သားသမိးလေးတွေရဲ့ အကျင့်စာရိတ္တကို မိဘတွေက သင်ကြားပေးကြရအောင်

Disciplining

          ဒီနေ့မှာ သားသမိးလေးတွေရဲ့ အကျင့်စာရိတ္တကို မိဘတွေက သင်ကြားပေးကြရအောင်ပါ ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။

          မိဘတွေက အကျင့်စာရိတ္တ ပြုပြင်လေ့ကျင့်ပေးတာက သာမန်လို့ပဲ ထင်ကြမှာပါပဲ အမြဲတမ်း ပဲသင်ပေးနေလို့လေ။ ဒါပေမယ့် စနစ်တကျရှိဖို့တော့လိုပါတယ်။ တချို့သော Point တွေမှာ သူတို့ ဘာသာပြုပြင်မယ့်အစား မိဘကိုယ်တိုင်က သားသမီးရဲ့ စွမ်းရည်နဲ့ မဖြစ်မနေသင်ပေးရမှာတွေရှိ ပါတယ် ။

          အကျင့်စာရိတ္တကို ပြုပြင်လေ့ကျင့်ပေးတယ်ဆိုတာ အင်္ဂလိပ်လို Discipline ဆိုတဲ့ စကားလုံး ဖြစ်ပြီး Disciple ဆိုတဲ့ စကားက ဆင်းသက်လာတာပါ။ Disciple ဆိုတာ ဆရာသမားရဲ့ နောက်လိုက်လို့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီတော့ နောက်လိုက်ဖြစ်တဲ့ သားသမီးက မိဘရဲ့(ဝါ)မိဘ နေရာမှာရှိတဲ့သူရဲ့ ပြောဆိုဆုံးမမှုကို သေချာပေါက် လိုက်နာရမှာပဲဖြစ်ပါတယ်။

          မိဘက သားသမီးကို မိမိကိုယ်မိမိ ပြန်ဆန်းစစ်တတ်ဖို့၊ တွေ့ကြုံလာရတဲ့ အခက်အခဲတွေမှာ ဆုံးဖြတ်တတ်ဖို့၊ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ Plan တွေချတက်ဖို့ သင်ပေးရအုံးမှာပါ။

          ဒါဆိုရင် ဘယ်လိုသင်ပေးရင်ကောင်းမလဲ။ သားသမီးတွေက အကျင့်စာရိတ္တကောင်းမွန် အောင် ပြုမူနေထိုင်တတ်ဖို့ မိမိကိုယ်ကို စိတ်ရောကိုယ်ပါ ကိုယ်တိုင်အုပ်ချုပ်တတ်ဖို့၊ မိဘရဲ့ တစ်ခု တည်းသော ပန်းတိုင်ကို ဖြစ်မြောက်အောင် မိဘက လုပ်ဆောင်ရတော့မှာပါ။

          မိမိကိုယ်မိမိ အုပ်ချုပ်တတ်တယ်ဆိုတာရဲ့ အခြေခံသဘောက ကိုယ်ရောစိတ်ပါ လွတ်လပ်မှုပဲ ဖြစ်ပါတယ်။ လူသားတစ်ယောက်က လမ်းကြောင်းမှန်ကို သိလာရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကိုင်စွဲ ပြီး အနာဂတ်ဘဝကို ရင်ဆိုင်တတ်လာမှာပဲဖြစ်တယ်။ ဘယ်လိုစည်းကမ်းမျိုးကို လိုက်နာရမယ် ဆိုတာ သိထားမှ ဖြောင့်မှတ်တဲ့ လမ်းကြောင်းကို ဦးတည်သွားမှာပါ။ အဲ့ဒီလိုသွားရင်း မိမိကိုယ်မိမိ ယုံကြည်မှုတွေရှိလာမယ်။ တွေ့ကြုံရတဲ့ အဖြစ်တွေမှာ ကိုင်တွယ်ဖြေရှင်းတတ်လာတော့မယ်။

          မိဘက သားသမီးကို သင်ပေးမှသာ သူတို့ဘဝ ထမြောက်အောင်မြင်ပြီး ဆက်လက်ရပ်တည် သွားနိုင်မှာပါ။

          သားသမီးဆိုတာကလည်း နောင်တချိန် မိဘဖြစ်လာမယ့်သူတွေ၊ ခေါင်းဆောင်ဖြစ်လာမယ့် သူတွေဖြစ်ပါတယ်။ မိဘက ပြုပြင်သင်ကြားပေးခဲ့တဲ့အတိုင်း မိမိကိုယ်မိမိ ယုံကြည်မှုတွေနဲ့ တည်ဆောက်ထက်လာမယ်။ မိဘက ပိုပြီး ပါဝင်ပတ်သက်ပေးလေ မိဘနဲ့သားသမီးဆက်နွယ်မှု ပိုပြီး ကောင်းမွန်လာလေမဟုတ်ပါလား။

          ဒါ့အပြင် မိသားစုဘဝမှာ နားလည်မှုဆိုတာ အဓိကလိုအပ်တာကို သားသမီးတွေသိမြင်ဖို့ မိဘက သင်ပေးရအုံးမှာပါ။ မိသားစုဝင်တွေရဲ့ စကားပြောချက်တွေ ပြုမူလုပ်ဆောင်ချက်တွေနဲ့ အရိပ်လက္ခဏာတစ်စိတ်တပိုင်းစီ ရှိတယ်ဆိုတာ သိဖို့နဲ့ မိမိရဲ့ ကန္တက မှန်ကန်တဲ့လမ်းမှာရှိနေဖို့ အတွက် သင်ပေးရအုံးမှာပါ။ အပြုသဘောဆောင်တဲ့အတွေးနဲ့ အပြုအမူတွေနဲ့ အပြုသဘော မဆောင်တဲ့ တွေးမြင်ပြုမူချက်တွေကို နှိုင်းယှဉ်သင်ပြပေးရအုံးမှာပါ။

          မိဘကို နာခံတာ၊ တာဝန်သိတာ ဆိုတဲ့အဓိပ္ပါယ်ကို ပြောပြပေးမှ သားသမီးက သိလာမယ်။ ပြီးတော့ ရွေးချယ်တတ်လာတော့မှာပါ။

          မိမိသားသမီးက ဥပဒေကို မနာခံတဲ့သူလို့ ပြောမယ်ဆိုရင် မိဘက ဥပဒေကို မသင်ကြားပေးခဲ့ လို့ မသိခဲ့လို့ဆိုတာ သိသာပါတယ်။

          သားသမီးတွေကို အကျင့်စာရိတ္တပြုပြင်ပေးတဲ့အခါမှာ ကလေးတစ်ယောက်ရဲ့ အသံအနေ အထား စကားပြောဆိုပုံကလည်း အရေးကြီးလှပါတယ်။ မိသားစုဝင်တွေနဲ့ ပြောသင့်တဲ့စကား၊ အချိန်ဘယ်လောက်ထိ ပြောသင့်ပါတယ်။ လိုသလောက်ကိုပဲ ပြောရမယ်။ အသံနေ၊ အသံထားက အစ သင်ပေးရအုံးမှာပါ။ သားသမီးက မိဘကို ပြောဆိုတဲ့ အသုံးအနှုန်း လေသံတို့အတူတဲ့အကြောင်း ပြောပြသင်ပြပေးတာကလည်း  သားသမီးများရဲ့ အကျင့်စာရိတ္တမြှင့်တင်ရာ ရောက်ပါတယ်။ သားသမီးတွေကလည်း မိဘရဲ့ လေ့ကျင့်သင်ကြားပေးတာကို သူတို့က မှတ်ချတ် Correction လုပ်အုံးမှာပါပဲ။

          တစ်ခါတစ်လေမှာလည်း သားသမီးရဲ့ သဘောမတူတဲ့ သင့်လျော်တဲ့ စကားတွေကိုလည်း မိဘက နားထောင်ပေးရင်း ညှိနှိုင်းကြရမှာပါ။

          နည်းနည်းအရွယ်ရောက်လာတဲ့ သားသမီးတွေရှိတဲ့ မိသားစုမှာ တစ်ခါတစ်လေ ချိုင့်ခွက် လေးတွေ အပေါက်အပြဲလေးတွေ ရှိလာတတ်ပါတယ်။

          ဒါဆိုရင်ဖြင့် သားသမီးလေးတွေရဲ့ အကျင့်စာရိတ္တကို သင်ကြားပေးရင်း မိသားစု၀င် အချင်းချင်း  စိတ်ခံစားချက်အတိုင်း မတုန့်ပြန်ပဲ လိမ္မာယဉ်ကျေးစွာ ပွင့်ပွင့်လင်းလင်းဆွေးနွေး ကြရင်း ယုံကြည်မှုတွေ ပိုမိုရလာရင်းနဲ့ ငယ်စဉ်မှာကတည်းက အကျင့်စာရိတ္တကို မြှင့်တင်ပေးကြ ရအောင်ပါဆိုတာ တင်ပြရင်း နိဂုံးချုပ်ပါတယ်။

Add new comment

1 + 0 =