အဖိုးအဖွားတွေက ကဏ္ဍမျိုးစုံကနေ မြေးငယ်လေးတွေရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ယူလို့ရနိုင်ပါတယ်

Grands Relationship
ဒီနေ့မှာ အဖိုးအဖွားတွေက အခန်းကဏ္ဍမျိုးစုံကနေ သွေးရင်းသားရင်း မြေးငယ်လေးတွေရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ယူလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးသွား ချင်ပါတယ်။
သားအချစ် မြေးအနှစ်ဆိုတဲ့ စကားအတိုင်းပါ။ အဖိုးအဖွားတွေဆိုတာ သူတို့နေထိုင်ရတဲ့ ဘဝမှာ မြေးမြစ်တွေနဲ့ အနီးဝေးကွာခြားတာနဲ့ တခြားအကြောင်းအရာတွေပေါ်မှာလည်း မူတည်ပေ မယ့် ချစ်နေကြတဲ့သူတွေပါ။
အဖိုးအဖွားတွေက မြေးတွေကို စောင့်ရှောက်ပေးရတဲ့သူ နည်းပေးလမ်းပြလုပ်ပေးနိုင်တဲ့သူ၊ ဆရာတစ်ယောက်လို သင်ပြပေးနိုင်တဲ့သူ မြေးတွေနဲ့ ကစားဖော်ကစားဖက်အဖြစ် ရပ်တည်ပေးနိုင် တဲ့သူတွေပါ။ ကလေးငယ်လေးတွေရဲ့ မိဘ (ဝါ) မိမိသားသမီးကလည်း ယုံယုံကြည်ကြည်နဲ့ အကြံ ဉာဏ်ကောင်းတွေပေးနိုင်တဲ့သူအဖြစ် မိသားစုမှာ မရှိမဖြစ်တဲ့ အခန်းကဏ္ဍက ပါဝင်နေတာပါ။
မိသားစုအများစုမှာတော့ သာမန်မြေးလေးတွေကို ထိန်းကျောင်းပေးတဲ့ကဏ္ဍက ပါဝင်တာ ပါ။ မြေးတွေနဲ့ in touch ထိတွေ့မှုများပြီး အပြုသဘောဆောင်တဲ့ ဘိုးဘွားတွေအဖြစ် တေ့တေ့ ဆိုင်ဆိုင် ထိတွေ့ကြပြီး တိုးတက်ကောင်းမွန်တဲ့ဘဝ၊ healthy development အဖြစ် တည်ဆောက် ကြသူတွေပါ။
ဘယ်လိုလအခန်းကဏ္ဍမှာပဲဖြစ်ဖြစ် အဖိုးအဖွားတွေက အရေးကြီးတာပါပဲ။
မိမိရဲ့ မြေးလေးတွေ တွားသွားအရွယ်ငယ်မှာပဲ ဖြစ်ဖြစ် ဖိုးဖွားအတွက် စိတ်ကျေနပ်စွာနဲ့ စောင့်ရှောက်ပေးကြတယ်။ အဲ့ဒီလို မြေးထိန်းပေးရတဲ့အတွက် စိတ်ကျေနပ်တယ် ပျော်တယ် မိမိသားသမီးကလည်း လုံး၀ဥဿုံ ယုံကြည်မှုအပြည့်နဲ့ အပ်နှံကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိ မိဘကို ယုံကြည်ပြီးသား တချိန်က အတွေ့အကြုံတွေ ရပြီးသား ဉာဏ်ပညာ၊ လုပ်နိုင်စွမ်းရည်တွေ ရှိပြီးသားဆိုတာ သိပြီးသား၊ ဒီအဖိုးအဖွား ဆီအပ်နှံရတဲ့အတွက် အထောက်အကူအများကြီးရတယ်။ အချည်းနှီးမဖြစ် မဖြစ်ဘူးဆိုတာ ယုံကြည်ပြီးသား ဒီအဖိုးအဖွားတွေရဲ့ မြေးအပေါ်မှာ အလိုလို သိခြင်းတွေနဲ့ ရေရှည်မြင်ကွင်းတွေက မိဘတွေကို စိတ်သက်သာရာ ရစေပါတယ်။
အဖိုးအဖွားတွေက မြေးငယ်တွေကို ဘဝမှာ ဘယ်လို ကြီးပြင်းဖို့ ကစားရင်း၊ စကားပြောရင်း၊ ကလေးငယ်လေးတွေ အတုယူလောက်တဲ့ ပုံပြင်စာအုပ်တွေ ဖတ်ပြရင်း မြေးလေးတွေရဲ့ အသိအမြင် ကို ဆွဲဆောင်ပြီး သင်ကြားပေးလေ့ရှိပါတယ်။
အဓိကကတော့ Child care မြေးနို့စို့ရွယ်လေးတွေမှာ ထောက်ပံ့ပေးလေ့ရှိကြတယ်။ ကလေး ရဲ့ မိဘတွေကလည်း ယုံကြည်စိတ်ချပြီးသား။
ဒါကြောင့်မို့ အဖိုးအဖွားတွေဆိုတာ အခြေခံကလေးပြုစုစောင့်ရှောက်ကြတယ်။ မြေးလေး တွေကို မြေတောင်မြောက်ပေးဖို့ ကူညီကြတယ်။ သူတို့လုပ်ပေးနိုင်တဲ့ စွမ်းအားနဲ့ ဒီစိန်ခေါ်မှုကို ပေး ဆပ်ရင်း လုပ်ပေးကြတယ်။
အဖိုးအဖွားတွေက မြေးတွေကို အင်မတန်မှ ချစ်ကြတယ်၊ နို့စို့အရွယ်၊ တွားသွားတတ်တဲ့ အရွယ်၊ မူကြိုကျောင်းကို ပို့တဲ့အရွယ်တွေကို သူတို့အနားမှာထားပြီး စိတ်ရှည်လက်ရှည် ဂရုတစိုက် အဆုံးအစမရှိ မေတ္တာတွေနဲ့ လုပ်ဆောင်ပေးကြတယ်။ အဲ့ဒီတော့ ကလေးတစ်ယောက်ရဲ့ ဘဝလုံခြုံမှု ကို မိဘတွေအတွက် ပူပင်သောကကင်းအောင် လုပ်ပေးကြတယ်။ အဲ့ဒီလိုလုပ်ပေးရင်း မြေးရဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်သန်စွမ်းဖို့၊ ဦးနှောက်ဖွံ့ဖြိုးမှုမှာ တိုးတက်စေဖို့ ကြံရွယ်လေ့ရှိကြတယ်။
အဖိုးအဖွားနဲ့ မြေးတွေရဲ့ ထိတွေ့မှုက Special One လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီလိုနဲ့ သူတို့ရဲ့ မြေးတွေအပေါ် ချည်နှောင်မှုကို သုတေသနပညာရှင်တွေက စမ်းသပ်ကြည့်ရင်း အခုလို တွေ့မြင်ရပါ တယ်။
သွေးသားတော်စပ်တဲ့ မြေး အသက် ၃ - ၁၂ နှစ်အတွင်းရှိ အဖွားအယောက် (၅၀)ရဲ့ ဦးနှောက်ကို M.R.I စက်နဲ့ သူတို့မြေးတွေရဲ့ ဓာတ်ပုံကိုပြပြီး စမ်းသပ်ကြည့်တဲ့အခါမှာ မြေးတွေရဲ့ ဓာတ်ပုံကို မြင်တာနဲ့ သူတို့ရဲ့ ဦးနှောက်က ပိုမိုခိုင်မာတဲ့ စိတ်ခံစားချက် တုန့်ပြန်တာကို တွေ့ရတယ် လို့ ဆိုပါတယ်။ ဒါကြောင့် အဖွားတွေက မြေးလေးတွေကို မြင်တွေ့ရင် စိတ်ခံစားချက် ပိုပြီးရှိတယ်လို့ ဆိုတာကို MRI စက်က ဖော်ပြနေပါတယ်။ ဦးနှောက်ကနေ မြေးအဖွားရဲ့ ခိုင်မြဲစွာ ဆက်နေတဲ့ ချည်နှောင်မှုကို တွေ့မြင်ရပါတယ်။ အဖွားရဲ့ တုန့်ပြန်မှုကို MIR ကနေ မြင်တွေရတာပါ။
အဖွားတွေက မြေးတွေဘာလုပ်နေသလဲ ကြိုးစားပြီး နားလည်အောင်လည်းလုပ်တယ်။ ကြီးကောင်ဝင်လာတဲ့ အရွယ်ဆိုရင်လည်း သူတို့ရဲ့ သွားလာလှုပ်ရှားမှုကိုကြည့်ပြီး သူတို့မိဘတွေကို သက်သေခံမပြောပေးပဲ စိတ်ခံစားချက်ထဲမှာပဲ ထည့်ပြီးနေတတ်ကြတယ်။
အဖွားတွေက မြေးကပြုံးပျော်နေရင် သူရဲ့ စိတ်ခံစားချက်က မြေးနဲ့ အတူပျော်တယ်။ မြေးကနာကျင်မှု ပူပင်သောက ဘေးဒုက္ခတွေရောက်နေရင်လည်း သူ့ရဲ့စိတ်ကို နာကျင်စေတယ်။
ဒါကြောင့် ကမ္ဘာပေါ်မှာ တစ်ခုတည်းသော အကြောက်တရားက အမျိုးသမီးတွေက အသက် ပိုရှည်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဖြစ်ပွားလာတဲ့ စိတ်ခံစားချက်က အဖွားဆိုတဲ့ အခန်း ကဏ္ဍကို ဖြည့်ပေးလို့ပဲဖြစ်ပါတယ်။
သိပ္ပံပညာရှင်တွေက အဖွားနဲ့ မြေးတွေရဲ့ ဆက်နွယ်မှုက နှစ်ဦးနှစ်ဘက် အကျိုးရှိစေသလို အမျိုးသမီးတွေက အမျိုးသားတွေထက် အသက် ပိုရှည်တယ်လို့ ဆိုပါတယ်။
အဖိုးအဖွားတွေက မြေးတွေရဲ့ စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တယ်။ ပညာရေးမှာလည်း ရလဒ်ကောင်းတွေရအောင် လုပ်ပေးနိုင်စွမ်းရှိတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေကနေ အဖိုးအဖွားတွေရဲ့ အခန်းကဏ္ဍကို အဖြေပေါ်စေတာပါ။
အချို့အဖွားတွေကျပြန်တော့ မြေးတွေကို အရွယ်နဲ့ မမျှတဲ့ လက်ဆောင်ပစ္စည်းမျိုး ပေးတတ် ကြတယ်။ မိဘတွေက မကြိုက်ပေမယ့် ကိုယ့်မိဘဆိုတော့ မပေးစေချင်ပေမယ့် မပြောရဲဘူး ဖြစ်ကြ ရတယ်။ အဖိုးအဖွားတို့ရဲ့ စိတ်ထဲမှာ မြေးတွေက အင်မတန်မှ အရေးကြီးတဲ့သူတွေအဖြစ် ခံယူထား ကြလို့ပဲဖြစ်ပါတယ်။
မြေးတွေရဲ့ မိဘတွေက မပြောလည်း သူတို့က ပြိုင်ဘက်ကင်းတဲ့ နေရာကနေ အားဖြည့် ပေးကြတယ်။ မိဘတွေ ရခဲ့တဲ့ သင်ခန်းစာတွေကိုလည်း ပြောပြသင်ပေးလေ့ရှိကြတယ်။
ဒါကြောင့် အဖိုးအဖွားတွေရဲ့ ချစ်ခြင်းမေတ္တာတွေက မြေးတွေရဲ့ အနာဂတ်ဘဝအတွက် အစစ်အမှန်လုပ်ဆောင်ပေးကြတဲ့သူတွေပါ။ အဖိုးအဖွားနဲ့ မြေးဆက်နွယ်မှုက အင်မတန်သင့်လျော် သလို အခုလိုလုပ်ဆောင်တဲ့အတွက်လည်း ပိုပြီးကျန်းမာပျော်ရွှင်တဲ့ ဘိုးသက်ရှည်ဘွားသက်ရှည်တွေ ဖြစ်ဖို့ တွန်းအားပေးသလိုဖြစ်သွားစေပါတယ်။

Add new comment

2 + 14 =