အမျိုးသမီးတစ်ယောက်က အမျိုးကောင်းသမီးဖြစ်ဖို့ ဘယ်လိုအကျင့်စရိုက်တွေနဲ့ ပြုပြင်လုပ်ယူလို့ရနိုင်မလဲ

Traits

ဒီနေ့မှာ အမျိုးသမီးတစ်ယောက်က အမျိုးကောင်းသမီးဖြစ်လို့ ဘယ်လိုအကျင့်စရိုက်တွေနဲ့ ပြုပြင်လုပ်ယူလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ သူ့ပတ်ဝန်းကိင်က ဘယ်လိုအခြေအနေမျိုးမှာပဲ ရှိနေပါစေ။ အမူအကျင့်စရိုက်တွေကို မိမိကိုယ်မိမိ practice လုပ်ယူရင် second nature မှာ အဆင့်မြင့်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ ဘဝခရီးကို ကျော်ဖြတ်သွားနိုင်ပါတယ်။

တန်ဘိုးရှိတဲ့ အဆင့်ရှိတဲ့ အမျိုးသမီးဟာ အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေဖို့ လိုပါ တယ်။ ချောလှနေဖို့ မဟုတ်ပါဘူး။ စိတ်အတွင်းပိုင်း စိတ်လှုပ်ရှားထိခိုက်လွယ်တာ ငွေရေးကြေးရေး ကို စနစ်တကျ သုံးစွဲတတ်တာတွေက အခြေခံဖြစ်တယ်။ ဒါတွေကို မိမိမှာ တာဝန်ရှိတယ်။ take care လုပ်ရမယ်ဆိုတာ မိမိကိုယ်တိုင် သိနေရမှာပါ။

သက်ရွယ်ကြီးတဲ့ အဖွားတစ်ယောက်က အခုလို ပြောဖူးတယ်။ (ဘယ်တော့မှ) မိမိကိုယ်တိုင် မိမိကိုယ်ကို take care လုပ်ပါ။ တစ်ပါးသူက take care လုပ်ဖို့ မမျှော်လင့်နဲ့ အပြည့်အဝမမှီခိုနဲ့လို့ ပြောဖူးပါတယ်။

            အမျိုးကောင်း သမီးတစ်ယောက်ဟာ သူ့ရဲ့အတွင်းစိတ်မှာ ဉာဏ်ရည်ထက်မြက်အောင် ကြိုးစားမယ်။ ပြင်ပဗဟုသုတရှာမယ်။ ဗဟုသုတတွေ ပြည့်စုံနေရင် မိမိက အဲဒီအကျိုးခံရမယ်ဆိုတာ သိနေတာပါ။ မိမိပတ်ဝန်းကျင်မှာလည်း ဒီဗဟုသုတတွေနဲ့ အကူအညီပေးနိုင်အောင် ကြိုးစားတဲ့သူ ဖြစ်တယ်။ စိတ်ခံစားမှု ပေါက်ကွဲတာမဖြစ်ဘူး။ စိတ်ခံစားချက်နဲ့ အရာရာကို ဆုံးဖြတ်ချက်မချဘူး။

            ကျန်းမာရေး ကောင်းဖို့ အပြင်ပန်း အသွင်အပြင်ကောင်းဖို့ စားဝတ်ဆင်ယင်ပုံကအစ အစား အသောက်ကိုပါ စနစ်တကျ စားတတ်ကြတယ်။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိတဲ့အပြင် self love မိမိကိုယ်ကို ချစ်တယ်။ မာနကြီးတယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ love herself ပေါ့နော်။

            မိမိကိုယ်ချစ်တယ်ဆိုတာ မိမိကိုယ်ကို အရိုအသေ ပြန်ပေးတာပဲ ဖြစ်ပါတယ်။ ဒါတွေလုပ်ရ တာကို ကျေနပ်တယ်။ ပျော်ရွှင်တယ်။ အချိန်ကို လေးစားတတ်တဲ့သူ သူ့အတွေးတွေကို လေးစား တယ်။ သူ့မှာ ရှိတဲ့ ကိုယ်ပိုင်အင်အားကို လေးစားတယ်။

            မိမိဘဝရဲ့ နေရာတိုင်းမှာ မိမိရဲ့ အတွင်းစိတ်သဏ္ဌာန်ကို ပြန်ကြည့်ပြီး ဘယ်လိုအကျိုးသက် ရောက်မှုတွေ ခံစားရသလဲ။ ပြန်တွေးကြည့်တယ်။ ဒီလို တန်ဖိုးတွေရှိတယ် ဆိုတဲ့အတွက် ကျေနပ် တယ်။ ပျော်ရွှင်တယ်။ ဒါတွေက သူ့ရဲ့ power တွေပဲ ဆိုတာ သိလာတယ်။

            တခါတရံ မိမိက မှားတဲ့ လမ်းကို toxic relationship ကို ရောက်သွားတယ်။ ဒါပေမယ့် မိမိက ကိုယ့်ကိုယ် ယုံကြည်မှုရှိတဲ့သူ မိမိကိုယ်မိမိ ပြန်စွမ်းဆောင်အောင်လုပ်နိုင်ရင် လမ်းမှန်ကို ပြန် ရောက်သွားပြီး ဒီအမှားထဲကနေ ပြန်လည်နိုးထလာနိုင်မှာပါ။ self development မိမိကိုယ်တိုင် ပြန်လုပ်ယူမယ်။ ဒါဆိုရင် စိန်ခေါ်မှုတွေထဲကနေ ပြန်ရုန်းထွက်လာနိုင်မှာပါ။ no body in this world is exempt from trials. အောင်ပွဲကို ရလာမှာပါ။

            အမျိုးသားတွေဆိုတာ အမျိုးသမီးနဲ့ ဆိုင်တဲ့ အရည်အသွေးတွေကို စက္ခုအာရုံမှာ မြင်တတ် တဲ့အတွက် အမျိုးသမီးတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်၊ စိတ်ခံစားမှုတွေ၊ တည်ကြည်မှုတွေကို မြင်လာတဲ့ခါမှာ သူတို့အတွက် ဆွဲဆောင်မှုရှိတဲ့အတွက် သူတို့က ပိုနှစ်သက်ကြတယ်။ ဒီလို အမျိုး သမီးနားကို ချဉ်းကပ်လာကြပါတယ်။

            နောက်ဘယ်လိုမြင်က သေးသလဲဆိုတော့ အပြုသဘောဆောင်တဲ့ အတွေးတွေရှိတဲ့သူ ဟာသဉာဏ်ရွှင်ပြီး စကားပြောတာတွေနားထောင်လို့ ကောင်းတဲ့သူဆိုပြီး အမျိုးသားရဲ့စိတ်ဝင်စားမှု ကို ခံလာရပါတယ်။

            အမျိုးသမီးတစ်ယောက်ရဲ့ အမျိုးသမီးနဲ့ ဆိုင်တဲ့ အမူအကျင့် စရိုက်တွေဟာ အမျိုးသားတွေ အတွက် အထင်ကြီးလောက်အောင် ဆွဲဆောင်မှုရှိစေတာပါ။

            သဘာဝအားဖြင့် ပုလ္လိင်(ဝါ)အမျိုးသား ရုပ်သွင်နဲ့ ဆိုင်တဲ့ ခွန်အားတွေကို ပိုမိုဆောင်ရွက်လာ စေတာပါ။

            ပြန်တွေးကြည့်မယ်ဆိုရင် အမျိုးကောင်းသမီးတွေရဲ့ အပြုအမူစရိုက်တို့ဟာ အင်မတန်မှ အကျိုးရှိစေသလို၊ မိမိအတွက် အမျိုးသားကောင်းတစ်ယောက် ရွေးချယ်နိုင်ဖို့ အခွင့်အလမ်းကောင်း တစ်ခုပါပဲ။ ချဉ်းကပ်လာတဲ့ အမျိုးသားတစ်ယောက်ကို လေ့လာနိုင်တဲ့ အခွင့်အရေးရတယ်။ မိမိရဲ့ feminity ကို တိုးမြှင့်လုပ်ဆောင်တဲ့အခါမှာ အမျိုးသားတစ်ယောက်ရဲ့ အတိုင်းအတာတစ်ခုထိ ကျေနပ်မှုကို ရစေပါတယ်။

            ဒါကြောင့်မို့ အကောင်းအဆိုး လက်ညှိးညွှန်တတ်တဲ့ လူမှုအသိုင်းအဝန်းမှာ အခုလို လေ့ကျင့် ယူမယ်ဆိုရင် highly feminine woman အဖြစ် ဘဝခရီးကို ကျော်ဖြတ်သွားနိုင်မှာပါ ဆိုတာကို အကြံပေးရင်း နိဂုံးချုပ်ပါရစေ။

Add new comment

9 + 9 =