အိမ်ထောင်တစ်ခုရဲ့ ထောင်ချောက်

ဒီနေ့ သီရိဂေဟာကဏ္ဍမှာ အိမ်ထောင်တစ်ခုရဲ့ ထောင်ချောက် ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ပေးပါ့မယ်ရှင်။

       အိမ်ထောင်ရှင်မတွေအတွက် ထောင်ချောက်ဆိုတော့ ဘယ်သူတွေက အိမ်ထောင်ရှင်မကို ထောင်ချောက်ထဲထည့်ခဲ့ကြတာလဲ။ ဒီအိမ်ထောင်ရှင်မတွေကိုယ် တိုင် ဒီထောင်ချောက်ထဲကိုဆင်းခဲ့တာလား။ ခင်ပွန်းရဲ့သြဇာကြောင့် အိမ်ထောင်ရှင်မ ဆိုတဲ့ ဂုဏ်ပုဒ်ကိုဆယ်ချင်လို့ မိမိတာဝန်ယူနိုင်တာဖြစ်စေ၊ မယူနိုင်တာဖြစ်စေ ဆင်းခဲ့ တာလား။ သားသမီးရှိတဲ့ မိခင်ဆိုရင် ဒီကလေးကို ထိန်းကျောင်းရတာ၊ အိမ်မှုကိစ္စ လုပ်ရတာနဲ့ တစ်နေ့တာအတွက် ပြင်ပကမ္ဘာကြီးနဲ့ သီးခြားစီဖြစ်သွားကြစေတာပါ။ တစ်ချို့ အိမ်ရှင်မတွေဟာ ထောင်ချောက်ထဲကို ကျဆင်းသွားတယ်လို့ ခံစားကြရ တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခင်ပွန်းတွေဟာ အလုပ်တွေနဲ့ဘဲနစ်မွန်းနေ တော့ အိမ်ထောင်ကို ဂရုမစိုက်အားတဲ့အခါမှာ ဇနီးသည်တွေဟာ ဒီမိသားစုအရေး တွေနဲ့ အလိုလျောက်ထောင်ချောက်ထဲကို ရောက်သွားကြတာ မဟုတ်ပါလားရှင်။

       တစ်ချို့ခင်ပွန်းတွေကျပြန်တော့လည်း မနက်(ရးဝ၀)နာရီကနေ ည (ရးဝ၀) လောက်ထိအလုပ်လုပ်ရတော့ အိမ်ပြန်ရောက်တဲ့အခါမှာ မိုးက စုန်းစုန်းချုပ်နေပြီလေ။ ဒီတော့ တစ်နေကုန်ပင်ပန်းပြီး အိမ်မှာဖြစ်တဲ့အဖြစ်အပျက်တွေကို မမေးနိုင်တော့ဘဲ ညစာ စားပြီးတာနဲ့ အိပ်ယာဝင်လိုက်ကြတာပါဘဲ။ ဒီတော့ ဇနီးသည်တွေကလည်း အလိုက်သသိနဲ့ဘဲ အိမ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာ အသေးအဖွဲ့လေးတွေကို ခင်ပွန်း စိတ်မညစ်ငြူးစေဖို့ဆိုပြီး မပြောဘဲနေခဲ့တာတွေဖြစ်လာခဲ့ပါတယ်။

       ဒီလိုနဲ့ဘဲ အိမ်ထောင်စုမှာ ခင်ပွန်းမသိတဲ့အကြောင်းအရာတွေက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ များလာပါတော့တယ်ရှင်။ ဒါကြောင့် တစ်ချို့ အိမ်ထောင်ရှင်မတွေရဲ့ ဘဝဟာ မပျော်မရွှင်ဘဲနဲ့ ဒိုင်ခံဖြေရှင်းရတဲ့ဘဝလို ဖြစ်လာပါတော့တယ်လေ။ ဒါပေမဲ့ လို့အခုအခါမှာတော့ အိမ်ထောင်ရှင်မတွေဟာ ခေတ်ပညာတတ်လူတန်းစားတွေဖြစ် လာပြီလေ။ အိမ်ထောင်မှုတာဝန်ကို အပြင်းအထန်ရုန်းကန်ပြီး အောင်မြင်အောင် ကြိုး စားလာကြပြီလေ။ ဒါကြောင့် အခုအချိန်အခါမှာ အိမ်ထောင်ပြုတဲ့သူတွေဟာ ရှင်ပြိုင် မှုတွေနဲ့ မဆိုင်တဲ့ အိမ်ထောင်ရှင်မဖြစ်လာပြီး အရင်က အိမ်ထောင်ရှင်မတွေရဲ့ အဖြစ် အပျက်တွေကို ပြန်လည်သုံးသပ်ရင်းနဲ့ဘဲ ပိုပြီးတော့ အဆင့်မြင့်အောင် ပိုပြီးတော့ ကြိုးစားကြလာကြပါတော့တယ်။ သူတို့ရဲ့ အတွေးအခေါ်တွေကလည်း အရင်အတွေး အခေါ်တွေကို တွန်းလှန်လာကြပြီလေ။

       အိမ်ထောင်ရှင်မဆိုတာက ကြမ်းတိုက်ဖို့၊ ပန်းကန်ဆေးဖို့၊ ကလေးအနှီးလဲဖို့ အတွက် တက္ကသိုလ်ပညာမလိုအပ်ဘူးလို့ဆိုတာ သိလာပြီလေ။ နောက်ပြီး ကိုယ်ချစ် တဲ့သူနဲ့လက်တွဲပြီး ကိုယ့်သားသမီးတွေနဲ့ ပျော်ရမယ့်အချိန်မှာ ဘာဖြစ်လို့ မပျော်ရွှင် ဘဲနဲ့ ဒီထောင်ချောက်ထဲရောက်နေတာလဲလို့ ငြီးညူနေကြတယ်လေ။ တကယ်က တော့ ခင်ပွန်းက အိမ်ထောင်ကို အလေးမထားဘဲ မိမိသွားချင်ရာ သွားလိုက် မိမိလုပ်ချင်ရာတွေလုပ်လိုက်နဲ့ဆိုတော့ အိမ်ထောင်စုကို တစ်ဖက်မှာထားခဲ့ပြီးတော့ ဒီဇနီးကဘဲ အိမ်မှုကိစ္စတွေ၊ သားသမီးအရေးအရာကိစ္စတွေအားလုံးကို ရင်ဆိုင် ဖြေရှင်းကြရတဲ့အခါမှာ ခင်ပွန်းရဲ့ အလုပ်ကို မနာလိုစိတ်တွေပေါ်နေမိတာဖြစ်တယ်။ ဒေါသတွေလည်းပေါ်ပေါက်နေမိတယ်။ နောက်ပြီး ဇနီးမယားအနေနဲ့ ခင်ပွန်းသည် အလုပ်က ပြန်လာတဲ့အချိန်ကျရင် မိမိတို့ဘဝ သာယာပျော်ရွှင်မှုတွေ ဖန်တီးလို့ ရမယ်လို့ မျှော်လင့်ခဲ့တဲ့သူတွေပါ။ ဒါပေမဲ့လို့ နေ့စဉ်နေ့တိုင်း ဒီလိုပဲ ခင်ပွန်းက ပင်ပန်းကြီးစွာ လုပ်ရတဲ့အလုပ် ပူပင်သောကတွေနဲ့ စိတ်လှုပ်ရှားစရာတွေနဲ့ပဲ တွေ့တွေ့နေရတယ် ဆိုတော့ အိမ်ရှင်မအနေနဲ့ ဘယ်လိုတွေးရတော့မလဲ။ ဒါ့အပြင် ခင်ပွန်းအနေနဲ့ ကလည်း ဇနီးမယားရဲ့ အထူးဂရုပြုမှုဆိုတဲ့ စောင့်ရှောက်မှုကိုလည်း ခံယူချင်ကြသေးတာမဟုတ်ပါလား။ သူတို့ပင်ပန်းပြီး ပြန်လာရင် အပန်းဖြေနိုင်မယ့် အိမ်လေးကိုလည်း လိုချင်ကြသေးတာပါ။ ဒီတော့ ဒီဇနီးမယားဟာလည်း ထောင်ကျ ပြီးရင်းကျသလို ခံစားနေရပြီပေါ့။ စိတ်မရွှင်မလန်းနဲ့ အိမ်ထောင့်တာဝန်ကို ထမ်းဆောင်နေရတဲ့အခါမှာ စိတ်ဝင်စားမှုတွေနည်းလာပြီး မိမိဖြေရှင်းရတဲ့ ဒီခက်ခဲတဲ့ ပြဿနာများစွာကို တစ်ခါတစ်လေမှာ ပြင်းထန်တဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေနဲ့ သုံးမိပါတော့တယ်။ ဒီထောင်ပေါင်းများစွာသော အိမ်ထောင်ရှင်မတွေဟာလည်း မိမိကိုယ် မိမိကိုယ်ကိုဘဲ အပြစ်တင်နေကြပါတော့တယ်။ နောက်ပြီး သူမရဲ့ မြောက် များစွာသော မျှော်လင့်ချက်တွေဟာလည်း ဒီခင်ပွန်းရဲ့ အလုပ်ပေါ်မှာပဲ ချည်နှောင် ထားတာမဟုတ်ပါလား။

ဒါကြောင့် အိမ်ထောင်ရှင်မတို့ရဲ့ ဘဝမှာ ခင်ပွန်းရဲ့ အောင်မြင်မှုကိုပဲ အထူး မျှော်လင့်ကြတာမဆန်းပါဘူး။ ဒီလို မျှော်လင့်သလို မိမိတို့ဘဝမြှင့်ဖို့ကိုလည်း တဆက် တည်းပါဝင်လာတာပါ။ ဒါကြောင့် ကျွန်မတို့ဗမာစကားမှာ ရှိတယ်မဟုတ်လား။ ရေမြင့် ရင် ကြာတင့်တယ်ဆိုတာ ဒါကြောင့် ဇနီးသည်တွေ ပြောလေ့ရှိတဲ့စကားက နင့် အလုပ်က ငါ့ထက်ပိုပြီးအရေးကြီးတယ်မဟုတ်လား။ နင့်ငါ့ကိုလည်း မချစ်ပါဘူးဆိုပြီး တော့ ခနဲ့စကားတွေ ပြောလေ့ရှိကြတာ ကြားဖူးကြမှာပါ။ ကိုယ်တိုင်လည်း ခံစားဖူး ကြမှာပါ။ တစ်ခါတစ်လေကျရင်တော့လည်း ဒီထောင်ခြောက်ထဲကနေ ဇနီးသည်တွေ ဟာ ဒီအိမ်ထောင်မှာ ဖြစ်ပေါ်လာတဲ့ ပြဿနာလေးတွေကို လက်တလောအတွက်ပဲ ဆိုပြီးတော့ ဖြေရှင်းပေးရတဲ့အခါမှာ ပြဿနာတွေက မပြီးသွားပဲနဲ့ ပိုပြီးကြီးထွားလာ တတ်တာတွေလည်းရှိပါတယ်။ ဒီအခါမှာ ခင်ပွန်းသည်ရဲ့ ပြစ်တင်မှုတွေကိုလည်း အလို အလျောက်ခံနေရတဲ့သူတွေပါ။ ဒီထောင်ချောက်ထဲကနေလည်း ဆွဲထုတ်ဖို့ကို လည်း ခင်ပွန်းသည်ကို ပြောပြရပါအုံးမယ်။ ဒီထောင််ချောက်ထဲကို ရောက်နေတဲ့ အိမ်ရှင်မဟာ တစ်ခါတစ်လေမှာလည်း ခင်ပွန်းရဲ့ လျစ်လျူရှုခြင်းခံရသလို သားသမီး တွေ အတွက်ကိုလည်း ကြံ့ကြံ့ခံဖို့ ကြိုးစားရပါသေးတယ်လေ။ အိမ်နားနီးချင်းတွေကို အတင်းလိုမျိုး မိမိရဲ့ အကြောင်းအရာတွေကို ပြောရင်း မိမိစိတ် မသာယာမှုတွေကို  သာယာအောင်လို့ ကြိုးစားလာကြတယ်။ အိမ်ထောင်ရှင် ယောကျ်ားတွေကလည်း အရက်ဆိုင်၊ ဘီယာဆိုင်တွေမှာ စားပွဲထိုးတွေနဲ့ မြည်တွန်တောက်တီးပြီး နေလေ့ရှိကြ တယ်။

       ဒီလိုပြုမူနေကြခြင်းဟာ အချိန်တွေကုန်ပြီး ဘာပြဿနာမှ ဖြေရှင်းလို့ရလာ မှာမဟုတ်ပါဘူးရှင်။ ခင်ပွန်းကပြောမယ် အိမ်ပြန်ရောက်လာရင် ငါအရမ်းပင်ပန်းတယ် လို့ပြောလိုက်တာနဲ့ ဒါဟာ အလိုအလျောက် ဇနီးသည်အနေနဲ့ ကလေးတွေကို ထိန်း ကျောင်းကြရမယ်။  ခင်ပွန်းသည်အနားမှာ နေပေးရမယ်။ သူ့ကို စကားပြောပေးရမယ် ဆိုတဲ့ အဓိပ္ပါယ်ပဲမဟုတ်ပါလား။ ငါ့ကိုလည်း အသက်ရှုခွင့်ပေးပါအုံးဆိုတဲ့သဘောလဲ သက်ရောက်နေတာမဟုတ်ပါလားရှင်။ ဒီကမ္ဘာလောကကြီးမှာ ချစ်ကြလို့ အကြင် လင်မယား ဖြစ်ကြပေမဲ့ မိမိတို့ဖြစ်ချင်တဲ့ပုံစံ၊ နေထိုင်မှုပုံစံခြင်းကတော့ ဘယ်တော့မှ တူနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေဟာ ဇနီးခင်ပွန်း မရှိမဖြစ်တဲ့ ဆက်သွယ်မှုတွေဘဲ မဟုတ်ပါလားရှင်။ ဇနီးမယားကလည်း အခုလိုမျိုး အချုပ်ကျသလိုမျိုးခံစားနေရတာကို ခင်ပွန်းသိအောင် ပွင့်ပွင့်လင်းလင်းပြောပြရမှာပါ။ သူ့ခင်ပွန်းကလည်း စဉ်းစားပြီး ကူညီတာ ဒီလိုဖြစ်ရာကနေ သူ့ဇနီးကို ကယ်ထုတ်နိုင်မှာပါ။ ခင်ပွန်းတွေဟာ ဦးနှောက် နဲ့ ဇနီးမယားရဲ့ အခြေအနေကို ဆုံးဖြတ်ပေးတတ်ရပါမယ်။ သူငါ့ကိုချစ်ရင် ငါ့ခံစား ချက်တွေကို သူသိမှာပဲဆိုတဲ့ အတွေးတွေကို ဖယ်လိုက်ရပါမယ်။ ဒီထောင်ချောက်က လွှတ်မဲ့လမ်းကို နှစ်ဦးနှစ်ဖက်နားလည်ပြီး ပြောင်းလဲပြီး ဆုံးဖြတ်မှသာ ဒီထောင် ချောက်ကနေ လွှတ်လမ်းလေးတွေ တွေ့လာမှာပါဆိုတဲ့အကြောင်းတင်ပြရင်း ဒီနေ့ သီရိဂေဟာကဏ္ဍကို ရပ်နားလိုက်ပါတယ်။ သောတရှင် အိမ်ထောင်သည်များ အားလုံးတစ်ဦးနဲ့ တစ်ဦးနားလည်မှုရှိတဲ့ အိမ်ထောင်ဖက်တွေဖြစ်ကြပါစေရှင်။

Add new comment

5 + 5 =