အိမ်ထောင်ရှင် ခင်ပွန်းတစ်ယောက်က သူ့ဇနီးအပေါ်မှာ မထင်မှတ်တဲ့ သာမန် အမှားလေးတွေ မှားတတ်တဲ့အကြောင်း

Mistakes

          ဒီနေ့မှာ အိမ်ထောင်ရှင် ခင်ပွန်းတစ်ယောက်က သူ့ဇနီးအပေါ်မှာ မထင်မှတ်တဲ့ သာမန် အမှားလေးတွေ မှားတတ်တဲ့အကြောင်း တင်ပြပေးသွားချင်ပါတယ်။

          သာမန်အမှားလေးတွေဆိုပေမယ့်လည်း တစ်ခါတစ်ရံမှာ အိမ်ထောင်တစ်ခု relationship တစ်ခုက ပြိုကွဲသွားနိုင်ပါသေးတယ်။ ဒီသာမန်အမှားလေးတွေကို ကြိုတင်သိထားရင် အိမ်ထောင် တစ်ခု relationship တစ်ခုကို အထောက်အကူရလိမ့်မယ်လို့ ထင်ပါတယ်။ နားဆင်နေတဲ့ တချို့ အမျိုးသားတို့ကိုလည်း တဖက်သတ်ပြောတာမဟုတ်ပါဘူးဆိုတာကိုလည်း ကြိုတင်ပြီး နားလည်ပေး ပါလို့ ပြောချင်ပါတယ်။

          အဲ့ဒီမှားတတ်တဲ့ အမှားတွေထဲက အမှားတစ်ခုကတော့ ဇနီးမယားကို လိမ်ညာတာပဲဖြစ်ပါ တယ်။ သူတို့က လိမ်ညာတာဆိုတာ သာမန်အသေးအဖွဲ့တစ်ခုပဲလို့  ထင်တတ်ကြတယ်။ လိမ်ညာ တာကိုသိသွားတဲ့ ဇနီးနဲ့က  စကားများရန်ဖြစ်မှာအမှန်ပဲ။ ဒီတော့ လိမ်ညာတာက ရန်ဖြစ်ဖို့ ဦးတည် ပါတယ်။ Complaint အပြစ်တင်မယ်၊ စွပ်စွဲမယ်၊ လိမ်ညာတာသိသွားတဲ့အတွက် ကိုယ့်သိက္ခာမကျ အောင် နှစ်ဦးနှစ်ဘက် ကြေရာကြေကြောင်း ပြောရတော့မယ်။ လိမ်ညာတဲ့အတွက် လင်မယား ကွဲသွားနိုင်ပါသေးတယ်။

          တခြားအမျိုးသမီးတစ်ယောက်ကို စိတ်ဝင်စားတာကလည်း ဇနီးကို လိမ်ညာတာပဲမဟုတ် လား။ ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး။ မိမိဇနီးကို အလှပြုပြင်ရေးဆိုင်ကို သွားစေပြီး လိုအပ်တဲ့ အလှပြုပြင်မှုတွေကို ပြုပြင်ရင်လည်း လှပလာမယ်။ အဲ့ဒီလိုလှပဖို့ကိုလည်း တိုက်တွန်းပေးရင် လှလာမှာပါပဲ။ ဒါဆိုရင် တခြားအမျိုးသမီးရဲ့ လှပမှုကို စိတ်ဝင်စားမဲ့အစား မိမိဇနီးကို မိမိကပဲ ရွေးချယ်ခဲ့တာ - ချစ်ခဲ့လို့ လက်ထက်ခဲ့တာ၊ မိမိဇနီးလှလာတဲ့အတွက် မိမိက ပြန်စိတ်ဝင်စားလာမှာ ပါ။

          တချို့သောခင်ပွန်းသည်တွေက သူတို့ဇနီးကို ငွေရေး၊ ကြေးရေးနဲ့ ကြိုးကိုင်တတ်ကြပါတယ်။ ဇနီးက သူ့ခင်ပွန်းဝင်ငွေ ဘယ်လောက်ရတယ်ဆိုတာ မသိပါဘူး။ ခင်ပွန်းကိုယ်တိုင်က သူ့ဝင်ငွေ ဘယ်လောက်ရတယ်ဆိုတာ မပြောဘူး။ အဲ့ဒီလိုနဲ့ တချို့အိမ်ထောင်တွေမှာ ဇနီးက မခံချင်စိတ်နဲ့ သူ့အလုပ်ကို ကြိုးစားပြိးလုပ်လာတယ်။ တဖြည်းဖြည်းကြိုးစားရင်း ခင်ပွန်းရဲ့ ဝင်ငွေထက် ပိုများလာ တဲ့ ဇနီးတွေလည်း တွေ့လာရပါတယ်။ အဲ့ဒီအချိန်ကျမှ မလုံမခြုံဖြစ်လာပါတော့တယ်။ ခင်ပွန်း တစ်ယောက်ဆိုတာ အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် မိမိတစ်အိမ်ထောင်လုံးသုံးဖို့အတွက် ဝင်ငွေ အဓိကပဲမဟုတ်ပါလား။ ဒါပေမယ့်လို့ ဝင်ငွေကို ဖွင့်မပြောချင်ဘူး။ ဒါကလည်း လိမ်ညာခြင်းထဲမှာ ပါတာပဲ။ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုရချင်တယ်ဆိုရင် ငွေရေးကြေးရေးက ပွင့်လင်းတည်ငြိမ်နေမှ ပျော်ရွှင်မှုကို ရမှာပါ။ မိမိဝင်ငွေကို ဖွင့်မပြောချင်ရင် မိမိက လမ်းတစ်လမ်းပဲ ရွှေးရမှာပါ။ Single အဖြစ်နေတာအကောင်းဆုံးပါပဲ။ အိမ်ထောင်ရေးမှာ ငွေကြေးကို ထိန်းချုပ်ထားတာက အခြား အမျိုးသမီးတွေနဲ့ သွားဖြုန်းနေချင်လို့လား၊ ဘဝတစ်သက်လုံးဒီမိသားစုနဲ့ နေသွားချင်တယ်ဆိုရင် ဘာကြောင့်ဝင်ငွေကို ထိန်းချန်လျှို့ဝှက်ထားနေအုံးမှာလဲ၊ ဥပမာ - မိမိအတွက် ဘယ်လောက်ချန် ထားပြီး ကျန်တာကို အိမ်ထောင်အတွက် ပွင့်ပွင့်လင်းလင်း ဇနီးကို ဖွင့်ချပြသင့်ပါတယ်။ အိမ်ထောင် တစ်ခုဆိုတာ  လိမ်ညာမှုမရှိပဲ ပွင့်လင်းမှုရှိမှသာ ပျော်ရွှင်ရတဲ့ အိမ်ထောင်တစ်ခုဖြစ်လာမှာပါ။

          တချို့ခင်ပွန်းတွေကျပြန်တော့ မိမိလုပ်ငန်းခွင်မှာ ဇနီးရဲ့ အားနည်းချက်တွေကို ဖွင့်ဟ ငြီးတွားတတ်ကြတယ်။ အများငှာရှေ့မှာ ဝေဖန်မှုတွေနဲ့ ကျွမ်းကျင်ပါးနပ်စွာနဲ့ လိမ်ညာတတ်သူတွေ ရှိတတ်ပါတယ်။ ကိုယ့်ဇနီးကိုကောင်းကြောင်းပြောရမယ့်အစား ချီးမွမ်းရမဲ့အစား လုပ်ဆောင်ချက်ပဲ ဖြစ်ဖြစ်ပြုမူချက်ပဲဖြစ်ဖြစ် မတော်မတရားမှုကို ထုတ်ဖော်တာနဲ့ အတူတူပါပဲ တကယ်တမ်းကတော့ ချီးမွမ်းပေးရင် ဇနီးကလည်း ပျော်ပြီး ကောင်းမွန်တဲ့ အိမ်ထောင်တစ်ခုဖြစ်လာမှာပါ။ ဥပမာ - ကိုယ့်ဇနီးကို ဝေဖန်ပေးပါ၊ အရင်ကထက်ပိုလှလာတယ်၊ ကိုယ်နေဟန်ထား၊ အစားအသောက် ပြင်ဆင်ပေးမှု စသဖြင့် ပြောပေးရင် ပျော်ရွှင်တဲ့ အိမ်ထောင်ကို ထူထောင်နိုင်မှာပါ။

          တချို့သော အိမ်ထောင်ရှင်အမျိုးသားတွေက အိမ်ထောင်သက်တဖြည်းဖြည်းရလာရင် မိမိကိုယ်မိမိ ကြည့်ကောင်းအောင် မနေတော့တဲ့အခါ အသက် (၄၀)လောက်ရောက်လာရင် ဗိုက်ကပူ လာပြီး သူငယ်ချင်းတွေနဲ့ သောက်တာစားတာများလာတဲ့အခါ အဲ့ဒီပုံမျိုး ဖြစ်လာတာပါ။ တကယ် တမ်းကတော့ အိမ်ပြန်နောက်ကျလို့ မိသားစုကမေးရင် အလုပ်တွေမပြီးသေးလို့ အကြောင်းမျိုးစုံနဲ့ လိမ်ညာရင်းကနေ အခုလိုခန္ဓာကိုယ်ပိုင်ဆိုင်လာတာပါ။ ဆေးလိပ်သောက်လို့ Smoker ဖြစ်လာတယ် အနံ့အသက်မကောင်းတော့ဘူး။ တကယ်တမ်းက Looking good ကိုယ်နေဟန်ထားကြည့်ကောင်း မယ်။ Look sharp သွက်သွက်လက်လက် ရှိမယ်။ အနံ့အသက်ကလည်း ကောင်းမယ်ဆိုရင် လုပ်ငန်းခွင်မှာလည်း အဆင်ပြေမှာဖြစ်သလို Positive energy အိမ်ထောင်ရေးမှာလည်း အဆင်ပြေ မှာပါပဲ။

          တချို့သောခင်ပွန်းတွေကျပြန်တော့ ဇနီးမယားကို ကြောက်အောင် ခြောက်လှန့်တတ်ကြ တယ်။ ဆဲရေးတိုင်းထွာတယ်။ မဟုတ်တန်းစွပ်စွဲပြောဆိုပြီး ခြောက်လှန့်တယ်။ အဲ့ဒီလိုပြုမူတာက ဇနီးတစ်ယောက်ကို အဆင့်နိမ့်သွားစေပါတယ်။ ပျော်ရွှင်တဲ့ ဇနီးတစ်ယောက်ဖြစ်မလာပဲ ဝမ်းနည်း နေတာကို မျက်နှာမှာ ပေါ်နေပါတယ်။ ညာလို့မရပါဘူး။ လူတစ်ယောက်ရဲ့ အတွင်းစိတ်က မျက်နှာမှာ ပေါ်ပါတယ်။ ခင်ပွန်းက Facebook မှာ အင်မတန်အောင်မြင်တဲ့ အိမ်ထောင် အကောင်းဆုံးပုံတွေကို တင်ပေမယ့် ဇနီးရဲ့ မျက်နှာမှာ မပျော်ရွှင်တာကို စာရေးထားသလို ပေါ်နေ တာကို လိုင်းပေါ်မှာတင်ရင် လူအများကို အရူးလုပ်ရာကျပါတယ်။ ဟန်ဆောင်တဲ့ လိမ်ညာမှုဆိုတာ ပေါ်လွင်နေပါတယ်။

          မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့ ခင်ပွန်းဆိုရင်မိမိအိမ်ထောင်ကိုပျော်ရွှင်မှုရအောင် ဘယ်လိုနည်း နဲ့ ဖန်တီးရမယ်ဆိုတာ အမြဲတွေးဆ ဖန်တီးချင်ကြတာပါ။ သူတို့ရဲ့ ဇနီးမယားကို ပျော်ရွှင်မှုတွေ တိုး သထက်တိုးအောင် ချန်ရစ်ကြတယ်။ ဇနီးကို တခြားသူတွေထက် ပိုပြီးမြင့်အောင် ပြုလုပ်ပေးလေ့ ရှိတယ်။ ပြီးတော့ လုံခြုံတဲ့ဘဝရောက်အောင် ဆောင်ကြဉ်းပေးတယ်။ ဒါဆိုရင် ဇနီးကလည်း သူ့ကို တန်ဘိုးထားဂရုစိုက်ပေးတဲ့အတွက် မိန်းမတစ်ယောက်ရဲ့ ချီးမွမ်းမှုတွေ ရမှာ မလွဲပါဘူးဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

11 + 6 =