သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲ

        Prepare

ဒီနေ့မှာ သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

ကျွန်မ ဖတ်ဖူးတဲ့ ပညာပေးစာအုပ်မှာ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Max Jude ဆိုသူက ၁၈၈၄ ခုနှစ်မှာ သူ့ရဲ့ ဆွေစဉ်မျိုးဆက် လေးဆက်တိတိကို မှတ်တမ်းတင်ရေးထားတာကို တွေ့ရ ပါတယ်။ သူ့ဆွေမျိုးထဲက ၅၂.၄% မိန်းကလေးတွေက ခန္ဓာကိုယ်ရောင်းစားတဲ့ အလုပ်နဲ့ အသက် မွေးမြူကြတယ်။

အယောက် ၃၀၀ ကတော့ အသက် ၃၀ နှစ်မတိုင်မီ သေဆုံးကြတယ်။ ၁၈၂ ယောက်ကတော့ အရက်စွဲတဲ့ အရက်သမားတွေ ဖြစ်သွားတယ်။ ၆၀ ယောက်ကတော့ မူးယစ်ဆေးစွဲတဲ့သူတွေ ဖြစ်သွားတယ်။ ၁၅၀ ယောက်ကတော့ ၁၅ နှစ်အတွင်း လူသတ်သမားတွေ ဖြစ်သွားကြတယ်။

၆၂ ယောက်ကတော့ ဆစ်ဖလစ်ရောဂါနဲ့ သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။

အဲဒီမိသားစုထဲမှာလဲ Johnathan Edwards ဆိုသူက နောက်မျိုးဆက်လေးဆက် အယောက် ၁၄၀၀ ရဲ့ မှတ်တမ်းကို အခုလိုရေးခဲ့ပါတယ်။

၆၆ ယောက်က တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေဖြစ်သွားတယ်။

၆၆ ယောက်က ဆေးရုံက Physician တွေ ဖြစ်သွားတယ်။

၇၅ ယောက်က နိုင်ငံတော်ကာကွယ်ဖို့ တပ်ထဲမှာ အလုပ်ဝင်ကြတယ်။

၁၀၀ ယောက်ကတော့ ရှေ့နေတွေ တရားသူကြီးတွေ ဖြစ်ကုန်တယ်လို့ဆိုပါတယ်။ အဲဒီခေတ်က နိုင်ငံတော် သမ္မတရဲ့ အကြံပေးတောင်ဖြစ်ပြီး ဂုဏ်ယူရတယ်လို့ ရေးသားထားပါတယ်။ ဒါဟာ အရင်မျိုးဆက်လေးဆက်တုန်းက ဖြစ်ပျက်မှုတွေကို သင်ခန်းစာယူပြီး နောက်မျိုးဆက် ကျတော့ အဲဒီလိုမဖြစ်အောင် မိသားစုလိုက် သားသမီးကို ကြိုတင်ပြင်ဆင်ပေးတဲ့ မိဘတွေကြောင့် ရလာဒ်ကောင်းတွေရလာတယ်လို့ ရေးထားပါတယ်။

ဒါကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝမှာကတည်းက မိဘတွေအနေနဲ့ မိသားစုတွေ အတူရှိနေတဲ့အချိန် (ဝါ)အပြင်ကိုထွက် ခရီးထွက်ကြတဲ့ အချိန်၊ ပျော်ပွဲစားထွက်တဲ့အချိန် (ဝါ) ညဉ့်အိပ်ရာဝင်ခါနီး မိသားစုတွေ စုံနေတဲ့ အချိန်မှာ ဆုံးမစကားတွေ ကောင်းတဲ့ လမ်းညွှန်မှုတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

အနန္တဂိုဏ်းဝင် မိဘဆရာသမားတွေကလည်း မိမိသားသမီး၊ တပည့်တွေကို နားလည်မှုတွေ ပေးရင်း အောင်မြင်မှုတွေရအောင် လုပ်နိုင်ပါတယ်။ ဥပမာ တခုနဲ့ပြောရရင် ၁၉၆၈ ခု မက်ဆီကို နွေရာသီအိုလံပစ်ပွဲတော်မှာ John Steven Owane ဆိုသူက အပြေးပြိုင်ပွဲမှာ ၁:၁၅ နာရီနဲ့ ပန်းတိုင်ကို ရောက်ပြီး ပထမဆုကို ရခဲ့ပါတယ်။ ဒါနဲ့ အားကစားသတင်းထောက်တယောက်က အခုလို ပထမဆုရအောင် ဘယ်လိုပြင်ဆင်ကြိုးစားခဲ့သလဲလို့ မေးတဲ့အခါမှာ အခုလို အဖြေပေးခဲ့ ပါတယ်။ သူပြေးရင်းနဲ့ finishing line ရောက်ခါနီးလေ သူ့ခြေထောက်တွေ မသယ်ချင်တော့ဘူး နှလုံးခုန်နှုန်းကလည်း အရမ်းမြန်နေတယ်။ ဒါတွေက ၁၉ မိနစ်အလိုမှာ ဖြစ်တာ အဲဒီအချိန်မှာပဲ အားကစားကွင်းတခုလုံး မီးပြတ်သွားပြီး ဒါပေမဲ့ သူက ပန်းတိုင်ရောင်အောင် ဆက်ပြေးခဲ့တယ်။ သူရဲ့တိုင်းပြည် Tanzinia ကနေ မိုင်ပေါင်းထောင်ပေါင်းများစွာ ဝေးတဲ့ ဒီနိုင်ငံကို ဒီပြိုင်ပွဲအတွက် စေလွှတ်ခြင်းကို ခံခဲ့ရတယ်။ သူ့နည်းပြက အခုလို မှာတယ်။ မိမိအလုပ်က finishing line ကို အရောက်သွားဖို့ပဲလို့ မှာလိုက်လို့ သူအဲဒီအတိုင်းလုပ်ခဲ့တာပါလို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီဥပမာလေးနဲ့ သားသမီးလေးတွေရဲ့ ဘဝလမ်းကြောင်းကို အပြေးလမ်းကြီးကို အားသွန် ခွန်စိုက်ပြေးတဲ့ခါ ရလဒ်ကောင်းတွေ ရလာမှာပါ။

မိဘတွေအနေနဲ့ မောင်နှမအချင်းချင်း နှိုင်းယှဉ်ပြောဆိုတာတွေ ရှောင်ရပါမယ်။ အကိုကြီးက ဘယ်လိုမို့ ညီလေးက အဲဒီအတိုင်းဖြစ်ရမယ်လို့ မပြေသင့်ပါဘူး။ ကလေးငယ်လေးတွေမှာ ပြိုင်ဘက် ကင်းတဲ့ ကိုယ်ပိုင်လက္ခဏာတွေရှိပြီးသားပါး မတူတဲ့ကိုယ်ပိုင်အရည်အသွေးတွေ ရှိကြစမြဲပါ။ မတူတဲ့ ဝါသနာတွေရှိတယ်။ မတူတဲ့ ခေါ်တော်မူခြင်း ခရစ်ယာန်ဘာသာဝင်တွေမှာ ရှိပါတယ်။ မိဘဖြစ် စေချင်တဲ့ အကြောင်းအရာတွေကို သံမှိုတချောင်ကိုလဲ သားသမီးဆီရိုက်ထားဖို့ မဖြစ်နိုင်ပါဘူး။

မိဘတိုင်းက မိမိသားသမီးကို ကောင်းတာတွေပဲ ဖြစ်စေချင်တာပါ။ မိမိက ကောင်းတာ လုပ်ပြမှ သားသမီးက မြင်ပြီးအဲဒီအတိုင်း လိုက်လုပ်မှာပါ။

ဥပမာ ဆင်သားအမိကို ကြည့်ရင်း မိခင်ဆင်မကြီးက ရှေ့ကနေလျှောက်သွားရင် ဆင်လေးက နောက်ကနေ ထပ်ချပ်မကွာ မိခင်ခြေရာခွက်ကို နင်းပြီး လိုက်လျှောက်တာပါပဲ။ ကျွန်မတို့လျှောက် လှမ်းရတဲ့ ဘဝမှာလည်း အဲဒီအတိုင်းပါပဲ။

မိဘနဲ့ သားသမီး အမြဲ အဆက်အသွယ်ရှိပြီး ထိတွေ့နေဖို့ကလည်း အရေးကြီးပါတယ်။

မိမိချစ်တဲ့သူအတွက် အချိန်ပေးနိုင်ရမယ်။

မိမိက ချစ်တဲ့သူကို တန်ဖိုးထားနိုင်ရမယ်။

အဲဒီတော့ မိဘတွေအနေနဲ့ မိမိရဲ့ အလုပ် Work and parenting ကြားမှာ မျှခြေရှိအောင် ကြိုးပမ်းအားထုတ်ရမှာပါ။

မိခင်တစ်ယောက်က သူ အခုလို သင်ခန်းစာရတာကို ပြောပြပါတယ်။ သားသမီးနဲ့ ခဏ ဝေးကွာသွားတဲ့အတွက် သားသမီးကို တာဝန်မယူမိလိုက်တဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် လေး ရှိခဲ့တယ်တဲ့။ အခုဆို သူ့သားလေးက နဂိုအတိုင်း ပြန်မဖြစ်တော့လို့ နောင်တရမိတယ်လို့ ဆိုပါ တယ်။ သားသမီးနဲ့ ထိတွေ့မှု connect အမြဲရှိပါ။

ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးလေးတွေအတွက် ကြိုတင်ပြင်ဆင်နိုင်ပြီး မိသားစု ဘဝ ကို ပြောင်းလဲနိုင်သလို ယုတ်စွအဆုံး ကမ္ဘာကြီးကိုပါ ပြောင်းလဲသွားနိုင်ပါတယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

9 + 11 =