သားငယ်၊ သမီးငယ်လေးတွေကို ယဉ်ကျေးအောင် မေတ္တာတွေ အပြည့်နဲ့ သင်ပေးရအောင်

Kids to be Polite

            ဒီနေ့မှာ နေ့မှာ သားငယ်၊ သမီးငယ်လေးတွေကို ယဉ်ကျေးအောင် မေတ္တာတွေ အပြည့်နဲ့ သင်ပေးရအောင်ပါ။

            ယဉ်ကျေးအောင် သင်ပေးရတာက အမြဲမပြတ်ခဏခဏ လုပ်နည်းကိုင်နည်းလေးတွေနဲ့ ကောင်းတဲ့ အမူအကျင့် တိုးတက်အောင် ပြုမူဆောင်ရွက်ရတာပါ။

            အဲ့ဒီလိုဆောင်ရွက်ရင်း လောကဝတ်ဆိုတာက သီးခြားကန္တလို့ထင်ရပေမယ့် တပါတည်း ယှဉ်တွဲပါလာတဲ့ အကောင်းဆုံးသော အပြုအမူဆိုရင် မမှားပါဘူး။ ဒီနှစ်မျိုးပေါင်းပြီး လူလူချင်း ပေါင်းသင်းဆက်ဆံဖို့ အခြေအနေကောင်းတစ်ခုကို ရရှိသွားနိုင်တာပါ။ ပြီးတော့ တစ်နေ့မှာ ကောင်းမွန်တဲ့ ကြီးကျယ်တဲ့ အောင်မြင်တဲ့ဘဝကိုလည်း ပိုင်ဆိုင်နိုင်သွားကြပါတယ်။

            အရွယ်ဘယ်လောက်ပဲ ငယ်နေသေးပါစေ လုပ်ကိုင်နိုင်တဲ့ အရည်အသွေးကို မြှင့်ပေးလို့ ရနိုင် ပါတယ်။

            ဒီယဉ်ကျေးတဲ့ အမူအကျင့်က ဘာဖြစ်လို့ အရေးကြီးရတာလဲ သူတို့လေးတွေရဲ့ ဘဝမှာ ယဉ်ကျေးတယ်ဆိုတဲ့ အကြောင်းအရာကို ပထမနေရာမှာ ထားရတာလဲဆိုတော့ အရွယ်ရောက်လာ တဲ့အခါမှာ သူ့ပတ်ဝန်းကျင်က လူအများကို စိတ်ကျေနပ်စေတယ်၊ ပျော်ရွှင်စေလို့ပါပဲ။ ဥပမာ ဒီကလေးက လိမ္မာလိုက်တာဆိုပြီး ကောက်ချက်ချကြတာပေါ့နော်။

            ကလေးကို သင်ပေးတဲ့သူကတော့ ကောင်းတဲ့ အမူအကျင့်တွေကို စံပြနမူနာအဖြစ် ပြရမှာပါ။ မိခင်တစ်ယောက်က ခုလိုပြောဖူးတယ်။ သူမိခင်ဖြစ်လာတဲ့အခါမှာ သူမကြာခဏ Please ဆိုတဲ့ စကားကို သုံးတယ်တဲ့၊ ဒီစကားလုံးက ယဉ်ကျေးမှုတစ်ခုလို့ ထင်ခဲ့ပေမယ့် သူကလေးဆီကနေ မကြာမကြာ သုံးမိတယ်တဲ့။ နောက်တော့ သူက Modelling လုပ်ပြီး please ဆိုတဲ့စကား ကျေးဇူးပြု ၍လို့ ပြောရင်း သူ့ကလေးကပါ လိုက်ပြီး ပြောတတ်လာလို့ သူအရမ်းဝမ်းသာရပါတယ်တဲ့။ ဒါဟာ ကလေးရဲ့ ဘဝခြေလှမ်းတစ်လှမ်းအဖြစ် မှန်ကန်တဲ့ right direction လို့ ဆိုပါတယ်။

            မိဘတွေက မိမိကလေးရဲ့ ဘဝကို တည်ဆောက်ကြရတဲ့ခါမှာ သာမန်စကားလုံးလေးဖြစ်တဲ့ ‘ကျေးဇူးတင်ပါတယ်’ဆိုတဲ့ အသုံးအနှုန်းလေးကိုလည်း သုံးစေချင်ကြတာပါ။ ဥပမာ- ကလေးက ငါလုပ်ချင်တယ်။ ငါလိုချင်တယ် ဆိုတာထက် ‘ကျေးဇူးပြု၍ ဒါလေးလိုချင်တယ်’။ သူလိုချင်တာကို ရရင်လည်း ‘ကျေဇူးတင်ပါတယ်’ ဆိုတဲ့ စကားလုံးကို ကြားချင်ကြတာပါ။ ဒါကြောင့် နေ့စဉ် ဒီစကား လုံးကို သုံးပေးတာဟာ ဘဝတည်ဆောက်တဲ့ အဓိကသော့ချက်စကားလုံးပဲ မဟုတ်ပါလား။

            ငယ်ရွယ်စဉ်ကတည်းက ဒီစကားလုံးလေးတွေကို လှုံ့ဆော်ပေးမယ်၊ တိုက်တွန်းပေးမယ် ဆိုရင် ငယ်စဉ်ကတည်းက သုံးတတ်သွားပြီ။

            အရွယ်နည်းနည်းရောက်လာပြီဆိုရင်တော့ သူတို့ကို ချီးမွမ်းပေးမယ်။ ဒါမှမဟုတ် မှန်ကန်တဲ့ အမူအကျင့်တွေကို ပြုမူမယ်ဆိုရင် Private ခေါ်ပြီး ချီးကျူးပေးတာဟာ ကောင်းသတတ်ကောင်း အောင် ပြုမူတတ်လာမယ်။ ဆောင်ရွက်တတ်လာမယ်။

            သင်ပေးတဲ့သူကလည်း မိမိကိုယ်မိမိ ထပ်ခါတလဲလဲ လုပ်ပုံကိုင်ပုံနဲ့ အမူအကျင့်ကို အချိန် အကြာကြီး တည်ဆောက်ရတာဖြစ်သလို ကလေးရဲ့ ဘဝမှာလည်း အဲဒီအတိုင်း မမေ့မလျော့ remind  လုပ်ပေးပြီး တဆက်တည်း တိုးတက်လာအောင် လုပ်ပေးရတာပါ။

            တခါတလေမှာ ကလေးက ငယ်သေးတော့ သူရချင်တာ သူအလိုရှိတာကို ဘေးပတ်ဝန်းကျင် ကို အမှုမထားမိဘဲ အသံကျယ်ကျယ်နဲ့ သူ့ဆန္ဒကို ထုတ်ဖော်တတ်ကြတယ်။ supermarket တို့ ရုပ်ရှင်ရုံတို့မှာ ကြားဖူးကြမှာပါ။ အဲဒါကြောင့် အသံကို volume control  လုပ်ဖို့ ငယ်ရွယ်စဉ် ကတည်းက ယဉ်ကျေးအောင်လို့ သင်ပေးရအုံးမှာပါ။

            ကလေးဆိုတာက လူကြီးမိဘတွေ စကားပြောဆိုနေတဲ့နေရာမှာ ဝင်ပြီး ပြောတာတို့ စွက် ဖက်တာတို့ ရှိတတ်ပါတယ်။ အဲဒါကိုလည်း ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ မိဘတိုင်းသိပါတယ်။ ဒါဟာ ကလေးတစ်ယောက်အတွက် ယဉ်ကျေးတဲ့ အလုပ်မဟုတ်ဖူးဆိုတာကို သင်ပေးထားရအုံးမှာ ပါ။

            တကယ်လို့ ဝင်ပြောချင်တယ်ဆိုရင်လည်း excuse me ခွင့်လွှတ်ပေးပါဆိုတဲ့စကားလုံးကို သုံးတတ်ဖို့ အသိပေးရပါအုံးမယ်။ ပြီးတော့ မျက်နှာရိပ် မျက်နှာကဲနဲ့ လက်ညှိုးကို နှုတ်ခမ်းမှာထိပြီး ပါးစပ်ပိတ်ဖို့ပြရင် ကလေးက သိပါတယ်။

            ကောင်းမွန်တဲ့ ကြီးကျယ်တဲ့ အမူအကျင့်တွေနဲ့ လူသားချင်း အပေါင်းအသင်းနဲ့ဆိုင်တဲ့ နည်း တွေ တတ်မြောက်ဖို့ဆိုရင် လက်တွေ့အသုံးချတတ်ဖို့ လူမှုဝန်းကျင်ထဲ လူ့ပတ်ဝန်းကျင်ထဲ ရောက်ပို့ ပေးရမယ်။ ကလေးဖော်တွေနဲ့ စတင်တွေ့ပေးရမယ်။ သာမန်ပတ်ဝန်းကျင်နဲ့ တွေ့ပေးရမယ်။ အဲဒီ တော့ အကောင်းဆုံး သူ့ရဲ့ second nature မှာ အသုံးချတတ်လာပါမယ်။

            ဒါကြောင့် သင်ကြားပေးလိုက်တဲ့ please, hi, thank you  ဆိုတဲ့ စကားစုလေးတွေက ကလေးတွေ နှုတ်ခမ်းဖျားမှာ လက်တွေ့အသုံးချသလို တစ်နေ့ထက်တစ်နေ့ အသုံးတည့်တဲ့ စကားလုံးတွေဖြစ်သွားပြီး အမူအကျင့်တွေ တိုးတက်လာသလို အကျင့်စာရိတ္တကောင်းမွန်တဲ့ ကလေး တစ်ယောက်အဖြစ် ရောက်ရှိသွားနိုင်ပါတယ် ဆိုတာကို အချစ်များစွာနဲ့ မျှဝေပေးလိုက်ပါတယ်။

Add new comment

12 + 5 =