အခက်အခဲ

အာလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေပြန်လည်ကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်လူငယ်အစီအစဥ်လေးမှာကျွန်မတင်
ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“အခက်အခဲ “ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်
ပါတယ်။အောင်မြင်မှုပန်းတိုင်ကိုလျှောက်လှမ်းနေကြတဲ့လူငယ်မောင်မယ်များအတွက်အထောက်အကူ၊တစ်စုံတစ်ရာ၊စိတ်ဓာတ်ခွန်အားများရရှိလိမ့်မယ်လို့မျှော်လင့်လိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။
ချစ်သောမိတ်ဆွေများရှင် ပုထုဇဥ်လူသားဖြစ်လာရင်ဘယ်သူမဆိုအခက်အခဲနှင့်မတွေ့ကြုံဘူးတဲ့လူမရှိပါဘူး။ဒါပေမဲ့လောကမှာကျွန်မတို့တတွေကြုံရမဲ့အခက်အခဲတွေကြားမှာညည်းညူမနေဘဲကြိုးစားလုပ်ဆောင်သွားမှသာလျှင်
အောင်မြင်မှုသရဖူကိုဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။အကြောင်းမလှလိုကံဆိုးပြီးအခက်အခဲတွေနဲ့ကြုံတွေခဲ့ရင်တောင်ပညာသတိရှိစွာနဲ့အရာရာကိုကျော်လွှားနိုင်အောင်တွေ့ကြုံလာရတဲ့အခက်အခဲတွေထဲမှ
အောင်မြင်မှုကိုဆွတ်ခူးနိုင်အောင်ကြိုးစားကြရမှာပါ။ဒါဟာလည်းကျွန်မတို့လူသားတွေရဲ့တာ၀န်ပဲဖြစ်ပါတယ်။ကျွန်မတို့တွေကြုံနေရတဲ့အခက်အခဲတွေဟာမိမိရဲ့ရှေ့ဆက်ရမဲ့ဘ၀ရှည်ကြီးကိုရပ်တန့်စေတဲ့အ
ရာလား၊ပန်းတိုင်ရောက်ဖို့ရန်နောက်ဆုတ်စေတဲ့အရာလား၊ဆိုတာကိုပုရွက်ဆိတ်လေးရဲ့ပုံပြင်ကိုနား
ထောင်ပြီးသင်ခန်းစာယူနိုင်ကြပါစေနော်။
ချစ်သောမိတ်ဆွေများရှင် ပုရွက်ဆိတ်လေးရဲ့ ပုံပြင်လေကိုေဌါပေးပါရစေ။ ပုရွက်ဆိတ်တွေမှာထူးခြားချက်တွေရှိကြပါတယ်။ပုရွက်ဆိတ်တွေဟာအစာသယ်တဲ့အခါအသုံးပြုတဲ့လမ်းကြောင်းကိုအင်ဆက်တားမြေဖြူနဲ့တားလိုက်မိပါတယ်။ဒါနဲ့ရှေ့မှာခရီးသွားဖို့ပိတ်ဆို့သွားတယ်လို့သိလိုက်တဲ့ပုရွက်ဆိတ်ဟာနောက်ပြန်သွားမယ်လို့ထင်ခဲ့ပါတယ်။အနောက်တော့သွားပါတယ်။ဒါပေမဲ့တည့်တည့်တော့မဟုတ်ပါဘူး။ဘေးဘယ်ညာလှည့်ပြီးမြေဖြူမတားထားတဲ့တစ်ဖက်ဖက်ကနေသူတို့
အိမ်ဆီကိုမရောက်ရောက်အောင်သွားပါတယ်။ဒါနဲ့မြေဖြူနဲ့လိုက်တားပေမဲ့နောက်ဆုံးတော့သူ့အိမ်ကိုမရောက်ရောက်အောင်ကွေ့၀ိုက်ပြီးအိမ်ရှိရာကိုပြန်သွားပါတယ်။စက်၀ိုင်းပုံသဏာန်တားပြီး၀ိုင်းလိုက်မိ
ရင်တောင်မြေဖြူအပါးဆုံးအပိုင်းကိုအရဲ့ စွန့်ပြီးသူလွတ်မြောက်သွားခဲ့ပါတယ်။ကျွန်မတို့လူသားတွေ
ဟာဘ၀အတွက်ရည်ရွယ်ပြီးပန်းတိုင်တစ်ခုရောက်ဖို့ကြိုစားနေချိန်မှာအတားအဆီးအခက်အခဲဆိုတာရှိစမြဲဖြစ်ပါတယ်။ငွေကြေးအခက်အခဲတွေ၊လူမှုရေးအခက်အခဲတွေ၊အချိန်အားလပ်မှုရှိမရှိအခက်အခဲ
တွေနှင့်အခြားသောအခက်အခဲပေါင်းများစွားဟာ ပိတ်ဆို့စမြဲဖြစ်ပါတယ်။အဲ့အခက်အခဲတွေကြောင့် မိမိကိုယ်ကိုယုံကြည်ချက်ပျောက်ဆုံးကုန်ပြီး၊ငါမလုပ်နိုင်ပါလားလို့ခံယူကာလက်လျော့အဆုံးရှုံးခံတတ်ကြပါတယ်။ဒီအခက်အခဲကလာရာလမ်းကြောင်းကိုပြန်သွားစေဖို့၊နောက်ဆုတ်စေဖို့၊ရည်ရွယ်တဲ့အရာမဟုတ်ပါဘူး။ဒီထက်သွားလိုရတဲ့လမ်းလေးများရှာလိုက်ပါအုံးလို့အသံထွက်ပြောဆိုနေတယ်လို့ခံယူရပါမယ်။
ချစ်သောမိတ်ဆွေများရှင် လူ့ဘ၀သံသရာတွင်လျှောက်လှမ်းနေတဲ့ကျွန်မတို့တတွေဟာမိမိရဲ့အနာဂတ်ခရီးကိုမမြင်နိုင်မသိနိုင်တဲ့အတွက်ကြောင့်လူ့ဘ၀ဟာကမ်းမမြင်လမ်းမမြင်ပင်လယ်ကျယ်မှာလှော်ခတ်နေတဲ့လှေငယ်လေးနဲ့တူ
နေပါတယ်။လှေငယ်လေးဟာ လှိုင်းလုံးကြီးများရဲ့ ရိုက်ခတ်မှုဒဏ်မုန်းတိုင်းဒဏ်တို့ကိုခံစားနေရသလို ကျွန်မတို့တတွေရဲ့နေ့စဥ်ဘ၀အသက်တာမှာလည်းသောကတွေ၊ဒုက္ခတွေ၊စိုးရိမ်မှုအကြောက်တရားတွေ၊ဆုံးရှုံးမှုတွေ၊ပြဿနာတွေနဲ့ကြုံတွေရစမြဲပါပဲရှင်။
မိတ်ဆွေတို့ ကြုံတွေ့နေရတဲ့အခက်အခဲများကိုလွယ်တကူနဲ့အရှုံးမပေးလိုက်ပါနဲ့။လူဆိုတာမှားတတ်တဲ့အမျိုးပါဘဲ။ဤကမ္ဘာပေါ်မှာအမှားမကျုးလွန်သူတစ်ယောက်မျှမရှိပါ။လောကကြီးမှာအမှားရှိမှအမှန်ရှိမယ်။ဘ၀မှာအခက်အခဲဆိုတာရှိစမြဲပါ။လှိုင်းမရှိတဲ့ပင်လယ်မရှိသလို၊ဒုက္ခအခက်အခဲမရှိတဲ့ဘ၀ဆိုတာမဖြစ်နိုင်ပါ
ဘူး။အနာခံမှအသာစံရမယ်ဆိုတဲ့ဆိုရိုးစကားအတိုင်းဒုက္ခခံပြီးကြိုးစားမှအောင်မြင်မှုဆိုတာရနိုင်မှာပါ။ဒုက္ခအခက်အခဲတွေကိုကြောက်လိုပုန်းရှောင်နေလိုလဲမရပါဘူး။ကျွန်မတို့တတွေဟာအခက်အခဲတွေ
ကြားမှာ အသက်ရှင်ရကြတာပါ။လူတိုင်းသူတိုင်းမှာမိမိကိုယ်စီအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ချစ်သောသော်တရှင်မိတ်ဆွေများတို့ ဘ၀မှာ အခက်အခဲတွေလယ်လောက်ဘဲရှိနေပါစေ ၊ပန်းတိုင်ကိုဘဲကြည့်ပြီးအားယူဆက်လျှောက်နိုင်ဖို့ ကြိုးစားရပါမယ်။အခက်အခဲတွေကိုဘဲကြည့်နေရင် တော့ ပန်းတိုင်တောင်ပျောက်သွားနိုင်ပါတယ်လို့၊ဒါကြောင့်မိတ်ဆွေတို့လည်းပန်းတိုင်တစ်ခု၊ပညာတစ်ခု အခြေအနေတစ်ခုရောက်ဖို့ကြိုးစားနေသူဟာမိမိကိုယ်ကိုယုံကြည်ချက်ပြည့်၀နေပြီးတနည်းမဟုတ်တ
နည်းနဲ့ရောက်ကိုရောက်ရမယ်။ရကိုရရမယ်လိုယုံကြည်ထားဖို့လိုပါတယ်။ဒါအပြင်ကြိုးစားဖို့လဲလိုပါ
တယ်။ဒါကြောင့်(၁)ယုံကြည်မှရမယ်၊(၂)မဆုတ်မနစ်ကြိုးစားရမယ်၊(၃)သတ္တိရှိရမယ်စသည့်တို့ဖြစ်ပါ
တယ်။အဲဒီအချက်သုံးချက်နဲ့ပန်းတိုင်ကိုတစ်နေ့မဟုတ်တစ်နေရောက်နိုင်ပါတယ်။ဥာဏ်ကောင်းရမယ်၊
ပါရမီရှိရမယ်၊အစရှိတဲ့ဆုပ်ကိုင်ပြလို့မရတဲ့အရာတွေကိုငါ့မှာမရှိပါလားလို့အပြစ်တင်ပြီးလက်လျော့
မယ်ဆိုရင်တော့ တားထားတဲ့မြေဖြူကြောင့်လိုရာခရီးကို ရောက်တော့မှာမဟုတ်ပါဘူး။
ချစ်သောသော်တရှင်မိတ်ဆွေတို့လည်း ပုရွက်ဆိတ်နဲ့မြေဖြူရာကိုဘ၀တွက်အတုယူစရာသင်ခန်းစာယူနိုင်ကြပါစေလို့ တိုက်တွန်းပေးလိုက်ရ
ပါတယ်။ေဌါပေးလိုက်ရပါတယ်။ကျွန်မရဲ့ဆောင်းပါးလေးကိုဒီတင်အဆုံးသတ်ပါရစေ။သော်တရှင်
မိတ်ဆွေအပေါင်းဇွဲလုံ့လနှင့်အောင်မြင်ခြင်းပန်းတိုင်ကိုအခက်အခဲများလို့ကျော်လွှားပြီးရယူနိုင်ကြပါစေ။ အားပေးနားဆင်ကြည့်ရှုသူအပေါင်းဘုရားရှင်ကောင်းကြီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ စစ္စတာရ်မေရီဒိမ်ပါရှင်။

Add new comment

1 + 1 =