(အချစ် နှင့် ရမက်) Love& Lust

Love and Lust

            ဒီနေ့မှာ ချစ်ခြင်းတရားဆိုတဲ့ အချစ်နဲ့ ရမက်ဆိုတဲ့အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။

            လူသားတိုင်းမှာ အချစ်ဆိုတဲ့ ချစ်တတ်တဲ့ စိတ်ရှိသလို သူနဲ့ တတွဲတည်း ရမက်ဆိုတာ ပါလာ ပါတယ်။

            တစ်ခါတစ်လေမှာ အချစ်နဲ့ရမက်က တွဲပါမလာပဲ ရမက်တခုတည်းပဲရှိနေတတ်ပါတယ်။

            အဲ့ဒီတော့ အချစ်ဆိုတာကဘာလဲ? အချစ်ဆိုတာက အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင် တပါးသူတစ်ယောက်ကို နက်ရှိုင်းစွာနဲ့ ကြင်နာတဲ့ ခံစားမှုတွေနဲ့ တဖြည်းဖြည်းစိတ်ခံစားချက်မှာ သံယောဇဉ်အဖြစ် ပြောင်းလဲသွားတာကို အချစ်လို့ ဆိုနိုင်ပါတယ်။

            ရမက်ဆိုတာကကော?

            ရမက်ဆိုတာက အချစ်ရဲ့တစ်ဖက်မှာရှိနေတတ်ပြီး အခြေခံအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုကို ဦးတည်ပြီး ဒီဆွဲဆောင်တာကို ကြိုက်နှစ်သက်တဲ့အတွက် ဟော်မုန်းတွေက အလျင် အမြန်ထွက်လာပြီး၊ feeling of sexual desire ဖြစ်လာတာပါ။ ရမက်ရှိတဲ့သူက တဘက်လူကို ချစ်တာ၊ ကြိုက်တာ နှစ်သက်တာ I love you  ဒီလိုအသုံးအနှုန်းတွေပါမလာတော့ဘူး။ မိမိစိတ်ထဲမှ တော့ relationship ဖြစ်တယ်လို့ထင်ပေမဲ့  တကယ်တမ်း ရင်တွင်ခံစားတွေမရှိလို့လားဆိုတာ ကာယကံရှင်မှပဲသိမယ်။ ရင်ဖွင့်တာမရှိဘူး။ နှစ်ယောက်အတူ လူသူမရှိတဲ့ နေရာမှာ အတူရှိမယ်။ အလိုရမက်ဆန္ဒပြီးသွားရင် ချစ်သူတွေလိုဖြစ်နေပေမဲ့။ သူငယ်ချင်းချစ်သူတော့ မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

            ဒီနေ့ခေတ်မှာ အများစုက မိမိရဲ့ စိတ်ခံစားချက်ကို ချက်ချင်းအကောင်အထည်ဖော်တတ်ကြ တယ်။ ဒီတော့ စိတ်ခံစားချက်က အချစ်တွေဖြစ်ပေါ်နေတာလား?  ရမက်လား မိမိကိုယ်မိမိ သေသေ ချာချာ သိဖို့လိုနေပါပြီ။

            ဥပမာ - လူငယ် မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် မိမိရဲ့ ဖုန်းကို မိမိစိတ်ဝင်စား နေတဲ့သူ မိမိခင်တွယ်နေတဲ့သူကို တွေ့ချင်၊ မြင်ချင်၊ ပြန်မထူးမချင်း အသံကြားချင်လို့ ခေါ်နေတယ် ဆိုပါစို့။ အဲ့ဒီလို ခေါ်ပြီး နှစ်ယောက် ဆိတ်ငြိမ်တဲ့ နေရာမှာ တွေ့ဆုံကြတယ်။ တွေ့ဆုံပြီးတဲ့အခါမှာ နောက်မတွေ့တော့ဘူးလို့ ခံစားချက်တွေဖြစ်လာရော။ မတွေ့ဆုံကြတော့ဘူး။ နှစ်ယောက်အတူရှိ နေတုန်းက မိမိရဲ့ ဦးနှောက်က အရာအားလုံးကို feel good chemical ဖြစ်သွားစေတယ်။ dating လည်းပြီးသွားရော ဘာခံစားချက်မှ မရှိတော့ဘူး။ အဆက်အသွယ်လည်းမလုပ်တော့ဘူး၊ ဒါက အချစ်လား ရမက်လား?

            ဒါကြောင့် အချစ်နဲ့ ရမက်မှာ ကွာခြားချက်တွေရှိပါတယ်။ နောက် ဥပမာလေးတစ်ခု တင်ပြ ရရင် ရုပ်ရှင်ကြည့်တဲ့အခါ မိန်းကလေးရဲ့ဘေးမှာ တစိမ်းယောက်ျားလေးတစ်ယောက်ကလည်း ရုပ်ရှင်ကြည့်နေတယ်ဆိုပါစို့။ တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် တစ်ခါတစ်ရံ ပုခုံးချင်းထိမိ တော့  စိတ်ထဲမှာ တမျိုးဖြစ်လာရော။ တမင်သက်သက်ထိတာပဲဖြစ်ဖြစ်၊ မတော်တဆဖြစ်ထိတာပဲ ဖြစ်ဖြစ်၊ အကြိမ်ရေနည်းနည်းများလာရင်တော့ ပုထုဇဉ်ပီပီ စိတ်ထဲတမျိုးတော့ ဖြစ်လာတာပါပဲ။ ဒါပေမဲ့ ရုပ်ရှင်လည်းပြီးသွားရော မိမိစိတ်ထဲမှာရှိတဲ့ ခံစားချက်ကလည်း ပျောက်သွားရော။ ဒါက ရမက်ပါပဲ။

            အချစ်ဆိုရင်တော့ မိမိရဲ့ စိတ်ခံစားချက်နဲ့ သက်ဆိုင်တဲ့အတွက် မိမိချစ်တဲ့သူကို ရင်ထဲကနေ နက်နက်ရှိုင်းရှိုင်းခံစားချက်တွေဖြစ်ပေါ်လာစေတာပါ။

            တစ်ခါတစ်လေကျတော့လည်း အချစ်ကော၊ ရမက်ရော တပြိုင်နက် ပေါ်ပေါက်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်လား၊ ရမက်လား၊ မသိတဲ့သူရင့်ကျက်မှု မရှိခဲ့ ရင် ဒါဟာ အချစ်ပဲလို့ ဝါးတားတား ထင်မိမှာပါပဲ။

            တကယ်ချစ်လို့ ရင်ထဲမှာ ခံစားချက်ရှိရင်တော့ တစ်ယောက်နဲ့တစ်ယောက် Care လုပ်ကြ တယ်။ ဆက်ပြီး အဆက်အသွယ်တွေရှိကြတယ်။ တစ်ယောက်ပေါ်တစ်ယောက် စောင့်ရှောက်ကြ တယ်။ ဒါတွေက ရင်ထဲမှာ ချစ်နေလို့ မိမိအပြုအမူတွေက အလိုအလျောက် ပေါ်လာတာပါ။

            တစ်ခါတစ်လေမှာ ရမက်ကို အချစ်လို့လဲ ထင်တတ်ကြတယ်။ ရမက်က မမြဲဘူး ဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုတွေများလာတဲ့အခါမှာ စိတ်ဝင်စားမှုတွေ ၊ စိတ်ခံစားချက်တွေ က ခိုင်မြဲလာတယ်။ Care လုပ်လာတယ်။ တဖြည်းဖြည်း လေးနက်တဲ့ အချစ်တွေတိုးလာတယ်။ အဲ့ဒီတော့လည်း အချစ်နဲ့ရမက် ပေါင်းသွားပြန်ရော။ ရမက်နဲ့ အချစ်က ဆန့်ကျင်ဘက်မှာ ရှိတာဆို ပေမယ့်လည်း အတူတွဲလို့ ရသွားပြန်ရော။ တစ်ဦးရဲ့ စိတ်ခံစားမှုတွေကို တစ်ဦးက ခံစားတတ်လာ တော့ ခံစားမှုခြင်း ရောယှက်သွားပြန်ရော။

            တကယ်လို့ မိမိစိတ်ဝင်စားတဲ့သူကို အတွေးထဲကနေ သူဘာတွေလုပ်နေလဲ။ နေကောင်းရဲ့ လား၊ နောက်ပြီး ဥပမာအပြင်ကို အလည်အပတ်သူနဲ့ အတူတူသွားရရင်ကောင်းမှာပဲလို့ တွေးနေမယ် ဆိုရင် မိမိက တကယ်ချစ်လို့ အခုလိုခံစားချက်တွေ အလိုအလျောက် ဖြစ်လာတာပါ။ ဒါက ရမက်မဟုတ်ဘူးပေါ့။

            မိမိအတူရှိချင်တဲ့သူနဲ့ အတူရှိနေတဲ့အချိန်မှာ မိမိစိတ်ထဲမှာ မိမိကိုယ်မိမိလုံခြုံတယ်။ ယုံကြည် စိတ်ချရတဲ့ စိတ်ခံစားချက်ရှိနေမယ်။ မိမိရဲ့ personal feelings တွေကို မရှက်မကြောက်ပဲ share လုပ်မယ်။ မိမိရဲ့ ခံစားချက်တွေကို တဘက်ကနေ ပြန်ပြီး ပြောစေချင်တယ်။ ကြားစေချင် တယ်ဆိုရင် ဒါတွေဟာ အချစ်ရဲ့သော့ချက် တစ်ခုလိုပါပဲ တကယ်ချစ်လို့ တစ်ဦးရဲ့ ခံစားချက်ကို တစ်ဦးက ပြန်ခံစားနားထောင်ကြည့်ချင်တာပါ။

            တစ်ကယ်လို့ နှစ်ဦးအတူရှိနေချိန်မှာ ရင်တွင်းခံစားချက်ဘာမှမရှိဘူး၊ ရင်တွင်းခံစားချက်တွေ ကို ဖော်ပြလည်း၊ တဘက်က စိတ်ဝင်စားမှုမရှိဘူး၊ နှစ်ဦးအတူရှိတာကိုတော့ ကျေနပ်တယ်။ အရေးကြီးတဲ့အချိန်မှာ ဘယ်မိဘ၊ ဆွေမျိုးနဲ့မှ မိတ်မဆက်ပေးဘူး၊ မတွေ့ဆုံပေးဘူး။ ခေါ်မသွားဘူး။ မပါဝင်ခိုင်းဘူး။ လူချင်းကတော့ အမြဲထိတွေ့မှုရှိတယ်။ ဒါဆိုရင်သူမှာ အချစ်မရှိဘူးဆိုတာ ပေါ်လွင် နေပါပြီ။ ရမက်ကြောင့်သာ မိမိအတူရှိနေတာဆိုတာ သေချာသွားပါပြီ။

            ဒါကြောင့်မို့ ဒီနေ့ခေတ် လူရွယ်လူငယ်တွေအချစ်နဲ့ ရမက်ကို ခွဲခြားပြီး သိစေချင်ပါတယ်။ သိတဲ့လူငယ်တွေရှိသလို ခွဲခွဲခြားခြားမသိသေးတဲ့ လူငယ်တွေအတွက် လူငယ်တွေ ဗဟုသုတရစေဖို့ ရည်ရွယ်ရင်း နိဂုံးချုပ်ပါတယ်။

 

Add new comment

2 + 0 =