Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
“ အောင်မြင်တဲ့ လက်ထပ်ထိမ်းမြားခြင်း ”
Success in Marriage
လက်ထပ်ထိမ်းမြှားတာ အောင်မြင်တယ်လို့ဆိုတဲ့နေရာမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ရလို့ မှန်ကန် တဲ့ လက်တွဲဖော်ရရုံမျှနဲ့ မလုံလောက်ပါဘူး။ ဒီလက်တွဲဖော်နဲ့ အချိန်အတိုင်းအတာ တခုထိ ဖြတ်သန်းရင်း နဲ့မှ မှန်ကန်တဲ့ သင့်တင့်လျောက်ပတ်တဲ့ လက်တွဲဖော်ဖြစ်လာရင်းနဲ့ တက်ညီလက်ညီ လှုပ်ရှားကြရင်းနဲ့မှ လက်ထပ်ထိမ်းမြားမှုမှာ အောင်မြင်လာတယ်လို့ ဆိုရမှာပါ။
ဥပမာ ပြောရရင် လက်တွဲဖော်နှစ်ယောက်က လက်ထပ်ထိမ်းမြှားလိုက်ပြီး အိမ်ထောင်တခုကို ထူထောင်လိုက်ပြီ မိမိတို့အိမ်အတွက် လိုအပ်မဲ့ အိမ်ထောင် ပရိဘောဂ၊ အိုးခွက်ပန်းကန်၊ ငွေကြေး တတ်နိုင်ရင်တော့ ကားတို့ အိမ်တို့ဝယ်ပြီး တအိုးတအိမ်ထူထောင်ကြပြီ စုဆောင်းထားတဲ့ ငွေလည်း အတော်ကုန်သွားပြီး ငွေကုန်ပြီ လူလည်းပန်းလာတဲ့ သဘောပေါ့။ ဒီလိုနဲ့ အိမ််ထောင်သက်နှစ်လည်း မသိမသာ အချိန်ကြာလာပြီ။
ဒီတော့ ပြန်စဉ်းစားကြည့်တယ်။ ငါတို့ ဒီပစ္စည်းတွေနဲ့ အချိန်တော်တော် ကုန်သွားပြီပဲ။ ဒီပစ္စည်း တွေရှိမှ ငါတို့ရဲ့ ဘဝအစစ်အမှန်လား။
လက်ထပ််ခါစတုန်းကတော့ အောင်မြင်တဲ့လက်ထပ်ထိမ်းမြားမှု ဖြစ်စေရမယ် ဆိုပြီး သံဓိဋ္ဌာန်ချခဲ့ ကြပြီး အခုတော့ အိမ်ထောင်ပစ္စည်းတွေကြာမှာပဲ နစ်မွန်းနေတယ်။
ဒီတော့ ချက်ချင်းပဲ သူတို့ အိမ်ထောင်အတွက် ပူပန်လာပြီး relationship ရဲ့ တန်ဖိုးကို သဘော ပေါက်လာပြီး ငါတို့ အသက်ကြီးလာရင် သုံးနိုင်ဖို့ ငွေစုရမယ်။ အကျိုးအမြတ်ရဖို့ ရင်းနှီးမြုပ်နှံရမယ်။ ကျန်းမာရေးအတွက်လည်း ငွေစုဆောင်းရအုံးမယ်။ ဒါတွေပြည့်စုံမှသာ ငါတို့ လက်ထပ်ထိမ်းမြှားတာ အောင်မြင်မှာလို့ အသိတွေ ရှိလာပြီ။
ဒါဆိုရင် ဘယ်ကစလို ဘယ်လိုပြုပြင်လုပ်ဆောင်ကြမလဲ အရေးကြီးဆုံးကတော့ တယောက်ပေါ် တယောက် တသက်လုံး ချစ်ခြင်းမေတ္တာနဲ့ လက်တွဲကြမယ်လို့ ကတိပေးပြီးသား နှစ်ယောက်စလုံးလည်း ဆုံးဖြတ်ချက်ချပြီးသား ကတိသစ္စာကို တည်ရမယ်။ ဒီကတိက ဘဝတစ်ခုလုံးစာအတွက် အရေးကြီးတယ်။ လောက သဘာဝအလျောက် ကောင်းတာတွေလဲ ကြုံရတယ်။ ဆိုးတဲအချိန်တွေလည်း ရင်ဆိုင်ရတယ်။ ကောင်းတာတွေ ဖြစ်နေတဲ့အချိန်မှာတော့ ပေးထားတဲ့ ကတိတည်ရတာ လွယ်ပေမဲ့ တခါတလေး ဘဝအကျပ်အတည်းက မထင်မှတ်ဘဲ ရောက်လာတဲ့အခါမှာ ဒီချစ်ခြင်းတရားက ပျက်ပြယ်သွားတတ်တယ်။ ဒါကြောင့် ဒီကတိကို တည်အောင် ကြိုးစားရမယ်။
ကိုယ့်ရဲ့ လက်တွဲဖော်မှာ Sexual faithfulness လိင်ဆက်ဆံမှုမှ သစ္စာရှိရမယ်။ ကိုယ်ရဲ့ လက်တွဲဖော်အပေါ်မှာပဲ မိမိရဲ့အာရုံငါးပါးက ရှိစေရမယ်။ တဦးတယောက်က အာရုံထွေပြားခဲ့ရင် ချုပ်တည်း နိုင်စေရမယ်။ နေ့စဉ် ကိုယ့်ရဲ့ ဖိုမလက္ခဏကို စောင့်ထိန်းနိုင်ရမယ်။ လက်တွဲဖော်အပေါ်မှာ ရိုးသားရမယ်။ ဒါတွေက လက်တွဲဖော်အချင်းချင်း ကိုယ်ပိုင်စည်းကမ်းဖြစ်တယ် အချင်းချင်းညှိယူ နိုင်ရမယ်။
လူတိုင်းလူတိုင်းမှာ အားနည်းချက် ကိုယ်စီရှိကြတာပါပဲ။ ဒီတော့ relationship မှာလည်း တယောက်ပေါ်တစ်ယောက် အပြစ်အနာအဆာ မြင်တတ်ကြတယ်။ we all are not perfect လူသား တိုင်းကတော့ ခံစားရလောက်တဲ့ သူတွေမဟုတ်ဖူး။ အမှားတော့ လုပ်မိကြမှာပဲ။ ဒီတော့ တဘက်က နိမ့်ကျ တဲ့စိတ်ထားမျိုးကို ဖယ်ပြီး မြင့်တဲ့စိတ်သဘောထားတွေနဲ့ သိက္ခာမဲ့တဲ့ ဖြစ်ရပ်တွေကို ကာကွယ်နိုင်ရမယ်။
အောင်မြင်တဲ့ လက်ထပ်ထိမ်းမြားခြင်းရဖို့ဆိုတာ နှစ်ဦးနှစ်ဖက်စလုံး ရင်းနှီး ကျွမ်းဝင်အောင် ရှိနေမှသာ ပြီတော့ အချိန်အတိုင်းအတာတခုထိလည်း ရင်းနှီးမြုပ်နှံ ရပါအုံးမယ်။ ဒီလိုတည်ဆောက်မှသား ရနိုင်မှာပါ။
လက်တွဲဖော် အချင်းချင်း ရိုးသားမှုနဲ့ ယုံကြည်မှုရှိမှသာ ဒါဟာ အောင်မြင်တဲ့ လက်ထပ် ထိမ်းမြားမှုရဲ့ အခြေခံအုတ်မြစ်ပါပဲ။ ယုံကြည်မှုရဖို့ဆိုတာ အချိန်လို ပါတယ်။ အချိန်ယူရတယ် တခါတလေ တယောက်တည်း ရှိသလို ခံစားရတာ တွေလည်း ခံစားရတတ်တယ်။ အချိန်အတိုင်းအတာ တခုထဲတော့ စိတ်ရှည်ရှည်နဲ့ စောင့်ရပါမယ်။ ယုံကြည်မှုရဖို့ဆိုတာ ရက်သတ္တပတ်ပေါင်း လပေါင်း နှစ်ပေါင်း များစွာကြာမှာ မိမိက ဘယ်လိုလူလဲ မိမိပြောတဲ့အတိုင်း ကတိပေးထားတဲ့အတိုင်း လုပ်တတ်သူပါလားဆိုတာကို လက်တွဲ ဖော်က သိလာပြီးမှ ယုံကြည်လာမှာပါ။ ဒါကြောင့် ဘယ်တော့မှ အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး ပြန်တည်ဆောက်လို့ ရပါတယ်။
အောင်မြင်တဲ့ လက်ထပ်ထိမ်းမြားမှုမှာ လက်တွဲဖော် အချင်းချင်း ဘာကိုမှ ထိမ်ချန်မထားပဲ သားရေး၊ သမီးရေး ကိစ္စပဲဖြစ်ဖြစ် အိမ်အသုံးစရိတ်ပဲဖြစ်ဖြစ် အားလုံး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး ကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နောင်အနာဂတ် မျှော်လင့်ချက်တွေ စိတ်ကူးတွေ စိုးရိမ်ထိတ်လန့်မှုတွေ အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာဟာ ဒဲ့ဒိုး ဖြစ်စေပေမဲ့ Communication ရဲ့ အဓိက သော့ချက် အခြေခံအုတ်မြစ်ပဲ မဟုတ်ပါလား။
တချို့သော ထိမ်းမြားမှုတွေမှာ တကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက် တွေနဲ့ ပြိုကွဲသွားတဲ့ အိမ်ထောင်တွေအများကြီး ရှိပါတယ်။ အသုံးအစွဲ ငွေရေး ကြေးရေး အပေါ်အပြစ်တင်တာ အိမ်ထောင်ရေး ဖောက်ပြန်တာ ကတိပျက်တာ တယောက်နဲ့တယောက် သဘောထားမဖြစ်တော့တာ။ ဒါတွေဟာ အခြေခံ က တကိုယ်ကောင်းဆန်လို့ ဖြစ်ကြတာပါ။
လက်ထပ်ထိမ်းမြားမှု အောင်မြင်ဖို့အတွက် အဓိက ကတော့ ရိုးသားပွင့်လင်းမှု ရှိရမယ်။ လျှို့ဝှက်ချက်ဘာမှ မရှိစေဖို့။ နောက်တဦးကိုတဦး ယုံကြည်မှုရှိဖို့ ရိုးသာမှုက အခြေခံကျပါတယ်။ ပြီးတော့ လက်တွဲဖော်အချင်းချင်း respects အရို အသေပေးတာဟာလည်းပဲ healthy marriage ကို ရစေပြီး။ Successful marriage ကို ရသွားစေပါတယ်။
အခုလို လက်တွဲဖော် အချင်းချင်း တလေးတစားနဲ့ အင်မတန်မှ ရိုးစင်းတဲ့ အပြုအမှုလေးတွေနဲ့ ကြိုးစားကြမယ်ဆိုရင် အောင်မြင်တဲ့ လက်ထပ်ထိမ်းမြားမှုကို ရမှာမလွဲပါဘူးဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။
တင်ဆက် - ဒေါ်ဂျူလီယာ ကြူကြူခင်
တည်းဖြတ် - ပေါလ်
Photo credit - Google image
Add new comment