အသက် (၃)နှစ်အရွယ် သားငယ် သမီးငယ်လေးတွေကို အိမ်မှာ home school mum အဖြစ် စာဖတ်တတ်အောင် သင်ပေးရအောင်

Read

            ဒီနေ့မှာ အသက် (၃)နှစ်အရွယ် သားငယ် သမီးငယ်လေးတွေကို အိမ်မှာ home school mum အဖြစ် စာဖတ်တတ်အောင် သင်ပေးရအောင်ပါဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

            အိမ်မှာရှိတဲ့ ၃ နှစ်လောက် အရွယ်ကလေးကို ဘယ်လိုစာဖတ်လာအောင် ဘယ်လိုစတင်ကြ မလဲ?

            အခြေခံအချက်လေးတွေ သိထားရင်တော့ စနစ်တကျ စာဖတ်တတ်သွားမှာပါ။ ကလေး စာဖတ်တတ်အောင် ဘယ်သူမဆို သင်ပေးလို့ရပါတယ်။ လွယ်ပါတယ်။

            အရင်ဆုံး ကလေးကို စာဖတ်ဖို့အတွက် အသက်ရှူသွင်းပြီးမှ စာဖတ်ရမယ်ဆိုတာ သင်ပေး ရပါမယ်။

            မိခင်အနေနဲ့ အလျားရော အနံပါ ၄ လက်မရှိတဲ့ ကတ်ထူအဖြူကို စတုရန်းပုံ ညှပ်ထားပါ။ ပြီးတော့ တဘက်က letter name  ပေါ့နော်။ က၊ ခ၊ ဂ၊ ဃ၊ င စသဖြင့် အဖြူအောက်ခံမှာ အနက် ရောင် အက္ခရာတွေကို တချပ်ချင်း စာလုံးစီ ရေးထားပေးပါ။ အဖြူအောက်ခံမှာ အနက်ရောင်ဆို တော့ အရောင်က ထင်းပြီး လင်းနေတဲ့အတွက် ကလေးက ရှင်းရှင်းလင်းလင်း မြင်ရတယ်။ အဲဒီ letter name ရဲ့ နောက်ကျောမှာလည်း ဥပမာ letter name ‘က’ဆိုပါသို့။ သူ့နောက်ကျော ‘က’နဲ့ ပတ်သက်တဲ့ ရုပ်ပုံ ကလေး သိနေကြ မြင်ကြဖြစ်တဲ့ ‘က’ဆိုရင် ကြွက်ရဲ့ပုံ၊ ‘ခ’ခခွေးဆိုရင်လည်း ခိုပုံ အဲဒီလိုလေး မိခင်က မြင်သာအောင် ပြုလုပ်ထားရင် ကကြီးလို့ဆိုတာနဲ့ ကလေး ကြွက်ပုံကို မြင်လာ မှာပဲ။ ဒီတော့ ကလေးက မှတ်သွားပြီး မမေ့တော့ဘူးပေါ့။ အဲဒီလို ခ ခခွေးဆိုရင်လည်း ခို မှတ်မိသွား ရော။ ကနေ့ကို နှစ်မိနစ် သုံးမိနစ်လောက်ပဲ သင်ပေးရင် လုံလောက်ပါတယ်။

            ဒါပေမယ့် အသံထွက်မှန်ဖို့ကို သင်ပေးရမယ်။ ပီပီသသရှိအောင်လည်း ကလေးရဲ့ပါးစပ် နှုတ်ခမ်းတို့ကို ပီပီသသ ဆိုနိုင်အောင် သတိထားပေးရပါအုံးမယ်။

            Letter name  ဗျည်းအက္ခရာလေးတွေ က၊ ခ၊ ဂ၊ ဃ၊ င စသဖြင့် ကတ်ပြားငါးခုတတွဲသံကွင်း နဲ့ တွဲထားပြီး အက္ခရာတစ်လုံးဆိုပြီးရင် နောက်အက္ခရာကို လှန်လိုက်ရင် အလွယ်တကူ သင်လို့ ရသွားပါပြီ။

            ကလေးကို ထပ်ခါတလဲလဲ ကတ်ပြားအတွဲကို အက္ခရာ တစ်ခုပြီး တစ်ခု ဆိုစေတာဟာဖြင့် အသံထွက်မှန်ပြီး မှတ်မိသွားပါလိမ့်မယ်။ ကလေးကိုလည်း မှန်ကတဲ့အတွက် တော်တယ်၊ ကောင်းတယ် ဆိုပြီး ပြောပေးရင် ကလေးက ဖတ်ရတာ ပျော်လာမှာပါ။

            အသံထွက်ရကရင် စပြီး  Letter name  တစ်ခုပြီးတစ်ခု ဖတ်တတ်ကပါပြီ။ အသံကျယ်ကျယ် ဖတ်ရင် စိတ်ဝင်စားလာတာကို ပြတဲ့သဘောပဲ။ ဖတ်ရတာ ပျော်လာတဲ့အတွက် ထပ်ခါတလဲလဲ ဖတ်နေပါလိမ့်မယ်။

            Letter name  ရဲ့ တစ်ဖက်က ရုပ်ပုံကိုပါ တဆတ်တည်း မှတ်မိသွားမှာပါ။

            ဒါဟာ ကလေးဘဝရဲ့ ပထမဆုံး စာဖတ်သင်ပေးတာပဲဖြစ်ပါတယ်။

            ဒီလိုနဲ့ (က.ခ.ဂ.ဃ.င)တတွဲ၊ နောက်ထပ် (စ.ဆ.ဇ.ဈ၊ ည) အဲ့ဒီလိုအတွဲတွေနဲ့ သက်ဆိုင်တဲ့ ရုပ်ပုံတွေ တပါတည်း စီစဉ်ပေးရင် ကလေးက တဖြည်းဖြည်းစာဖတ်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာမှာပါ။

            မိခင်က စာမေးပွဲစစ်တဲ့ သဘောပေါ့နော်။ Letter name  ရဲ့ နောက်ဆက်က ရုပ်ပုံကို ပြပြီး  letter name  ကို မေးတာမျိုး အပြန်အလှန်လုပ်ပေးရင်းနဲ့ တစ်နေ့ကို သုံးမိနစ် သင်ပေးရုံနဲ့ မိမိကလေး တတ်တတ်လာပါပြီ။

            အမေကမေးရင်း အမှားအမှန်ကို ပြင်ပေးရင်းနဲ့ ကလေးရဲ့ မှတ်ဉာဏ်က အလုပ်လုပ်လာပြီး မှတ်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ဖြစ်လာပါတော့မယ်။ မကြာမဏ မသိမသာပြန်စစ်ပေး တာဟာ  leaning all the vocabulary ဖြစ်သွားပါတယ်။

            ကလေးအတွက်က အင်မတန်မှ ကြီးကျယ်တဲ့ အလုပ်လို့ ထင်သွားပါတယ်။ သူ့အတွက် ကြီးကျယ်တဲ့အလုပ် လုပ်ကိုလုပ်ရမယ်လို့လည်း မှတ်သွားပါလိမ့်မယ်။

            ကျွန်မ ဒီအကြောင်းအရာလေးကို ရေးဖြစ်အောင်လို့ မိတ်ဆွေ မူကြိုဆရာမလေးကို ယခုလို ပြောပြဖူးပါတယ်။

            သူတို့ကျောင်းကို ရောက်လာတဲ့ (၃)နှစ်အရွယ် ကလေးတစ်ယောက်က တခြားကလေးတွေနဲ့ မတူဘူးတဲ့ Letter name တွေကို သေသေချာချာ သင်ပေးလို့ ရေးပေမဲ့၊ ပါးစပ်က အသံထွက်ကို တခြားကလေးတွေက အော်ဆိုပေမဲ့ သူက ပါးစပ်လည်း မဖွင့်ဘူး၊ ဆိုလည်းမဆိုဘူးတဲ့၊ သူစာဖတ် အောင်အတော်ကြိုးစားပြီး သင်ပေးခဲ့ရတာ (၃)လလောက်ကြာမှ နှုတ်ကနေ အသံထွက်လာတယ်လို့ ဆိုဘူးပါတယ်။

            မိမိသားသမီးကျောင်းမတက်ခင် အိမ်မှာ အခုလို တစ်ရက်ကို နှစ်မိနစ်၊ သုံးမိနစ်လောက် သင်ပေးတာဟာ သားသမီးကို ပျိုးထောင်ရတဲ့ လုပ်ငန်းတစ်ခုလို ထင်မိပါတယ်။ ဒါမှ ကျောင်းရောက် ရင် စာတွေကို အလွယ်တကူ စာလိုက်နိုင်မယ်။ ကျောင်းမကြောက်တဲ့ ကလေး ကျောင်းနေပျော်တဲ့ ကလေးတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်မထင်ပါတယ်။

            ဒါကြောင့် ဒီဆောင်းပါးကို ရေးဖြစ်ရင်း မျှဝေပေးဖြစ်သွားတာပါ။

            နားဆင်မိတဲ့ မိဘတစ်ဦးစီတိုင်း မိမိသားသမီး ငယ်ငယ်လေးတွေ အတွက် အတွေးလေး တစ်ခုရမယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါတယ်။

Add new comment

3 + 15 =