ်လိုပြောကြားပါတယ်။ဂျက်ရဲ၀◌ယ်သူတွေရဲအားပေးစကား၊ချီးကျုးမှုတွေကြောင်းအားတက်လာပြီးတော့ကြိုးစားခဲ့ရာတဖြေးဖြေးဂျက်မားရဲ့ကုမ္ပဏီကြီးဟာကြီးမားအောင်မြင်လာပါတော့တယ်။နောက်(၁၆)နှစ်ကြာတော့ကုမ္ပဏီခွဲများစွာရှိလာခဲ့ပါတယ်။အဲဒီအခါမှာလူတွေကတမျိုးပြောပြန်တယ်၊ဂျက်မင်းကအရမ်းတော်တာပဲ။

ဒီလိုကုမ္ပဏီကြီးကြီးကိုဘယ်လိုတည်ထောင်လိုက်တာလဲ။  အောင်မြင်ကျော်ကြားတဲ့တီထွင်ပညာရှင်တွေကအမြဲတမ်းအကောင်းမြင်တက်ကြပါတယ်။သူတို့ရဲ့ဘ၀ကိုလည်းမငြီးငြူကြဘူး။သူတို့တွေကပြဿနာရဲ့အဖြေကိုရအောင်ရှာကြပါတယ်။

မိတ်ဆွေတို့လည်း   -    အကောင်းမြင်တက်ရင်အမြဲတမ်းအခွင်းအရေးတွေရရှိလာပါလိမ့်မယ်။သူများတွေငြီးငြူနေရင်တောင်ဘယ်တော့မှာမငြီးငြူးပါနဲ့။ငြီးငြူနေတဲ့သူအတွက်အခွင့်အရေးဟာမရှိသလောက်ရှာပါတယ်။သင့်မှာအိုင်ဒီယာတွေရလာပြီးဆိုရင်ချက်ချင်းစတင်လုပ်လိုက်ပါ။ဒီခေတ်လူငယ်တွေကိုကြည့်လိုက်ရင်သူတို့ဆီမှာကောင်းတဲ့အိုင်ဒီယာတွေများကြီးရှိပါတယ်။မိတ်ဆွေအကောင်းအထည့်ဖေါ်တဲ့အိုင်ဒီယာတွေကသူများအတွက်လည်းထောက်အကူပြုရပါမယ်။မနက်ဖြန်ဆိုတာကျွန်မတို့အားလုံးအတွက်အသစ်ပါ။မိတ်ဆွေတို့ရဲ့အိုင်ဒီယာအသစ်တွေကို မိဘတွေညီအစ်ကိုမောင်နှမတွေ၊အပေါင်းအသင်းတွေမယုံရင်နေပါစေ။အရေးကြီးတာက မိမိကိုယ်ကိုယုံကြည်ဖို့

အရေးကြီးပါတယ်။

လူငယ်များရှင်-     နေ့ညမပြတ်ကြိုးစားပါနော်။အဲလိုကြိုးစားရင်ဂျက်မားလိုအောင်မြင်လာမှာပါ။အမှားလုပ်ဖို့မကြောက်ပါနဲ့။အမှားတွေကအောင်မြင်ဖို့အတွက်အခွင့်အရေးကောင်းတစ်ခုပါ။လှဲကျရင်ပြန်ထပါနော်။ငွေနောက်မလိုက်ပါနဲ။အဓိကတော့အနာဂတ်ရည်မှန်းချက်နောက်ကိုသာလိုက်ကြပါ။ဒီတစ်ပတ်လူငယ်အစီအစဥ်ကိုဒီလောက်နဲ့ဘဲရပ်နားပါရ

စေ။ယခုတင်ဆက်ခဲ့တဲ့အကြောင်းအရာကလူငယ်များအတွက်ဗဟုသုတ၊အသိတရာတွေရရှိလိမ့်မယ်လိုမျှော်

လင့်ပါတယ်ရှင်။နားဆင်ကြည့်ရှုသူညီအစ်ကိုမောင်နှများအားလုံးရွှင်လန်းကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။

ကျွန်မက စစ္စတာရ်မေရီဒီမ် ပါရှင်။

တင်ဆက် - Sr.Mary Dim (SFX)

တည်းဖြတ် - Paul

Photos Credit : Google Images

#rvapastoralcare #Family #Youth #JackMa #Successful

 

Add new comment

4 + 15 =