သားသမီးတွေကို ထိန်းကျောင်းရတဲ့ မိဘတွေမှာ တခါတရံ လစ်ဟာသွားတတ်တဲ့ အကြောင်းအရာလေးတွေရှိတတ်တယ်

Needs to know

            ဒီနေ့မှာ သားသမီးတွေကို ထိန်းကျောင်းရတဲ့ မိဘတွေမှာ တခါတရံ လစ်ဟာသွားတတ်တဲ့ အကြောင်းအရာလေးတွေရှိတတ်တယ်ဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။

            မိဘနဲ့သားသမီးအတွင်းစိတ်မှာ ပါဝင်ပတ်သက်မှု အဓိကရှိဖို့ အမှန်တကယ်လိုအပ်ပါတယ်။ ဒီမိဘမှာ လေးနှစ်အောက်ကလေးတယောက်ရှိနေပြီ ကိုယ့်မှာ အတွေ့အကြုံက မရှိသေးဘူး။ ဘယ်လိုပြုစုရမယ်။ ရှေ့ဘဝခရီးကိုလည်း ခန့်မှန်းလို့မရဘူး။ မဖြစ်မနေ ပျိုးထောင်ပေးရတော့မယ်။ အတွေးတွေက မျိုးစုံရှိနေတယ်။ အခုနောက်တယောက်ကလည်း မွေးဖွားခါစ လသားအရွယ်ရှိနေပြီ ခက်ခဲပင်ပန်းမှုတွေက ရှိနေပြီး အတွေးကလည်း အခုလို တွေးတတ်လာတယ်။ အခုလိုကလေး အကြီးက လေးနှစ်ရှိလာပြီး ပြီးခဲ့တဲ့အချိန်မှာ ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့ အခွင့်အရေး လက်လွှတ်ခဲ့ရပြီဆိုတာ တွေးတတ်လာပြီ။ ကလေးတွေကြီးလာတော့မှ regret ဖြစ်လို့မရဘူး။

            ဒီတော့က ငါ့သားသမီးကို ငါတာဝန်ယူပြီးဖြစ်သလို မကြီးပျင်းစေရဘူးဆိုတဲ့ အသိရလာ ပါတယ်။

            သားသမီးတွေကတော့ အဖေ အမေ သားတို့ သမီးတို့အတွက် လုပ်ပေးပြီးပြီးလား။ ဒီလို အားကိုးမေးတတ်ကြပါတယ်။ မိဘကလည်း လိုသမျှ အစွမ်းကုန် လစ်ဟာမသွားအောင် လုပ်ပေး ကြစမြဲပါ။

            ကျွန်မ ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်မှာ လူအိုရုံတစ်ခုမှာ ဘိုးဘွားတွေကို သူတို့ရဲ့ ဝေယျာဝစ္စကို တတ်နိုင်သလောက် လုပ်စေတယ်။ ဒါမှ ကိုယ်လက်လှုပ်ရှားမှုရှိပြီး ကျန်းမာမှာလို့ ဆိုထားပါတယ်။ ဒီလိုပါပဲ။ သားငယ် သမီးငယ်လေးတွေကို အသက်ငယ်ပေမယ့် အမေ့ကို ဒါလေးတော့ ယူပေးပါ။ အငယ်လေးက ငိုချင်နေပြီ။ အနမ်းလေး ပေးထားပြီး ဖတ်ထားပေးပါ စသဖြင့် မိဘကနေ သူတို့မှာ ရှိတဲ့ ခွန်အားကို အလဿမဖြစ်အောင် ထုတ်ပြီး သုံးတတ်အောင် မိဘက အဓိက မိခင်ပေါ့နော်။ တာဝန်ယူသင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီကလေးငယ်လေးတွေမှာ အားကောင်းတဲ့ ပင်ကိုယ်ဗီဇ powerful instirct ရှိတဲ့အတွက် စိတ်ဝင်စားတယ်။ ပြီးတော့ ကြည့်တယ်။ သူတို့အတွေးမှာ သူတို့ ကိုယ်တိုင် လုပ်ရမယ့် အလုပ်ဆိုတာကို သိပြီး လိုလိုလားလားနဲ့ မိဘကို လုပ်ပေးတာတွေ့ရပါတယ်။ ဒါဟာ မိဘက သူတို့ရဲ့ Self esteem  ကိုယ်ပိုင်အရည်အသွေးကို မြင့်မြတ်တယ်လို့ ထင်ရတဲ့ စိတ်ကို မြတ်နိုးလေးစားတတ်အောင် သင်ပေးလိုက်တာပါပဲ။ သူတို့ကို take care ဆိုတာကို သိနေတယ်။ နောက်ရှေ့ဆက်ဘာတွေ လုပ်ရမယ်ဆိုတာမြင်လာပြီး မိသားစုမှာ အထောက်အကူဖြစ်စေမဲ့ အိမ်သားတယောက်အဖြစ် သူ့ကိုယ်သူမြင်လာပါတယ်။

            နောက်နည်းနည်းလေးကြီးလာပြီး ၅ နှစ်လောက်ရှိလာပြီဆိုရင်လည်း ရိုးသားတာနဲ့ ရိုးအတာ ကွာခြားချက်ရှိတယ်ဆိုတာကို သင်ပေးရအုံးမှာပါ။ ဥပမာ - မိမိကလေးနဲ့ အတူကစားကြတဲ့ ကလေးအချင်းချင်း တဖက်က ကလေးကြောင့် မိမိရဲ့ ကလေးနာကြင်စေတယ်။ အနာတရဖြစ်စေတယ်ဆိုတဲ့ အဖြစ်မျိုးမဖြစ်ရအောင် ဒီလိုဖြစ်တာ ရိုးသားလို့မဟုတ်ဘူး။ ရိုးအလို့ ဖြစ်တာဆိုတာကို သူတို့ရဲ့အသိအမြင်ကို ချဲ့နိုင်သလောက်ချဲ့ပေးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိအောင် သင်ပေးရပါအုံးမယ်။

            နောက်ပြီး မိသားစုတစုမှာ သားသမီး နှစ်ယောက်လောက်ရှိတာက သူတို့မောင်နှမ အချင်းချင်း ရောနှော ဆက်ဆံကြတော့ အပျင်းလည်းပြေစေတယ်။ ပြုံးရယ်စေတယ်။ အိမ်နီးချင်း ကလေးရှိရင်လည်း အတူဆော့ကစားရင်း ရောနှောဆက်ဆံကြတော့ ပေါင်းသင်းဆက်ဆံရေးကို ကောင်းစေပါတယ်။ တဦးတယောက်ပဲရှိခဲ့ရင် သူ့မှာ socialize လုပ်ဖို့ မောင်နှမမရှိပဲ our protected child စောင့်ရှောက်မှုတွေ လွန်ကဲခဲ့ရတဲ့ သားသမီးအဖြစ် ကြီးပျင်းလာတတ်ပါသေးတယ်။

            ဥပမာ - သားသမီးလေးတွေကို အိမ်ပြင်ထွက်ပြီးဆော့စေတာ။ ပန်းခြံမှာ စတဲ့ ကစားလို့ရတဲ့ နေရာတွေမှာ လွှတ်ပေးပြီး ကစားစေတာဟာ မိဘအနေနဲ့ ဒါက အန္တရာယ်များတယ်ဆိုပြီး ထိတ်လန့်နေမှာ သေချာပါတယ်။ ဒါပေမယ့် အဲဒီလို ကစားတဲ့အတွက်သူတို့အပေါ် ကျရောက်လာမဲ့ အန္တရာယ်ကို ကိုယ်တိုင်ကာကွယ်တတ်ဖို့ဖြစ်တယ်။ မိမိကိုယ်မိမိ တာဝန်ယူတတ်တဲ့ စိတ်တွေနဲ့ အတွေ့အကြုံတွေရအောင် လွှတ်ထားပေးရအုံးမှာပါ။ မိဘဆိုတာ သူတို့နားမှာ အချိန်ပြည့် ရှိနိုင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးက သူတို့ရဲ့ ကိုယ်ပိုင်သတိ္တကို ဖော်ထုတ်တတ်ပြီး ရင်ဆိုင်တတ်ဖို့ပါ။ သူတို့ကိုယ်တိုင် လိုအပ်ချက်ကို သူတို့ဖာသာ ကိုင်တွယ် တတ်သွားစေပါတယ်။ မိဘကတော့ သဲထိတ် ရင်ဖိုဖြစ်ပေမဲ့ သူတို့မှာရှိတဲ့ power ကို ထုတ်သုံးတတ်သွားဖို့ ဘေးကနေပဲ ထိန်းပေးရုံပါပဲ။

            ဟိုးလွန်ခဲ့တဲ့ နှစ် ၄၀ - ၅၀ လောက်တုန်းကတော့ မိဘတွေက စည်းကမ်းတွေ အများကြီးချပြီး အကြောက်တရားနဲ့ ဆုံးမကြီးပျင်းစေခဲ့တယ်။ ကလေးတွေကလည်း ဒါတွေက မဟုတ်မဟတ်တာတွေ မကောင်းဘူး unpleasant ဖြစ်ခဲ့ကြတယ်။ အဲဒီတော့ သူတို့က ကြီးပျင်းလာတဲ့ခါမှာ ရောထွေးရှုပ်ထွေးကုန်ပြီး မိဘနေရာရောက်လာတဲ့အခါ အိမ်ထောင်ကွဲတွေ အများကြီးဖြစ်လာတာကို တွေ့ရတယ်လို့ ကျွန်မဖတ်ဖူးပါတယ်။ နောက်ပြီး poor parenting can be passed from generation to generation လို့ ဆိုထားပါတယ်။

            ပရိသတ်ကြီးရှင့် - ဒီအကြောင်းအရာလေးတွေက မိသားစုမှာ ရှိနေကြ ဖြစ်နေကြပေမဲ့ ဒါတွေကို အမှုမဲ့ အမှတ်မဲ့မထားဖို့ အသိတွေရှိရအုံးမှာပါ။ ဒါမှသာ မိဘနဲ့ သားသမီး ရိုးသားတဲ့ အကောင်းဆုံးဆက်နွယ်မှုတွေရပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ မိသားစုတွေထက် မရနိုင်တဲ့ ဆက်နွယ်မှု မျိုးတွေ  ကိုယ့်ရဲ့ဘဝ ကိုယ့်မိသားစုမှာ ရရှိသွားနိုင်မှာပါဆိုတာကို message ပေးရင်း ဒီတပတ်အတွက် ရပ်နားလိုက်ပါတယ်။

Add new comment

15 + 2 =