အမျိုးကောင်းသားတစ်ယောက်ရဲ့ ပြုမူတွေးခေါ်လုပ်ဆောင်ချက်တွေကို အမျိုး ကောင်းသမီးတွေ တစေ့တစောင်းလေး သတိထားမိစေဖို့

A Real Man

ဒီနေ့မှာ အမျိုးကောင်းသားတစ်ယောက်ရဲ့ ပြုမူတွေးခေါ်လုပ်ဆောင်ချက်တွေကို အမျိုး ကောင်းသမီးတွေ တစေ့တစောင်းလေး သတိထားမိစေဖို့ ရည်ရွယ်ရင်း တင်ဆက်ပေးသွားချင်ပါ တယ်။

အမျိုးကောင်းသားတစ်ယောက်ဟာ အမျိုးကောင်းသမီးရဲ့ ချစ်မေတ္တာကို တည်ကြည်တဲ့ နှလုံးသားတစ်ခုတည်းနဲ့ ရယူနိုင်ပါတယ်။ ရုပ်ခန္ဓာကိုယ်ထိတွေ့မှုမရှိဘဲနဲ့ ချစ်သူ အမျိုးသမီးဆီကနေ မေတ္တာတွေ ပြန်ရနိုင်ပါတယ်။

တချို့သော အမျိုးသားတွေက သူ့မှာ ငွေကြေးရှိတယ်ဆိုရင် အမျိုးသမီးတွေနဲ့ သုံးဖြုန်းပျော် ပါးပြီး သူ့အတွက် အကျိုးအမြတ် ဘာမှမရှိ၊ ဘာအဓိပ္ပာယ်မှလည်းမရှိ ဖြစ်တတ်ပါတယ်။

တချို့သော အမျိုးသားတွေကျပြန်တော့ သူရတဲ့ အချိန်လေးကို သူချစ်တဲ့ အမျိုးသမီးနဲ့ အကျိုးရှိအောင် အချိန်ကို အသုံးချတတ် အချိန်ကို ဖြုန်းတတ်တဲ့သူတွေ ဖြစ်ပါတယ်။

အမျိုးကောင်းသားတစ်ယောက်ဆိုရင်တော့ သူ့ဘဝအမှန်တရားကို ထုတ်ဖော်ပြီး ဘယ် လောက်ပဲဘဝက ခက်ခဲနေပါစေ။ နာကျင်နေပါစေ။ အမြဲတမ်း ရိုးရိုးသားသားပဲ ကျင့်ကြံပြုမူတတ်ပါ တယ်။

သတ္တိနည်းတဲ့ အမျိုးသားဆိုရင် သူရဲဘောကြောင်မယ့်သူ လိမ်ညာမယ့်သူ ဘဝအကြောင်းကို လွယ်လွယ်ထားတတ်ပါတယ်။

အမျိုးကောင်းသားတစ်ယောက်ဖြစ်မယ်ဆိုရင် သူ့မိန်းကလေးကို ချစ်တဲ့အကြောင်း ဋီကာချဲ့ ပြောမနေဘဲ အချစ်ရဲ့ နောက်ကွယ်မှာ သစ္စာရှိတာ နားလည်မှုရှိတာတွေကို ပြုမူဆက်ဆံပြမှာ ဖြစ်ပါ တယ်။

တချို့သော အမျိုးသားတွေက ဥပမာ မိန်းခလေး ၁ဝ ယောက် အယောက် ၁ဝဝ မိမိသဘာဝ ကိုယ်က ချစ်နိုင်တဲ့သူဖြစ်တယ်။ ဒါပေမယ့် အမျိုးကောင်းသားဆိုရင်တော့ နည်းလမ်းပေါင်း ၁ဝ မျိုး  အမျိုး ၁ဝဝ လောက်တဖက် မိန်းခလေးဆီက အချစ်မေတ္တာတွေ ပြန်ရနိုင်ဖို့ နည်းတွေကို အသုံးပြု တတ်ကြတယ်။

တင်စားပြီး ပြောတာပါ။ ဒီလိုအချစ်ခံရမယ့် မိန်းကလေးဟာလည်း အတော်ကို ကံကောင်းတဲ့ မိန်းခလေး ဖြစ်မှာပါ။ တကယ်လို့ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးသား ကိုပဲ ချစ်ခဲ့မယ်ဆိုရင် သူဟာ သက်ဆုံးတိုင် ဒီအမျိုးသမီးကိုပဲ ချစ်သွားတော့မှာပါ။

ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကိုပဲ ချစ်မယ်ဆိုရင် သူဟာ ကမ္ဘာ ပေါ်မှာရှိတဲ့ အမျိုးသမီးပေါင်းများစွာကို ရခဲ့လည်း ကျေနပ်နေမယ့်သူ မဟုတ်တော့ပါဘူး။

အမျိုးသမီးတစ်ယောက်က သူ့ချစ်သူကို သူလိုချင်တဲ့ ပုံစံဖြစ်အောင် ပြောင်းလဲလို့ မရနိုင် သလို

အမျိုးကောင်းသားတစ်ယောက်ကတော့ သူ့ချစ်သူကို ချစ်တဲ့အတွက် သူ့ဖာသာ ပြောင်းလဲ လေ့ရှိတတ်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဦးဖြစ်ရတဲ့ အမျိုးသားဟာ အင်မတန်မှ ကံကောင်းတဲ့သူ တစ်ယောက်ဖြစ်ပြီး အမျိုးသားတစ်ယောက်ရဲ့ နောက်ဆုံးချစ်သူအဖြစ် အချစ်ခံရတဲ့ ရွေးချယ်ခံရတဲ့ အမျိုးသမီးကတော့ ကံကောင်းတဲ့သူ ဖြစ်နေပါလိမ့်မယ်။

အမျိုးကောင်းသားတစ်ယောက်ဟာ သူ့ရဲ့ ကောင်းတဲ့ အပြုအမူတွေ ဆက်ဆံပုံတွေကို ပြနိုင်တဲ့အတွက် ဒီအမျိုးကောင်း သမီးဆီကနေလည်း ထိုက်တန်တဲ့ ချစ်မေတ္တာတွေ အပြည့်အဝ ပြန် လည်ရရှိမှာ ဖြစ်ပါတယ်။

အမျိုးကောင်းသားတစ်ယောက်ဟာ ဘာကိုမှ မဖုံးကွယ်သလို အမှန်တရားတွေရဲ့ သူ့မိန်း ခလေးကို ပြောပြမှာပဲ။ သူမကလည်း သိချင်တာတွေ မေးမှာပါပဲ။ သူက ၁၀၀% ဖြောင့်မတ်တဲ့ အတွက် သူ့ချစ်သူ မိန်းခလေးဆီကနေလည်း ၁၀၀% ယုံကြည်မှုတွေရမှာပါ။ သူ့ချစ်သူကိုလည်း နံပါတ်(၁)နေရာမှာ ထားမှာပါပဲ။

အမျိုးကောင်းသားတစ်ယောက်ဟာ သူတကယ်ချစ်တဲ့ အမျိုးကောင်းသမီးလို သူ့ဘဝ အတွက် အလိုအပ်ဆုံးလို့ သတ်မှတ်ပြီး သူ့ကိုယ်သူ လူအ လူမိုက် အသုံးမကျတဲ့သူ တန်ဖိုးမဲ့တဲ့သူ အဖြစ် ဘယ်တော့မှ မနေပါဘူး။ သူ့အရိပ်ကို သူသိတယ်။ သူ့နှလုံးသားကို သူသိတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဘဝကိုလည်း သူသိနေတဲ့သူ ဖြစ်ပါတယ်။

အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ချစ်ရင် ချစ်တယ်လို့ပဲ ပြောမှာပဲ။

အမျိုးကောင်းသားတစ်ယောက်ဆိုရင်တော့ ချစ်တဲ့အမူအယာတွေကိုပဲ အရင်ဆုံးပြုမူပြမှာ ဖြစ်ပါတယ်။

အမျိုးကောင်းသားတစ်ယောက်ဟာ သူ့မိန်းခလေးအပေါ်မှာ သစ္စာရှိရှိနေမယ်။ အခြားအမျိုး သမီးတွေနဲ့ အချိန်အလဟဿ မဖြုန်းဘူး။ သူ့ချစ်သူကို နံပါတ်(၁)နေရာမှာထားမယ်။ သူ့ချစ်သူ အတွက် ချစ်တယ်ဆိုတဲ့ အကြောင်းအရာတွေ ဖော်ပြနိုင်ဖို့ နည်းတွေကို ရှာရင်း မအားမလပ်ပဲ ဖြစ်နေနိုင်ပါတယ်။

အမျိုးကောင်းသမီးတစ်ယောက်ရဲ့ နှလုံးသားကို ရနိုင်ဖို့ဆိုတာ ဒီအမျိုးသားရဲ့ နှလုံးသားမှာ လည်း တန်ဖိုးရှိတဲ့ အရာတွေကို မှတ်ယူသင်ယူ သိမ်းဆည်းထားရပါအုံးမယ်။

ဒါကြောင့်မို့ အမျိုးကောင်းသားတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်တာလဲ?

တကယ်တမ်းကတော့ မိမိအတွက် အမြဲတမ်းအမှတ်ရစေတဲ့ တစ်ယောက်တည်းသော ချစ်ရ တဲ့ အမျိုးသမီးကသာလျှင် မိမိက ချစ်တဲ့အတွက် အမျိုးကောင်းသားတစ်ယောက်အဖြစ်ကို အလို အလျောက် ရောက်သွားစေတာပါဆိုတာကို မျှဝေရင်း

မိမိနဲ့ ထပ်တူကျမယ့် အမျိုးကောင်းသမီးနဲ့ ပေါင်းဖတ်နိုင်ပါစေလို့ ကျွန်မက ဆန္ဒပြုရင်း နိဂုံး ချုပ်ပါရစေ။

 

Add new comment

1 + 19 =