အမျိုးသား + အမျိုးသမီး စိတ်ခံစားချက်များ အကြောင်း ပညာပေး ဝေမျှခြင်း

အမျိုးသား + အမျိုးသမီး စိတ်ခံစားချက်များ အကြောင်း ပညာပေး ဝေမျှခြင်း

{ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စိတ်ဝင်စားတာဖြစ်ပြီး၊ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ နှလုံးသားကိုစိတ်ဝင်စားကြတာဖြစ်တယ်။ }

( တစ်ချို့တွေအတွက် ဖတ်ရတာ စိတ်ကသိကအောက် ဖြစ်မှာဖြစ်ပေမဲ့ ဘုရား၏ လှပတဲ့ ဖန်ဆင်းခြင်းလက်ရာတော်ကို တွေ့ရမှာဖြစ်ပါတယ်။ )

Saul နဲ့ Erin လင်မယားနှစ်ယောက်အကြားမှာ တစ်ယောက်နဲ့တစ်ယောက် လင်မယားတွေလို မခံစားရတော့

ပဲ အခန်းဖေါ်အဖြစ်သာခံစားနေကြရလို့ အိမ်ထောင်ရေးတိုင်ပင်ဆွေးနွေးဖို့ရောက်လာကြတယ်။ ကလေး ၃ ယောက်ရှိတယ်။ ငွေးရေးကြေးရေးကလဲ ဖိဆီးမှုတွေရှိနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်ကြပဲ ချစ်တင်းနှီးနှောခြင်း လုံးဝမရှိတော့ဘူးဖြစ်နေတယ်။ သူတို့ပြောကြတာက သူတို့နှစ်ယောက်တစ်ချိန်လုံးရန်ဖြစ်နေကြတယ်။ တစ်ယောက်ကိုတစ်ယောက်လျစ်လျူရှုလာကြတယ်။ အကြိမ်အရေအတွက် အများစုက သူတို့နှစ်ယောက် ဘာအကြောင်းနဲ့ စပြီး စကားများရန်ဖြစ်ကြသလဲဆိုတာကို မသိကြတော့ဘူး ဖြစ်နေတယ်။ အိမ်ထောင်ရေးကိစ္စ သူတို့တိုင်ပင်ဖို့ရောက်လာတာက ပထမတော့ သူတို့စကားများရန်ဖြစ်နေကြတာအတွက် အဖြေရှာကြဖို့ရောက်လာကြတာဖြစ်တယ်။ ချစ်တင်းနှီးနှောတဲ့ ကိစ္စကို ထည့်သွင်းတောင်မစဉ်းစားခဲ့ကြဘူး။ Erin က ငြင်းခဲ့တာကြာပြီ။ Saul ကတော့ ညစ်ညမ်းဓါတ်ပုံ ဗီဒီယိုတွေနဲ့ စိတ်ဖြေခဲ့ရတာကြာပြီ။ သူတို့ နှစ်ယောက်ပြောကြတာတွေကို နားထောင်ပေးတဲ့ ဆွေးနွေးပေးမဲ့ Jim နဲ့ Elizabeth က သူတို့နှစ်ယောက်ကို ချစ်တင်းနှီးနှောခြင်းကိစ္စအပေါ်အလေးပေး အာရုံထားလာအောင် ပို့ဆောင်ပေးကြတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်တစ်ခုရဲ့ အရေးကြီး အုတ်မြစ်တွေထဲကတစ်ခုဖြစ်တဲ့ ပြည့်ဝပြီး စိတ်လှုပ်ရှားဖွယ်ဖြစ်တဲ့ ချစ်တင်းနီးနှောခြင်းမရှိရင် အိမ်ထောင်ရေးက ပြိုကွဲဖို့ အန္တရယ်ရှိနေပြီဖြစ်တယ်။

Saul နဲ့ Erin ကြားပြသနာက ယောကျာ်းနဲ့မိန်းမ သဘာဝ အကြားလုံးဝကြီးကို ကွဲပြားနေတာတွေအပေါ်နားလည်မှုလွဲနေကြခြင်းဖြစ်တယ်။ ယောကျာ်းနဲ့မိန်းမ ခန္ဓာဖွဲ့စည်းပုံက မတူသလို ဦးနှောက်ဖွဲ့စည်းပုံကလဲ မတူကြပါဘူး။ ယောကျာ်းနဲ့မိန်းမ ခန္ဓာကိုယ်တွင်းရှိ chemistry ဓါတုပါဝင်မှုတွေကလဲ အရမ်းကိုကွာခြားပါတယ်။ ယောကျာ်းရဲ့ခန္ဓာကိုယ်ထဲမှာ ပိုပါဝင်တဲ့ Testosterone ဟောမုန်းက ကြမ်းတမ်းတဲ့ သဘာဝတွေကို ဖြစ်ပါတယ်။ အမျိုးသမီးခန္ဓာထဲမှာ ပိုပါဝင်တဲ့ estrogen က ပြုစု ယုယတတ်တဲ့ သဘာဝကိုဖြစ်စေပါတယ်။ Eric ဖက်ကနေစပြီး ချစ်တင်းနှီးနှောခြင်းလုပ်ဖို့ ဘယ်တုန်းကမှ အစမပြုတာကြောင့် Saul ကစိတ်ခုနေတယ်။ ဒါမဲ့ စိတ်ခုခြင်းရဲ့ အောက်မှာ တစ်ကယ်နက်နက်ရှိုင်းရှိုင်း Saul ခံစားနေရတာက သူ့မိန်းမက သူ့ကိုမလိုလားဘူး၊ ငြင်းပယ်ခံရခြင်း ခံစားချက်ဖြစ်တယ်။ ဒါနဲ့ ညစ်ညမ်း ဓါတ်ပုံ ရုပ်ရှင်တွေနဲ့အဖြေရှာတယ်။ Saul ရဲ့အပြစ်တင်တာကို Eric ကနားလည်တယ်။ ဒါကြောင့် သူ့ဖက်ကနေပီး အဆင့်သေးသေးလေးတွေနဲ့ အစပြုနိုင်ဖို့ ကြိုးစားတဲ့အချိန်တွေလဲရှိတယ်။ ဒါပေမဲ့ သူဒီလိုလုပ်တာကလဲ အမြဲတမ်းမဟုတ်ပဲ အရင်လိုပဲ သူ့ဖက်နေအစမပြုမိတာမျိုးပဲဖြစ်နေတယ်။ ပိုပြီးပွင့်ပွင့်လင်းလင်းပြောရရင် Saul ဖက်က အပြစ်တင်လိုက်တာနဲ့ Eric ကလဲ စိတ်မပါတော့ဘူး ဖြစ်သွားတယ်။ Eric ဖက်ကလဲ သူ့ကို မလိုလားဘူး၊ ငြင်းပယ်ခံရတယ်လို့ ခံစားရတယ်။ သူက အခုလိုအပြစ်တင်တယ်။ ကျွန်မ ဒီအတိုင်းလေးပဲ နဲ့လဲ စွဲဆောင်မှုရှိမနေလို့လား။ ရှင်စိတ်ထလာအောင် ကျွန်မက ညစ်ညမ်း ဇာတ်ကားတွေထဲကလို သရုပ်ဆောင်ရမှာလား။

သဘာဝအရကို အမျိုးသမီးတွေက ကိုယ့်ဖက်ကနေစပြီး ချစ်တင်းနှီးနှောဖို့ အစမပြုတတ်ကြပါဘူး။

ကျွန်တော်တို့သိထားရမှာက ယောကျာ်းနဲ့မိန်းမ ခန္ဓာတွင်း ဝိုင်ယာချိတ်ဆက်ဖွဲ့စည်းပုံက မတူကြတာကြောင့် အခြေအနေတစ်ခုတည်းကိုတောင် တုန့်ပြန်မှုက မတူပါဘူး။ အမျိုးသမီးတွေက ဦးနှောက် ဘယ်ဖက်ခြမ်းနဲ့ ညာဖက်ခြမ်းကို ဟိုဖက် ဒီဖက် အရမ်းကို လျင်လျင်မြန်မြန် ကူးလူးပျံချီ လုပ်နှိင်တာကြောင့် အမျိုးသားတွေထက် ပိုပြီး လူမှုဆက်ဆံရေးလုပ်ကြတယ်။ အမျိုးသားတွေရဲ့ဦးနှောက်က လုံးဝကို အကန့်ခွဲအလုပ်လုပ်တာကြောင့် အာရုံစိုက်ပြီးလုပ်ရတဲ့ အလုပ်တွေမှာ စွမ်းဆောင်ရည်ပိုပြီး မြင့်မားကြတယ်။ အဲဒီလိုုဦးနှောက်အလုပ်လုပ်ပုံ မတူတာက ချစ်တင်းနှီးနှောခြင်းအပေါ်မှာလဲ သက်ရောက်မှုရှိတာကို The University of Pennsylvania ကအခုလို သုတေသနပြုထားပါတယ်။

အမျိုးသားများ၏ လိင်ကိစ္စပိုင်းဆိုင်ရာ အမြင့်ဆုံး ဆန္ဒ ၅ ခု။

(၁) လင်ဆက်ဆံခြင်းကို မကြာခဏ ပြုလုပ်လိုခြင်း။

(၂) မိမိကို လိုလားခြင်း၊ ကိုးကွယ်ခြင်း။

(၃) စိတ်ကူးမျက်စိထဲမှာ ပုံဖေါ် စိတ်ကြွှအောင် လုပ်ခြင်း။

(၄) ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ တက်တက်ကြွကြွ လိင်ဆက်ဆံခြင်း။

(၅) ပါးစပ်ဖြင့် လိင်ခံစားမှု ရယူခြင်း။

အမျိုးသမီးများ၏ လိင်ကိစ္စပိုင်းဆိုင်ရာ အမြင့်ဆုံး ဆန္ဒ ၅ ခု။

(၁) ကိုယ်တစ်ဦး တည်းနဲ့ပဲ လိင်ဆက်ဆံတာဖြစ်စေလိုခြင်း။

(၂) လုံခြုံမှုရှိခြင်း။

(၃) စိတ်ချင်း ထိစပ်ခြင်း၊ နီးကပ်ခြင်း။

(၄) လိင်မဆက်ဆံခင် အပွေ့အဖက်၊ အယုအယ၊ ထိတွေ့မှုကို လိုလားခြင်း။

(၅) ရိုမန်တစ်ဖြစ်စေလိုခြင်း။

အဲဒီတော့ မြင်တဲ့အတိုင်းပဲ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ လိင်ကိစ္စပိုင်းဆိုင်ရာ ဆန္ဒတွေမှာ တူညီနေတာ ထပ်တူကနေတာ တစ်ခုမှ မရှိဘူး။ အဲဒီတော့ ဒီကွာခြားချက်အလယ်မှာ ဘယ်လိုတံတားဆောက်ကြမလဲ။ အနည်းငယ်လေး ထပ်တူးဆွပြီး အချက်အလက်ပို ရှာကြရအောင်။

လိင်ဆက်ဆံခြင်းအတွေ့အကြုံမှာ အပိုင်းလေးပိုင်း ရှိ နေပါတယ်။ အဲဒီမှာ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခံစားချက်ကို လေ့လာကြရအောင်။

Phase One

ဒီရှာဖွေတွေ့ရှိချက်ကနေသိရှိရတာက Excitement phase မှာ အမျိုးသားတွေက စိတ်ကူးယဉ်ပုံဖေါ်တယ်။ အာရုံစိုက်တယ်။ မြန်ဆန်တယ်။ အရမ်းမြန်လွန်းတာလဲ ဖြစ်ကောင်းဖြစ်မယ်။ ချစ်တင်းနှီးနှောနေစဉ်မှာ တစ်ခြားအာရုံရောက်သွားတာလဲ ဖြစ်တတ်တယ်။ ဒါမဲ့ စိုးစဉ်းမျှ ကြံ့ကြာခြင်း မရှိပဲ ချက်ချင်း ဒီဖက်ကို အာရုံပြန်လွှဲနိုင်စွမ်းရှိတယ်။ တစ်ဖက်မှာကျတော့ အမျိုးသမီးတွေက စိတ်ချင်းထိစပ်နေတယ်ဆိုတာ ခံစားရဖို့လိုတယ်။ ချစ်တင်းနှီးနှောနေစဉ်မှာ တစ်ခြားဖက် အာရုံပြောင်းသွားလွယ်တယ်။ ကလေးတွေ၊ ဖုန်းမည်လာလို့ ဖြစ်စေ အာရုံလွဲသွားနိုင်တယ်။ အမျိုးသမီးတွေရဲ့အိမ်ခန်းထဲမှာ အဓိပ္ပါယ် မရှိတဲ့ ဟာသတွေအတွက် နေရာမရှိဘူး။ တစ်ချက်အာရုံနောက်သွားပြီဆိုတာနဲ့ ချစ်တင်းနှီးနှောခြင်းခံစားချက်ထဲကို ပြန်ဝင်ဖို့ဆိုတာ အဲဒီအချိန်မှာ ချက်ချင်း ပြန်မဖြစ်နိုင်တော့ဘူး။

အမျိုးသမီးတွေ သူတို့အချင်းချင်းတွေ့ကြရင် သူတို့ချစ်တင်းနှီးနှောနေစဉ်မှာ သူတို့ခေါင်ထဲမှာ ဘာတွေစဉ်းစားနေသလဲဆိုတာကို ဝိုင်းဖွဲ့ပြောကြတာကို ကြားဖူးလား။ သူတို့စိတ်မပါဘူး၊ အာရုံမလာနေဘူးဆိုရင် ချစ်တင်းနှီးနှောနေစဉ်မှာ နက်ဖြန်စျေးဝယ်ဖို့ စာရင်းတွေ၊ အခု ချစ်တင်းနှီးနှောပြီးရင် ဘာတွေလုပ်မယ် ဆိုပြီး စာရင်းတွေ အစီအရီတွေးနေတတ်တယ်။ ဒါကတစ်ကယ်ကိုဖြစ်တာပါ။ တစ်ချို့့ဟာသအဖြစ်တောင်ပြောကြတယ်။ အကယ်၍များ ချစ်တင်းနှီးနှောနေတဲ့ပုံစံက ခွင့်ပြုမယ်ဆိုရင် ဆက်ဆံနေရင်းနဲ့ လျှော်ပြီးသားအဝတ်တွေကို ခေါက်နေချင်တယ်။ ဒါက ဟာသဖြစ်ပေမဲ့အရမ်းစိတ်မကောင်းစရာဖြစ်ပါတယ်။ ဒါဘာကိုဖေါ်ပြနေသလဲဆိုရင် အမျိုးသမီးတွေက စိတ်ပါလာဖို့ဆိုရင် ရိုမန်တစ်ဆန်ဆန် နိဒါန်းလေးတွေ၊ အပွေ့အဖက်တွေ ကိုအတိုင်းအထာတစ်ခုအထိလိုအပ်တယ်ဆိုတာကို သူတို့ရဲ့ကာမဆက်ဆံဖေါ်တွေက မသိကြတာဖြစ်တယ်။

Phase Two

Plateau phase အရှိန်တက်ပြီး တည်ငြိမ်သွားတဲ့အချီန်မှာကျ အာရုံစိုက်နိုင်မှုက ဖက်ပြောင်းသွားတယ်။ ယောကျာ်းက အမြန်ပြီးချင်နေတယ်။ အမျိုးသမီးက နောက်ထပ်အချိန်ဆွဲပြီးထပ်ခံစားချင်သေးတယ်။ ဒီအဆင့်ကိုရောက်ရင်အမျိးသမီးတွေကစမ်းသပ်မှုတွေ ပိုလုပ်ချင်လာတယ်။ ပညာရှိ အကြံတစ်ခုကတော့၊ ယောကျာ်းဖြစ်သူက ဒီအဆင့်ရောက်မှ လိင်ဆက်ဆံပုံစံကိုပြောင်းပါ။

Phase Three

ခံစားချက်အထိဋ်အထိပ်အဆင့်၊ ပြီးတဲ့အဆင့်မှာတော့ ယောကျာ်းနဲ့မိန်းမအကြား အကြီးကြီးကွာခြားချက်က ယောကျာ်းက တစ်ကြိမ်သုတ်ရည်ထွက်ပြီးတာနဲ့ ပြီးပြီ။ နောက်တစ်ကြိမ်ချက်ချင်း ထပ်မစွမ်းဆောင်နိုင်ဘူး။ အမျိုးသမီးကကျတော့ တစ်ဖက်က ဆက်ပြီး စွမ်းဆောင်နိုင်သလောက် နောက်ထပ်အကြိမ်အရေအတွက်များများကို လက်ခံနိုင်တယ်။

Phase Four

Resolution phase အဆင့်မှာ ယောကျာ်းတွေရဲ့သဘာဝက တစ်ဖက်ကိုလှည့်သွားပြီး အိပ်တော့မယ်။ အဲဒီအချိန်မှာ အမျိုးသမီးတွေရဲ့ သဘာဝက နိုးထ၊ လန်းဆန်းနေပြီး သူတို့ ဘာလုပ်ချင်နေသလဲဆိုတာခန့်မှန်းကြည့်။ စကားပြောချင်ကြတယ်။ ဒီအဖြစ်မျိုးတွေကို ကာတွန်းတွေမှာ ဟာသအဖြစ်ရေးဆွဲတတ်ကြပေမဲ့ တစ်ကယ်တမ်းကျ ဒီကွာခြားမှုက လုံးဝကြီးကို သဘာဝ ပဲဖြစ်ပါတယ်။ အမျိုးသားတွေနဲ့အမျိုးသမီးတွေက တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက အပြစ်တင်တာမျိုးမလုပ်ပဲ ဒီသဘာဝအကြားကွာခြားချက်မှာ အိမ်လေးတစ်လုံးဆောက်လုပ်ရမှာဖြစ်ပါတယ်။

နောက်ဆုံးကွာခြားချက်တစ်ခုကတော့ အထွတ်အထိပ်ခံစားချက်ရောက်ဖို့ အမျိုးသားတွေက အချိန်ဘယ်လောက်ကြာလဲ၊ အမျိုးသမီးတွေက အချိန်ဘယ်လောက်ကြာလဲ။

အထွတ်အထိပ်ကို အမျိုုးသားတွေက ၂ မိနစ်နဲ့ရောက်တယ်။ အမျိုးသမီးတွေက ၁၂ မိနစ်မှရောက်တယ်။ အမျိုးသားတို့၊ ပိုနေတဲ့ ၁၀ မိနစ်မှာ ဘာလုပ်ကြမလဲ။ အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေဖြစ်တဲ့ စိတ်ချင်းထိစပ်နေဖို့၊ အဖွင့် အထိအတွေ့ အပွေ့အဖက် အကိုင်အတွယ်တွေ ပေးနိုင်ဖို့၊ ရိုမန်တစ်ဆန်နိုင်ဖို့ ဒါတွေကို ဖြည့်ဆီးပေးနိုင်ဖို့ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ သဘာဝက တစ်ခါးဖွင့်ပေးထားတာ စိတ်ဝင်စားစရာကောင်းပါတယ်။

နောက်ထပ် ထည့်သွင်းစဉ်းစားဖို့လိုတဲ့ ကွာခြားချက်က အမျိုးသားတွေက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စိတ်ဝင်စားတာဖြစ်ပြီး၊ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ နှလုံးသားကိုစိတ်ဝင်စားကြတာဖြစ်တယ်။ တစ်ခြားစကားလုံးတွေနဲ့ ပြန်ပြောရမယ်ဆိုရင် အမျိုးသမီးတွေက ကာမစပ်ယှက်ချင်းမပြုခင်မှာ သူတို့နှစ်ဦးက စိတ်ချင်းထိစပ်နေတယ်လို့ ခံစားရဖို့ အရင်လိုအပ်တာကြောင့် သင့်အနေနဲ့ သူ့ရဲ့နှလုံးသားကို အရင်မထိတွေ့ဘူးဆိုရင် ချစ်တင်းနှီးနှောခြင်းကို အမျိုုးသမီးအများစုက ငြင်းပယ်ကြမှာဖြစ်ပါတယ်။ အမျိုးသားတွေက ဒါနဲ့ဆန့်ကျင်ဖက်ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းကနေမှ သူဟာ သူမနဲ့ စိတ်ချင်းထိစပ်နေတယ်လို့ အရင်ခံစားရပြီးတော့မှ သူတို့ရဲ့နှလုံးသားကို ပေးလေ့ရှိကြတာဖြစ်ပါတယ်။

စဉ်းစားကောင်းစဉ်းစားမယ်။ ဒီလိုတွေ ကွဲပြားနေအောင် ဘာလို့များဖွဲ့စည်းထားတာလဲလို့။ အဖြေက ဒီလိုပါ။ ပြီးပြည့်စုံတဲ့ standoff ကိုဖန်တီးပေးထားတာဖြစ်တယ်။ ကိုယ်လိုချင်တာကိုရဖို့ဆိုရင် အဓိကသော့ချက်က ကိုယ်ရဲ့အဖေါ်ကို သူလိုချင်တာကို ပေးဖို့ဖြစ်တယ်။ လူနှစ်ဦးကို ထိစပ်စေပြီး၊ မည့်သည့်လူမှုဆက်ဆံရေးကိုမဆို ဖျက်ဆီးစေသည့် တစ်ကိုယ်ကောင်းဆန်ခြင်းဆိုသည့် အဆိပ်ကို ရှောင်ရှားဖို့ ကူညီပေးသည့် လှပတဲ့ နည်းဗျူဟာဖြစ်ပါတယ်။

ဇနီး နဲ့ ခင်ပွန်းအကြား ကာမစပ်ယှက်ခြင်းက ဘယ်လောက်ပြီး ရိုးသွားပြီး ငြီးငွေ့စရာဖြစ်နေပါစေ၊ သူတို့နှစ်ဦးပေါင်းစပ်နေခြင်းက လူသားများအပေါ်် ဘုရားၑ အကြွင်းမဲ့ချစ်ခြင်းကို ပုံဖေါ််စေတယ်။ လူက ဘုရားက ဘယ်လိုအခြေအနေမျိုးမှာမဆို unconditionally love နဲ့ ချစ်နေသလို ဇနီးနဲ့ခင်ပွန်းတို့ကလဲ တစ်ဦးနဲ့တစ်ဦီး အားနဲချက်တွေရော အားသာချက်တွေရော နဲ့ပါချစ်ရတာဖြစ်တယ်။

၁၈ + အမျိုုးအစားဖြစ်ပါတယ်။ ဖြစ်နိုင်သမျှ များများ share ပေးပါ။

 

ကောက်နုတ်။ Todd A. Salzman & Michael G. Lawler, "the Sexual person: Toward a Renewed Catholic Anthropology, Georgetown University Press, Washington DC

Elizabeth and Jim Carroll, "Marriage Boot Camp," New American Library, New York, NY, 2006 ‌

Fr. Richard Hla Min Oo

Add new comment

2 + 3 =