Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အိမ်ထောင်သက် (၈၂) နှစ်ရှိပြီဖြစ်သော ပြင်သစ်နိုင်ငံ၏အိမ်ထောင်သက်အရှည်ဆုံးဇနီးမောင်နှံ
အိမ်ထောင်သက် (၈၂) နှစ်ရှိပြီဖြစ်သော ပြင်သစ်နိုင်ငံ၏အိမ်ထောင်သက်အရှည်ဆုံးဇနီးမောင်နှံ
ပြင်သစ်နိုင်ငံမှဇနီးမောင်နှံတို့မှာ Berthe နှင့် Marcel တို့ဖြစ်ကြ သည်။ သူတို့ဇနီးမောင်နှံ ယနေ့ထိတိုင်ပျော်ရွှင်ချစ်ခင်စွာနေထိုင်နိုင်ငံခဲ့သည့် လျှို့၀ှက်ချက်ကိုဖွင့်ပြောလာသည်မှာ ‘အ ချစ်သည် တစ်ရက်တည်း (သို့) ထာ၀ရကြာရှည်သည်’ ဟု Simone Simon ၏သီချင်းစားသားသည် ၄င်းတို့ ဇနီးမောင်နှံအတွက် အလွန်သင့်တော်သောစာသားဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ ချစ် ခြင်းသည် တစ်ရက်တည်းသာခံသောချစ်ခြင်းမဟုတ်ဘဲ အိုမင်းသည်အထိချစ်သက်ရှည်ခဲ့သောကြောင့် ဖြစ်သည်။ ၄င်းတို့ဇနီးမောင်နှံသည် တစ်ဦး ကိုတစ်ဦးချစ်ကြသည်သာမကဘဲ ၄င်းတို့၏ချစ်ခရီး သက် တမ်းသည် ပြင်သစ်နိုင်ငံ၌အိမ်ထောင်သက်အရှည်ဆုံးဇနီးမောင်နှံအဖြစ်မှတ်တမ်းတင်ခံခဲ့ရ သည်။
ဇနီးမောင်နှံသည် ၄င်းတို့၏စိန်ရတုလွန် မင်္ဂလာလက်ထပ်ပွဲနှစ်ပတ်လည်နေ့၌ L’Action l’Écho သတင်းစာ အား ၄င်းတို့၏အလွန်လှပပြီး၊ စိတ်၀င်စားစရာ၊ သင်ယူစရာကောင်းသော ဇာတ် လမ်းကိုပြောပြခဲ့သည်။ ၄င်းတို့ပထမဆုံး အကြိမ်ဆုံတွေ့ခဲ့သည့်နေရာမှာ ball ဟုခေါ်သောစုံတွဲ တွဲက သည့်အကရုံ၌ဖြစ်သည်။ ယနေ့ခေတ်အခေါ်အရဆိုပါလျှင် ‘ကလပ်’ ဖြစ်ပေမည်။ သို့သော် ဇာတ်လမ်း ကားမစဖြစ်သေး။ ၄င်းတို့၏ဇာတ်လမ်းအမှန်တကယ်စဖြစ်လိုက်ချိန်ကား Marcel စက်ဘီးမတော်တဆဖြစ်သွားချိန်ကစခဲ့သည်။ Marcel သည်ဆေးကုသမူခံယူရန်ဆရာ၀န်ထံရောက်လာသောဆေးခန်းသည် Berthe အလုပ်လုပ် သော နေရာဖြစ်၍ ဒုတိယအကြိမ်ဆုံဆည်းဖြစ်လိုက်သည်။
လအနည်းငယ်အကြာ၊ တိတိကျကျပြောရမည်ဆိုပါက (၁၉၃၆၊ နို၀င်ဘာလ ၂၆) ရက်နေ့ဖြစ် ပါသည်။ ထိုနေ့ ကား Berthe ၏ (၁၈) နှစ်ပြည့်မင်္ဂလာမွေးနေ့ဖြစ်သည်။ ထိုနေ့ကမိုးရွာသည်။ ထို မိုးပေါက်များကြားက လူငယ်နှစ်ဦး က ‘အသင့်ရှိပါသည်’ ဟုကတိစကားဆိုခဲ့ကြသည့်နေ့ဖြစ်ခဲ့သည်။ လူငယ်အိမ်ထောင်ရှင်ဘ၀များကျော်ဖြတ်လာသည်နှင့် အမျှ ရောင်စုံသွေးသောအချစ်မှသည် မေတ္တာ နှင့် သံယောဇဉ်တည်းဟူသော ကျစ်လစ်ခိုင်မာသည့်ကျောက်သားပေါ်တွင် တည်ဆောက်နိုင်ခဲ့ကြသည်။ အိမ်ထောင်ကျပြီးနောက် ၄င်းတို့၏ဇာတိမြို့၌သာအခြေချနေထိုင်ခဲ့ကြသည်။
၄င်းတို့၏ အိမ်ထောင်သက် (၈၂) အတွင်း၌ ၄င်းတို့၏ဆန္ဒမပါဘဲ (၅) နှစ်တာမျှကွဲကွာနေခဲ့ သည်။ အဘယ် ကြောင့်ဆိုသော် လက်ထပ်ပြီးများမကြာမီ၌ပင် ဒုတိယကမ္ဘာစစ်မီးစတင်လောင်ကျွမ်း ပါတော့သည်။ ဇနီးဖြစ်သူမှာ သားဦးကိုမွေးရန်စောင့်စားနေချိန်၌ ခင်ပွန်းဖြစ်သူမှာပြေးလွှားနေခဲ့ရ သည်။ ခင်ပွန်းဖြစ်သူသည် ဖမ်းဆီးခံခဲ့ရပြီး၊ ဂျာ မဏီသို့ပို့လွှတ်ခဲ့သည်မှာ ကမ္ဘာစစ်ကြီးပြီးဆုံးမှသာ ပြန်ရောက်လာခဲ့သည်။
ဤဆန္ဒမပါဘဲ ခွဲခွာခဲ့ရသောအတွေ့အကြုံနှင့်အလွန်ခက်ခဲသောအချိန်ကာလကို တစ်နေရာဆီ ၌ေ၀းကွာနေခဲ့ ရသောခါးသီးမှုများကြောင့် ပြန်လည်ဆုံဆည်းမိသောအခါ ဘ၀ကိုရိုးရှင်းစွာတည် ဆောက်ပြီး၊ ချစ်ခြင်းဖြင့်ခိုင်မြဲစေခဲ့ သည်။ သက်ရာကျော်သောမိဘနှစ်ပါးသည် ကလေး (၄) ယောက် ၏ရှိပြီး၊ ယခုအခါမြေးများ၊ မြစ်များဖြင့်အလွန်ပျော်ရွှင် ချမ်းမြေ့သောမိသားစုသိုက်မြှုံကိုပိုင်ဆိုင် ထား သည်။ ၄င်းတို့အိမ်ထောင်သက်၏လျှို၀ှက်ချက်ကား အဆင်ပြေအောင်နေ ထိုင်ကြသည်။ ၄င်းတို့၏ ချစ်ခြင်းသည် ချစ်စ ကြင်စ၌ေ၀းကွာခဲ့ရသော (၅) နှစ်တာကစစ်မှန်တင်းရင်းစေခဲ့သည်ဟု ဖြေကြား ခဲ့သည်။
Add new comment