အိမ်ထောင်ရှင်အမျိုးသမီးတွေ သူတို့ခင်ပွန်းတွေဆီကနေ လိုအပ်ချက်

Needs

          ဒီနေ့မှာ အိမ်ထောင်ရှင်အမျိုးသမီးတွေက သူတို့ခင်ပွန်းတွေဆီကနေ လိုအပ်တဲ့ အကြောင်းအရာ တွေ အများကြီး ရှိပါတယ်ဆိုတဲ့အကြောင်း တင်ပြပေးချင်ပါတယ်။

          အိမ်ထောင်ပြုကြတဲ့သူတိုင်းကတော့ သူ့ပုံစံနဲ့သူ ကွဲပြားခြားနားကြပါတယ်။ ဒါပေမယ့်လို့ ခင်ပွန်း သည်တွေဆီက သေချာပေါက် အခြေခံအားဖြင့် ရယူချင်တာတွေ ရှိတယ်ဆိုတာ ဇနီးသည်တိုင်း နှုတ်ကနေ ဖွင့်မပြောပေမယ့် လိုအပ်ချက်တွေ ရှိနေပါတယ်။

          ဒီနေ့ခေတ်မှာ တချို့သော ခင်ပွန်းသည်တွေဟာ သူတို့ဟာ ခင်ပွန်းသည်တွေဖြစ်တယ်ဆိုတာကို မေ့နေတတ်ကြတယ်။ ဒီတော့ ခင်ပွန်းသည်တစ်ယောက်ရဲ့ တာဝန်တွေဖြစ်တဲ့ အဓိက အိမ်ထောင်ဦးစီး ဆိုတာကိုလည်း မေ့သွားတတ်ကြပါတယ်။

          အဲဒီတော့ ဇနီးသည်တွေရဲ့ လိုအပ်တာလေးတွေကို တင်ပြရရင်-

          ဇနီးသည်တိုင်း အရင် အိမ်ထောင်မပြုခင်တုန်းကတော့ မိဘရဲ့ စောင့်ရှောက်မှုအောက်မှာ နေခဲ့ရ တယ်။ အခု အိမ်ထောင်ပြုပြီးပြီဆိုတော ခင်ပွန်းသည်ရဲ့ လုံခြုံမှုပေးတာကို လိုချင်တယ်။ လုံခြုံမှုဆိုတာ ဇနီးသည် တစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေတယ်။ ဇနီးသည်တစ်ယောက်ရဲ့ ဘဝ အသက်တာတလျှောက်လုံးအတွက်ပေါ့နော်။ ဟိုးကမ္ဘာဦးအစကတည်းက အိမ်ထောင်ရှင် ခင်ပွန်းဆိုတာက သူ့မိသားစုကို စောင့်ရှောက်တယ်။ လိုအပ်တာတွေ ဖြည့်ဆည်းပေးခဲ့တယ်။ ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါ စေ။ ဇနီးသည်အနေနဲ့ သိရမှာက ခင်ပွန်းသည်ဆီကနေ စိတ်ခံစားမှုတွေ တည်ငြိမ်အောင် လုပ်ပေးမယ့် အရာရာကို OK အောင် လုပ်ပေးနိုင်တဲ့သူဆိုတာ ဇနီးသည်ရဲ့ စိတ်ခံစားချက်က သိနေခဲ့တယ်။

          ဇနီးသည်တိုင်းက သူ့အိမ်ထောင်မှာ လိုအပ်တဲ့ feeling က သူလက်ထပ်ထိမ်းမြားတာဟာ သူ့ရဲ့ စိတ်ခံစားချက် ပျော်ရွှင်ဖို့နဲ့ သူချစ်တဲ့သူနဲ့ အိမ်ထောင်ပြုရတာ worthwhile ပေါ့နော်။ တန်တယ် တန်ဖိုးရှိ တယ်လို့ ဆိုရမလားပဲ။ အခုလို ဇနီးသည်က စိတ်ပျော်ရွှင်အောင် ခင်ပွန်းသည်တစ်ယောက်အနေနဲ့ ဘယ်လို ဖန်တီးပေးမလဲ။

          ခင်ပွန်းသည်ဟာ ဇနီးသည်ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုတွေရှိအောင် နေထိုင်ပြုမူပေးနိုင်ရပါမယ်။ ဒါမှ ဇနီးသည်က မိမိရဲ့ အိမ်ထောင်မှာ စိတ်ပျက်မှုတွေမရှိဘဲ ပျော်ရွှင်မှာ ခင်ပွန်းသည်ကလည်း သူ့ရဲ့လက်ထပ် ထိမ်းမြားခဲ့တဲ့ သူ အိမ်ထောင်မှာ တင်းတိမ်ရောင့်ရဲပြီး အိမ်ထောင်ရှင်နှစ်ဦးစလုံး ပျော်ရွှင်ကျေနပ်ကြမှာပါ။

          ဇနီးသည်တိုင်းက သူ့ခင်ပွန်းအပေါ်မှာကော သူ့အိမ်ထောင်ကိုကော ဂုဏ်ယူချင်တဲ့ ခံစားမှုမျိုးတွေ ရှိတတ်ကြတယ်။

          မိန်းကလေးတိုင်းက သူလက်ထပ်မယ့်သူဟာ အိမ်ရှေ့မင်းသားလေးတစ်ယောက်လို့ စိတ်ကူးယဉ် ကြတယ်။

          ဒီလိုပါပဲ။ အိမ်ထောင်သည် ဇနီးကလည်း သူလက်ထပ်လိုက်တဲ့ ခင်ပွန်းသည်ဟာ အင်မတန်မှ ကြီးကျယ်တဲ့ သူ့အတွက် အင်မတန် တန်ကြေးရှိတဲ့သူအဖြစ် စိတ်ခံစားချက်တွေရှိကြတယ်။

          ဒါပေမယ့်လို့ ဒီနေ့ခေတ်မှာ အိမ်ထောင်ကို ဦးဆောင်နိုင်တဲ့  ခင်ပွန်းသည်တွေ အင်မတန်နည်းသွား တယ်လို့ ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်မှာပါတယ်။ အိမ်ထောင်ရှင် ခင်ပွန်းသည်တိုင်းကတော့ သူ့ပျော့ကွက်သူ  ရှိကြတာချည်းပါပဲ။ ဇနီးသည်တွေမှာလည်း ပျော့ကွက်ဆိုတာ ရှိကြတာပါပဲ။

          ဇနီးသည်တိုင်း မိမိမှာ ဘယ်လိုဝင်ငွေတွေ ရှိနေပါစေ။ ခင်ပွန်းသည်ရဲ့ ထောက်ပံ့မှုကို ရချင်တာ ချည်းပါပဲ။ ဘယ်လို ဘယ်၍ ဘယ်မျှ ထောက်ပံ့နိုင်တယ်ဆိုတာကို စောင့်ကြည့်နေတတ်တယ်။ ငွေရေး ကြေးရေးမှ မဟုတ်ပါဘူး။ တခြားလိုအပ်ချက်တွေမှာလည်း ခင်ပွွန်းသည်ကို သူ့ဘက်ကနေ ရပ်တည်ပေးစေ ချင်တယ်။ အခက်အခဲတွေရှိတဲ့အချိန်မှာလည်း သူမှီလို့ရတဲ့ ပုခုံးလို့ သူမရဲ့ စိတ်ခံစားချက်မှာ ရှိနေတာပါ။

          အိမ်ထောင်ရှင် ဇနီးတိုင်းက သူ့ခင်ပွန်းနဲ သူငယ်ချင်းလို တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်ချင်ကြတယ်။ သူငယ်ချင်းဆိုတာ စိတ်လွတ်ကိုယ်လွတ် စကားတွေ ပြောလို့ရတယ်။ ပျော်စရာတွေကို အတူ ခံစားကြ တယ်။ စိတ်ဆင်းရဲစရာဆိုရင်လည်း အတူ မျှဝေခံစားကြတယ်။ တခြားသူငယ်ချင်းတွေထက် အထူး သူငယ် ချင်းကောင်းတွေအဖြစ် ရှိချင်တယ်။ အိမ်ထောင်တစ်ခုမှာ မိခင်က သားရေး သမီးရေးကိစ္စတွေနဲ့ အလုပ်ရှုပ် တယ်။ ဖခင်က အိမ်ထောင်အတွက် စီးပွားရှာရတယ်။ ကိုယ်စီ ပင်ပန်းကြတယ်။ နှစ်ယောက်အတူ အချိန်ဖြုန်းနိုင်ဖို့ဆိုတာ ရှားပါတယ်။ ဒီအလုပ်ကိုယ်စီတွေနဲ့ အထီးကျန်သလို ဖြစ်စေချင်ပါတယ်။

          ဇနီးသည်တိုင်းက ခင်ပွန်းရဲ့ ချီးမွမ်းတာကို ခံချင်ကြတယ်။ ဥပမာ ငါ့ဇနီးက သူများတွေထက် လှ တယ်။ တခြားသူတွေထက် အိမ်ထောင်ကို ကိုင်တွယ်နိုင်တယ်။ သူ့ခင်ပွန်းက သူ့ကို ဒီလိုအကြောင်း အရာတွေနဲ့ သူက အမှတ်ရချင်တာ။

          ဇနီးသည်တွေ လိုအပ်တာက သူ့ခင်ပွန်းနဲ့ ရင်းနှီးကျွမ်းဝင်ဖြစ်ချင်တဲ့ ဆန္ဒတွေရှိတယ်။ ခင်ပွန်းနဲ့ အနီးကပ်ဆုံး နေချင်တဲ့ မဖော်ပြနိုင်လောက်တဲ့ စိတ်ခံစားချက်တွေ ရှိတယ်။

          ခင်ပွန်းသည်ဟာ ဇနီးကို လူသားတစ်ယောက်လို မြင်စေချင်တယ်။ ဇနီးသည်ရဲ့ goal ပန်းတိုင်ကို ခင်ပွန်းက သိစေချင်တယ်ဆိုတဲ့ ဆန္ဒတွေလည်း ရှိတယ်။

          နောက်ပြီး parent time ပေါ့။ သားသမီးတွေနဲ့  အတူနေရတဲ့အချိန်အပြင် husband and wife time လင်နဲ့ မယားအတူ တိုင်ပင်ဆွေးနွေးရတဲ့အချိန်ကိုလည်း ဇနီးသည်က လိုလားပါတယ်။

          ဇနီးတိုင်းက သူ့ခင်ပွန်းကို ဖခင်နေရာမှာ မားမားမတ်မတ်ရပ်တည်စေချင်တယ်။

          ဒါကြောင့် ဖခင်နေရာမှာ ရပ်တည်တဲ့သူတိုင်းဟာ ခွန်အားရှိပြီး သန်မာရမယ်။

          ဖခင်နေရာမှာ ရှိနေရမယ်။

          မိမိ မိသားစုတစ်စုလုံးကိုလည်း အားပေးတိုက်တွန်းနိုင်တဲ့သူ၊ ချစ်ခင်မြတ်နိုးတဲ့သူ၊ ခေါင်းဆောင် နေရာမှာ ရပ်တည်နိုင်တဲ့သူအဖြစ် လိုလားပါတယ်။

          ဒါဆိုရင် ဇနီးသည်တိုင်းက မိမိအိမ်ထောင်အတွက် ခင်ပွန်းဆီကနေ leadership ခေါင်းဆောင်မှုကို လိုလားတာကို သူ့ပါးစပ်ကနေထုတ်မပြောပေမယ့်လည်း သူ့ရဲ့အတွင်းစိတ် မသိစိတ်ကနေ လိုလားနေတာ ပါ။ ဒါတွေဟာ ဇနီးတစ်ယောက်စီတိုင်းရဲ့ ရင်တွင်းခံစားချက်တွေပါ။ သူ လိုအပ်တာတွေကို သူမြင်ရရင် သူခံစားရရင် သူစိတ်ပျော်ရွှင်မှုတွေရပြီး သူ့ရဲ့ အိမ်ထောင်ကို ချစ်ခြင်းမေတ္တာတွေများစွာနဲ့ မိခင်တစ် ယောက် နေရာကနေ Confidence ရှိရှိ စွမ်းဆောင်သွားမှာပါဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

3 + 7 =