အသက်အရွယ်ကြီးလာတဲ့ မိဘတွေနဲ့အချိန်ပေးပြီး အတူတူစကားပြောပေးခြင်း

The Talk
ဒီနေ့မှာ အိုမင်းလာပြီဖြစ်တဲ့ မိဘတွေ (ဝါ) ကိုယ်ချစ်ခင်နှစ်သက်တဲ့ အသက်အရွယ်ကြီးသွား တဲ့ သူတွေရဲ့ အချိန်တစ်ခုကိုပေးပြီး သူတို့ရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုရှိစေဖို့ ဆွေးနွေးပြောကြရအောင် ပါဆိုတဲ့ အကြောင်းလေး ပြောချင်ပါတယ်။
တဖြည်းဖြည်းနဲ့ ဇရာကို ရောက်လာတဲ့သူတွေဟာ အိုမင်းတဲ့လက္ခဏာတွေ အပြုအမူတွေကို လူလတ်ပိုင်း ရောက်နေတဲ့ သားသမီးတွေက မြင်တွေ့နေရပါပြီ။ မိဘကို ဒီအတိုင်း ကြည့်နေ့လို့တော့ မဖြစ်တော့ဘူး။ တစ်ခုခုတော့ စီစဉ်ရတော့မယ်လို့ သားသမီးတွေ အချင်းချင်း တိုင်ပင်ရတော့မယ်။ သားသမီးတစ်ဦးတစ်ယောက်ထဲက မဖြစ်နိုင်ပါဘူး။
ဒီတော့က ဘာတွေ ဘယ်လိုစီစဉ်ကြမလဲ။ သားသမီးတွေစုပြီး မိဘတွေရှေ့မှာ အတူစကား စမြည်ပြောကြရင်း လိုအပ်တာလေးတွေကို ကူညီလုပ်ကိုင်ပေးရင်းနဲ့ မသိမသာလေး တိုင်ပင်ကြတာ ပေါ့နော်။
အရင်ဆုံး ဒီလိုလေး ပြောကြရအောင်ပါ။
ဥပမာပေါ့နော်။ အမေ သမီးက အမေပေးတဲ့ ပစ္စည်းပေါ့။ ရေခပ်သွားရင် ရေစက်က ကြမ်းပြင် ပေါ်ကျပြီး အမေနင်းမိသွားရင် မတော်တဆ ချော်လဲသွားမှာ။ ဒါကို သမီးတွေးကြည့်ပြီး စိုးရိမ်တယ် အမေ။
အဖေတို့ အမေတို့က ဒီအိမ်လေးမှာ သမီးတို့ကို မွေးပြီး သီရိဂေဟာကို တည်ဆောက်ခဲ့ကြ တာ ဒီအိမ်လေးကို အင်မတန် သံယောဇဉ်ရှိတယ်ဆိုတာ သားတို့သမီးတို့ သိပါတယ်။ သမီးတို့က လည်း ဒီမှာပဲ ကြီးပြင်းခဲ့ကြတာ။ ဒီအိမ်လေးကနေ အဖေတို့ အမေတို့ကို ဆွဲထုတ်မသွားပါဘူး။ ဒါပေမယ့်လို့ သမီးတို့မြင်တွေ့နေရတဲ့ လိုအပ်တာတွေကိုတော့ သားတို့ သမီးတို့က ဒီအတိုင်းကြည့် နေလို့တော့ မဖြစ်တော့ဘူး။ သားတို့ သမီးတို့ စိတ်ပူတယ် လိုအပ်တာလေးတွေ လုပ်ပေးရတော့မယ်။
ဥပမာ- အဖေတို့ အမေတို့ကတော့ သမီးတို့က ဘယ်လို ကူညီစေချင်လဲ။ ပွင့်ပွင့်လင်းလင်း ပြောပေးပါ အမေတို့။ သားတို့ သမီးတို့ ကြားချင်ပါတယ်။ ဒါမှလည်း သမီးတို့က စိတ်ချပြီး နေလို့ရ မှာ။
သားသမီးတွေကလည်း မိဘတွေနဲ့ အချိန်ပေးပြီး တစ်ရက်နှစ်ရက်လောက် အတူနေပြီး မိဘ တွေ ဘာတွေပြောမလဲ ဘာတွေ ရင်ဖွင့်လာမလဲ စောင့်ရမယ်။ ပြီးတော့မှ ဒီလိုအကြံလေးတော့ ရှိ တယ်။ အဖေတို့ အမေတို့ကတော့ အရင်ပြောပေါ့နော်။ ဒါမှ သမီးတို့က ဖြေရှင်းပေးလို့ရမှာ။
ဥပမာ- အမေက အခု လေးဖက်နာဖြစ်နေတယ်ဆိုပါစို့။ အသက်တဖြည်းဖြည်းကြီးလာတာနဲ့ ရောဂါက ပိုဆိုးလာမှာ။ အမေက အိမ်မှုကိစ္စ တစ်သက်လုံး လုပ်လာခဲ့တာဆိုတော့ အခု အမေ့ကို ကိုယ်တိုင်မလုပ်စေချင်တော့ဘူး။ ဒီတော့ မိဘနဲ့ သားသမီး အချစ်တွေ မေတ္တာတွေ အပြည့်နဲ့ အတူ စဉ်းစားဖြေရှင်းရတော့မှာပါ။
သမီးသူငယ်ချင်းကလေ သူ့မိဘတွေအတွက် ဆေးဝါးကုသမှုကအစ ထောက်ပံ့ကူညီပေး လိုက်တာကို သမီးအားကျလိုက်တာ။ အခု အဖေတို့ အမေတို့ကိုလည်း သမီး အဲဒီလို ထောက်ပံ့ကူညီ ပေးချင်တယ်။
အခု အဖေတို့ အမေတို့နဲ့ မောင်နှမတတွေဆုံပြီး ပြောရတာ ကျေနပ်လိုက်တာ အမေရယ်။ အခုလို ခက်ခဲတဲ့ Hand stuff ကို သားတို့သမီးတို့ ဖြေရှင်းနိုင်ပြီ။ There’s a power in being positive. အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတိုင်းမှာ
မောင်နှမတတွေ ဆွေးနွေးကြရင်း အချိန်ယူပြီး တဖြည်းဖြည်းနဲ့ စလုပ်သွားကြရင်းနဲ့ Heart to Heart လုပ်ဆောင်ကြရင်း ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရောက်လို့သွားမှာပါ။
ဒီလိုလုပ်ဆောင်ဖို့က တပြိုင်နက် တချိန်တည်း သားသမီးတစ်ဦးတစ်ယောက်တည်းက ချက်ချင်းလုပ်ရမှာတော့ မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းနဲ့ ဝိုင်းဝန်းပြီး လုပ်ဆောင်ကြရင် အဆင်ပြေသွားမှာပါ။
ကျွန်မ တစ်ခုတွေးတာလေး ရှိပါတယ်။ ကျွန်မတို့ ငယ်ရွယ်စဉ် ကလေးဘဝ မူကြို(ဝါ)မူလ တန်းကျောင်းက ပြန်လာရင် အိမ်ရောက်တာနဲ့ အဖေ အမေလို့ ခေါ်ပြီး အိမ်ထဲကို ပြေးလာကြတာပါ။ အိမ်ရောက်လို့ အမေ့မျက်နှာမြင်ရတော့မှ ကိုယ့်စိတ်က ကျေနပ်သွားတာပါ။ ကျွန်မလိုပဲ သားသမီး တိုင်း ခုလို ခံစားကြရမှာပါ။ ဒီလို အိုမင်းလာတဲ့မိဘတွေကလည်း သားသမီးရဲ့ မျက်နှာကို မြင်တွေ့ ချင်မှာပါလို့ ထင်ပါတယ်။ ဒါကြောင့်မို့ ဇရာကို ရောက်သွားတဲ့ မိဘတွေရဲ့ ကျွန်မတို့တတွေ တန်ဖိုးရှိ လှတဲ့ ဒီအချိန်တွေကို ဖြတ်သန်းကြရအောင်ပါလို့ ကျွန်မရဲ့ အတွေးနဲ့ တင်ပြလိုက်ပါတယ်။

Add new comment

13 + 3 =