“ အချိန်ယူပါ ‘’

သီရိဂေဟာ အစီအစဉ် ဒီတပတ် မှာ‌တော့ '' အချိန်ယူပါ '' ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
 

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဉ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးက

့တော့  “ အချိန်ယူပါ ‘’ ဆိုတဲ့ခေါင်းစဉ်လေးနဲ့သော်တရှင်များကိုတင်ဆက်ဝေမျှပေးသွားမှာဘဲဖြစ်ပါတယ်ရှင်။

သော်တရှင်များရှင်  -ကျွန်မတို့တတွေမှာ အခက်အခဲတွေ၊ပြသာနာတွေ၊အဆင်မပြေမူတွေ၊ဆုံးရှုံးမှုကြီးတွေ

စသည့်တို့ဖြင့်နေ့စဉ်နဲ့အမျှတွေ့ကြုံနေကြရမှာဖြစ်ပါတယ်။အကြောင်းအရာအမျိုးအစားသာကွဲသွားမယ်ရှုပ်

ထွေးမူတွေ၊မွန်ကြပ်မှုတွေကတော့ အတူတူလောက်ဖြစ်မှာပါ။မိမိတို့တွေ့ကြုံနေရတဲ့အကြောင်းအရာတွေကို

စိတ်မာန်မန်နဲ့မလုပ်လိုက်ပါနဲ့၊လက်လျှော့ဖို့မစဉ်စားလိုက်ပါနဲ့။၄င်းအရာတွေကိုရှေ့ဆက်ဖို့ရန်အတွက်

အချိန်ယူ စဉ်းစားပါလို့အကြံပေးခြင်းပါတယ်။ 

   မိတ်ဆွေများတို့-  ဘဝမှာ ကျွန်မတို့အဆင်မပြေမှုတွေ၊ကြီးကြီးမားမားကြုံရတဲ့အခါဖြစ်ဖြစ်၊

ရှုံးမှုကြီးတွေနဲ့ဆုံးရတဲ့အခါဖြစ်ဖြစ် ဒါတွေမကသေးဘူး ကိုယ်ကိုကိုယ့်လမ်းပျောက်နေသလို ခံစားနေရတဲ့အ

ခါတွေ၊ငွေကြေးဆုံးရှုံးမှုကြောင့်စိတ်ဓာတ်ကျ ၊စိတ်အားငယ်မှုတွေနဲ့တွေ့ကြုံရင်ဆိုင်နေရတဲ့အရာတွေကို၊ပြန်

ဆယ်နိုင် ဖို့ရန် အချိန်တစ်ခုတော့ လိုပါတယ်။အဲ့ဒီအချိန်က တစ်နာရီလည်းဖြစ်နိုင်တယ်၊တစ်ရက်လည်းဖြစ်

နိုင်သလို ၊တစ်နှစ်လည်းဖြစ်နိုင်ပါတယ်။အဲဒီအချိန်တွေကတော့မိမိပေါ်မူတည်ပါတယ်။ကိုယ်ကိုကိုယ့်ပြန်

မစဉ်းစားနိုင်သရွေ့တော့အချိန်ဟာကာလရှည် တခုပမာတန်ဖိုးမဲ့နေအုံးမှာဖြစ်ပါတယ်။မိမိရင်ဆိုင်နေရ

တဲ့အကြောင်းအရာတွေမှာ စိတ်ဓာတ်မကျဖို့၊ဇွဲမလျှော့ဖို့၊မျှော်လင့်ချက်တွေလက်မလျှော့ဖိုက၊အရေး

ကြီးပါတယ်။အဓိက စိတ်ရှည်ရှည်နဲ့အချိန်ယူစဉ်စားဖို့နှင့်ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ကျွန်မတို့တတွေနေ့

စဉ်နေ့တိုင်းလိုလိုမှန်ကြည့်ကြမှာပါ။မှန်ကြည့်ခြင်းအားဖြင့်မိမိတို့ရဲ့အားနည်းချက်တွေကို တွေ့မြင်နိုင်ပါတယ်။

ဒါပေမဲ့ဘဝရဲ့လိုအပ်ချက်တွေဖြစ်တဲ့အမှားတွေ၊အားနည်းချက်တွေ၊ပျက်ကွက်ခဲ့တာတွေစသည့်တို့မြင်နိုင်ဖို့လိုပါတယ်။တော်တော်များများကတော့မမြင်နိုင်ကြပါဘူး။တကယ်တော့မိမိရဲ့အမှားထဲကနေအမှန်ကိုသင်ယူကြရတာပါ။

  မိတ်ဆွေတို့အနေနဲ့ အပြောင်းအလဲတစ်ခုလက်ခံရမယ်ဆိုရင် ဒါမှာမဟုတ်၊ခြေလှမ်းသစ်လှမ်းရတော့မယ်

ဆိုရင်ဖြစ်ဖြစ်၊ဒါအပြင်အဆင်မပြေမှုကြီးတခုခုနဲ့ကြုံပြီးဆိုရင်ကိုယ်ကိုကိုယ့်ပြန်ကြည့်ပါ။ကိုယ်အမှားနဲ့ကိုယ်၊

ပြင်သင့်တာတွေကိုမြင်အောင်ကြည့်တက်ဖို့အချိန်ယူကြရမှာဖြစ်ပါတယ်။တစ်ယောက်ထဲအေးအေးဆေးဆေးအချိန်ယူပြီးစဉ်စားကြည့်ပါမိတ်ဆွေ။မိမိကိုယ်ကိုမညှာတမ်းသုံးသပ်ပါ။လူရော၊စိတ်ပါခဏနားပြီးတော့စိတ်

တည်ငြိမ်သွားတဲ့အခါ မှ ရှေ့ဆက်ဘယ်လိုလျှောက်ရမယ်ဆိုတာတွေ့မြင်လာပါလိမ့်မယ်။

ကျွန်မတို့တတွေ တွေ့ကြုံနေရတဲ့အခက်အခဲတွေကို လက်လျှော့ဖို့ရန်မစဉ်းစားလိုက်ပါနဲ့။ရှေ့ဆက်ဖို့ခွန်းအား

တွေနဲ့အရှိန်မြင့်တင်နိုင်ဖို့ရန်အတွက်အချိန်ယူပြီးစဉ်းစာလိုက်ပါနော်။ဒါကြောင့်မို့အရာရာတိုင်း၊အဖြစ်အ

ပျက်တိုင်းကို အချိန်ယူ စဉ်းစားပါလို့ တင်ပြရင်းဒီတစ်ပတ်အစီအစဉ်လေးကိုဒီလောက်နဲ့ဘဲရပ်နားပါရစေ။

ယခုတင်ပြခဲ့တဲ့အကြောင်းအရာလေးကို့နားဆင်သူမိတ်ဆွေများအတွက်လည်းအကျိုးရှိလိမ့်မယ်လိုမျှော်လင့်မိပါတယ်။ နားဆင်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ်မေရီဒိမ် ပါရှင်။

တင်ဆက် - Sr.Mary Dim (SFX)

တည်းဖြတ် - Paul

#RVAPastoralcare #Family #Time

Photos Credit - Google Images

Add new comment

3 + 1 =