အချစ်ဆိုသည်မှာ

အားလုံးပဲမင်္ဂလာပါရှင်
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေထပ်မံကြိုဆိုပါတယ်ရှင်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့အစီအ
စဥ်ကလေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့ “ အချစ်ဆိုသည်မှာ “ ခေါင်းစဥ်လေးတဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
သော်တရှင်မိတ်ဆွေများရှင်
လူတစ်ယောက်ရှင်သန့်ဖို့အတွက်လေတွေ၊ရေတွေ၊အစားအစာတွေ၊အဟာရတွေစသည့်မျိုးစုံလိုအပ်သလို ကျွန်မတို့တတွေရဲ့၀ိညာဥ်ရှင်သန်ဖို့ရန်အတွက်လည်းအချစ်တွေလိုအပ်လှပါတယ်။အလားတူပါပဲကျွန်မတို့တတွေမှာလည်းအချစ်တွေရှိကြမှာပါ။တချို့ကအချစ်ဆိုတာဘာလဲဆိုပြီးတော့မေးခွန်းတွေမေးတက်ကြပါတယ်။
သော်တရှင်မိတ်ဆွေများရှင် ခေတ်အဆက်ဆက်မှာအချစ်ကိုအဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်။တချို့ကလဲအဓိပ္ပါယ်ဖွင့်ဆိုဖို့ခက်ခဲ့တယ်ဖွင့်ဟပြောဆိုလိုမရနိုင်ဘူးလိုယူဆကြပါတယ်။ဒါဟာလဲအချစ်ကိုတွေ့ကြုံရတဲ့ပုံစံတွေအမျိုး
မျိုးကွဲပြားနေလိုဖြစ်နိုင်ပါတယ်။အချို့အတွက်အချစ်ဟာခါးတယ်၊အချို့အတွက်တော့ချိုကောင်းချိုပါ
လိမ့်မယ်။အချို့အတွက်တော့ချိုချဥ်လေးဖြစ်ရင်လဲဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ်အချစ်ဆိုတာေါဟာရခံစားချက်တစ်ခုလိုတော့ကျွန်မတို့တနေ့နေ့တချိန်ချိန်ကြုံတွေခဲ့ရမှာပါ။ကြုံတွေဘူးကြမယ်ထင်မိပါတယ်။ကျွန်မတို့တတွေခုချိန်ထိရှင်သန်နေရတာကအချစ်ရှိလို၊အချစ်ကြောင့်ရှင်သန်နေကြတာဖြစ်ပါတယ်။ဘယ်သူဘယ်၀ါမှာအချစ်နဲ့မကင်းကြပါဘူး။သူသူဌါဌါအချစ်ခံချင်ကြတယ်၊ဂရုစိုက်ခြင်းကိုလည်းလိုချင်ကြတယ်၊အရေးတယူပြုမှုတွေကိုလဲခံချင်ကြတယ်။ဘယ်လိုပဲဖြစ်ဖြစ်မိတ်ဆွေညီငယ်၊ညီမငယ်တို့အချစ်ဆိုတဲ့ေါဟာရကိုသရုပ်ခွဲကြည့်မယ်ဆိုရင်အကြမ်းအားဖြင့်သုံးမျိုးခွဲခြားနိုင်ပါတယ်။ဘာတွေလဲဆိုရင်ဂရုဏာအချစ်(သနားဂရုဏာကိုရှေ့တန်းတင်တဲ့အချစ်)ခင်မင်မှုအချစ်(သံယောဇဥ်တွေ၊လူမှုဆက်ဆံရေးတွေကိုဦးစားပေးတဲ့အချစ်၊)တဏာှအချစ်(တက်မက်မှုတစ်ခုခုကိုအလေးပေးတဲ့အချစ်)တို့ဖြစ်ပါတယ်။အရင်းတုန်းကသတ်မှတ်ချက်ကတော့၁၅၀၀ကသမီးရည်စားအချစ်၊၅၂၈မိသားစုညီအစ်ကိုမောင်နှမအချစ်ဆိုပြီးတော့လဲပြောတက်ကြပါတယ်။ဒါတွေအားလုံးဟာတကယ်တော့အချစ်တွေပါပဲ။ညီငယ်၊ညီမငယ်တို့အချစ်ဆိုတာစိတ်ခံစားမှုအမျိုးမျိုးကိုပေးစွမ်းနိုင်တဲ့၊ခံစားမှုပေါင်းစုံလင်စွာပေါင်းစပ်ထားတဲ့အရာဖြစ်ပါတယ်။လူတိုင်းလိုလိုကိုယ်ချစ်တဲ့သူရှိကြမှာပါ။ချစ်သူမရှိပင်မဲ့လည်းချစ်တက်တဲ့နှလုံးသားတော့ရှိကြမှာပါ။အနည်းဆုံးတော့အချစ်ခံရတဲ့သူတွေဖြစ်ဖူးကြမှာဧကန်ပါ။အချစ်နဲ့ပတ်သက်
ပြီစာရေးဆရာတွေ၊ကဗျာဆရာတွေ၊အဆို့အမိန့်တွေမှာ၊စသည့်ဖြင့်ဖော်ပြထားပါတယ်။ရေးစပ်သီကုံးဖွဲ့ဆိုထားကြပါတယ်။ဒါအပြင်အချစ်ကိုလည်းအမျိုးမျိုးသောအရာတွေနဲ့နှိုင်းယှဥ်ဖော်ပြထားကြပြန်ပါတယ်။အချစ်ဆိုတဲ့အရာဟာကျွန်မတို့လူသားတွေကိုပျော်ရွှင်ကြည်နူးမှုတွေ၊လန်ဆန်းမှု၊သာယာမှု၊မွေ့
လျော့မှု၊ကျေနပ်မှု၊နှစ်သိမ့်မှုတွေကိုပေးနိုင်သလိုတစ်ခါတရံကျတော့လည်းပူလောင်မှုတွေ၊ခါးသီးမှုတွေ၊ကြွေကွဲမှုတွေ၊လွမ်းဆွမ်းသတိရမှုတွေ၊၀မ်းနည်းမှုတွေနဲ့လည်းကြုံတွေရတက်ပြန်ပါတယ်။ကျွန်မတို့တတွေဟာအချစ်ဆိုတဲ့အရာတွေ၊ပြဿနာတွေ၊ရှုပ်ထွေးမှုတွေနဲ့ကြုံလာရင်တော့မေတ္တာလိုအရင်းခံထားတဲ့အချစ်နဲ့ေးသွားတက်ကြပါတယ်။တခါတလေ့ကျတော့လည်းအချစ်ဆိုတဲ့အရာတွေနဲ့ဆုံဆည်းနေချင်ပြန်ပါတယ်။ဒါဟာလဲဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုဘဲဖြစ်ပါတယ်။မိတ်ဆွေတို့တွေ့ဘူးကြပေးလိမ့်မယ်။အချစ်ကြောင့်ဒုက္ခရောက်ကြတဲ့သူတွေကျွန်မတို့ရပ်ကွက်တွေ၊ကျေးရွာတွေမှာအများကြီးဘဲဖြစ်ပါတယ်။မိဘအိမ်မှာအဆင်ပြေခဲ့ပင်မဲ့အိမ်ထောင်ကျမှဒုက္ခရောက်ကြရတာ၊ဆွေမျိုးတွေနဲ့အဆင်မပြေတာတွေ၊ယောကျာ်းဘက်မိန်းမဘက်နှင့်ပြဿနာတက်ကြတာတွေစုံလိုပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အချစ်မှာ၊အချစ်နှင့်အတူရောပြီခံစားရတဲ့အရာတွေရှိပါတယ်။ဒီထဲမှာစောစောကကျွန်မပြောခဲ့တဲ့ကရုဏာမေတ္တာ၊တဏှာ၊သံယောဇဥ်စသည့်အရေးကြီးတဲ့အချက်သုံးချက်ကိုသတိထားမိပါလိမ့်မယ်။အချစ်မှာကရုဏာမေတ္တာရဲ့ပါ၀င်အင်အားဟာကြီးမားလှပါတယ်။သူရှိနေခြင်းနှင့်မရှိနေခြင်းဟာအတော်ကွာဟပါတယ်။ကရုဏာမေတ္တာမရှိတော့ရင်အချစ်ဟာဒုက္ခဘက်အဆိုးဘက်ကိုရောက်လာတက်ပါတယ်။ဒါကိုသတိပြုဖို့လိုအပ်လှပါတယ်။ဒီတစ်ပတ်မှာတော့ဒီအချက်သုံးချက်နဲ့အချစ်ရဲ့ဆက်သွယ်မှုကိုဘဲတင်ပြပေးပါရစေ။နောက်တစ်ပတ်မှာတော့အချစ်မှာအပြစ်မမြင်တက်တဲ့အကြောင်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။မိတ်ဆွေအပေါင်းအချစ်နှင့်အတူ၊မေတ္တာကရုဏာထားနိုင်ကြပါစေလို့ဆန္ဒပြု
ဆုတောင်းပေးပါတယ်။နားဆင်အားပေးကြတဲ့မိတ်ဆွေများ၊လူငယ်မောင်မယ်များတွက်လည်းအကျိုးရှိလိမ့်မယ်လိုမျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မက စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

1 + 0 =