အိမ်ထောင်ပြုခြင်းရဲ့ လျှို့ဝှက်ချက်များစွာတွေထဲက တချို့သော လျှို့ဝှက်ချက်ကို မျှဝေပေးသွားချင်ပါတယ်။

Secrets of marriage
    ဒီနေ့မှာ အိမ်ထောင်ပြုခြင်းရဲ့ လျှို့ဝှက်ချက်များစွာတွေထဲက တချို့သော လျှို့ဝှက်ချက်ကို မျှဝေပေးသွားချင်ပါတယ်။
    ဒီလျှို့ဝှက်ချက်တွေကို အိမ်ထောင်မပြုသေးတဲ့ single တွေကော အိမ်ထောင်ရှင်တွေကော relationship တည်ဆောက်တဲ့သူတွေကော လိုအပ်မယ် အထောက်အကူတစ်ခုရလိမ့်မယ်လို့ ထင်ပါ တယ်။
    အိမ်ထောင်တစ်ခု ထူထောင်တယ်၊ အိမ်ထောင်ပြုတယ်ဆိုတာ ဘဝတစ်ခုမှာ အင်မတန် နက်နဲတဲ့ တခါတလေလဲ ခက်ခဲတယ်ဆိုတာ တော်တော်များများကတော့ သိကောင်းစရာပါ။
    ဥပမာ လူတစ်ယောက်က ကားမမောင်းတတ်ဘူး။ ဒါပေမယ့် လူအများ မောင်းနေတာ မြင်တော့ သူလည်း ကားပေါ်တက်ပြီး ဟိုခလုတ်နှိပ်လိုက် ဒီသော့ဖွင့်လိုက်နဲ့တော့ ကားက ထွက် သွားမယ်။ ကျွမ်းကျွမ်းကျင်ကျင်တော့ ဘယ်ရှိလိမ့်မလဲ။
    ဟင်းတခွက်ကို ချက်မယ်ဆိုရင် မိမိက ဟင်းချက်ဝါသနာမပါပေမယ့် ချက်ရတော့မယ်၊ ချက်လဲ မချက်တတ်ဘူး။ ဒါပေမယ့် ချက်ပါများလာရင်တော့ ဘာတွေက ဟင်းမှာ လိုအပ်သလဲဆို တာ သိလာပြီး ဟင်းကောင်းတစ်ခွက်နောက်ဆုံးမှာ ရလာသလိုပါပဲ။
    အိမ်ထောင်တစ်ခုကို တည်ထောင်တော့မယ်ဆိုရင် အများက ဘယ်လိုတည်ဆောက်ရမှန်း မသိရင်တော့ ကြောက်ကြတယ်။ အိမ်ထောင်တစ်ခုကို တည်ဆောက်ရင် သူ့မှာ စည်းကမ်းဥပဒေ ဆိုတာ ရှိပါတယ်။ တကြိမ်သိသွားမယ်ဆိုရင်တော့ အိမ်ထောင်တစ်ခုကို နှစ်ယောက် ဘယ်လို တည် ဆောက်ရမယ်ဆိုတာ သိသွားမှာပါ။
    လောက သဘာဝတရားအရ အိမ်ထောင်ပြုတယ်ဆိုတာ မိမိဘဝအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ အဓိကကတော့ အိမ်ထောင်ပြုတယ်ဆိုတာ မိမိလက်ထပ်မယ့်သူရဲ့  အရည် အသွေးနဲ့လည်း သက်ဆိုင်ပါတယ်။
    မိမိက ဘယ်လောက်ပဲ အဆင်ပြေအောင် နေတတ်သူပဲဖြစ်ဖြစ် မိမိကိုယ်တိုင်က ဉာဏ်သိပ် ကောင်းပြီး ဉာဏ်ရည်ထက်မြက်သူပဲ ဖြစ်ပါစေ။ မိမိက ဘယ်လောက်ပဲ ကြီးကျယ် great ဖြစ်နေပါ စေ။ မိမိက ဘယ်လောက်ပဲ မယုံကြည်နိုင်စရာကောင်းလောက်တဲ့ အံ့ဖွယ်ရာ လူတစ်ယောက်ဖြစ်နေ ပါစေ။ မိမိနဲ့ ပေါင်းစပ်မယ့်သူ joint မယ့်သူက မိမိရဲ့ အရည်အသွေးတွေ မတူခဲ့ရင် ဒီအိမ်ထောင်ဟာ ကောင်းမွန်တဲ့ အိမ်ထောင်တစ်ခု ဖြစ်လာနိုင်ပါ့မလား။
    အိမ်ထောင်တစ်ခုမှာ တစ်ဘက်သတ် တစ်ယောက်ထဲကပဲ ထမ်းတယ်ဆိုရင်တော့ တဘက် က မိမိ လုပ်ဆောင်ချက်တွေကို ကဖျက်ယဖျက် လုပ်ရင်ကော ကောင်းတဲ့အိမ်ထောင်တစ်ခု ဖြစ်လာ ပါ့မလား။
    ဒါကြောင့် အစဦးဆုံး ပဏာမက စလို့ မိမိနဲ့ စိတ်သဘောထားချင်းတူတဲ့သူကို အမှန်အကန် ရွေးချယ်မယ်ဆိုရင် great marriage ကို ရမှာပါ။
    မိမိရဲ့ သင့်တော်မယ့်သူကို အမှန်အကန် ရှာဖွေရမယ်။ မိမိကို ပန်းစည်းလေး လက်ဆောင် ပေးလို့ သူက ငါ့ကို အရမ်းချစ်တာပဲ။
    သူငယ်ချင်းတွေရဲ့ မိမိနဲ့ လိုက်ဖက်တယ်။ ချောတယ်။ handsome ဖြစ်မယ်ပြောလို့ ဒါတွေနဲ့ တိုင်းတာပြီး ရွေးချယ်မှာလား။
    မိမိကို how nice how sweet လို့ ပြောတာနဲ့ကော ရွေးချယ်မှာလား။
    မိမိနဲ့ joint မယ့်သူက မိမိနဲ့တူတဲ့ အရည်အသွေးတွေ မတူခဲ့ရင်ကော ကောင်းတဲ့အိမ်ထောင် တစ်ခု ဖြစ်လာမှာလား။
    နောက်ပြီး မိမိယုံကြည်ရာ ကိုးကွယ်ရာ ဘုရားကို တိုင်တည်ပြီး ဘာသာတရားရဲ့ principle ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မိမိနဲ့ joint ဖြစ်မယ့်သူက ဘာသာတရားကို ယုံကြည်သူဖြစ်ဖို့လည်း လိုပါသေးတယ်။
    မိဘတွေက ဘုရားတရား ယုံကြည်သူ ဘုရားရဲ့ ဥပဒေတွေကို လိုက်နာတဲ့သူတွေဆိုရင် သားသမီးကလည်း ဒီအတိုင်းပဲ ပြုမူနေတတ်မှာပါ။ remote is God ပါပဲ။ ဘုရားတရား ယုံကြည်တဲ့ သူဆိုရင် သူဝိညာဉ်က ရှင်သန်နေမယ်။ ဘုရားတရား မယုံကြည်တဲ့သူဆိုရင် သူ့ဝိညာဉ်က သေနေမှာ ပါ။ ဒီတော့ ဝိညာဉ်သေနေတဲ့သူနဲ့ joint လုပ်မှာလား။ ဘာသာတရား  ရိုသေကိုင်းရှိုင်းတာကလည်း လက်ထပ်ခြင်းရဲ့ လျှို့ဝှက်ချက်ထမှာ တစ်ခု ပါဝင်ပါတယ်။
    ၉၀% သော relationship တွေမှာ လက်ထပ်တဲ့အဆင့်ထိ မရောက်ဘူးလို့ လေ့လာ တွေ့ရှိ ချက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိဝင်ငွေနဲ့ မိမိဘဝမ်းကို လျှောက်တဲ့ အခါမှာ မိမိ joint သူ့ရဲ့အကာအကွယ်ပေးမှုတွေ မခံစားရဘူး။ အကြောင်းအရာတွေကို တိုင်ပင်လို့မရဘူး။ ဒါတွေကို မိမိက ခံစားလာရတဲ့အခါမှာ ပြဿနာတွေ ဖြစ်လာရင်း လမ်းခွဲသွားကြ တာများတယ်လို့ ဆိုထားပါတယ်။
    အဲဒီလို ဖြစ်လာတဲ့အချိန်မှာ အရင်တုန်းက မိမိကိုယ်မိမိ ဘာလဲဆိုတာ မတွေးခဲ့မိဘူး။ ဒီ relationship မှာ သူဟာ ကိုယ်နဲ့ မသင့်တော်တဲ့သူ ဖြစ်နေပြီလား။ ငါမှားသွားပြီလား။ wrong person ကို ရွေးမိသွားတာလား။ အဲဒီလိုတွေးလာတတ်ပြီး relationship မှာပဲ မတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပြီ။
    ဒါကြောင့် မိမိနဲ့ သဟဇာတဖြစ်မယ့်သူကို ရွေးချယ်ဖို့ အရွေးမှားခဲ့ရင် ဘဝတစ်သက်စာ ပျက်သွားနိုင်တယ်။ မိမိနဲ့ joint ဖြစ်မယ့်သူက အရာရာကို ဖျက်ဆီးသွားစေနိုင်ပါတယ်။ spoil everything ပေါ့။
    အမျိုးသားကော အမျိုးသမီးကော ကံကြမ္မာက ပျက်စီးသွားတယ်ဆိုတာ ကျွန်မတို့ မြင်တွေ့ နေကြရတာပါ။
    လူတိုင်းက ဒီနေ့ခေတ်မှာ အလောတကြီး hurry ဖြစ်နေကြတယ်။ မိမိစိတ်ကို မလောဘဲ တည်ငြိမ်စွာထားပြီး ကောင်းမွန်စွာ ရွေးချယ်ရင်ဖြင့် great marriage ကို ရမှာပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

2 + 18 =