'' အတုယူထိုက်တဲ့အလီဘာဘာ ကုမ္ပဏီပိုင်ရှင် ဂျက်မား ''

သီရိဂေဟာ အစီအစဉ်
ဒီတစ်ပတ် သီရိဂေဟာ ရုပ်သံအစီအစဉ်မှာ '' အတုယူထိုက်တဲ့အလီဘာဘာ ကုမ္ပဏီပိုင်ရှင် ဂျက်မား '' ဘဝအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
တင်ဆက် - စစ္စတာရ် မေရီ
တည်းဖြတ် - ပေါလ်
Photos Credit : Google Images
#Family #rvapastoralcare #JackMa

အားလုံးဘဲမင်္ဂလာပါ

အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတပတ်ကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“အတုယူထိုက်တဲ့အလီဘာဘာကုမ္ပဏီပိုင်ရှင်ဂျက်မား”ဘ၀အကြာင်းကိုအနည်းငယ်တင်ဆက်ပေး

သွားမှာြဖစ်ပါတယ်ရှင်။သော်တရှင်များရှင်-ဂျက်မားကိုတရုတ်နိုင်ငံရှမ်းဟိုင်းမြို့၊အနောက်တောင်းဘက်မိုင်(၁၀၀)အကွားဟန်ဇိုးမြို့လေးရဲဆင်ရဲတဲ့မိသားစု

မှမွေးဖွားခဲ့ပါတယ်။

ဂျက်မားဟာလူရွှင်တော်ဗေလု၀နဲ့ရုပ်တူသလိုဗေလု၀လိုပဲလူကောင်းသေးသေးလေး

ပါ။ဂျက်မားရဲ့နာမည်အရင်းက(မားယွန်း)လိုခေါ်ပါတယ်။ဂျက်ဆိုတဲ့အင်္ဂလိပ်နာမည်ကိုသူငယ်ငယ်ကဇာတိဟန်ဇိုး

မြို့မှာမိတ်ဆွေဖြစ်ခဲ့တဲ့တိုးရစ်အမျိုးသမီးတစ်ယောက်ကပေးခဲ့တဲ့နာမည်လေးပေါ့။ဂျက်ဟာကျောင်းစနေတဲ့အ

ရွယ်လူကောင်းသေးသေးလေးဖြစ်လိုအတန်းဖော်တွေရဲ့စတာ၊နောက်ပြောင်တာတွေအမြဲခံခဲ့ရပါတယ်။ဒါပင်မဲ့လူကောင်းကြီးတဲ့ကျောင်းသားတွေကိုတော့မကြောက်မရွံ့တုန်ပြန်တိုက်ခိုက်တက်ပါတယ်။ဂျက်မားရဲအရည်

အသွေးတခုကိုပြောရမယ်ဆိုရင်ပညာကိုလိုလားတဲ့စိတ်ဓာတ်တစ်ခုဟာသူရဲ့အားသာချက်ပါ။သူ့အသက်(၁၂)နှစ်အရွယ်မှာအင်္ဂလိပ်စာကိုအရမ်းစိတ်၀င်းစားခဲ့ပါတယ်။အရမ်းလည်းတက်ချင်ခဲ့ပါတယ်။သူနေတဲ့မြို့လေးမှာ

အင်္ဂလိပ်စာတက်တဲ့သူတစ်ယောက်မှာမရှိသလိုအင်္ဂလိပ်စာအုပ်လည်းတစ်အုပ်မှာမရှိခဲ့ပါဘူး။အဲ့ဒါနဲဂျက်မားဟာနေ့တိုင်းမနက်အစောကြီးထတယ်။ကျောင်းကိုမသွားခင်စက်ဘီးလေးစီးပြီးတော့ဟန်ဇိုးမြို့နယ်ကနိုင်ငံခြားသားတိုးရစ်တွေတည်းခိုနေတဲ့ဟိုတယ်ကိုသူသွားခဲ့ပါတယ်။တိုးရစ်တွေကိုမြို့အနှံလိုက်ပြပေးခဲ့ပါတယ်။ဂျက်ဟာသူတို့ဆီကပိုက်ဆံမယူခဲ့ပါဘူး။သူ့ကိုအင်္ဂလိပ်စာသင်ပေးဖို့ရန်အပေးအယူလုပ်ခဲ့ပါတယ်။ဂျက်ဟာလူကောင်းသေးပင်မဲ့သွက်လက်ချက်ခြားတယ်။ဒါကြောင်းတိုးရစ်တွေကသူကိုအရမ်းခင်ကြတယ်၊ချစ်ကြပါတယ်။မကြာခင်မှာပဲသူစုထားတဲ့ငွေနဲ့ရေဒီယိုအသေးလေးတစ်လုံး၀ယ်လိုက်တယ်။ရေဒီယိုကလာတဲ့အင်္ဂလိပ်စာ၊အင်္ဂလိပ်စကားပြော

တွေကိုနေ့တိုင်းနားထောင်တယ်လိုက်ဆိုကျင့်တယ်။ဂျက်မားဟာတိုးရစ်တွေဆီမှာအင်္ဂလပ်စာသင်တာ(၉)နှစ်ကြာခဲ့ပါတယ်။ဇွဲကောင်းလှတဲ့ဂျက်ပါ။ဂျက်ဟာအင်္ဂလိပ်စာကိုအရမ်းတက်ချင်တယ်၊အင်္ဂလိပ်စကားကိုအရမ်းပြောတက်ချင်ခဲ့တယ်။ဘာကြောင်းလဲဆိုရင်သူငယ်ငယ်တုန်းကတည်းက၊ယုံကြည်ချက်တစ်ခုရှိတယ်။

ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်ထားတဲ့တရုတ်ပြည်ကြီးဟာတစ်ချိန်မှာတံခါးဖွင့်လာလိမ့်မယ်လိုသူယုံကြည်ခဲ့ပါတယ်။ကမ္ဘာကိုတံခါးဖွင့်လိုက်ရင်သူလေ့လာထားတဲ့အင်္ဂလိပ်စာဟာကမ္ဘာကြီးနဲ့ဆက်သွယ်ရမှာသူ့ကိုအကျိုးပြုလိမ့်မယ်လိုသူမျှော်လင့်ထားတယ်။ဒါအပြင်ဂျက်မားဟာပညာရေးကသာလျှင်သူကိုဆင်းရဲတွင်းကလွတ်မြောက်စေမယ်လိုလည်းခံယူထားပါတယ်။ဂျက်မားဟာအင်္ဂလိပ်စာမှာတော်ပေမဲ့သင်္ချာဘာသာမှာတော့အတော်လေးကိုအားနည်းခဲ့ပါတယ်။တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေတော့သင်္ချာဘာသာမှာကျလို၀င်ခွင့်မရခဲ့ပါဘူး။ဇွဲမလျှော့ပဲတတိယအကြိမ်ထပ်‌‌‌ေဖြတော့မှာအောင်မြင်ခဲ့ပါတယ်။ဆရာဖြစ်တက္ကသိုလ်တက်ခွင့်ရခဲ့ပါတယ်။၁၉၈၈ခုနှစ်မှာဘွဲ့ရခဲ့ပြီးတော့လဲကုမ္ပဏီပေါင်း(၃၀)မှာအလုပ်လျှောက်ခဲ့တယ်။ဖြစ်ချင်တော့ကုမ္ပဏီတစ်ခုမှာသူ့ကိုမရွေးခဲ့ပါဘူး။

နောက်ဆုံးကျတော့တက္ကသိုလ်တစ်ခုမှာအင်္ဂလိပ်စာသင်တဲ့ဆရာအလုပ်ရခဲ့ပါတယ်။ဂျက်မားအင်္ဂလိပ်စာသင်ပြတာကောင်းလွန်လို့သူ့ရဲတပည့်တွေကသူ့ကိုချီးကျူးကြတယ်။သူ့ကိုအရမ်းချစ်ကြပါတယ်။

မိတ်ဆွေလူငယ်များရှင်- ၁၉၉၀ပြည့်နောက်ပိုင်းမှာတော့ဂျက်မားမျှော်လင့်၊ယုံကြည့်ထားတဲ့နေ့တနေ့ရောက်ရှိခဲ့ပါပြီး။အဲဒီနေ့ဟာတရုတ်

ပြည်မကြီးဟာကမ္ဘာကြီးကိုတံခါးဖွင့်ပေးလိုက်တဲ့နေ့ပေါ့။တရုတ်ပြည်စီးပွားရေးတွေတဟုန်းထိုးတိုးတက်လာခဲ့ပါတယ်။ဂျက်တစ်ယောက်လဲတက္ကသိုလ်ဆရာအလုပ်ကထွက်ပြီးတရုတ်စာတွေကိုအင်္ဂလိပ်လိုဘာသာပြန်ပေးတဲ့ကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်ပါတယ်။ဂျက်မားဟာအစိုးရကိုကူညီဘာသာပြန်ပေးဖို့ရန်အမေရိကန်နိုင်ငံကိုပထမဆုံးသွားရောက်ခဲ့ပါတယ်။   သော်တရှင်များရှင်-      (ဂျက်မားရဲ့ဘ၀ဘယ်လိုအောင်မြင်မှုတွေရရှိခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်မကနောက်အပတ်တွေမှာပြန်လည်တင်ဆက်ပေးသွားအုံးမှာဖြစ်ပါတယ်ရှင်)

ချစ်သောလူငယ်များရှင်- ယုံကြည်မှုဆိုတာမိမိကိုယ်ကိုယုံကြည်မှုကအရေးကြီးပါတယ်။ယုံကြည်မှုမရှိရင်ဘာမှလုပ်လိုမရပါဘူး။ယုံကြည်မှုတစ်ခုဟာမိမိအတွက်၊မိမိရဲအလုပ်တစ်ခုလုပ်နိုင်ဖို့နှင့်အောင်မြင်ဖို့ရန်အရေးကြီးတာပါ။ထို့နည်းတူဂျက်မာလဲသူဘ၀အောင်မြင်ချင်တဲ့အတွက်ယုံကြည်မှုတစ်ခုတည်းနဲ့စိန်ခေါ်မှုတွေကိုပျော်ပျော်ကြီးရင်ဆိုင်၊အခက်အခဲတွေထဲကအခွင့်အရေးတွေကိုရအောင်ယူပြီးတော့ဇွဲရှိရှိပြန်ပြီးကြိုးစားခဲ့လိုခုလိုတရုတ်နိုင်ငံကအလီလီဘာဘာကုမ္ပဏီ

ပိုင်ရှင်ကြီးဖြစ်လာတာမဟုတ်ပါလားကွယ်။ ဒီတပတ်အတွက်တင်ဆက်ပေးတဲ့အကြောင်းအရာလေးဟာအောင်မြင်ခြင်းလမ်းကိုလျှောက်လှမ်းနေကြတဲ့

လူငယ်မောင်မယ်တွေအတွက်အတုယူစရာ၊စံနာမူနာ၊လေးစားထိုက်သူဖြစ်လိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါ

တယ်။နားဆင်ကြည့်ရှုသူတွေအတွက်လည်းအကျိုးရှိမယ့်လိုလည်းမျှော်လင့်မိပါတယ်ရှင်။အားပေးနားဆင်သူ

အားလုံးကိုကျေးဇူတင်ပါတယ်ရှင်။ရွှင်လန်းချမ်းမြေ့ကြပါစေ။ကျွန်မကတော့စစ္စတာရ်မေရီဒိမ် ပါရှင်။

 

 

 

Add new comment

5 + 11 =