အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာအမျိုးသား ဆီကနေ လေးစား၊ တန်ဘိုးထားခံရတဲ့ သူဖြစ်ဖို့ ဘယ်လိုနေထိုင်ရမလဲ

ဒီနေ့မှာ relationship ကိုတည်ဆောက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာအမျိုးသား ဆီကနေ လေးစား

ခံရပြီး တန်ဘိုးထားခံရတဲ့ သူတစ်ယောက်ဖြစ်ချင်ရင် သိနိုင်ဖို့အချက်လေးတွေရှိ ပါတယ်ဆိုတဲ့အကြောင်း မျှဝေ ပေးသွားချင်ပါတယ်။ အမျိုးသားရဲ့ တန်ဘိုးထားခံရချင်ရင် အရင်ဦးဆုံးကတော့ မိမိကိုယ်မိမိ တန်ဖိုးထားရမှာပါ။ ဒါက အရာခပ်သိမ်းထက်အရေးကြီးဆုံး အခြေခံအချက်ပဲလို့ ဆိုနိုင်ပါတယ်။ မိမိကိုယ်မိမိယုံကြည် စိတ်ချမှုရှိမယ်။မိမိကိုယ်

မိမိတန်ဖိုးထားမယ်၊ မိမိကိုယ်မိမိ ရိုသေလေးမြတ်မှုရှိမယ်။ မိမိကိုယ်မိမိမှန်ကန်စွာရပ်တည်တတ်တဲ့ ခွန်အားရှိတဲ့ အမျိုးသမီး အဲ့ဒီလိုစုပေါင်းမှုတွေရှိတဲ့ အမျိုးဆိုရင် ဘယ်လို အမျိုးသားကမှ မတွန်းလှန်နိုင်ပါဘူး။

 

မိမိစိတ်နဲ့ မိမိကိုယ်သက်တောင့်သက်သာရှိဖို့ အမြဲကြိုးစားနေပြီးမည်သူတစ်ဦးတစ်ယောက် ရဲ့ ထင်မြင်ချက် အမိန့်ပေးတာကို လက်မခံပဲ နေတတ်သူ၊ကိုယ့်သဘောထား၊ ကိုယ့်ထင်မြင်ချက် အတိုင်း ဆောင်ရွက်တတ်တဲ့သူ

မိမိခန္ဓာကိုယ်အတွက် ရိုးသားဖို့ အဓိကထားတတ်တဲ့သူ မိမိရဲ့ တန်ဖိုးကိုသိတဲ့အတွက် ထိုက်သင့်တာကိုပဲပြန်ရချင်တဲ့သူ

 ဒါတွေက မိမိကိုယ်မိမိပြန်လေးစားတတ် တဲ့သူဖြစ်လို့ ဒီလိုအမျိုးသမီးကိုအမျိုးသားတွေရဲ့ လေးစားမှုကို ခံရပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ပေါ်လာတဲ့အတွေးတွေနဲ့လုပ်ကိုင်ဆောင်ရွက်တတ်တယ်။ အတွေးတွေကရိုးသားမှုရှိတယ်။

 အမြဲရှေ့ကိုကြိုတွေးတတ်ပြီး ရွေးချယ်တတ်တယ်။ မိမိကိုယ်မိမိ ခိုင်မာတဲ့အတွေးတွေ၊ အသိဉာဏ်တွေ(Strong sense)ရှိပြီး အရာရာကို (မကြောက်ပဲ)ရင်ဆိုင်တတ် ကာ မိမိကိုယ်မိမိဖော်ပြသိသာစေပြီး တဘက်က ကိုယ်ပြောလာတဲ့

 အချို့သောအချက်တွေကိုသဘောမတူနိုင်ဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့သူဖြစ်တယ်။

 

မိမိအမျိုးသားကိုလည်း စိတ်အနှောက်အယှက်မဖြစ်အောင် စိန်မခေါ်တတ်တဲ့သူဖြစ်တယ်။အမှန်တရားကို

 ပြောတတ်တဲ့သူ ရိုင်းပျစွာ ကျူးကျော်ရန်စတဲ့ သဘောတွေမရှိပဲအတွေးမှာပေါ်လာတာတွေကို အေးဆေးတည်ငြိမ်စွာ

 နဲ့ ယတိပြတ် ပြောတတ်တဲ့အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသားက ပိုပြီးလေးစားလာတယ်။ အမျိုးသမီးကလည်း

မိမိကိုယ်မိမိ ယုံကြည်မှုတွေပို၍ ပို၍ ရှိလာပြီး အမှန်တရားကို ဖော်ထုတ်တတ် တဲ့သူဖြစ်လာပါတယ်။အဲ့ဒီလို အမျိုးသမီးကကျား/မ ကဏ္ဍကို ပိုင်းခြားပြီးနေတတ်တဲ့သူဖြစ်တယ်။ ဒါကrelationship မှာ အဓိကသော့ချက်ပဲဖြစ် ပါတယ်။အဲ့ဒီလို အမျိုးသမီးမျိုးကို အမျိုးသားကတန်ဘိုးထား အရိုအသေပေးတတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ Limitကန့်သတ်ချက်ထား တတ်ပြီး သူ့ကို အတင်းအကျပ် လုပ်ဆောင်သူကိုလည်းမကြောက်တဲ့သူဖြစ်ပြီး မိမိရဲ့ရုပ်

လက္ခဏာ မှာလည်း ကိုယ်ပိုင်ရပ်တည်နိုင်တဲ့အသွင်အပြင်ရှိတယ် အခိုင်အမာရပ်တည်တယ်၊ အဲ့ဒီလိုရပ်တည် ရင်း

အမျိုးသားရဲ့လေးစားမှုကို ခံရရုံတင်မကပဲ မိမိဘဝအတွက် ပိုမိုထိန်းချုပ်ဆောက်တည်တက်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ဘဝလမ်းကိုကိုယ်လျှောက်နိုင်အောင်ကြိုးစားတယ် ကိုယ့်အိမ်မက်တွေ Goal

တွေကို စွန့်စားပြီးလုပ်တယ်ကိုယ့်ဘဝကို မကြောက်မရွံ့ရပ်တည်တတ်တဲ့ သူကို ကိုယ့်အမျိုးသားရဲ့ လေးစားမှုကိုခံရမှာ

အမှန်ပါပဲ။ မိမိဘဝအတွက် ပိုပြီး ပြည့်စုံအောင်နဲ့ ပျော်ရွှင်မှုကိုရအောင်တည်ဆောက်တတ်တဲ့သူဖြစ်လာပါတယ်။မိမိ

ကိုယ်မိမိဦးစားပေးတတ်တဲ့သူဆိုရင် အမျိုးသားကလေးစားတယ်။ကိုယ်ပိုင်ဆုံးဖြတ်ချက် ချတတ်တဲ့သူ strong sense

 ရှိတဲ့သူဆိုတာ ဖော်ပြနေတာပဲဖြစ်တယ်။မိမိရဲ့လိုအပ်ချက်ကို ခွန်အား နဲ့ ကိုယ်တိုင်လုပ်ဆောင်ယူတယ်။ မိမိကျန်းမာ ရေးနဲ့ ပျော်ရွှင်မှုကို မိမိဖာသာ ကောင်းအောင်လုပ်ယူ တတ်သူဖြတ်တဲ့အတွက် ဒါဟာ မိမိဘဝကိုထိန်းချုပ်တတ်ပြီး ပြည့်

ဝအောင်တည်ဆောက်တတ်က တာပါ။ မိမိရဲ့အတွေးနဲ့မကိုက်ညီခဲ့ရင်လည်း No လို့မကြောက်မရွံ့ ပြောတတ် တဲ့ သူ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေက မိမိကိုယ်မိမိ ပြန်ချစ်တဲ့သူ မိမိကိုယ်ကို

မိမိအမြဲဦးစားပေးတဲ့သူ မိမိမှားခဲ့တဲ့ အပြစ်အနာအဆာကို မိမိကိုယ်တိုင် လက်ခံပြီး မိမိရဲ့ခိုင်မာတဲ့အတွေး strong sense နဲ့ တန်ဘိုးရှိအောင် ပြုပြင်ယူတတ်တဲ့သူကို အမျိုးသားတွေက လက်ခံပြီး လေးစားတတ်ကြပါတယ်။နောက်ပြီး အမျိုးသမီးတစ်ယောက်က ကိုယ့်လက်တွဲဖော် အဖော်မှာရိုးသားတည်ကြည် ဖြောင့်မတ်ပြီး ယုံကြည်မှုရှိတဲ့သူအဖြစ်

လက်ခံပြုမူတဲ့အတွက်လက်တဲဖော်ရဲ့ ပိုပြီးလေးစားမှုကို ခံရလေလေပါပဲ။မိမိရဲ့ခံစားချက် အတွေး၊ အပြုအမှု တွေက ခေတ်နဲ့အညီ လိုက်လျောညီတွေရှိတယ်။မိမိကိုယ် မိမိ ယုံကြည်မှုအပြည့်ရှိတဲ့သူဖြစ်တဲ့အတွက် Healthy relations ကို

တည်ဆောက်နိုင်တဲ့ အခြေခံ တွေပဲ မဟုတ်ပါလား။ ဒီတော့ လက်တွဲဖော်ရဲ့အလေးဂရုထားတာကို ခံရမှာမလွဲပါဘူး။

ဒါဆိုရင်တော့ လက်တွဲဖော်ရဲ့ လေးစားတာတွေနဲ့ အပြန်အလှန်ရရှိမှာဖြစ်ပြီး ပို၍ပို၍ကောင်းမွန်တဲ့ relationship ကို

ထူထောင်နိုင်ပါစေလို့ ဆန္ဒပြုရင်း ဒီနေ့အတွက်ရပ်နားလိုက်ပါ တယ်။

Add new comment

4 + 1 =