သားငယ် သမီးငယ်လေးတွေက မွေးရာပါ အတွေးအခေါ်လေးတွေနဲ့ သူတို့ ရဲ့ ဘဝကို ကိုယ်တိုင် ပုံဖော်သွားကြတယ်

Mindset

            ဒီနေ့မှာ သားငယ် သမီးငယ်လေးတွေက မွေးရာပါ ပါလာတဲ့ အတွေးအခေါ်လေးတွေနဲ့ သူတို့ ရဲ့ ဘဝကို သူတို့ကိုယ်တိုင် ပုံဖော်သွားကြတယ်ဆိုတဲ့အကြောင်း sharing ပေးချင်ပါတယ်။

            တနည်းပြောရရင် သူတို့ရဲ့ ရင်ထဲမှာ ရှိတဲ့ အတွေးအခေါ်နဲ့ ကဏ္ဍမျိုးစုံဖြစ်တဲ့ ခေါင်းဆောင်မှု ဘဝကနေ ချစ်ခြင်းမေတ္တာ relationship အထိ အားလုံးက သူတိုရဲ့ ဘဝဇာတ်ခုံမှာ ပုံဖော်ကပြသွား ကြတာပါ။

            အတွေးအခေါ်ပညာရှင်တွေက ပြောတယ်။ ကလေးတယောက်ရဲ့ အတွေးအခေါ်က သူမွေးဖွားလာကတည်းက ကျောက်တုံးတတုံးမှာ ထွင်းထားသလို မွေးရာပါ ပါလာတာပါတဲ့။

            ကလေးတယောက်က သူ့စိတ်ထဲမှာ အကြောင်းအရာ တခုကို လျော့ပြီးတွေရင် လျော့ပြီး တော့ပဲ ရလာမှာပါ။ မိမိက ဘယ်အရာကို ကြိုက်နှစ်သက်သလဲ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို မလျော့သော ဇွဲနဲ့ ကြိုးစားပြီး လုပ်မယ်ဆိုရင် အဆုံးတနေ့မှာ အောင်မြင်မှု အထွဋ်အထိပ်ကို ရောက်ရှိသွားမှာပါ။ ကလေးတယောက်ရဲ့ အမူအကျင့်ဆိုတာ ဒီကလေးရဲ့ စွမ်းရည် အရည်အသွေး တို့က လောင်စာဆီဖြည့်သလို အမူအကျင့်ကို ဖြည့်ပေးလိုက်သလို ဖြစ်စေတဲ့အတွက် အောင်မြင်မှုကို မလွဲမသွေရရှိမှာလို့ စိတ်ပညာရှင်တွေက ဟောကိန်းထုတ်ပါတယ်။ အကြောင်းအရာတခုကို ဘယ်လိုမြင်တယ်၊ ဘယ်လိုတွေးတောတယ်။ ဘယ်လိုနေထိုင်ပြုမူတယ်ဆိုတာ မိမိရဲ့ ကိုယ်ရည် ကိုယ်သွေးပဲလို့လဲ ဆိုထားပါတယ်။

            Mindset ပေါ့နော် အတွေးအခေါ်က နှစ်မျိုးပဲရှိတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

            ပထမတမျိုးက ပုံသေတွေးတတ်တဲ့ အတွေးအခေါ်ပဲဖြစ်တယ်။ ဒီလိုအတွေးအခေါ်ရှိတဲ့ ကလေးက သူ့ရဲ့အကျင့်စာရိတ္တ၊ ဉာဏ်ပညာ၊ တည်ထွင်ကြံဆတတ်တဲ့ စွမ်းရည် တည်တည်ငြိမ်ငြိမ် ရှိပြီး ဘယ်လိုမှ မပြောင်းလဲတဲ့အဓိပ္ပာယ်ရှိတဲ့လမ်းကို ရွေးချယ်ပြီး ချင့်ချိန်ဆုံးဖြတ်တတ်တယ်။ အဲဒီလိုပြုမူရင် အောင်မြင်မှုကို မလွဲမသွေ ရမယ်လို့ ယုံကြည်တဲ့သူ အဲဒီအမူအကျင့်နဲ့ ကြိုးစား ရုန်းကန်ရင်း ကျရှုံးမှုမဖြစ်ဖို့ ရှောင်ကြဉ်တဲ့သူပဲဖြစ်ပါတယ်။ ထက်မြက်တဲ့ ကျွမ်းကျင်တဲ့ နည်းလမ်း ကိုပဲ အမြဲအသိဉာဏ်မှာ ရှိနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားစေပါတယ်။

            နောက်တမျိုး mindset က ကြီးပွားတိုးတက်မှုကိုပဲ အမြဲတွေးတတ်တဲ့ စိန်ခေါ်မှုတွေ အပေါ်မှာ ထမြောက်အောင်မြင်ချင်တဲ့သူဖြစ်တယ်။ ဉာဏ်ပညာမရှိရင်တော့ ကျရှုံးမယ်ဆိုတာသိတဲ့ သူဖြစ်တယ်။ သူ့ရဲ့ပင်ကိုယ်အရည်အသွေးကို ဆန့်ထုတ်ပြီး မိမိရဲ့စွမ်းရည်ကို အတတ်နိုင်ဆုံး ဆွဲချ အသုံးချတဲ့သူဖြစ်ပြီး ထက်မြက်အောင်နေရင်းနဲ့ အောင်မြင်တဲ့အခါ ပျော်ရွှင်အားတက်မှုတွေကို ခံစားတတ်တဲ့ သူပဲဖြစ်ပါတယ်။

            ငယ်ရွယ်တဲ့ သားငယ် သမီးငယ်လေးတွေမှာ ဒီလိုအတွေးအခေါ်တွေက အမူအကျင့်အဖြစ် သိသာစေတယ်။ အဲဒီအတွေးအခေါ်လေးတွေနဲ့ သူတို့ လိုချင်တဲ့ ပျော်ရွှင်မှုကို လုပ်နိုင်လာကြတယ်။

            စိတ်ပညာရှင်တွေက လေးနှစ်အရွယ် ကလေးတွေကို စမ်းသပ်မှုလုပ်ခဲ့တယ်။ အဲဒါက ကလေးတွေကြိုက်တဲ့ ကစားနည်းဖြစ်တဲ့ ကထ္တူစက္ကူအရုပ်ပုံလေးတွေကို ဆက်တဲ့ ပဟေဠိ ကစားနည်း gigsaw puzzle နဲ့ တခြားနည်းနည်းခက်တဲ့ ကစားနည်း တမျိုးကို  ဆော့ကစားစေ ခဲ့ပြီး အဲဒီကစားနည်းတွေနဲ့ ကလေးတယောက်ရဲ့ ထူးခြားတဲ့ အတွေးအခေါ် ပင်ကိုယ်လက္ခဏာကို သူတို့ ရွေးချယ်တဲ့ အပေါ်မူတည်ပြီး တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

            ပုံသေတွေးခေါ်မှုရှိတဲ့ ကလေးက သူ့ဖက်က လုံခြုံမှုရှိအောင် မမှားအောင် လွယ်တဲ့ စက္ကူပုံ ရုပ်လေးတွေဆက်တဲ့ gigsaw puzzle ကို ရွေးချယ်ကစားတယ်။ အဲဒါကို မြင်ရခြင်းအားဖြင့် စမတ်ကျတဲ့ ကလေးက အမှားမရှိအောင် လွယ်တာကို ရွေးခဲ့တယ်ဆိုတာ သိသာစေတယ်။

            ကြီးပွားတိုးတက်မှုကို တွေးတတ်တဲ့ကလေးကတော့ ခက်ခဲတဲ့ ဦးနှောက်ခြောက်စေတဲ့ ကစားနည်းကို ရွေးတယ်။ သူ့အတွေးထဲမှာတော့ ဘာဖြစ်လို့ လွယ်တာကို ရွေးကြတာလဲ။ အသစ် အဆန်းကို ဘာလို့ မရွေးချယ်တာလဲလို့ တွေးတတ်ကြတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

            ဒါကြောင့် သူတို့လေးတွေက two way street နဲ့ ဘဝကို ခရီးဆက်တယ်။ ငယ်စဉ်မှာ ကတည်းက သူတို့ရဲ့ မွေးရာပါ အတွေးအမြင်နဲ့ သူတို့ရဲ့ ယုံကြည်ရာကို ဖော်ဆောင်ကြတယ်ဆိုတာ မိဘတွေက သိနေပြီး နောင်တချိန် သူတို့အရွယ်ရောက်လာတဲ့ခါ  ကြီးကောင်ဝင်အရွယ် ရင့်ကျက်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ မိဘက ကြိုသိထားတဲ့အတွက် မိဘနဲ့ သားသမီးကြား ကတောက် ကဆ ဖြစ်မှုတွေ မိဘရဲ့ ဆန္ဒနဲ့မကိုက်ညီတာမျိုးတွေ မရှိနိုင်ဘူးလို့ ရည်ရွယ်ရင်း ဒီစာကို အဆုံးသတ် လိုက်ပါတယ်။

 

Add new comment

8 + 1 =