အကြောက်တရားများကို မေတ္တာစစ်နှင့်ကျော်လွှားခြင်း

အားလုံးပဲမင်္ဂလာပါ ရှင်
      အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုလိုက်ပါတယ်။
အပတ်စဥ်တိုင်းတင်ဆက်နေတဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်အတွက်ခေါင်းစဥ်လေးကတော့ “ အကြောက်တရားများကို မေတ္တာစစ်နှင့်ကျော်လွှားခြင်း “ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
   သော်တရှင်များရှင်    လူတစ်ဦးဟာအချစ်တစ်ခုကိုမွေးဖွားခြင်း၊မေတ္တာတရားတစ်ခုကိုတည်ဆောက်လိုက်ပြီဆိုရင်၊ဘယ်အ
ရာကိုမျှမကြောက်တက်ကြပါဘူး။ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တစ်ဦးတစ်ယောက်ဟာနောက်လူ
တစ်ယောက်ကိုမေတ္တာစစ်နဲ့ချစ်မိခဲ့မယ်ဆိုရင်အနစ်နာခံရမှာ၊ကိုယ်ကျိုးစွန့်ရမှာ၊ပေးဆပ်ရမှာ၊အချိန်တွေအကုန်ခံရမှာအကြောက်ကြပါဘူး။အရာရာကိုပေးဆပ်နိုင်တဲ့သဘောမျိုးဖြစ်သွားတက်ကြပါတယ်။
အရာရာကိုလည်းစွန့်လွတ်ရဲလာပါတယ်။ဒါအပြင်အရာရာကိုလည်းအနစ်နာခံရဲ၊အရာရာကိုလည်းပေးဆပ်ရဲပါတယ်။ကိုယ်ကျိုးစွန့်ဖို့၊ဒုက္ခခံရမှာကိုလည်းမကြောက်တက်တော့ပါဘူး။
       သော်တရှင်များတို့  - ဥပမာအနေနဲ့မေတ္တာစစ်နဲ့ချစ်ခဲ့ကြသူများအကြောင်းကိုေ၀ဌါပေးချင်ပါတယ်။မေတ္တာစစ်နဲ့ချစ်ခဲ့ကြသူတွေထံမှာအဌမမြောက်အက်ဒွက်ဘုရင်ဟာထိပ်ဆုံးကတစ်ဦးဖြစ်ပါတယ်။ကမ္ဘာသမိုင်းမှာနန်းစွန့်ဘုရင်ရယ်လို့စွယ်စုံကျမ်းတွေမှာဖော်ပြခံရတဲ့ဘုရင်တစ်ပါးပါ။အက်ဒွက်ဘုရင်ဟာသာမန်အရပ်သူမုဆိုးမ
လေးမစ္စစ်ဆင်ပဆင်ကိုမေတ္တာစစ်နဲ့ချစ်ခဲ့မိပါတယ်။အက်ဒွက်ဘုရင်ဟာဆိုရင်ဥရောပတိုက်၊အင်္ဂလန်နိုင်ငံကဖြစ်ပါတယ်။ထိုအချိန်ကာလမှာဥရောပတိုက်၊အင်္ဂလန်နိုင်ငံရဲ့ဥပဒေအရတကယ်ဆိုရင်မင်းမျိုးမင်းနွယ်တွေဖြစ်တဲ့မက်မျိုးမင်းနွယ်တွေဟာသာမန်အရပ်သားတွေနဲ့ရောရောနှောနှောမနေရတဲ့အပြင်၊လက်ထပ်ပိုင်ခွင့်လည်းမရှိပါဘူး။ဒါတွေမကသေးဘူးသာမန်အရပ်သူတွေကိုလက်ထပ်မယ်ဆိုရင်သူတို့ရဲ့ထီး
နန်းကိုစွန့်ရပါတယ်။ဒါပြင်မဲ့အဌမမြောက်အက်ဒွက်ဘုရင်ဟာတနေ့တော့ရွေးချယ်မှုနှစ်ခုထဲကတစ်ခုကိုရွေးချယ်ရတော့မယ်အချိန်ရောက်လာပါတော့တယ်။ထီးနန်းနဲ့ချစ်သူဘယ်သူကိုရွေးချယ်မလဲ။ဘုရင်ကထီးနန်းနဲ့ချစ်ကိုကိုရွေးချယ်ရာမှာမိမိမေတ္တာစစ်နဲ့ချစ်တဲ့သူကိုသာရွေးချယ်ခဲ့ပါတယ်။ဘုရင်အက်ဒွက်
ဟာမိမိရဲ့ထီးနန်းကို(၁၉၃၆)ဒီဇင်ဘာလ(၁၀)ရက်နေ့မှာထီးနန်းကိုစွန့်နိုင်ခဲ့ပါတယ်။ဘာကြောင့်လည်းဆိုတော့မေတ္တာစစ်ကသူကိုအနိုင်ယူသွားလိုဘဲဖြစ်ပါတယ်။ဘုရင်ဟာတန်ခိုးဩဇာကြီးသူ၊စည်းစိမ်ချမ်း
သာပြည့်၀တဲ့ဘုရင်ကြီးဟာမိမိရဲ့ထီးနန်းကိုစွန့်ရလောက်အောင်မေတ္တာစစ်မရှိရင်မဖြစ်နိုင်ပါဘူးလို့ပြောခဲ့ပါတယ်။ဘုရင်ကြီးရဲ့စွန့်လွှတ်မှုမေတ္တာတရားဟာသမိုင်း၀င်ဖြစ်လာခဲ့ပါတယ်။အဌမမြောက်အက်ဒွက်ဘုရင်ကဲ့သို့မိမိတို့ရဲ့ချစ်သူအတွက်စွန့်လွှတ်ရဲ့တဲ့မေတ္တာမျိုးကိုမွေးမြူးကြရအောင်။အဓိကကတော့မေတ္တာစစ်ကြောင့်ဘုရင်ကြီးဟာအရာရာကိုစွန့်လွှတ်နိုင်သူ၊မိမိကိုယ့်ကျိုးကိုစွန့်သူ၊ဒုက္ခခံရှာကိုမကြောက်တဲ့ဘုရင်ကြီးဖြစ်ပါတယ်။ဒါကြောင့်မေတ္တာတရားဟာအရမ်းကိုအရေးပါပါတယ်။အက်ဒွက်ဘုရင်ဟာ
မေတ္တာစစ်တရားကြောင့်အရာရာကိုစွန့်လွှတ်ခဲ့တဲ့သူဖြစ်တဲ့အပြင်၊အနစ်နာခံ၊ပေးဆပ်ခဲ့တဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။သော်တရှင်မိတ်ဆွေတို့လည်းမေတ္တာစစ်စိတ်ထားလေးတွေရှိကြပြီးလား။ယခုတင်ဆက်
ပေးတဲ့အကြာင်းအရာလေးဟာလည်း(သက်ဆုံးတိုင်နီလာရိုင်း)စာအုပ်ထဲကနေကိုးကားတင်ပြထားတာဖြစ်ပါတယ်။နားဆင်ကြည်ရှုအားပေးကြတဲ့သူတွေအားလုံးဘုရားရှင်ကောင်း
ကြီးပေးပါစေ။ခွန်းအားရစရာနှင့်ဗဟုသုတများရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။သော်တရှင်အပေါင်းတို့လည်းမေတ္တာစစ်၊မေတ္တာတရားတွေနဲ့ရှင်သန်နိုင်ကြပါစေလို့ဆန္ဒ
ပြုပါတယ်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ် ပါရှင်။

Add new comment

5 + 4 =