အမျိုးသားနဲ့အမျိုးသမီး လက်ထပ်ထိမ်းမြားကြတဲ့ အဓိကပင်မအကြောင်းရင်းများ

Real Reason

            ဒီနေ့မှာ အမျိုးသားနဲ့အမျိုးသမီး လက်ထပ်ထိမ်းမြားကြတဲ့ အဓိကပင်မအကြောင်းရင်းများ ကို မျှဝေသွားချင်ပါတယ်။

            မိမိတို့က အိမ်ထောင်ကျသွားပြီ ဒါဆိုရင် ဘာဖြစ်လို့ လက်ထပ်ကြတာလဲ။ မိမိက Single ဖြစ်နေရင်တော့ ဘာကြောင့် လက်ထပ်ချင်ကြတာလဲ?  စဉ်းစားကြည့်ရင်တော့၊ အဖြေပေါ်မှာပဲနော်။

            လူတိုင်းမှာ လက်ထပ်ကြရဖို့အတွက် အကြောင်းပြချက်တွေ ကိုယ်စီအများကြီးရှိမှာပါ။

            အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်လိုက်ကြပြီဆိုရင် တစ်ယောက်ကိုတစ်ယောက် ကူညီ ထောက်ပံ့ပေးချင်တဲ့ ဆန္ဒတွေက တဖွားဖွားပေါ်လာမှာ အမှန်ပါပဲ။ ချစ်တာကတော့ အဓိကပေါ့နော်။ ချစ်လို့ အရာရာကိုလုပ်ဆောင်ပေးချင်ကြမှာပါပဲ။ ချစ်တော့ အနစ်နာခံပေးမယ်။ လိုက်လျောပေးမယ်။   

ကျွန်မတို့ခရစ်ယာန် ကမ္ဘာဦးကျမ်း ၂:၁၈ မှာ ထာဝရဘုရားသခင်က ယောက်ျားတစ်ယောက် တည်း မနေကောင်း၊ သူနဲ့သင့်တော်မယ့် အထောက်အမကို ငါလုပ်အုန်းမည်ဟု အကြံရှိတော်မူသည်။ ဒါကြောင့်မို့ ယောက်ျားအတွက် အကူအညီပေးမယ့် အမျိုးသမီးကို ဇနီးမယားအဖြစ် ဖန်ဆင်းတော်မူ ခဲ့ပါတယ်။

            ဒါကြောင့် ဇနီးမယားကလည်း မိမိလက်တွဲဖော်ကို အကြောင်းအရာပေါင်းစုံနဲ့ ထောက်ပံ့ ပေးချင်တာပဲ၊ စိတ်ဖိစီးနေရင်  လက်တွဲဖော်ကို အားပေးတဲ့စကားတွေနဲ့ နားထောင်ပေးရင်း စိတ်ပျက်အားငယ်နေရင် ပူပင်သောကတွေရောက်နေရင် မိမိက ကူညီထောက်ပံ့ပေးချင်တဲ့ ဆန္ဒတွေ က ဖြစ်လာတာပါ။

            ဒီနေ့ခေတ်အရ အိမ်ထောင်တစ်ခုမှာ ငွေကြေးကဏ္ဍက အင်မတန်အရေးကြီးပြီး လိုအပ်လှပါ တယ်။ ဒီတော့ လက်တွဲဖော်နှစ်ယောက်စလုံး ဝင်ငွေရနိုင်မယ့် အလုပ်တွေကို ကိုယ်စီလုပ်ကိုင်ရင်း အိမ်စရိတ်ကို အတူထောက်ပံ့နိုင်ရင် အကောင်းဆုံးပါ ဝန်ထုတ်ဝန်ပိုးမဖြစ်တော့ဘူးပေါ့။

            ဝိညာဉ်ရေးနဲ့ ပတ်သက်တဲ့ ဘုရားသွားကျောင်းတက်အတူရှိနေမယ်ဆိုရင် တစ်ဦးရဲ့ အတွင်း စိတ်ကို ထောက်ပံ့ပေးတဲ့ သဘော တစ်ဦးနဲ့တစ်ဦး ဝိညာဉ်ရေးဆိုင်ရာနဲ့ တွဲထားသလို ဖြစ်စေတာ ပါပဲ။

            လက်တွဲဖော်က စိတ်ညစ်နေရင် မိမိက စိတ်ခွန်အားတွေပေးချစ်တာ။

            လက်တွဲဖော်နဲ့ အတွေးတွေအတူတူရှိနေချင်တာ၊ ဒါတွေက ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေး တာပါပဲ။ လက်တွဲဖော်က စိတ်ဓာတ်ကျနေမယ်။ နေမကောင်းဖြစ်နေမယ်။ ဒါဆိုရင် မိမိက ဘေးကနေ အတူရှိနေပေးချင်တာ။ နှစ်ဦးသဘောတူ လွတ်လွတ်လပ်လပ် အတိုက်မခံမလုပ်၊ မခုခံပဲ စိတ်ခံစားမှုဆိုင်ရာမှာ ပါဝင်ပတ်သက်ပေးချင်တာ။ ဒါတွေကလည်း အကျင့်စာရိတ္တနဲ့ဆိုင်ရာတွေ ထောက်ပံ့ပေးမှုတွေပါပဲ။

            နောက်အဓိကပင်မ အကြောင်းရင်းထဲမှာ ခန္ဓာကိုယ်ချင်း ရင်းနှီးမှုရှိချင်တဲ့ ဆန္ဒတွေရှိချင်ကြ တယ်။ ဒီအကြောင်းပြောရတာ ပြောတဲ့သူကော၊ ကြားရတဲ့သူကော စိတ်သက်တောင့်သက်သာ မဖြစ် တာ အမှန်ပါပဲ။ ဒါပေမယ့် လက်ထပ်ထိမ်းမြားခြင်းမှာ intimacy sex က အဓိက အခန်းကန္တက ပါဝင်နေတာပါ။ ဒါကလည်း လူသားတစ်ယောက်ရဲ့ တရားဝင်ပိုင်ဆိုင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ပါ။ နှစ်ဦးနှစ်ဘက် သဘောတူညီမှုတွေယူပြီး လက်ထပ်ကြတယ် ဘာဖြစ်လို့လဲဆိုတော့ ညီအစ်ကို မောင်နှမဆီမှာ၊ မိဘဆီမှာ၊ သူငယ်ချင်းဆီမှာ အပေါင်းအဖော်တွေရှိပေမယ့် ကိုယ်ချင်းရင်းနှီးမှုက လက်ထပ်ထမ်းမြားမှုကနေ ရတာပါ။ အဓိက အကြောင်းရင်းက နှစ်ကိုယ်ပေါင်းဖော်ရင်းနှီးရှိတဲ့ လက်ထပ်ထိမ်းမြားခြင်း Marriage intimacy ပါပဲ။

            နောက်အကြောင်းအရာတစ်ခုကတော့ တချိန်ချိန်မှာ သားသမီးတွေနဲ့ မိဘတွေအဖြစ် အဲ့ဒီလို မိသားစုမျိုးကို ဖန်တီးချင်ကြလို့လဲ ထင်ပါတယ်။

            ဘာဖြစ်လို့လဲဆိုတော့ - လက်ထပ်ထိမ်းမြားလိုက်တယ် သားသမီးတွေရလာတယ်။ အဲ့ဒီလို မိသားစုဘဝ ရရှိလာတာကို လက်ထပ်ထိမ်းမြားခြင်းက ပြည့်စုံသွားပြီလို့ ယူဆလို့လဲဖြစ်မှာပါ။

            သားသမီးတွေဆိုတာက လက်ထပ်ထိမ်းမြားခြင်းရဲ့ တစိတ်တပိုင်းမဟုတ်ပေမယ့်။ သူတို့က မိသားစုရဲ့ တစ်စိတ်တပိုင်းပါ။ ဒီတော့ မိဘနှစ်ပါးက နေကြီးပျင်းလာအောင် ကောင်းမွန်စွာ ပြုစု မျိုးထောင်ပေးရမှာပါ။

            လူကြီးမိဘတွေပြောလေ့ရှိတဲ့စကားလေးရှိပါတယ်။

            မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ကလေးတစ်ယောက် တခြားသူကို ချစ်တတ်အောင် သင်ပေးသလို

            ဖခင်တစ်ယောက်ရဲ့ စည်းကမ်းဥပဒေက ကလေးတစ်ယောက်ကို စည်းကမ်းဘောင်အတွင်း နေတတ်ပုံ ကူညီပေးတယ်လို့ ဆိုပါတယ်။

            ခရစ်ယာန်ကမ္ဘာဦးကျမ်းမှာ ထာဝရဘုရားက ဘုရားကိုရိုသေတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ မိဘတွေ က တည်ဆောက်ရမည်။ မိဘတွေရဲ့ စိတ်ထဲမှာလည်း ဘုရားရဲ့ တန်ဘိုးကို ပျံ့နှံ့စေဖို့ မိသားစုအတွင်း မှာလဲ ဘုရားရဲ့တန်ဘိုးကို သိဖို့ လုပ်ဆောင်ပေးရမှာပါ။

            ဇနီးမယားက ခင်ပွန်းအပေါ်မှာ သစ္စာစောင့်သိရမယ်။ ခင်ပွန်းကလည်း ဇနီးအပေါ် သစ္စာ စောင့်သိရမယ်။ အဲ့ဒီလိုမှ နှလုံးသားကို မကာကွယ်နိုင်ရန်  အခြားအမျိုးသား/အခြားအမျိုါ်သမီးတွေ ဆီ ဆွဲငင်ရာကို ပါသွားတတ်ပါတယ်။

            ဒါကြောင့် နေ့စဉ်ဘဝတလျှောက် marital vows တွေ တည်ဆောက်ရအောင်ပါ။

            ချစ်တဲ့စုံတွဲတွေကနေ စံပြအိမ်ထောင် Model Marriage ဖြစ်ပါစေ။ ချစ်တဲ့ သားသမီးတွေနဲ့ အတူတည်ဆောက်တဲ့ စုံတွဲတွေဖြစ်ပါစေ။

            ဒါတွေကတော့ လက်ထပ်ထမ်းမြားခြင်းရဲ့ အဓိကအကြောင်းရင်းပဲလို့ ယူဆလို့ ရနိုင်ပါတယ် ဆိုတာ message ပေးရင်း ဒီနေ့အတွက် ရပ်နားလိုက်ပါ့မယ်။ 

Add new comment

2 + 3 =