အသက်ကြီးတဲ့သူများကို လေးစားကြပါ

အားလုံးပဲမင်္ဂလာပါ

    အာဗီအေမြန်မာဘာသာအစီအစဥ်ကနေတဖန်ကြိုဆိုပါတယ်ရှင်။အပတ်စဥ်တိုင်းတင်ဆက်နေကြဖြစ်တဲ့သိရီဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ လောကကြီးထဲမှာလိုက်ကျင့်စရာနီတိတစ်ခုဖြစ်တဲ့  “အသက်ကြီးတဲ့သူများကို လေးစားကြပါ “ ဆိုတဲ့

အကြောင်းလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။

       မိတ်ဆွေများရှင်  လောကကြီးထံမှာအသက်တရာမနေရအမှုတစ်ရာကြုံတွေကြရတာဖြစ်ပါတယ်။ဒီလိုကိစ္စကြီးငယ်တွေဖြစ်ကြတိုင်း၊အားနည်းချက်ရှိသူတွေစတေးခံကြရစမြဲဘဲဖြစ်ပါတယ်။ကလေးတွေ၊လူကြီးတွေ၊ဆင်းရဲသားတွေ၊အမျိုးသမီးတွေစသဖြင့်ဘဲဖြစ်ပါတယ်။ဒီအထဲမှာသက်ကြီးပုဂ္ဂိုလ်များအကြောင်းကိုပိုမိုတင်

ပြလိုပါတယ်။သက်ကြီးရွယ်အိုများကပိုမိုပြီးသနားစရာကောင်းလှပါတယ်။အိမ်တိုင်းနီးပါးမှာသက်ကြီးရွယ်အိုပုဂ္ဂိုလ်များကိုတွေ့ကြရမှာဖြစ်ပါတယ်။အိမ်တွေမှာဒီလိုလူရာအသွင်းမခံရတဲ့ပုဂ္ဂိုလ်သက်ကြီး

ရွယ်အိုတွေအများကြီးဘဲဖြစ်ပါတယ်။ငွေကြေး၊ချမ်းသာတဲ့သူတွေဟာလည်းတမျိုး၊ဆင်းရဲတဲ့သက်ကြီးရွယ်အိုတွေကလည်းတရွယ်ဖြစ်ကြပါတယ်။ချမ်းသာတဲ့သက်ကြီးရွယ်အိုတွေကြတော့လည်းသားသမီးတွေကထိန်းမရ၊သိမ်းမရလူကြီးတွေစကားနားမထောင်၊ထင်ရာစိုင်၊ဒီလိုနဲ့လူကြီးတွေစိတ်ဒုက္ခရောက်

ကြရပါတယ်။ဆင်းရဲချို့တဲ့တဲ့လူတွေကြတော့လည်းနောက်တစ်မျိုးတစ်ဒုက္ခဘဲဖြစ်ပါတယ်။စား၀တ်နေရေးပါစဥ်စားကြရတော့တာဖြစ်ပါတယ်။ဟိုလူကျွေးနိုး၊ဒီလူကျေးနိုးနဲ့ဖြစ်ပါတယ်။တချိုးအိမ်တွေမှာ

တွေ့ဘူးကြပါလိမ့်မယ်။အရမ်းကိုချို့တဲ့ကြတဲ့သက်ကြီးရွယ်အိုတွေရှိကြပါတယ်။ကျွန်မနေတဲ့အိမ်ထိပ်ထဲကအိမ်တွေမှာဆိုရင်အိမ်တိုင်းနီးပါးသက်ကြီးရွယ်အိုတွေရှိကြပါတယ်။အတော်လေးချိုတဲ့ကြပါ

တယ်။တချို့တလေမုန့်လေးတစ်ခုစားဖို့၊ထမင်းလေးတစ်နပ်စားရဖို့တောင်အတော်လေးခက်ခဲကြပါ

တယ်။ဒီလိုသက်ကြီးရွယ်အိုတွေရဲမျက်၀န်းတွေကိုကြည့်ရတာဟာသူတို့ရဲမျက်လုံးတွေမှာအဖြေတစ်ခုကိုရှိနေသလိုခံစားရပါတယ်။အရာရာကိုစိုးရွံနေသလိုအားကိုတစ်ခုလိုအပ်နေသလိုပေါ်လွင်နေပါတယ်။

         သော်တရှင်မိတ်ဆွေများရှင်   ယနေ့ခေတ်အခြေအနေမှာ သက်ကြီးရွယ်အိုများရဲ အရေးပါမှုဟာ မှေးမိန်ခဲ့ပါတယ်။အချိန်ပြည်အလုပ်တွေရှုပ်၊မိသားစုဘ၀ကိုအချိန်မပေးနိုင်တဲ့ အခြေအနေမှာ မိအိုဖအိုတို့ဟာဥပက္ခာပြုခံကြရတာဖြစ်ပါတယ်။သားကိုကြောက်ရ၊ချွေးမကိုကြောက်ရ၊နောက်ဆုံးမ

နေတနေ့ကမွေးတဲ့မြေးကအစကြောက်ရနဲ့၊အိမ်တစ်ခုလုံးရဲချောင်တစ်နေရာမှာခိုကပ်နေတဲ့အဖွားကြီးတွေကိုတွေ့မြင်ရနိုင်ပါတယ်။ဒါတွေဟာလူငယ်တွေသတိပြုဆင်ခြင်သင့်တဲ့အချက်တွေဘဲဖြစ်ပါတယ်။မိမိတို့အသက်အရွယ်ကြီးရင့်လို သူတို့နေရာကိုရောက်ခဲ့ရင်ရောဆိုတဲ့အချက်ကိုထည့်တွက်စဥ်စားကြဖို့ ဘဲဖြစ်ပါတယ်။မပူပါနဲ့။ဒီအချိန်ဒီနေ့ရက်တွေဟာရောက်လာခဲ့မှာဖြစ်ပါတယ်။များသောအားဖြင့်ဒီလိုလူကြီးသူမများဟာစိတ်ပိုင်းဆိုင်ရာ၊ထိခိုက်မှုတွေရှိလာခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံးမှာပြုစုမဲ့သူမရှိ၊ကျန်

မားရေးစောင့်ရှောက်မဲ့သူမရှိဘဲဘ၀ဆုံးကြရတဲ့ပုဂ္ဂိုလ်တွေအများကြီးဘဲရှိပါတယ်။ဒါကြောင့်စာဆိုတစ်ခုရှိပါတယ်။မိဘနှစ်ဦးဟာသားသမီးဆယ်ယောက်ကိုရှာဖွေကျွေးမွေးနိုင်ပေမဲ့သားသမီးဆယ်ဦးဟာ မိဘနှစ်ဦးကိုပြန်လည်မကြည်ရှုနိုင်ဘူးလိုဆိုကြပါတယ်။ဟုတ်ပါတယ်မိတ်ဆွေ၊ဒါတွေဟာလောကကြီးထဲမှာကြုံတွေနေရတဲ့ကိစ္စတွေဖြစ်ပါတယ်။ရုပ်ရှင်ထဲကဇာတ်လမ်းတွေမဟုတ်ပါဘူး။ကျေးလက်ဒေသ

တွေမှာသိပ်ပြီးအတွေ့ရပေမဲ့မြို့ပြတွေမှာပိုမိုတွေ့ကြုံရနိုင်ပါတယ်။တခါတလေအိမ်ထောင်ဦးစီးလုပ်နေတဲ့သားဖြစ်သူဟာသိချင်မှာသိပါလိမ့်မယ်။ဒါပင်မဲ့အိမ်မှာဖြစ်ပျက်နေတာဟာတော့သေချာလှပါတယ်။တချို့သားသမီးတွေပြောတက်ကြပါတယ်။ခင်ဗျာတို့ဖါသာရှာစားကြပေါ့။ကျွန်တော်တို့လည်းဒီလိုဘဲရှာစားကြရတာဘဲလို့၊ဒါပေမဲ့အရွယ်တွေကရှိပါသေးတယ်။တချိန်ကကိုယ်ကိုပြုစုကျွေးမွေးခဲ့တဲ့ဖခင်မိခင်အိုများဟာယခုအချိန်မှာအိုးမင်မစွမ်းနိုင်တော့တဲ့အခြေအနေကိုရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။သူတို့မှာ

အားအင်တွေမရှိတော့ပါဘူး။သူတို့မှာစိတ်ဓာတ်တက်ကြွမှုတွေမရှိတော့ပါဘူး။အရာရာဟာအချိန်တစ်ခုက၀◌ါးမျိုးသွားခဲ့ပြီးဖြစ်ပါတယ်။

      မိတ်တွေများလည်း  အိမ်မှာရှိတဲ့မိအိုဖအိုများကို သေချာစွာ ဂရုစိုက်ပေးကြပါ။ကုသိုလ်ကောင်းမှုတစ်ခုဟာအ‌ေ၀◌းကြီးအထိသွားရှာစရာမလိုအပ်ပါဘူး။မိတ်ဆွေနဲ့အနီးမှာဘဲရှာလိုရနိုင်ပါတယ်။

     မိတ်ဆွေအပေါင်း မိဘအိုဘိုဖွားအိုများကိုစောင့်ရှောက်နိုင်ကြပါစေရှင်။နားဆင်ကြည်ရှုအားပေးကြတဲ့သော်တရှင်မိတ်

ဆွေများကိုဘုရားရှင်ကောင်းကြီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ စစ္စတာရ် မေရီဒိမ် ပါရှင်။

          

Add new comment

5 + 9 =