အရမ်းချစ်နေကြပါလျက်နဲ့ ဘာလို့များအမုန်းစိတ်လေးတွေ ရှိနေကြရတာလဲ

အရမ်းချစ်နေကြပါလျက်နဲ့ ဘာလို့များအမုန်းစိတ်လေးတွေ ရှိနေကြရတာလဲ

အမျိုးသားနဲ့အမျိုးသမီး ဘာတွေကွာခြားသလဲ။ အသိသာအမြင်သာဆုံးကတော့ ခန္တာကိုယ်ဖွဲ့စည်းပုံကွာခြားတာဖြစ်တယ်။ ခန္တာကိုယ်ဖွဲ့စည်းပုံကွာခြားသလို ဦးနှောက်ဖွဲ့စည်းပုံကလဲကွာခြားပါတယ်။

အမျိုးသားတွေနဲ့အမျိုးသမီးတွေအကြားကွာခြားမှုကိုနားလည်ဖို့ဆိုရင် ဦးနှောက်ဖွဲ့စည်းပုံမတူတာကို အရင်ဦးဆုံးနားလည်ထားရမှာဖြစ်ပါတယ်။ ဦးနှောက်က ပညာရှင်အစုအဖွဲ့တစ်ခုနဲ့ တူပြီး အလုပ်လုပ်ကြတဲ့အခါမှာ ပညာရှင်တစ်ဦးစီတိုင်းက မိမိအထူးပြုကျွမ်းကျင်ရာအပိုင်းတွေကို ကိုယ်စီယူလာကြပါတယ်။ အမျိုးသားနဲ့အမျိးသမီးဦးနှောက်တွေမှာ ကိုယ်စီ အားသာချက်နဲ့အားနည်းချက်တွေရှိနေပါတယ်။ နှစ်ခုအကြားကွာခြားနေတာတွေကို ညှိဖို့ဆိုရင် တစ်ခုမှာ ရှိတဲ့အားနဲချက်ကို တစ်ဖက်က အားသာချက်နဲ့ ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့နေ့စဉ်လုပ်နေရမှာဖြစ်သလို ဆက်ဆံရေးမှာလဲ လုပ်နေရမှာဖြစ်ပါတယ်။

ဦးနှောက်မှာ ၂ ခြမ်းပါဝင်နေပြီး တစ်ဖက်စီတိုင်းမှာ သူ့နဲ့သက်ဆိုင်တဲ့ ထူးခြားတဲ့အားသာချက်တွေရှိနေတာဖြစ်တယ်။ ဒါမဲ့ ဦးနှောက်က အပြည့်အဝအလုပ်လုပ်ဖို့ဆိုရင် နှစ်ခြမ်းစလုံးကို လိုအပ်တာဖြစ်တယ်။ အကြမ်းဖျင်းပြောရမယ်ဆိုရင် ဘယ်ဖက်အခြမ်းက ယုတ္တိဗေဒအချက်အလက်တွေ ရဲ့ ဗဟိုနေရာဖြစ်တယ်။ ဘာသာစကားနဲ့ စကားကျွမ်းကျင်မှုပိုင်းဆိုင်ရာ တွေရှိနေတဲ့နေရာဖြစ်တယ်။ ညာဖက်ခြမ်းက ဖန်တီးခြင်း နဲ့ ခံစားချက်တွေရဲ့ ဗဟိုဖြစ်တယ်။ စိတ်နဲ့သာသိနိုင်တဲ့ အတွေးတွေ စိက်ကူးပုံဖေါ်ခြင်းအလုပ်တွေ လုပ်ဆောင်တဲ့နေရာဖြစ်တယ်။ ညာဖက်ခြမ်းနဲ့ဘယ်ဖက်ခြမ်းကို တစ်ရှုးတစ်ခုနဲ့ဆက်စပ်ထားပါတယ်။ တစ်ရှုးကို corpus callosum လို့ခေါ်ပါတယ်။ အမျိုးသားနဲ့အမျိူးသမီးတွေအကြားကွာခြားနေတာတွေ အများစုက ဒီတစ်ရှုးနေရာကနေ ဗဟိုပြုဖြစ်ပေါ်လာတာဖြစ်ပါတယ်။

အမျိူးသမီးတွေရဲ့ ဦးနှောက်မှာ estrogen ဟော်မုန်းတွေ အလျှံပယ်ပါဝင်နေပြီး အမျိုးသားတွေရဲ့ ဦးနှောက်မှာက testosterone ဟောမုန်းတွေအများကြီးပါဝင်နေပါတယ်။ အဲဒီလိုဟော်မုန်းတွေအများကြီးပါဝင်နေခြင်းရဲ့ အကျိုူးဆက်ကို corpus callosum တစ်ရှုးမှာတွေ့ရပါတယ်။ ဦးနှောက် ၂ ခြမ်းကို ဆပ်စပ်ထားတဲ့ တစ်ရှုးက အမျိုးသမီးမှာ အမျိုးသားတွေမှာထက် ပိုထူတယ်။ တစ်ရှုးက ပိုထူတာကြောင့် အမျိုးသမီးတွေက ဦးနှောက် ၂ ခြမ်းစလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်တာကြောင့် တော်တော်ကြီးတဲ့ အကျိုးကိုဖြစ်စေပါတယ်။ အမျိုးသမီးတွေက ပြသနာတွေအတွက် ဦးနှောက်ထဲမှာ ရနိုင်သမျှအချက်အလက်တွေ၊ သမိုင်း၊ စိတ်ခံစားချက်လွှမ်းမိုးခြင်း တွေကို အသုံးပြုပြီး ဖြေရှင်းနည်းတွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ အလုပ် နှစ်ခု သုံးခု အများကြီးကို အမျိူးသားတွေထက် ပိုပြီးထိထိရောက်ရောက်လုပ်နိုင်စွမ်းရှိတယ်။ ဒါမဲ့ ဆိုးကျိုးဖက်ကတော့ အမျိုးသမီးတွေဟာ အလွယ်တစ်ကူနဲ့ စိတ်အာရုံလွင့်တယ်၊ အဆုံးသတ် conclusion ဆွဲရာမှာ ပိုကြာတတ်တယ်။ သူအဲဒီအဆုံးသတ်ကို ဘယ်လိုရခဲ့သလဲဆိုတာကို များသောအားဖြင့် ပြန်မပြောတတ်ကြဘူး။ အမျိုးသမီးတွေရဲ့ ဦးနှောက်က ကွန်ပျူတာတစ်လုံးနဲ့တူတယ်။ အထဲမှာ အလုပ်လုပ်နေတာတွေကို သာမန်မျက်စိနဲ့မမြင်ရနိုင်ဘူး။

တစ်ဖက်မှာကျတော့ testosterone ဟော်မုန်းတွေအများကြီးပါဝင်နေတဲ့အမျိုးသားတွေရဲ့ ဦးနှောက်မှာက ဘယ်ဖက်ခြမ်းနဲ့့ညာဖက်ခြမ်းဆက်စပ်ထားတဲ့ တစ်ရှုးမှာ သက်ရောက်မှုရှိပြီး ဘယ်ဖက်ခြမ်းနဲ့ညာဖက်ခြမ်း ဆက်စပ်နိုင်မှုကို အနဲငယ်လျော့နည်းစေပါတယ်။ အဲဒီလို ဘယ်ဖက်ခြမ်းနဲ့ညာဖက်ခြမ်း အလွယ်တစ်ကူနဲ့ ကူးလူးနိုင်မှုမရှိတာကြောင့် အမျိုးသားတွေက တစ်ချို့အလုပ်တွေမှာ တစ်ခြားအာရုံမရောက်ပဲ တစ်ခုတည်းမှပဲအရမ်းကိုအာရုံစူးစိုက်နိုင်တယ်။ ရေကိုနောက်ကျိစေတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာအချက်အလက်တွေရဲ့ လွှမ်းမိုးခြင်းမခံရတာကြောင့် အလုပ်မြန်မြန်ပြီးနိုင်တယ်။ သူအဲဒီအဖြေကိုဘယ်လိုရခဲ့တယ်ဆိုတာကို အတိအကျပြန်ပြောနိုင်တယ်။ ဆိုးကျိုးဖက်ကတော့ ဆုံးဖြတ်ချက်တွေပြုလုပ်တဲ့အခါမှာ စိတ်ခံစားချက်တွေကိုနဲ့ကာလံဒေသံ လက်ရှိအခြေအနေတစ်ချို့ကိုထည့်သွင်းစဉ်းစားခြင်းမပြုတာဖြစ်တယ်။ အမျိုးသမီးတွေက အမြင်အာရုံ၊ စကားလုံးတွေစဉ်ရာမှာနဲ့ ခံစားချက်အတွေ့အကြုံတွေကိုတုန့်ပြန်ရာမှာ ဦးနှောက် နှစ်ခြမ်းစလုံးကို အသုံးပြုတယ်။ အမျိုးသားတွေက spatial အရည်အသွေးတွေအတွက် ညာဖက်ခြမ်းကိုအသုံးပြုပြီး verbal အရည်အသွေးတွေအတွက် ဘယ်ဖက်ခြမ်းကိုအသုံးပြုတယ်။

ဦးနှောက်ရဲ့အလယ်ခေါင်အတွင်းထဲမှာ amygdala လို့ခေါ်တဲ့ ဗါဒံစေ့ပုံသဏ္ဍာန်ရှိတဲ့ နီယွန်အစုအဖွဲ့တစ်ခုရှိတယ်။ တစ်ခါတစ်ရဲ့ တိရိစ္တာန်ဦးနှောက်လို့ခေါ်တယ်။ amygdala ကလူရဲ့အခြေခံအကျဆုံး အတားအဆီးမရှိတဲ့ ခံစားချက်တွေ ရှိနေတဲ့နေရာဖြစ်တယ်။ အဓိကအားဖြင့် ကြောက်စိတ်၊ သာယာစိတ်နဲ့ အကြမ်းပတမ်းစိတ်တွေ ရှိနေတဲ့နေရာဖြစ်တယ်။ amygdala အရွယ်အစားကြီးလေလေ အကြမ်းပတမ်းစိတ်ပိုရှိလေဖြစ်တယ်။ ဒီလိုဖွဲ့စည်းနေမှုကြောင့် အမျိုးသားတွေနဲ့အမျိုးသမီးတွေအကြား အသိသာဆုံးကွဲပြားမှုကိုရှင်းရှင်းလင်းလင်းတွေ့ရတယ်။ အမျိုးသားတွေရဲ့ amygdala ကအမျိူးသမီးတွေမှာထက် တော်တော်လေးကို အရွယ်အစားကြီးနေပြီး ဦးနှောက်ရဲ့ ညာဖက်ခြမ်းမှာပိုပြီးလှုပ်ရှားတယ်။ တစ်ဖက်မှာကျတော့ အမျိုးသမီးတွေရဲ့ amygdala ကအရွယ်အစားပိုသေးပြီး ဘယ်ဖက်ခြမ်းမှာပိုအလုပ်လုပ်တယ်။ ဒါကြောင့် အမျိုးသားတွေက ဖိဆီးမှုတွေဖြစ်လာတဲ့အခါ အရာဝတ္ထုပစ္စည်းတွေကို ပြုပြင်ပြင်ဆင်တပ်ဆင်ခြင်းလို လှုပ်ရှားမှုတွေလုပ်ခြင်းဖြင့်တုန့်ပြန်တတ်ကြပြီး၊ အမျိုးသမီးတွေက ဖိဆီးမှုတွေကို အတွေးတွေနဲ့တုန့်ပြန်တတ်တာဖြစ်တယ်။ အဖြစ်အပျက်တွေကို ပြန်တွေးတယ်။ ရင်ဖွင့်တယ်။ ပြောပြတယ်။ အမျိုးသားတွေရဲ့ဦးနှောက်ကို ပစ္စည်းတွေ စနစ်တစ်ကျ ထိမ်းသိမ်းထားတဲ့ ဂိုဒေါင်တစ်ခုနဲ့ခိုင်းနှိုင်းနိုင်ပါတယ်။ ပစ္စည်းတစ်ခုစီတိုင်းကို သေတ္တာတစ်လုံးစီမှာထည့်ထားတယ်။ သေတ္တာကိုလဲ သေသေချာချာ အမှတ်အသားလုပ်ထားတယ်။ သေတ္တာတစ်ခုစီတိုင်းကို တစ်ခြားသေတ္တာတွေကနေ သီးသန့်စီခွဲထားတယ်။ တစ်ဖက်မှာကျ အမျိုးသမီးတွေရဲ့ဦးနှောက်က ရှုပ်ရှတ်ခတ်နေတဲ့ ခရစ္စမတ်ရောင်စုံမီးနဲ့တူတယ်။ အမျိုူးသမီးတွေရဲ့ ဦးနှောက်ထဲမှာရှိတဲ့ အရာမှန်သမျှက တစ်ခုနဲ့တစ်ခုဆက်နေတယ်။ မီးသီးတစ်လုံးကျွမ်းသွားရင် မီးကုံးတစ်ခုလုံးအပေါ်မှာသက်ရောက်မှုရှိတာဖြစ်တယ်။

တစ်‌ဉီးမှာလိုနေတာကို တစ်ဉီးက ဖြည့်ဆီးပေးရင်း ရှင်သန်ဖို့က ဘ၀အဓိပ္ပါယ်ဖြစ်ပါလိမ့်မယ်?

ကောက်နုတ်။ "Marriage Boot Camp," Elizabeth and Jim Carroll, New American Library, 2016

Fr. Richard Hla Min Oo

Add new comment

2 + 18 =