အမျိုးသားတစ်ယောက်က သူချစ်တဲ့ သူဆီက အချစ်တွေရနိုင်ဖို့ ဘယ်လိုအပြုအမူတွေနဲ့ တောင်းဆိုရင် ရန်နိုင်မလဲ

Approach
ဒီနေ့မှာ အမျိုးကောင်းသားတစ်ယောက်က သူချစ်တဲ့ အမျိုးသမီးဆီကနေ အချစ်တွေရနိုင်ဖို့ ဘယ်လိုအရည်အချင်းတွေ ဘယ်လိုအပြုအမူတွေနဲ့ တောင်းဆိုရင် ရန်နိုင်မလဲ ဆိုတဲ့အကြောင်း Sharing ပေးသွားချင်ပါတယ်။
သောတရှင်များရှင့် ကျွန်မက ယောက်ျားလေးတစ်ယောက်နေရာကနေ ဝင်တွေးပြီးရေး/ပြော ရတဲ့အတွက် မဆီလျော်တဲ့ အကြောင်းအရာများရပါခဲ့ရင် နားလည်ပေးပို့ အရင်ဦးဆုံး ပြောချင်ပါ တယ်။
ဒီအမျိုးကောင်းသားတစ်ယောက်က သူ့ Crush ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ပြီး ချစ်မေတ္တာတွေတောင်းခံဖို့ သူ့မှာ လျှို့ဝှက်ချက်တွေရှိမယ်၊ အောင်မြင်တဲ့ ချဉ်းကပ်နည်း တွေနဲ့ ရှိနေမယ်ဆိုရင် ဘယ်တော့မှ ကျရှုံးမှာမဟုတ်ပါဘူးလို့ အမျိုးကောင်းသားက ဆိုပါတယ်။
အဲ့ဒီတော့ ဘယ်လိုချဉ်းကပ်ပြီး တောင်းဆိုမလဲ။
သူ့ Crush ဖြစ်တဲ့ မိန်းကလေးကို ပထမဦးဆုံး အရိုအသေပေးပြီး ချဉ်းကပ်ရင် အဆင်ပြေမှာ ပါ။ ဒီနေ့ခေတ်မှာ ပတ်ဝန်းကျင်က ပြောဆိုမှာကို စိုးရိမ်ပြီး လျှို့ဝှက်နေဖို့မလိုပါဘူး။ ပေါ်ပေါ် တင်တင်ပဲ ချဉ်းကပ်လိုက်မယ်၊ ဖိုသဘာဝအလျောက် သူ့ခံယူချက်က ဘယ်တော့မှ ပျက်ပြယ်မှာ မဟုတ်ဘူး။ လက်တွေ့နီးနီးကပ်ကပ် ဆွေးနွေးပြောဆိုမယ်။ အဆင့်ရှိတဲ့ အမျိုးကောင်းသားဖြစ်တဲ့ အတွက် ယဉ်ကျေးမှုမရှိတဲ့သူအဖြစ်တော့ မထင်မှတ်ခံနိုင်ဘူး ယုံကြည်မှုအပြည့်နဲ့ ယတိပြတ်ပြော မယ်။ ကိုယ့် Crush ဖြစ်တဲ့ မိန်းကလေးကို အရိုအသေပေးတဲ့ သဘောနဲ့ ညင်သာတဲ့စကား အသုံးအနှုန်းတွေနဲ့ ချစ်မေတ္တာကို တောင်းဆိုမယ်။
အမျိုးသမီးတွေဆိုတာ ကဗျာဆန်တဲ့ စကားလုံးတွေ၊ အပြောအဆိုတွေနှစ်သက်ကြတယ်။ နားဝင်ချိုစေတယ်၊ မဟုတ်လား။ ဒီတော့ အပြန်အလှန် အရိုအသေတွေပေးရင်း စစ်မှန်တဲ့ ဆက်သွယ် မှုတွေနဲ့ အခြေခံတည်ဆောက်လို့ရနိုင်မှာပါ။
အမျိုးကောင်းသားတစ်ယောက်က သူချစ်တဲ့ အမျိုးသမီးကို စူးစူးစိုက်စိုက်ကြည့်တဲ့ အကြည့် တွေက စကားတစ်လုံးမှ မပြောပေမယ့် Silent language ဖြစ်သွားပါတယ်။ အဲ့ဒီလို ယုံကြည်မှု အပြည့်နဲ့ ကြည့်တဲ့အတွက် မိန်းကလေးရဲ့ ဦးနှောက်ဆီကို တိုက်ရိုက်ရောက်သွားအောင် ကြည့်ပြီး သူ့ရဲ့ အချစ်ကို အချက်ပြတတ်ကြပါတယ်။ ဒါကလည်း အမျိုးကောင်းသားတစ်ယောက်ရဲ့ ဆွဲဆောင် မှုအားတွေနဲ့ ချစ်ခင်ရင်းနှီးခွင့်လိုချင်တဲ့ ဆန္ဒကိုထုတ်ဖော်တတ်ကြပါသေးတယ်။
အမျိုးကောင်းသားတစ်ယောက်ဟာ သူ့ရဲ့ Crush နဲ့ ချိုသာတဲ့အပြောအဆိုတွေနဲ့ ပြောဆို ပြုမူတာကလည်း မိန်းကလေးတစ်ယောက်ပြန်ချစ်စေနိုင်တဲ့ အဓိကသော့ချက်ဆိုရင်လည်း ပြောလို့ ရပါတယ်။ မိန်းကလေးပြောတာတွေကို သူ့ရဲ့အကြားအာရုံမှာ ဉာဏ်ရှိရှိသုံးပြီး နားထောင်ပေးတယ်။ လူတစ်ယောက်ရဲ့ ပြောစကားကို မက်မက်မောမော နားထောင်လက်ခံပေးတဲ့သဘော လေးနက်တဲ့ နားလည်မှုရှိတဲ့သဘောနဲ့ နားထောင်ပေးတာကလည်း အမျိုးသမီးတစ်ယောက်ကို မေတ္တာစစ် မေတ္တာမှန်နဲ့ တန်ဘိုးထားတဲ့သဘော သက်ရောက်စေပါတယ်။ ဒီတော့ အမျိုးသမီးက ပြန်ပြီး မတွန်း လှန်နိုင်တဲ့သူဖြစ်သွားအောင် လုပ်နိုင်တာဟာလည်း အမျိုးကောင်းသားတစ်ယောက်ရဲ့ ပါဝါဆိုရင် မမှားပါဘူး။
အမျိုးကောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် သူ့မိန်းကလေးနဲ့ ပြောဖို့ အကြောင်းအရာ အချက်အလက်တွေကို ကြိုတင်ပြင်ဆင်ထားလေ့ရှိတယ်။ အချစ်ကို တစ်ကြိမ်တစ်ခါတောင်းဆိုတာနဲ့ မှတ်မိသွားအောင်၊ ထိမိသွားအောင် ကြိုတင်ပြင်ဆင်ထားလေ့ရှိတယ်။ တစ်ကြိမ်တစ်ခါတောင်းဆို တာနဲ့ မှတ်မိသွားအောင်၊ ထိမိသွားအောင် ကြိုတင်ပြင်ဆင်တာပဲ ဖြစ်တယ်။ ပထမဆုံးအကြိမ် အချစ်ကို ဖွင့်ဟပြောဆိုရတာက အဓိက သော့ချက်ဆိုတာ သိထားတယ်။ ဒီလို အဖွင့်စကားမှာ မေး ရမယ့် မွေးခွန်းက လျှို့ဝှက်လက်နက် တစ်ခုလို့ ယုံကြည်ထားတယ်။ စစချင်း အဖွင့်မေးခွန်းကို မေးတတ်မှ ကိုယ့်ရဲ့အတွေးနဲ့ ရည်ရွယ်ချက်တွေကို သိပြီး လက်ခံလာနိုင်မှာပါ။
သူ့ရဲ့ မိန်းကလေးနဲပ ပထမဆုံးတွေ့ဆုံတဲ့အခါ Frist Impression က အရေးကြီးဆုံးဆိုတာ အမျိုးကောင်းသားတိုင်းသိပါတယ်။ ဝတ်စားဆင်ယင်ပုံ သပ်ရပ်မှုရှိမှ အဆင့်ရှိတဲ့ အမျိုးကောင်းသား တစ်ယောက်ဆိုတာ ပေါ်လွင်မျာဖြစ်တယ်။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား သဘောထားတွေနဲ့ ဥပဓိရုပ်ကိုပါ တစ်ပါတည်း ပေါ်လွင်သွားစေပါတယ်။ အမျိုးကောင်းသမီးတွေကလည်း အဲ့ဒီလိုပုံစံကို appreciate ဖြစ်ကြတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိရင် အမျိုးသမီးတစ်ယောက်ရဲ့ မေတ္တာရနိုင်မှာ အမှန်ပါပဲ။ မလွဲတော့ပါဘူး။
အမျိုးကောင်းသားတစ်ယောက်အနေနဲ့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဝတ်စားဆင်ယင်မှုဟာ ကိုယ်ချစ်တဲ့ သူ့ရဲ့ ရှေ့မှာ အင်မတန်မှ ထိရောက်တဲ့ လက်နက်တစ်ခုလိုပါပဲ။ မိန်းကလေးကနေ ပြန်ပြီး Crush ဖြစ်သွားစေတာပါ။ အဲ့ဒီလိုပုံစံက မိမိကိုယ်ကို တန်ဘိုးထားတယ်ဆိုတာ ပေါ်လွင်စေပါ တယ်။ အဲ့ဒီလိုပုံစံမျိုးတွေနဲ့ အချစ်တောင်းခံရင် ဘယ်တော့မှ အချစ်တောင်းခံတာမဆုံးရှုံးပါဘူး။
အမျိုးသားတစ်ယောက်က မိမိကိုယ်မိမိ ယုံကြည်မှုတွေမရှိလို့ အချစ်ကို မတောင်းဆိုခဲ့ဘူး ဆိုရင် ဘယ်လိုလုပ်ပြီး မိမိ Crush ဖြစ်တဲ့သူ့ရဲ့ အချစ်ကို ရနိုင်တော့မှာလဲ။ မိမိအာရုံက ဆွဲလမ်း နေပြီး အတွေးလွန်နေမယ်ဆိုရင် မိမိချစ်တဲ့သူဆီကို မေးခွန်းမမေးတဲ့အတွက် အဖြေဆိုတာ လည်းရှိလာမှာ မဟုတ်ပါဘူး။
အဆင့်ရှိတဲ့ အမျိုးသားတစ်ယောက်က ကြည်လင်တဲ့အတွေးတွေရှိမှ မိမိတောင်းဆိုမယ့် အကြောင်းအရာကလည်း ချောမောစွာ သက်တောင့်သက်သာရှိစွာနဲ့ ပြောနိုင်မှာပါ။ ဒီအမျိုးသားရဲ့ မိမိကိုယ်မိမိ ယုံကြည်မှုရှိမှုတွေ အတွေးအခေါ် ကြည်ကြည်လင်လင်ရှိမှုတွေကို ဒီအမျိုးသမီးက မြင် ရရင် သူ့ကို မချီးမွမ်းပဲ မနေနိုင်တော့ဘူး။ ဒီလို အမျိုးကောင်းသားဆီမှာ သူ့ဘဝကို အပ်နှံဖို့ မကြောက်တော့ဘူးလို့တွေးလာပါလိမ့်မယ်။ ဒါတွေကို The Game of love လို့ ဆိုကြပါတယ်။
အမျိုးကောင်းသမီးတို့ သဘာဝက သိပ်ပြီးမသိကျွမ်းတဲ့သူကို သတိထားကြတယ်။ အများက ဝေဖန်မှာကိုလည်း စိုးရွံ့ကြတယ်။ ဝေဖန်မခံနိုင်အောင်လည်း ကြိုတင်ပြင်ဆင်လေ့ရှိကြတယ်။ မိန်းမ သဘာဝအရ သူ့ကို Crush ဖြစ်တဲ့သူက စောင့်ရှောက်ပေးရင် hero သူရဲကောင်းလို့ သတ်မှတ်ပြီး ကျေနပ်တတ်ကြတယ်။
ဒါကြောင့်မို့ အမျိုးကောင်းသားတစ်ယောက်အနေနဲ့ မိမိ Crush ဖြစ်တဲ့ မိန်းကလေးကို ဖွင့်ဟ ပြောဆိုလို့ ငြင်းပယ်မှာကို မစိုးရိမ်ပါနဲ့ မိမိမှာ အခုတင်ပြခဲ့တဲ့ အရည်အသွေးတွေရှိရင် မိမိ Crush ဖြစ်တဲ့သူဆီကနေ အပေါင်းလက္ခဏာတစ်ခုကို ရမှာပါဆိုတာ တင်ပြရင်း နောက်ထပ်လည်း အပေါင်း လက္ခဏာတွေ အများကြီးရနိုင်ပါစေလို့ ကျွန်မက ဆုမွန်ကောင်း တောင်းပေးရင်း နိဂုံးချုပ်ပါတယ်။
 

Add new comment

3 + 11 =