အမျိုးသမီးတွေ ကျန်းမာရေးဟာ မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတဲ့ အကြောင်း

Woman’s health

            ဒီနေ့မှာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးက မိသားစုအတွက် ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ အကြောင်းကို မျှဝေပေးချင်ပါတယ်။

            ဥပမာလေးတစ်ခုနဲ့ အရင်ဆုံးတင်ပြပေးချင်ပါတယ်။ မိသားစုတစ်စုကို ခြုံစောင်တစ်ထည်နဲ့ ဥပမာထားချင်ပါတယ်။ ဒီခြုံစောင်မှာ အပေါက်အပြဲတစ်ခုရှိခဲ့ရင် အိပ်တဲ့အခါမှာ အပေါက်သေးပေမဲ့ လေးတိုးတဲ့အတွက် အိပ်ရတာ အစဉ်မပြေဘူး။ အိပ်ရေးပျက်သလိုဖြစ်တယ်။ ဒီအပေါက်လေးကို ဖာ လိုက်မှ ခြုံရတာအဆင်ပြေသွားတယ်။ အိပ်ရတာ အနှောက်အယှက်မဖြစ်တော့သလို အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးဆိုတာလဲ ဒီခြုံစောင်လိုပါပဲ အမျိုးသမီးရဲ့ကျန်းမာရေးကို အသေးအမွှားထဲက ကုသမှသာ ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာမယ်။ မိမိရဲ့ အိမ်ထောင် နဲ့သား သမီးတွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်လာမှာပါ။

            အိမ်ထောင်ရှင်မတစ်ယောက်ဆိုတာ သားသမီးမွေးဖွားရတယ်။ ဒီတော့ sexual health ဆိုတာကလည်း အရေးကြီးတဲ့ ကျန်းမာရေး လိုအပ်ချက်တစ်ခုဖြစ်တယ်။

            အဲ့ဒီတော့ ဘယ်အချက်တွေက အိမ်ထောင်ရှင်အမျိုးသမီး တစ်ယောက်ကို မကျန်းမမာ ဖြစ်စေတာလဲ ဆိုရင်တော့ နှလုံးရောဂါ၊ ကင်ဆာ၊ ဦးနှောက်ကျန်းမာရေး၊ ဆီးချိုသွေးချို  osteoporosis ဒီရောဂါ တွေကြောင့်ဖြစ်တယ်။

            အမျိုးသားနဲ့ အမျိုးသမီးဆိုတာက မွေးရာပါ အသိဉာဏ်ကွာခြားချက်တွေရှိတယ်။ မိမိရိုးရာ ယဉ်ကျေးမှုအရ ကျား/မ အခွင့်အရေးတန်းတူရဖို့နည်းတယ်။ ဒါပေမယ့် အမျိုးသမီးကျန်းမာနေမယ် ဆိုရင် အမျိုးသားနဲ့ရင်ဘောင်တန်းလာနိုင်မယ်။ ဒီတော့ တန်းတူအခွင့်အရေးလည်းရဖို့ အခွင့်အလမ်း ရှိလာနိုင်တယ်။ 

            အခုဆိုရင် လူမှုကွန်ယက်အသင်းအဖွဲ့တွေမှာ အမျိုးသမီးကဏ္ဍက မဖြစ်မနေပါဝင်နေတာ တွေ့နေရပါတယ်။ ဒါက ကျန်းမာတဲ့ အမျိုးသမီးတွေက လူမှုကွန်ယက်တွေမျာ မရှိမဖြစ် ဗဟိုချက် အဖြစ်နဲ့ ငြင်းလို့မရနိုင်တဲ့ အချက်ပဲမဟုတ်လား။ ဒါကြောင့် အမျိုးသမီးကြီးငယ်မရွေး ဘဝစက်ဝန်းမှာ စွမ်းရည်အပြည့်ရှိပြီး ဒီစွမ်းရည်တွေကို ထုတ်သုံးနိုင်ဖို့ အတွက် ကျန်းမာဖို့ အရေး ကြီးဆုံးပါ မိမိ ကျန်းမာရေးကို မိမိ ကိုယ်တိုင် စောင့်ရှောက်ရမှာပါ။

            အထူးသဖြင့် အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်တို့မှာ အရည်အသွေး ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။

            ငယ်စဉ်အမျိုးသမီးငယ်လေးတွေ သားအိမ်ခေါင်းကင်ဆာမဖြစ်ဖို့ ကာကွယ်ဆေးထိုးထားတာ ဟာ သေဆုံးမှုကို လျှော့ချစေပါတယ်။ အရွယ်ရောက်လာပြီး အသက်နည်းနည်းကြီးလာပြီဆိုမှ ရောဂါရလို့ diagnoised လုပ်တော့ ရောဂါကရှိနေပြီး အဲ့ဒီတော့ ကုသရတာ ငွေကုန်လူပမ်းပြီး နောက်ဆုံးမှာ သေဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

            အမျိုးသမီးတွေရဲ့ ကျန်းမာရေးကောင်းဖို့ အခြေခံဇစ်မြစ်က သူ့ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးလည်းရှိဖို့လိုတယ် ငွေကြေးကလည်း အခြေခံပါတယ်။

            ငွေကြေးမပြည့်စုံတဲ့ မိသားစုအသိုင်းအဝိုင်းမှာ အိမ်တွင်း အကြမ်းဖက်မှုတွေ လူသားချင်း ရောင်းစားခံရတာတွေ လူကုန်ကူးမှုခံရတာတွေက အမျိုးသမီးတွေရဲ့ စိတ်ကို မတည်မငြိမ် ဖြစ်စေပြီး နောက်ဆုံး သေဆုံးသွားတဲ့ထိ ဖြစ်နိုင်ပါတယ်။

            မိခင်ဘဝမှာ မကျန်းမာမှုတွေနဲပ သူမွေးဖွားလာတဲ့ ကလေးငယ်ကို သွားပြီး ထိခိုက်စေပါ တယ်။ အမျိုးသမီးတစ်ယောက်ဟာ ဆေးသုံးတာ၊ အရက်သေစာသောက်သုံးတာ၊ သွေးအား နည်းတာ လိုတာထက်ပိုပြီး စားသောက်တာ  Over nutrition အစာအဟာရချို့တဲ့တာ  under nutrition တွေက မိမိမွေးဖွားလာမဲ့ ကလေးပေါ်ကို ရေရှည်အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။

            မိခင်မှာ ဆီးချိုရှိရင် မွေးဖွားလာတဲ့ ကလေးမှာ type II ဆီးချိုအလိုအလျှောက် သူ့ဘဝမှာ ရလာနိုင်ပါတယ်။ သန္ဓေသားဘဝမှာ လိုအပ်တဲ့ အဟာရချို့တဲ့ရင် ပေါင်ချိန်မပြည့်တဲ့ ကလေးအဖြစ် မွေးဖွားလာမယ်။ သူကြီးပြင်းလာတဲ့ တလျှောက်မှာလည်း မကောင်းတဲ့ အသွင်အမျိုးမျိုး တွေဖြစ် လာနိုင်ပါတယ်။

            ကျန်းမာစွာ ရှိတဲ့ မိခင်ကနေ သန္ဓေသားဘဝမှာ ကြီးပြင်းလာရင် မွေးဖွားလာတဲ့ ကလေးက ကျန်းမာရေးကောင်းမယ်။ mental health ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် မွေးဖွားလာမယ် မိမိမွေးဖွားလာမယ့် ကလေးကို ရေရှည် အကျိုးတရားတွေ ရစေနိုင်ပါတယ်။

            ဒါကြောင့် မိခင်တွေမှာ အပြည့်အဝ တာဝန်ရှိပါတယ်။ မိမိပေါင်းသင်းဆက်ဆံမယ့်သူ လူလူ ချင်းပေါင်းသင်းဆက်ဆံရေးမှာ awareness ရှိဖို့လိုသလို ကိုယ်ဝန်ဆောင်လာတဲ့အခါမှာ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို မိမိရဲ့ အတွေးထဲမှာ နားလည်နိုင်ရမယ်။ ဗိုက်ထဲမှာရှိတဲ့ကလေးအပေါ် အာရုံစိုက်မှု ရှိရမယ်။ ဒီလိုအတွေးတွေက မိခင်နဲ့သားသမီးဆက်နွယ်မှုကို အရှိန်အဟုန်နဲ့ အကူအညီအထောက် အပံ့ အမျာကြီးရစေပါတယ်။ ဒါဆိုရင် ကလေးရဲ့ ဘက်စုံကျန်းမာရေးကလည်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်ပြီး မွေးဖွားလာတဲ့အခါမှာလည်း ကျန်းမာတဲ့ ကလေးတစ်ယောက် အဖြစ် မွေးဖွား လာမှာပါ။

            ဒါကြောင့်မို့ မိခင်တစ်ယောက်ဟာ သင့်တင့်လျှောက်ပတ်တဲ့ ပညာရေး၊ ကျန်းမာရေး အသိတွေရှိဖို့လိုပါတယ်။ ဒါမှ မွေးဖွားလာတဲ့ ကလေးဟာ ပေါင်ချိန် အရပ် အားလုံးစံချိန် စံနှုန်းမှီတဲ့ ကလေးကျန်းမာတဲ့ ကလေးအဖြစ် မွေးဖွားလာမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးအသိ အတန်းပညာတို့ဟာ မိခင်တစ်ယောက်ဖြစ်လာနိုင်ဖို့ အရင်းအနှီးတစ်ခုဆိုရင် မမှားပါဘူး။

            ဒါပြင် အိမ်ထောင်တစ်ခုမှာ အမျိုးသမီးတွေက ဝင်ငွေကို ကိုယ်တိုင်ရှာနိုင်တဲ့အခါ မိမိ မိသားစုမှာ ပါဝါတစ်ခုကို ပေးနိုင်တဲ့အတွက် ဂုဏ်သရေရှိတဲ့ မိခင်ဖြစ်လာသလို သားသမီးတွေပေါ်မှာ အမိုးသဖွယ်ဖြစ်လာတယ်။ စားပွဲပေါ်မှ စားသောက်စရာကို လိုလေသေးမရှိ ထားပေးနိုင်တယ်။ အိမ်ရဲ့ အသုံးအဆောင်စရိတ်ကို တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့နိုင်တဲ့အတွက် မိမိအတွက် သာမက မိသားစုကို ထောက်ပံ့နိုင်တဲ့အတွက် ဒါဟာ ကျန်းမာတဲ့ အမျိုးသမီးဖြစ်လို့ ဒီအကျိုးတရား တွေခံစားရတာပါ။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေဘာကြောင့် ကျန်းမာရေးက အရေးကြီး တယ်ဆိုတဲ့ ရလဒ် အဖြေတွေးဆလို့ရပါတယ်ဆိုတာကို တင်ပြရင်း နိဂုံးချုပ်ပါတယ်။ 

Add new comment

13 + 7 =