အမျိုးကောင်းသားတွေက မိန်းမပီသတဲ့ အရည်အသွေးတွေရှိတဲ့ အမျိုးသမီးတွေကို ချစ်တယ်၊ ရွေးချယ်ကြတယ်

Feminine Qualities

          ဒီနေ့မှာ တချို့သော အမျိုးကောင်းသားတွေက မိန်းမပီသတဲ့ အရည်အသွေးတွေရှိတဲ့ အမျိုးသမီးတွေကို ချစ်တယ်၊ ရွေးချယ်ကြတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားခြင်ပါတယ်။

          ဘာဖြစ်လို့ချစ်တာလဲ? ဘာဖြစ်လို့ နှစ်သက်တာလဲ? ဘာဖြစ်လို့ လေးလေးနက်နက် နှစ်နှစ် ကာကာ အရိုအသေပေးကြီး ဆက်ဆံပေးတာလဲ?

          အခုနားဆင်နေတဲ့ ပရိသတ်ကြီးကောသိလား? ကျွန်မထက်ပိုပြီး သိကြမှာပါနော်။

          ကျွန်မကတော့ သိတာလေးနည်းနည်းကိုပဲ မျှဝေပေးချင်ပါတယ်။

          အမျိုးသမီးထုကြီးရဲ့ ကမ္ဘာမှာအချို့သောပုရိသအမျိုးသားတွေက မိန်းမပီသတဲ့ အမျိုးကောင်း သမီးတွေကို စွဲစွဲလမ်းလမ်းဖြစ်သွားကြတာကို တွေ့နေရပါတယ်။ အမျိုးသမီးများစွာကြားထဲကမှ အထူးဂရုပြုမိပြီး သူ့ရဲ့နှလုံးသာကိုဖွင့်ပြီး ဒီအမျိုးသမီးနောက်ကိုလိုက်ပြီး လိုအပ်တာတွေအကုန် ဖြည့်ဆည်းပေးပြီး ဘဝတစ်ခုလုံး မြှုပ်နှံထားဖို့လာတာတွေ တွေ့နေရတာပါ။ အဲ့ဒီလိုဖြစ်ရတာ တချို့က မယုံကြည်နိုင်လောက်အောင် လှနေလို့လား? မျိုးရိုးဇာတိတွေက မြင့်နေလို့လား၊ တခြား သော အမျိုးသမီးတွေထက် ရုပ်ရည်သန့်နေလို့လား၊ ဒါတွေလည်း မဖြစ်လောက်ဖူးလို့တော့ ကျွန်မ ထင်ပါတယ်။

          အမျိုးသမီးတွေကလည်း အခုလိုတွေးမှာပါပဲ သူနဲ့ငါနဲ့ အတူတူပေမယ့် ဘာဖြစ်လို့ ငါ့ကမရွေး ပဲ တဖက်သူကို ရွေးရတာလဲ? ဘာဖြစ်လို့လဲ? မျက်မြင်နဲ့ ဆိုင်လို့လား?

          သဘာဝတရာကြီးအရကတော့ ဖိုသဘာဝက မသဘာဝကို နှစ်သက်တာ ဓမ္မတာပါပဲ။ ပိုပြီး မိန်းမပီသလေ အမျိုးသားအင်အားတွေနဲ့ ပိုပြီး မြင့်တွေ့လေပဲလို့ ထင်ပါတယ်။

          အခြေခံအားဖြင့် မိန်မပီသတဲ့သူရဲ့ အမျိုးသားတွေက ပိုပြီ Feel ဖြစ်ချင်ကြတဲ့ ဆန္ဒတွေရှိကြ တယ်။ မိန်းမပိုပြီးပီသလေ ပိုပြီးလက်ခံကြလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့ဖြတ်သန်းလာခဲ့တဲ့ ဘဝမှာ သာမန်အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ပြီးပြီ အခုမိန်းမပီတသတဲ့သူကို တွေ့တဲ့အခါ ပိုပြီး ထူးခြားနေတာတွေ့ရတယ်။ အဲ့ဒီတော့ စိတ်ဝင်စားတယ်။ မိမိရဲ့ Feminine ကိုမှီပြီး ပြုမူတတ်တဲ့ အမျိုးသမီးကရှားတယ်။ ဒီလိုပြုမူတဲ့ အမျိုးသမီးကို မြင်တာနဲ့ သူ့အပြုအမူတွေကို ကြည့်လိုက်တာနဲ့ စိတ်ဝင်စားသွားတယ်။ မိမိစိတ်ကလက်ခံတယ်။ တခြားအမျိုးသမီးတွေထက် ကွာခြား၊ ခြားနား နေတယ်။ ဒီတော့ reaction ဆိုတာရှိတာပဲလေ စိတ်ဝင်စားတာမဆန်းဘူးပေါ့။

          မိန်းမပီသတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ဘဝအကောင်းဆုံး ဖြတ်သန်းနိုင်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လျှောက်လှမ်းရမယ်ဆိုတာ သူ့ဘဝ nature ကို မြင်ပြီးသား personality တစ်ဦးတစ်ယောက်ကို အပြင်တင်စကား မပြောတတ်တဲ့သူ emotional စိတ်ခံစားချက်ကတည်ငြိမ် တယ်။ အဲ့ဒီလို သူကိုယ်သူ တည်ဆောက်တာကို အပြုသဘောဆောင်တဲ့သူအဖြစ် သိလာတဲ့အခါမှာ ပိုပြီးရွေးချယ်ဖြစ်လာတာပါ။ နောက်ကြောင်းအရာတွေလည်း မရှိဘူးဆိုတော့ မေးစရာအကြောင်း အရာ သံသယဖြစ်စရာတွေလည်း မရှိဘူး။ အဲ့ဒီတော့ ပိုပြီးစိတ်ဝင်စားတယ်။ စိတ်ဓာတ်ကပြင်းထန်း တယ်။ မိမိကိုယ်မိမိ ယုံကြည်တဲ့သူ၊ ဖြတ်လတ်တက်ကြွသူဖြစ်တော့ ယုံကြည်လက်ခံလာတယ်။ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ကို ချစ်နိုင်တဲ့ အရည်အသွေးတွေ အပြည့်ရှိနေတာ ပေါ့။ ဒါတွေက အမျိုးသမီးတစ်ယောက်အတွက် အင်မတန်မှ အရေးကြီးစေတဲ့ အမျိုးသား တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ရစေတာပါ။ ဒါ့အပြင် အမျိုးကောင်းသမီးတစ်ယောက်ရဲ့ Feminine secret ရှိတာတွေနဲ့ပေါင်းလိုက်တာတဲ့အခါ အမျိုးသားတစ်ယောက်အတွက် ကာလအပိုင်းအခြား တစ်ခုမှာ အကောင်းပြင်ခံရတဲ့အမျိုးသမီးဆိုပြီး ရွေးချယ်လိုက်တာပါပဲ။

          အဲ့ဒီလို အမျိုးကောင်းသမီးတစ်ယောက်ရဲ့ အရည်အသွေးတွေရှိတာကို သက်သေအဖြစ် ပြန်နိုင်တဲ့အခါ မိမိကိုယ်အခုလို မြင်တဲ့ အမျိုးကောင်းသားကို မိမိရဲ့ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရွေးချယ်နိုင်ခွင့်ရှိတယ်။ မိမိက ဘယ်လိုအမျိုးသားမျိုးကို နှစ်သက်တယ်ဆိုတာကိုလည်း ရွေးချယ် တတ်လာတယ်။

          ဥပမာ - မိမိအလိုကျလုပ်ပေးနိုင်မဲ့ ယောက်ျားလား?  အတွေးအခေါ်ညံ့တဲ့သူလား? တစ်ဖက် သားသူတစ်ယောက်အတွက် အပေါစားပစ္စည်းတွေကိုပဲ လက်ဆောင်ပေးတတ်တဲ့သူလား? ဆင်ခြေ ဆင်လက်များစွာ ပေးတတ်တဲ့သူလား? ဖြစ်ကတတ်ဆန်နေတတ်တဲ့သူလား? ရွယ်ရည်ချက်  plan မရှိပဲ အမှုမဲ့၊ အမှတ်မဲ့ နေတတ်သူလား? အမျိုးသမီးတစ်ယောက်လိုချင်တဲ့အဖြေကို လွယ်လွယ်ကူကူ ပေးတတ်တဲ့သူလား?

          ဒါတွေကတော့ အမျိုးကောင်းသမီးတစ်ယောက်အနေနဲ့ သူ့ရဲ့ feminity ကို မြှင့်တင်ပြီး ထိန်းသိမ်းထားတဲ့အခါမှာ မိမိလက်တွဲမယ့်သူကို အသေးစိတ်မေးနိုင်ပြောနိုင်တဲ့ အခြေအနေရှိလာ တာပါ။

          အခုလိုဆောင်ရွက်နိုင်ဖို့ plan ချထားတယ်။ ကျေနပ်လောက်တဲ့အထိ မိမိကိုယ်အစစ အရာရာ စောင့်ရှောက်နိုင်ဖို့ မေးနိုင်ရမယ်။ မိမိနောက်က တစ်ကောက်ကောက်လိုက်ပြီး ဘာမှမလုပ် ပေးနိုင်ရင် စဉ်းစားရတော့မှာပါ။

          အမျိုးသားတိုင်းက ချစ်တတ်တဲ့ စိတ်နှလုံးရှိကြပါတယ်။ ချစ်တတ်ရင် ချစ်ခြင်းမှာ အောင်မြင် လာမှာပါ။ ဒီတော့ Feminine က မှီခိုလို့ရတယ်။ masculine ကို လက်ခံလာတယ်ဆိုတာတွေကို တင်ပြရင်း Feminine အရည်အသွေးတွေကို တည်ဆောက်ကြရအောင်ပါ။

Add new comment

1 + 0 =