“လူငယ်နှင့် တန်ဖိုး”

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေ  မြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။လူငယ်ကဏ္ဍအစီအစဉ်လေးရောက်ရှိလိုလာပါ

ပါပြီး။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “လူငယ်နှင့် တန်ဖိုး” ဆိုတဲ့ခေါင်းစဉ်လေးနဲ့

ကျွန်မစစ္စတာရ် မေရီ မှ တင်ဆက်ဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင်။

ချစ်သောလူငယ်များရှင်- ကျွန်မတို့တစ်ဦးစီဘာတွေကိုတန်ဖိုးထားကြတာလဲ၊ ကျွန်မတို့တစ်ဦးစီကြိုက်

နှစ်သက်တာတွေ၊မြတ်နိုးထားတဲ့အရာဝတ္ထုတွေ၊လူပုဂ္ဂိုလ်တွေ၊အသုံးအဆောင်ပစ္စည်းတွေ၊အစားအသောက်တွေ၊စိန်တွေ၊

ရွှေတွေ၊ငွေတွေအပေါ်မှာတန်ဖိုးထားကြတာလား။တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့

အကြိုက်တွေအပေါ်တန်ဖိုးသိပြီးတန်ဖိုးထားတက်ကြပါတယ်။ဒါဟာလည်းမတူညီကြတဲ့တန်ဖိုးထားခြင်းတွေပါဘဲ။

အဲဒီအထဲမှာမှ လူငယ်တွေရဲ့တန်ဖိုးရှိပုံကိုပြောပြချင်ပါတယ်။လူငယ်တွေအနေနဲ့ငယ်ရွယ်နုပျိုချိန်ဟာ

အရမ်းကိုတန်ဖိုးရှိလှပါတယ်။ဘာကြောင့်လည်းဆိုတော့ငယ်ရွယ်နုပျိုလူငယ်ဘဝကိုနှစ်ခါပြန်မရနိုင်တဲ့အ

တွက်ကြောင့်၊အကောင်းဆုံးအခိုက်အတန်ကာလအတွင်းမှာ-မိမိတို့ရဲ့တန်ဖိုးကိုသိရှိပြီတော့အခြားအရာတွေ

ရဲ့တန်ဖိုးသိအောင်လည်းကြိုးစားကြပါလူငယ်များတို့။

လူငယ်များရှင်-   မိမိတို့ရဲ့တန်ဖိုးကိုသိကြရဲ့လား ၊တန်ဖိုးသိလေ၊တန်ဖိုးရှိလေ၊တန်ဖိုးရှိလေတန်ဖိုးထား

လေ၊ဆိုတာကိုလူငယ်တွေသိဖို့လိုပါတယ်နော်။ဒါကြောင့်ကိုယ်ကိုကိုယ့်တန်ဖိုးထားမြတ်နိုးကြပါစေ။

လူငယ်များမောင်မယ်များရှင်-  မိမိရဲ့တန်ဖိုးကိုအမြဲမြင့်တင်ထားပါ။မိမိကိုယ်၌တန်ဖိုးရှိနေမှာအခြားလူငယ်တွေကပါလေး

စားကြမယ်။ရိုသေကြမယ်။အားကိုးယုံကြည်ကြမှာဖြစ်ပါတယ်။လူငယ်တွေမှာလည်းသူတန်ဖိုးနဲ့သူရှိနေပါတယ်။တချို့လူငယ်တွေ

ကိုယ်ကိုကိုယ့်တန်ဖိုးမထားတက်၊တန်ဖိုးမရှိသူလိုဆိုပြီးတော့လမ်းမှားရောက်ပြီးပျက်စီးနေကြတဲ့လူငယ်တွေလည်းကျွန်မတို့

ပတ်ဝန်းကျင်မှာတွေ့မြင်နေကြရပါတယ်။ဥပမာ-ငွေနှင့်လူငယ်ဘဝ

တန်ဖိုးကိုကြည့်ကြပါစို့။ငွေတန်ဖိုးနဲ့ကိုယ်တန်ဖိုးကိုမလဲမိပါစေနဲ့နော်။ငွေသာတန်ဖိုးအရှိဆုံးလိုလဲမထင်

လိုက်ပါနဲ့နော်။ငွေဟာကြားခံပစ္စည်းတစ်ခုသာဖြစ်ပါတယ်ဆိုတာကိုအမြဲသတိရှိကြပါ။ လူငယ်ဘဝဟာ-

အရမ်းပျှော်စရာကောင်းတဲ့အချိန်၊သင်ယူလေ့လာဆည်းပူရချိန်၊လွတ်လပ်အပူအပင်ကင်းချိန်၊သွက်လက်

၊ထက်မြက်၊လူချစ်လူခင်ပေါတဲ့ချိန်၊တက်ကြွာ၊လှုပ်ရှားမှုတွေလုပ်ရတဲ့ချိန်ဖြစ်လို-ကိုယ်တန်ဖိုးကိုအမြဲသတိ

ရှိပါ။မြင့်တင်ပါ။ဘာအကြောင်းကြောင်းနဲ့မှမိမိတန်ဖိုးကိုယုတ်လျှော့မသွားပါစေနဲ့။အသိတရား၊သတိတရား

အမြဲကပ်ထားပါ။တခါတရံမှာ-လူစိတ်ပျောက်ချိန်၊ကိုယ်ကိုကိုယ့်သတိမထားမိချိန်တွေမှာအမှားတွေလုပ်မိ

တက်ကြပါတယ်။လူငယ်ဘဝအချိန်ဟာ-အဖြူရောင်ပိတ်စလိုပါဘဲ။စွန့်ထင်လွယ်တယ်၊မှားလွယ်၊

မှန်လွယ်တက်တဲ့အရွယ်မဟုတ်လား။ဒါကြောင့်မို့မိမိတို့ရဲ့လုပ်ဆောင်ချက်တိုင်းမှာအထူးဂရုပြုဖို့လိုပါတယ်။

ကိုယ်ကိုကိုယ့်မှေးမှိန်မသွားပါစေနဲ့နော်။ရှေ့မဆက်နိုင်ပဲစိတ်ပျက်၊အားငယ်၊သိမ့်ငယ်နေကြတဲ့လူငယ်များ

လောကဓရဲ့နှိပ်စက်ခံရလိုအရှုံးပေးနေကြတဲ့လူငယ်များနှင့်မိမိဘဝတစ်ခါရှုံးရုံနဲ့လုံးဝရှုံးသွားပြီလိုသတ်မှတ်

ရင်တော့မိမိတို့တိုးတက်မူအခွင့်အရေးတွေလည်းပျောက်ကွယ်သွားမှာ၊ဆုံးရှုံးသွားမှာကိုမစိုးရိမ်းကြဘူးလား။

မိမိတို့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေ၊ခွန်းအားတွေ၊အရည်အချင်းတွေကိုမိမိကိုယ် ၌ကတန်ဖိုးယုတ်လျော့သွား

အောင်၊မှေးမှိန်သွားအောင်မလုပ်လိုက်ပါနဲ့။ကျွန်မတို့တစ်ဦးစီးတိုင်မှာမတူညီတဲ့အရည်အချင်းတွေ၊

လုပ်နိုင်တဲ့ခွန်းအားတွေ၊ကျေးဇူးတော်ဆိုတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတွေရှိပါတယ်ဆိုတာလူငယ်များသိဖို့

လိုပါတယ်။

ချစ်သောလူငယ်များရှင်- မိမိမှာရှိတဲ့တန်ဖိုးကိုမြတ်နိုးပါ။တန်ဖိုးထားပါ။မြင့်တင်ပါ။မိမိမှာရှိတဲ့တန်ဖိုး

အတိုင်းနေထိုင်ပါ။ဒါပြင်တည်ကြည်မှု၊ရင်ကျက်မှု၊ကြင်နာမှု၊ကူညီရိုင်းပင်၊နားလည်းပေးခြင်း၊စာနာတက်ခြင်း၊

စသည့်စိတ်ကောင်းနှလုံးကောင်းထားခြင်းဖြင့်လူတစ်ယောက်ရဲ့တန်ဖိုးဟာအလိုလိုမြင့်နေမှာပါ။ဆက်လက်အ

ကောင်းဆုံးလျှောက်နိုင်နိုင်ပါစေ။တန်ဖိုးမဲ့စေတဲ့အနှောက်ယှက်များမှကင်းဝေကြပါစေလို့ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်နော်။ 

တင်ဆက် - စစ္စတာရ်မေရီ (SFX)

တည်းဖြတ် - ပေါလ်

#Youth #Value #Familyprogram

 

 

 

 

 

 

Add new comment

15 + 2 =