“ မိသားစုဘဝကို တန်ဖိုးထား အလေးထားပြီး လှုံ့ဆော်ဖို့ ”

Inspire appreciate
    ဒီနေ့မှာ မိသားစုဘဝကို တန်ဖိုးထား အလေးထားပြီး လှုံ့ဆော်ဖို့ဆိုတဲ့ အကြောင်း မျှဝေပေးချင်ပါတယ်။
    ကိုယ့်ဘဝက ဒီမိသားစုကနေ စတင်ဆင်းသက်လာခဲ့တဲ့ နောက်ပြီး မကုန်ဆုံးနိုင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေ ရှိနေတယ်ဆိုတာ မိသားစုတိုင်း သိမှာပါ ခံစားကြရမှာပါ။
    တစ်ခါတစ်လေ မိသားစုဝင်တစ်ယောက်ယောက်က အရှက်ရစေတဲ့ အပြုအမှုတစ် ခုခု ပြုလုပ်လိုက်တယ်ဆိုရင် အထူးအဆန်းတစ်ခုလိုဖြစ်ပြီး တွေးနေတတ်တယ်။ ဘာတွေ ဘယ်လိုပဲဖြစ်နေပါစေ။ ဒါကကိုယ့်မိသားစုပဲဆိုတာကို လက်ခံနိုင်ကြရမှာပါ။ တန်ဖိုးထားနိုင် ရမည်။ ရှေ့ဆက်ပြီးကိုယ့်ရဲ့ဘဝတစ်သက်တာ တစ်လျှောက်မှာ ဘာတွေဖြစ်လာအုံးမယ်ဆို တာ ဘယ်သူမှ ကြိုတင်မှန်းဆမိနိုင်ပါဘူး။
    ဒါကြောင့်ကိုယ့်မိသားစုဝင်ငွေကို စိတ်ဝင်တစားရှိပေးပြီး အကောင်းမြင်တဲ့စိတ်ထား ပေးပါ။
    မိသားစုဝင်အချင်းချင်း ချစ်တာနဲ့ စောင့်ရှောက်တာတို့က ချစ်တယ်ဆိုတဲ့ ခံစားချက် ထဲကနေ ပါလာပြီး အလိုအလျောက်ပြုမူလာတာပါ။ အနီးကပ်အတူရှိကြတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် မေတ္တာတွေပြနိုင်တယ်။
    လူတစ်ယောက်မှာ အသွားချင်ဆုံးနေရာက သူ့မိသားစုအိမ်ပါပဲ ဘယ်သူ့ကို အချစ်ဆုံးလဲဆိုရင် သူ့မိသားစုကို အချစ်ဆုံးပါပဲ။ မိသားစုဝင် တစ်ယောက်ဆိုတာ အံ့ဘွယ် ကောင်းတဲ့ နေရာမှာရှိတယ် ကိုယ်မိသားစုဝင်တွေကို ချစ်နိုင် သလို မိသားစုဝင်တွေကလည်း ကိုယ့်ကိုတစ်သက်လုံး အကြွင်းမဲ့ချစ်သွားကြမဲ့သူတွေပါ။
    ဒါကြောင့်မို့ ကိုယ့်မိသားစုဝင်အချင်းချင်းကို အရိုအသေပေးပါ။ အမူအရာကအစ ရိုသေတဲ့ အမူအယာပြပေးပါ။ သူတို့ပြောတဲ့ စကားကို သေသေချာချာနားထောင်ပေးပါ။ ကူညီပေးပါ။ ဒေါသဖြစ်လာရင် ဖြေဖျောက်လိုက်ပါ။ ဆင်ခြင်မပေးဖို့ သတိပြုရပါမည်။
    တခြားအရာတွေအားလုံးထက် မိသားစုဆိုတာက အရေးကြီးဆုံးပါ။ ကိုယ့်ကို စောင့် ရှောက်ပေးတယ်။ အချစ်တွေ ပေးတယ်၊ မွေးစကတည်းကနေ ကြီးပြင်းလာတဲ့ အထိပါ မိသားစုဝင်တွေ ဆိုတာ ကိုယ့်ရဲ့ဘေးနားမှာ အမြဲရှိနေမယ့်သူတွေပါ။ ဒီမိသားစုဝင်အချစ်တွေ ပေါင်းလိုက်ရင် ဘဝအသက်တာအတွက် ခိုင်မာတဲ့ အင်အားစုတွေစုပေါင်းထားတဲ့ မိသားစုတစ်စုကို ရတာပဲ မဟုတ်လား။
    မိသားစုဝင်တိုင်းမှာ စိန်ခေါ်မှုတွေ ရှိစမြဲပါ။  တွန်းလှန်နိုင်ဖို့ မိသားစုအင်အား လိုလာ ပါတယ်။ ဒီလိုဖြစ်စဉ်တွေကို စည်းစည်းလုံးလုံးနဲ့ ကျော်လွှားပြီးရင် မိသားစုဘဝတွေ ပျော်ရွှင်မှုကို ရလာမှာပါ။
    မိသားစုဝင်တွေရဲ့ လိုအပ်ချက်တွကို အချင်းချင်း ဦးစားပေးလုပ်ဆောင်ပေးပါ။ တစ်ဦးချင်းလိုက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ၊ လုပ်ဆောင်ပေးတာဟာ ချစ်ခြင်းမေတ္တာကို ပြတဲ့ သဘောဆောင်စေပါတယ်။ မိသားစုဆိုတာ တစ်ဦးနဲ့ တစ်ဦး ချစ်ချင်းမေတ္တာတွေနဲ့ ထောက်ပံ့ပေးတယ်။ တစ်ဦးကိုတစ်ဦး တန်ဖိုးထားချစ်ကြတယ်။ အချင်းချင်းမသိတာ မတတ် တာကို သင်ပေးတယ်။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးတယ်။ တစ်ဦးရဲ့ ပျော်ရွှင်မှု (ဝါ)ဝမ်းနည်းမှုတွေကို မျှဝေခံစားကြတယ်။
    မိသားစုဝင်တွေက အမျိုးမျိုးသော နည်းတွေနဲ့ တန်ဘိုးထားပြတတ်ပါတယ်။ တချို့မိဘတွေက ကလေးရဲ့ အမူအယာအကျင့်စာရိတ္တကောင်းတယ်လို့ အကျယ်ကြီးပြော ကြတယ်။ ချီးမွမ်းကြတယ်။ ကြွားတာပေါ့နော် တချို့ကတော့ ကလေးကို ဖက်ပြီး နမ်းရှုံ့တယ်။ ခေါင်းလေးကို ပုတ်လိုက် တင်ပါးလေးကိုပုတ်လိုက် ပွေ့ဖက်လိုက် ချစ်တာကို ပြတတ်ကြတယ်။
    မိဘတွေက ကလေးကို တန်ဘိုးထားပြ ချစ်ပြတဲ့အတွက် ကလေးတစ်ယောက်က သူကြီးပြင်းလာတဲ့ အခါမှာလည်း သူ့မိသားစု၊ သူ့သူငယ်ချင်း၊ သူ့ပတ်ဝန်းကျင်ကို တတ်ဖိုး တားတတ် ချစ်ပြတတ်လာပါတယ်။ သေသေချာချာပြန်စဉ်းစားကြည့်ရင် ဒီလိုတန်ဘိုး ထားပြတာဟာ ကလေးတစ်ယောက်အတွက် ဘဝတစ်လျှောက်အင်မတန်မှ အသိတရား ကို ရသွားစေပါတယ်။
    အဲဒါကြောင့် မိဘတိုင်းမှာ သားသမီးတွေကို မရှိမဖြစ် မသိမဖြစ်တဲ့ သင်ခန်းစာတွေ ကို သင့်ပေးနိုင်ဖို့ အရေးကြီးတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီနည်းလမ်းတွေက ဝယ်ဘို့လည်း မလိုဘူး။ အသိရှိစွာနဲ့ ပြုမူပေးပါဘို့ပါပဲ။ ကိုယ့်သားသမီးအပေါ်မှာ ဘယ်လောက်တန်ဘိုး ထားကြတယ်ဆိုတဲ့ focus  အာရုံစိုက်ဖို့ပါပဲ။
    နည်းလမ်းများစွာနဲ့ ဂရုတစိုက်ပြုမှုတဲ့အတွက် Care လုပ်တဲ့အသွင် သားသမီးကို သရုပ်ပြ သင်ပြသွားစေပါတယ်။
    မိသားစုချစ်ခြင်းမှာ ငါ့မိသားစုကို ငါချစ်တယ်လို့ အလွယ်ပြောလို့ရပါတယ်။ ဒါပေမဲ့ ချစ်ချင်းတရားက ဒီထက်အများကြီး ပိုလေးနက်ပါတယ်။
    နှုတ်ကချစ်တယ်ပြောပြီး အပြုအမှုတွေ မပြနိုင်ရင် ချစ်တယ်လို့ မမြည်ပါဘူး။
    မိသားစုချစ်ချင်းမေတ္တာဆိုတာ ထူးခြားတဲ့ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အဆုံးမရှိတဲ့ ခံစားချက်တွေ အပြုအမှုတွေ စိန်ခေါ်မှုတွေနဲ့ ရင်းနှီးပေါင်းစပ်ပြီးမှသာ ရရှိတဲ့ ချစ်ခြင်း မေတ္တာပါ။
    ကိုယ့်မိသားစုမှာရှိတဲ့ ကလေးငယ်လေးတွေကို အရည်အချင်းရှိတဲ့၊ ယုံကြည်မှုရှိတဲ့ လူငယ်တွေဖြစ်လာအောင် ပျိုးထောင်ပေးပါ။ ဒါမှသာ နောက်တချိန် အဓိပ္ပါယ်ရှိတဲ့ Relationship ကို သူ့ပတ်ဝန်းကျင်မှာ ထူထောင်နိုင်မယ်။ စွမ်းရည်အပြည့်ရှိတဲ့ အလား အလာရှိတဲ့ မော်ကွန်းတင်နိုင်မဲ့ သူများအဖြစ် ဘဝအသက်တာ အတွက် ကျွန်မရည်ရွယ်ရင်း မိဘတွေအနေနဲ့ တန်ဖိုးထားပြီး လှုံဆော်ပေးကြပါလို့ message  ပေးရင်း ရပ်နားခွင့်ပြုပါ။

* * * * * *

Add new comment

7 + 2 =