အမျိုးသားတယောက်က သူ့ချစ်သူကိုအချစ်စစ်နဲ့ တကယ် ချစ်၊ မချစ်ဆိုတာကို သူ့ရဲ့ အရိပ်အခြည်ကနေ သိနိုင်ပါတယ်

Sign

          ဒီနေ့မှာ အမျိုးသားတယောက်က သူ့ချစ်သူ မိန်းခလေးအပေါ်မှာ အချစ်စစ် အချစ်မှန်ရဲ့ အမှန်တကယ် ချစ်တယ်ဆိုတာကို သူ့ရဲ့ အရိပ်အခြည်ကနေ သိနိုင်ပါတယ် ဆိုတဲ့အကြောင်း မျှဝေ ပေးသွားချင်ပါတယ်။

          လူတိုင်းကိုယ်စီရင်ထဲမှာ ချစ်ခြင်းမေတ္တာတွေရှိကြပါတယ်။ မိမိကလက်တွဲဖော်ကို ချစ်သလို လက်တွဲဖော်ဆီကလည်း မိမိကဲ့သို့ အချစ်စစ် အချစ်မှန်ကို ပြန်ရချင်ကြတာချည်းပါပဲ။

          အချစ်ဆိုတာ တကိုယ်ကောင်းမဆန်ဘူး။ စွန့်လွှတ်အနစ်နာခံနိုင်တယ်။ အကယ်၍ လက်တွဲဖော်က သင့်ကို ချစ်တယ်ဆိုရင် သူ့ရဲ့အမူအယာ action တွေက ရောင်ပြန်ဟပ်မှာပါပဲ။

          Speak louder than words.

          Rings tuner than ever. လို့ စကားရှိပါတယ်။ Dating လုပ်ရင် ဒီ relationship မှာ တယောက်သော သူကတော့ အချစ်စစ် အချစ်မှန်ရှိတယ်ဆိုတာ သူ့ရဲ့ အပြုအမူတွေက အစစ်အမှန်တွေဆိုတာ သိသာစေပါတယ်။

          မိန်းကလေးတယောက်အနေနဲ့ ကိုယ့်လက်တွဲဖော်က တကယ်ချစ်တယ် မချစ်ဖူးဆိုတာ တဖက်လူဆီက Sign တွေ အရိပ်အခြည်တွေ မြင်ရမှာပါပဲ။

          လက်တွဲဖော်ကို အမှန်တကယ် ချစ်တယ်ဆိုရင် ကာကွယ်ပေးမှာ အမှန်ပါပဲ။ ချစ်သူရဲ့ အရင်က ဖြစ်ခဲ့တဲ့ အရှုပ်အထွေးတွေကိုလည်း ကြိုးပမ်းဖြေရှင်းပေးမှာပါပဲ။ သူနဲ့ သက်ဆိုင်နေတဲ့ အတွက်လည်း အထူးစောင့်ရှောက်ပေးမှာ အမှန်ပါပဲ။ မိန်းကလေးတယောက်အနေနဲ့ ကိုယ့်လက်တွဲ ဖော်က နွေးနွေးထွေးထွေးဆက်ဆံရင် လုံခြုံတယ်လို့ ယူဆမှာပဲ။ Care လုပ်မှုတွေက သိသာပါတယ်။ ဒါတွေက သူ့ချစ်သူကို အဆုံးအရှုံးမခံနိုင်လို့ သိသာပါတယ်။ ဒါတွေက သူ့ချစ်သူကို အဆုံးအရှုံး မခံနိုင်လို့ ဒီယောကျ်ားလေးက ဒီလို Sign တွေ ပြတာပဲ မဟုတ်လား။

          ဒီယောကျ်ားလေးက သူ့ချစ်သူကို အမှန်တကယ် ချစ်တယ်ဆိုရင် ရိုသေစွာနဲ့ ဆက်ဆံမှာပါ။ ချစ်သူရဲ့ ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်ဘက် မလုပ်ဖူး။ ချစ်သူရဲ့ ဆုံးဖြတ်ချက်တွေကို တည်ငြိမ် ရင့်ကျက်စွာနဲ့ respect ပေးတတ်တယ်။ ချစ်သူရဲ့ စိတ်ကူးစိတ်သန်းတွေ ဂုဏ်ပြုကြိုဆိုပေးတယ်။ ဘယ်တော့မှ အနိုင်အထက်မပြုဘူး။

          အမှန်တကယ် ချစ်တဲ့သူက ကိုယ့်ချစ်သူကို ဖျားယောင်းတွေးဆောင်တာတွေ မရှိဘူး။ အခြား သူက သူ့ကို ဖျားယောင်းသွေးဆောင်ခဲ့ရင်လည်း သူ့မှာ ချစ်သူလက်တွဲဖော်ရှိလို့ ဒီယောကျ်ားလေးက အဝေးကို ရှောင်ထွက်သွားမှာပါပဲ။

          ဒီအမျိုးသားက အမှန်တကယ် ချစ်တယ်ဆိုရင် သူ့လက်တွဲဖော်ရဲ့ စိတ်ခံစားချက် feelings တွေ အရာရာတိုင်းကို ပထမဦးစားပေးကြစမြဲပါ။ မိမိချစ်သူက ဘယ်လိုစဉ်းစားဆင်ခြင်နေတာလဲ။ သူက သိနေတယ်။ ချစ်သူရဲ့ အပြစ်အနာအဆာကို အကောင်းဖြစ်အောင် ပြန်ပြုပြင်တယ်။ ချစ်သူနစ်နာစေမဲ့ အရာအားလုံးကို လျော့ချပစ်တဲ့သူပဲ ဖြစ်ပါတယ်။

          ချစ်တယ်ဆိုတဲ့ နေရာမှာလည်း မာနတို့ အတ္တတို့ ကင်းတဲ့အချစ်နဲ့ ချစ်တယ်။ သူ့ရဲ့ အလိုဆန္ဒ အတ္တလို ဖယ်ထားပြီး သူ့ကိုယ်သူ့သက်သေအဖြစ်ပြပြီး ချစ်တတ်တဲ့ လူစားမျိုးပါ။

          အမျိုးသားတယောက်က သူ့လက်တွဲဖော်ကို အမှန်တကယ်ချစ်တယ်ဆိုရင် ချစ်သူကို ကူညီထောက်ပံ့မှုတွေ လိုလေသေးမရှိပေးတတ်ကြတယ်။ ချစ်သူရဲ့ အောင်မြင်မှုကို အမြဲ ဂုဏ်ယူစွာနဲ့ celebrate လုပ်လေ့ရှိတယ်။ ဒီမိန်းကလေးက သူ့ကို ပြန်ချစ်နိုင်ဖို့ လှုံ့ဆော်မှု အမျိုးမျိုး ပေးပြီး ပြုမူတတ်တဲ့သူပါ။

          ဒီအမျိုးသားက လူ့လက်တွဲဖော်ကို သူ့ရဲ့ အပေါင်းအသင်းတွေ ဆွေမျိုးတွေနဲ့ သူ့ချစ်သလို သူ့လက်တွဲဖော်ကို ချစ်နိုင်ဖို့တွေ့ဆုံပေးတယ်။ လက်တွဲဖော်ရဲ့ အရေးကြီးတဲ့ အရာအားလုံးမှာလည်း ပါဝင်ချင်တယ်။ သူ့ရဲ့ဘဝနဲ့ လက်တွဲဖော်ရဲ့ ဘဝနှစ်ခုကို စုပေါင်းစေတဲ့ သဘော ဖန်တီးပေးတယ်။ ဒါဟာအမှန်တကယ်ချစ်လို့ဆိုတာ သိသာစေပါတယ်။

          အချစ်စစ် အချစ်မှန်ဆိုတာ ရယူခြင်းထက် ပေးဆပ်ခြင်းကို အဓိကထားကြတယ်။ လက်တွဲဖော်ရဲ့ လိုအပ်ချက်အားလုံးမှာ ပါဝင်ချင်တယ်။ လက်တွဲဖော်ရဲ့ လုပ်ဆောင်ရမဲ့ကိစ္စအဝဝကို တာဝန်ယူလုပ်ကိုင်ပေးလေ့ရှိကြတယ်။

          အမှန်တကယ်ချစ်တဲ့သူက သူတယောက်တည်းလို့ မတွေးဖူး။ သူ့ချစ်သူနဲ့ နှစ်ယောက်လို့ပဲ တွေးတတ်ကြတယ်။ ငါတို့က တဦးတယောက်စီမှာ ရှိနေပေမဲ့ အမြဲ ပေါင်းစည်းပြီး combined team လို့ မှတ်ယူ ကိုင်စွဲထားကြတယ်။ ဘယ်လို အကြောင်းအရာတွေပဲ ဖြစ်နေပါစေ။ မခွဲခြားတော့ပဲ။ ငါ့ဘဝမဟုတ်ဘူး။ ငါတို့ဘဝလို့ ခံယူထားကြတယ်။

          လက်တွဲဖော်က ဘာမှ မပြောရသေးခင်မှာပင် ဘာပြောမယ်။ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ သိနေတဲ့သူဖြစ်တယ်။ ဒါဟာ နှစ်ဦးစလုံး အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြရင် သူတို့က connect ဖြစ်ပြီးသွားတဲ့ သဘောပေါ့နော်။ လက်တွဲဖော်ရဲ့ စိတ်ခံစားချက်ကို နားလည်တယ်။ မျက်လုံးကို ကြည့်လိုက်တာနဲ့ အရာရာကို သိပြီးသား၊ ဆက်နွယ်မှုတွေ ပိုပြီးရှိကြတဲ့အတွက် လက်တွဲဖော်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့သူ ဖြစ်ပါတယ်။

          လက်တွဲဖော်ရဲ့ ပျော်ရွှင်မှုက သူ့ရဲ့ပျော်ရွှင်မှုပဲလို့ သတ်မှတ်ထားတယ်။ အမှန်တကယ် ချစ်လို့ အဲဒီလို ခံစားချက်ဖြစ်ဖော်တာပါ။ ရောင်ပြန်ဟပ်တဲ့ သဘောပါပဲ။ တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က တယောက်က ထောက်ပံ့ပေးမယ်။ ကိုယ့်လက်တွဲဖော် ပျော်နေတာကို မြင်ချင်တယ်။ နောက်ပြီး ချစ်သူပျော်ဖို့ အရာရာကို လုပ်ဆောင်ပေးမယ်။ ဒါဟာ အမှန်တကယ်ချစ်လို့ ပါပဲ။

          လက်တွဲဖော်က မိမိကို တကယ်ချစ်တယ်ဆိုတာ အလိုအလျောက် ခံစားတတ်လာမယ်။ သိလာမယ်။ ဒါ့အပြင် မိမိကို ချစ်တဲ့အတွက် အတွင်းစိတ်မှာ ပျော်ရွှင်တယ်။ ငြိမ်းအေးတယ်ဆိုတာ ခံစားရရင် ဒီချစ်သူက မိမိကို တကယ်ချစ်လို့ပဲ မှတ်ယူလိုတာပါ။

          ဒီအကြောင်းအရာတွေဟာ true love ရဲ့ အခြေခံအကြောင်းအရာတွေပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

11 + 0 =