အချစ်မှာအပြစ်မမြင်

အားလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာသာသာအစီအစဥ်ကနေအပတ်စဥ်တိုင်တင်ဆက်ပေးနေတဲ့အစီအစဥ်လေးကနေတဖန်ကြိုဆိုပါတယ်ရှင်။တက်ဆက်ပေးမဲ့ ခေါင်းစဥ်လေးကတော့ အချစ်မှာအပြစ်မမြင် ဆိုတဲ့ အကြောင်းအရာလေးနဲ့တင်ဆက်ပေးသွားမှာြဖစ်ပါတယ်။
သော်တရှင်မိတ်ဆွေများရှင် -အချစ်မှာအပြစ်မမြင်ဘူးလို့အဆိုအမိန့်တွေမှာမြင်ဖူးကြားဖူးကြမှာပေါ့။ မိမိရဲ့ချစ်သူကို စတင်ချစ်မိ၊မေတ္တာထားတဲ့နေကစပြီးတော့သူအပေါ်မှာအပြစ်မြင်ခြင်း၊စိတ်နာခြင်း၊မာနလိုခြင်း၊သံသယပွားအငြိုထားခြင်းတွေမရှိတော့အချိန်ပေါ့။အယောက်တိုင်းမဟုတ်ပင်မဲ့တချို့တွေအတွက်ပေါ့။ ပြောရမယ်ဆိုရင်တော့(ချစ်နေတုန်းဘာပဲလုပ်လုပ်ခွင့်လွှတ်တတ်တာကိုပြောတာဖြစ်ပါတယ်။)ဒါအပြင်အချစ်မှာမျက်စိမရှိဘူးလိုလည်းဆိုကြပြန်ပါတယ်။ဥပမာ အနေနဲ့ (၇၀)ကျော်အမျိုးသားနဲ့အသက်(၂၀) အမျိုးသမီးငယ်တို့ဖူးစာပါလို့လက်ထပ်ထိမ်းမြားအိမ်ထောင်ပြုကြတာတွေလဲမြင်ဖူး၊ကြားဖူးကြမှာပေါ့။အဲဒါတွေကလဲအကြောင်းအမျိုးမျိုးကြောင်းလဲဖြစ်သလို၊အချစ်မှာမျက်စိမပါတာ၊လဲဖြစ်နိုင်ပါတယ်။တကယ်တော့အရွယ်သုံးပါးစလုံးမှာအချစ်ရှိကြတာပါ။အချစ်မှာအရွယ်အစား၊အသက်အရွယ်တွေနဲ့ကန့်သတ်မထားပါဘူး။တကယ်တော့ချစ်တာကအပြစ်မရှိ၊မချစ်တက်တာကအပြစ်ရှိတာဖြစ်ပါတယ်။
ဒါပြင်မဲ့မှန်ကန်စွာနဲ့ချစ်တက်ဖို့တော့လိုပါလိမ့်မယ်နော်။အချစ်ဆိုတဲ့အရာကိုဖန်းတီးယူလိုမရပါဘူး။သူအလိုလိုဖြစ်ပေါ်လာတက်ပါတယ်။
ညီငယ်၊ညီမငယ်တို့ကိုအားပေးတိုက်တွန်းချင်တာကအချစ်ဆိုတဲ့အရာကိုရွေးချယ်တဲ့အခါမှာစိတ်မစောဖို့၊စိတ်မလောဖို့၊တော့လိုပါတယ်။မှတ်တိုင်မှာစောင့်နေရတဲ့ဘတ်စကားလိုမျိုးဖြစ်ပါတယ်။တစ်စီးလွတ်သွားရင်၊ကြေကွဲ၀မ်းနည်း၊ဒေါသထွက်နေမဲ့အစားနောက်တစ်စီးကိုအကောင်းဆုံးလိုမှတ်ပြီစိတ်ရှည်စွာ၊နဲ့စောင့်ဖို့တော့လိုပါလိမ့်မယ်နော်။အချိန်တွေရှိသေးရင်ပေါ့လေ။
ညီငယ်၊ညီမငယ်တို့ အချစ်ကိုကစားစရာဆော့စရာတစ်ခုလိုပေါ့ပါ့ဆဆမလေးမစားမလုပ်မိဖို့တော့လိုပါတယ်။ဘာကြောင့်လဲဆိုရင်အချစ်ဆိုတဲ့အရာကနှစ်ပေါင်းများစွာထဲကရှင်သန်နေတဲ့အရာဖြစ်လိုပါ။မိမိထက်အများကြီးအရေးကြီးတာမို့လေးလေးစားစားဆက်ဆံသင့်လှပါတယ်။မိမိရဲ့ပတ်၀န်းကျင်မှာဖြစ်ဖြစ်၊မိတ်ဆွေသူငယ်
ချင်းတွေမှာဖြစ်စေ၊အချစ်ကြောင့်ဘ၀ပျက်သွားကြတဲ့သူတွေရှိသလို၊တချို့ကျတော့လဲအချစ်ရဲ့လက်တွဲဖော်ကောင်းကောင်းတွေ့ပြီးတော့ကောင်းကောင်းမွန်မွန်ပြောင်းလဲသွားကြတဲ့သူတွေလည်းရှိတက်ကြ
ပါတယ်။ကျွန်မတို့ရဲ့ပတ်၀န်းကျင်ရှိပါတယ်။သူတို့တွေကတော့အချစ်စစ်အချစ်မှန်မေတ္တာစစ်တွေနဲ့ဆုံ
တွေကြရတယ်လိုပြောရမှာဖြစ်ပါတယ်။ညီငယ်ညီမငယ်တို့လည်း၊ကောင်းတဲ့အချက်တွေကိုအတုယူ
စေချင်ပါတယ်။ဗဟုသုတ၊အကျိုးတစ်စုံတစ်ရာများရရှိစေချင်လိုကျွန်မဖတ်ဖူးခဲ့တဲ့စာတွေထဲကနေကိုးကားတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။
မိတ်ဆွေလူငယ်များရှင် -အချစ်မှာကြေကွဲစေနိုင်တဲ့အစွမ်းဘယ်လောက်ပဲရှိနေပါစေမိမိဘက်ကဒီကြေ
ကွဲခြင်းတွေကိုလျော့ကျနိုင်ဖို့ရန်အချစ်ရဲ့နက်နဲ့ရာတွေကိုလေ့လာသင်ယူကြပါနော်။ဒါမှာလဲအချစ်ဆိုတဲ့လောကပင်လယ်ကြီးထဲမှာဆုန်းဈန်ကူးခတ်နိုင်မှာဖြစ်ပါတယ်။အချစ်မှာမျက်စိမရှိလို့ဆိုကြပင်မဲ့လည်းမိမိဘက်ကနေအချစ်ရေးရာမှာမျက်စိမကန်းဖို့တော့လိုပါမယ်နော်။
နောက်ဆုံးအနေနဲ့အားပေးချင်တာက ညီငယ်၊ညီမငယ်တို့ဘ၀မှာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာမျိုးကိုရယူပိုင်ဆိုင်ကြပါစေ။ချစ်ခြင်းမေတ္တာရဲ့ဂုဏ်ဒြပ်တွေဖြစ်တဲ့နားလည်းပေးတက်ခြင်း၊ခွင့်လွှတ်တက်ခြင်း၊မနစ်နာခံ၊ပေးဆပ်တက်ခြင်း၊ကိုယ်ကျိုးစွန့်
ခြင်းတွေနဲ့လောကကမ္ဘာကြီးကိုတည်ဆောက်သွားကြစို့လားကွယ်။ချစ်သောလူငယ်မောင်မယ်တို့လည်းပျော်ရွှင်ကြည်နူးတဲ့ဘ၀တွေနဲ့ပိုင်ဆိုင်နိုင်ကြပြီးတော့အချစ်ရဲ့ကြွေကွဲလွမ်းဆွမ်းမှုတွေနဲ့ကင်းကွာကြပါ
စေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

9 + 11 =