“လူငယ်နှင့် စာဖတ်ခြင်း”

အားလုံးဘဲမင်္ဂလာပါရှင်

အာဗီအေမြန်မာဘာသာအစီအစဉ်ကနေတဖန်ကြိုဆိုပါတယ်။ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့လူငယ်ကဏ္ဍအစီအစဉ်ရောက်ရှိလိုလာပါပြီ။ဒီနေ့တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “လူငယ်နှင့် စာဖတ်ခြင်း” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ကျွန်မစစ္စတာရ်မေရီဒိမ်  မှ တင်ဆက်ပေးသွားမှာဘဲဖြစ်ပါတယ်ရှင့်။

   ချစ်သောလူငယ်များရှင်

                       စာဖတ်ခြင်းအားဖြင့်-ကျွန်မတို့တတွေရဲ့စိတ်နှလုံးကိုနုညံစေရုံသာမက၊ ၊ဦးနှောက်ကိုလည်းအသိတရားတွေတိုးစေပါတယ်။ဗဟုသုတတွေရရှိတယ်၊အမြင်တွေကျယ်လာတယ်၊ကြောက်ရွံမှုကင်းပြီး၊သတ္တိတွေရှိလာတယ်။စကားလုံးတွေလည်းကြွယ်ဝလာတယ်။စာဖတ်ခြင်းဟာကိုယ်ပိုင်လေ့လာသင်ယူခြင်းဖြစ်တယ်။ဘဝကိုလည်းရှင်သန်စေပါတယ်။၄င်းပြင်အသိပညာတွေလည်းတိုးတက်စေပါတယ်။တွေးတောဆင်ခြင်စရာတွေကိုလည်းစာဖတ်ခြင်းမှာရရှိလာတယ်။စာဖတ်သူတွေရဲ့စကားပြောတွေမှာပညာသာပါတယ်၊ချိုသာတယ်၊နားထောင်ရတာနားဝင်ချိုတယ်။ကျွန်မတို့ပတ်ဝန်းကျင်းမှာစာဖတ်လေ့လာသူတွေနည်းသွားကြတာကိုလည်းသတိထားမိပါတယ်။

  မိတ်ဆွေလူငယ်များရှင်

             စာဖတ်ခြင်းအကျိုးကျေးဇူးကြောင့် ကမ္ဘာကျော်သဌေးကြီးတစ်ဦးနှင့်ပညာရှင်ကြီးတစ်ယောက်အကြောင်းအနည်းငယ်ဝေမျှပါရစေ။

ကမ္ဘာအကျော်ကြားဆုံးတီထွင်ပညာရှင်ကြီးအက်ဒင်ဆင်ဟာအသက်(၁၁)နှစ်အရွယ်ကစပြီးစာအုပ်မျိုးစုံကိုစဖတ်နေပါပြီး။ဖခင်ဖြစ်သူကလည်းစာဖတ်ဖို့ရန်အမြဲတိုက်တွန်းခဲ့လိုပေါ့။သူစာအုပ်တစ်အုပ်ဖတ်ပြီးတိုင်ဖခင်ဖြစ်သူကသူကိုဆုချလေ့ရှိတယ်။အက်ဒင်ဆင်ဟာငယ်စဉ်ကတည်းကစစာအုပ်မျိုးစုံးဖတ်ခဲ့တဲ့အကျိုးကြောင၊့်နောင်သူဘဝတိုးတက်ရေးအတွက်ကြီးမားတဲ့အထောက်အကူဖြစ်ခဲ့စေပါတယ်။ဒါပြင်ဆင်းရဲသားလေ လီကာရှင်းကလည်းဘဲစာဖတ်တာအရမ်းဝါသနာပါသူတစ်ယောက်ပေါ့။

သူဟာစာအအုပ်ကြီးတွေကိုဘဲဖတ်ရုံမကစီးပွားရေး၊ကုန်သွယ်ရေးတွေနဲ့ဆိုင်တဲ့မဂ္ဂဇင်းတွေ၊ဂျာနယ်တွေလည်းအမြဲဖတ်

လေ့ရှိသူပါ။သူဟာစာဖတ်ခြင်း၊သတင်းတွေကိုဖတ်ခြင်းအားဖြင့်ဗဟုသုတ၊အမြင်၊အကြံအစည်းတွေရရှိပြီးလက်တွေ့့လုပ်

ဆောင်ခဲ့လိုခုချိန်မှာ အာရှမှာအချမ်းသာဆုံးဟောင်ကောင်သဌေးကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။လူငယ်များတို့အောင်မြင်

ခြင်းရင်စာများများဖတ်ကြပါနော်။စာဖတ်ခြင်းဟာလူငယ်တွေရဲ့အသိပညာနယ်နိမိတ်ကိုချဲ့ပေးလိုက်ခြင်းဖြစ်ပါတယ်။စာဖတ်

ရင်းနဲ့ဝေးလံလှတဲ့ပတ်ဝန်းကျင်းဒေသမှာရှိတဲ့သတင်းအချက်အလက်တွေ၊အတွေးအမြင်သစ်တွေကိုရှာဖွေတွေ့ရှိလာစေပါတယ်။စာဖတ်ခြင်းဟာလူတစ်ဦးတစ်ယောက်အတွက် မရှိမဖြစ်ပါ။ဒါကြောင်းမို့ ပထမအရွယ်ဖြစ်တဲ့ငယ်စဉ်အခါစာဖတ်ပါ၊

ကျောင်းစာအတွက်အထောက်အကူဖြစ်စေပါတယ်။ဒုတိယအရွယ်ဖြစ်တဲ့-လူငယ်နုပျိုချိန်စာဖတ်ပါ လူမှုရေး၊စီးပွားရေးအတွက်အကျိုးရှိစေပြီးအထောက်အကူဖြစ်စေပါတယ်။တတိယအရွယ်ဖြစ်တဲ့-အိုစဉ်အခါစာဖတ်ပါ၊ငြိမ်

ချမ်းတဲ့ဘဝကျင့်ကြံအားထုပ်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒါကြောင်းအရွယ်သုံးပါးစလုံးမှာစာဖတဲ်ကြပါတိုက်တွန်းအားပေးချင်ပါတယ်။သင်ဟာအိမ်ကောင်းကောင်းတစ်လုံးပိုင်ဆိုင်ဖို့ခက်ခဲပေမဲ့လဲစာအုပ်ကောင်းကောင်းတစ်အုပ်တော့ဖတ်နိုင်မှာပါ။စာကောင်းကောင်းဖြစ်ချင်အားဖြင့်ကျွန်မတို့ဟာ ဘဝတန်ဖိုးအစစ်အမှန်ကို တဖြေးဖြေးတွေ့ရှိလာသည့်အပြင် ကျွန်မ

တို့ရဲ့အသိဉာဏ်တံခါးနဲ့အခွင့်အလမ်းတံခါးတွေကိုဖွင့်ပေတာဖြစ်ပါတယ်ရှင်။အောင်မြင်သူတိုင်းစာဖတ်ကြတယ်။စာဖတ်သူတိုင်းစာမရေးပင်မဲ့လည်းစာရေးသူတိုင်စာဖတ်တဲ့သူတွေပါ။စာဖတ်သူတိုင်းမကြိုးစားပင်မဲ့ကြိုးစားသူတိုင်းဟာစာဖတ်ကြသူ

တွေပါ။

   မိတ်ဆွေလူငယ်များတို့

        အမှောင်ထဲမှာမနေကြပါနဲ့တော့။အကြောက်တရားစိတ်ဖိစီမှုတွေကနေရုန်းထွက်ပါကြ။စာဖတ်ကြပါ။စာဖတ်ခြင်းဖြင့်

အမှောင်ထဲကနေအလင်းဆီသို့ရောက်လာနိုင်အောင်ကြီုးစားလိုက်ကြစမ်းပါ။

နားဆင်ကြည့်ရှုသူညီအစ်ကိုမောင်နှများအားလုံး ပေါ် နှစ်သစ်ရဲ့ကောင်းကြီးများရရှိပြီးကျန်းမာပျော်ရွှင်ကြပါစေ။

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။

 

 

 

Add new comment

8 + 2 =