လေးစားသမှုပြုခြင်း

အားလုံးပဲမင်္ဂလာပါ
အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်းတင်ဆက်နေကြဖြစ်တဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်လူငယ်အစီအစဥ်လေးမှာ “လေးစားသမှု”ပြုမှုတဲ့ကိစ္စနှင့် ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။
မိတ်ဆွေများရှင် လောကကြီးထဲမှာ ကျင်လည်လှုပ်ရှားနေရတဲ့အချိန်မှာ အများနှင့် နေထိုင်တက်အောင်လေ့ကျင့်ရတာဟာဓမ္မတာတစ်ခုဘဲဖြစ်ပါတယ်။ဒီလိုအချက်တွေ၊အလေ့အထတွေပြည့်စုံစေနိုင်ဖို့နိတိတွေ၊ကျင့်၀တ်တွေနဲ့ပံ့ပိုးကြပါတယ်။တချိန်တုန်းကတော့သက်ကြီးစကားသက်ငယ်ကြားတို့မိဘလူကြီးတွေရဲ့စကားကိုဆုံးမနာယူတာတို့ရှိကြပါတယ်။ဒါပေမဲ့ခေတ်တွေတိုးတက်လာမှုနဲ့အတူအချို့အချက်များဟာ ပျောက်ရှကုန်ခဲ့ရပြီဖြစ်ပါတယ်။
မြို့တွေမဆိုထားနှင့်တောရွာဘက်တွေ၊ကျေးလက်ဒေသတွေဘက်တွေမှာပါပျောက်ဆုံးကုန်တာဘဲဖြစ်
ပါတယ်။လွန်ခဲ့တဲ့(၁၅)နှစ်ပတ်၀န်းကျင်ကဖြစ်ပျက်လေနဲ့ေ၀ဌါပါရစေ။လွန်ခဲ့တဲ့(၁၅)နှစ်ကကျွန်မဒေသဖြစ်တဲ့အိမ်ရဲ့အိမ်နောက်ဖေးမှာချောင်းလေးတသွယ်ရှိပါတယ်။တံတားဦးချောင်း၊ဥပုဒ်ချောင်းလို
လည်းခေါ်ကြပါတယ်။လွန်ခဲ့တဲ့အချိန်တုန်းကအဲ့နေရာလေဟာသိပ်ပြီးမထွန်းကားသေးပါဘူး။
ကျေးလက်သဘာ၀နေထိုင်မှုပုံစံဘဲရှိပါတယ်။ညနေပိုင်းဆိုရင်ကလေး၊လူငယ်၊လူကြီးမရွေးဒီချောင်း
လေးမှာရေလာချိုးတတ်ပါတယ်။အသက်ကြီးသူတွေကိုဖေးမကူညီကြတယ်။ယခုနောက်ပိုင်းအချိန်တွေမှာတော့ဒီလိုကူညီမှု၊လေးစားမှုတွေနည်းပါးလို့သွားခဲ့ပါတယ်။တနေ့ကကျွန်မလည်းခါတိုင်းလိုသွားရင်းနဲ့အဖိုးအိုတစ်ယောက်ရေလာချိုးပြီးကုန်းပေါ်ပြန်တက်ဖို့ခက်ခဲ့နေပါတယ်။မိုးရွာထားလိုကမ်းနားဖူး
ကလည်းချော်နေပါတယ်။ဒါပေမဲ့လူငယ်တွေများစွားရှိသော်လည်းကူပေးမဲ့သူမရှိဖြစ်နေပါတယ်။ဒီဘက်ခေတ်လူငယ်တချို့ဟာ အများနဲ့လုပ်ရတဲ့အလုပ်တွေပေါ်မှာ သိမ်ပြီးအာရုံမထားကြပဲနဲ့မိမိတို့ရဲ့ တစ်ကိုယ်ရေကိစ္စတွေနဲ့သာ အချိန်ကုန်တာများပါတယ်။လူကြီးသူမတွေကို လေးစားမှုအပိုင်းမှာ ပေါ့သွားခဲ့တယ်လို့ဘဲပြောရမှာဖြစ်ပါတယ်။နေရာတကာမှာတွေ့နိုင်ပါတယ်။
မိတ်ဆွေများရှင် ဒီအချက်ကိုစဥ်စားလိုက်တဲ့အခါမှာနှစ်ဖက်လိုကြည့်ရမှာဘဲဖြစ်ပါတယ်။တဖက်ကလူငယ်ကလေးတွေကတော့ ရှင်းပါတယ်။ခေတ်ရဲ့တိုးတက်လာမှုနှင့်အတူလွတ်လပ်တဲ့သဘောကို ဆောင်ပြီးတော့ တဖြည်းဖြည်းသူမကိုယ်မဆိုင်၊ကိုယ်နဲ့သူမဆိုင်ဆိုတဲ့အခြေအနေတစ်ခုကိုကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ငယ်ရွယ်စဥ်လူကြီးသူမများ၊ဆရာဆရာမများရဲ့သွန်သင်ပြသမှုတွေပေါ်မှာလည်းအများကြီးမူ
တည်နေပါတယ်။အိမ်တွေမှာဆိုရင်လည်းအရင်လိုမိသားစုကမများတော့ပါဘူး။အိမ်တွင်းစည်းကမ်းပိုင်တွေမှာလည်းတဖြည်းဖြည်းလျော့ရဲလာခဲ့ပါတယ်။တစ်ယောက်နှစ်ယောက်ပဲရှိတဲ့သားသမီးများဟာ စည်းကမ်းတကာနေထိုင်ပုံသွင်းမှုထက်၊ချော့မော့အလိုလိုက်ခ့ရတာများပါတယ်။ဒါကြောင့်လည်းတဖည်းဖြည်းနီတိတွေပျောက်ပြီးတစ်ဦးနှင့်တစ်ဦးလေးစားမှု၊အဖွဲ့အသင်းအတွင်းလေးစားမှု၊အကြီးအငယ်လေးစားမှုတွေ၊တဖြည်းဖြည်းပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လူကြီးတွေနဲ့အပိုင်းဖြစ်ပါတယ်။လူကြီးတွေဟာကလေးသူသယ်တွေရှေ့မှာစံပြနေထိုင်မှုမျိုးရှိဖို့လိုပါတယ်။ကလေးလူငယ်များဟာလူကြီးတွေကိုအတုယူလိုက်ကျင့်ကြတာများပါတယ်။လူကြီးများရဲ့လမ်းကောင်းပြမှုဟာ လူငယ်တွေအတွက်ခွန်အားဘဲဖြစ်ပါတယ်။လူကြီးတွေကကောင်းမွန်တဲ့ပုံစံသက်သေပြသဖို့ရန်အရေးကြီးပါတယ်။ဟာအလကားပါကွာဘာမျှတန်ဖိုးထားစရာမရှိပါဘူးဆိုပြီးကလေးတွေကခံယူသွားတက်ကြပါတယ်။လူကြီးတွေမှာအားကျစရာလည်းမရှိ၊ဂုဏ်ယူစရာလည်းမရှိလေးစားစရာလည်းမရှိတဲ့အခါမှာကလေးတွေမလေးစားကြတာဖြစ်ပါတယ်။တခါတလေမှာလူကြီးတွေဟာငါပြောသလိုလုပ်၊ငါလုပ်သလိုမလုပ်နဲ့ဆိုတာတွေလည်းရှိပါတယ်။ကိုယ်ကလူကြီးတစ်ယောက်လို မပြုမှုမနေထိုင်တဲ့အခါမှာ လူငယ်တွေကလေးတွေမလေးစားတာအဆန်းမဟုတ်ဘူးလို့ဘဲပြောရမှာဖြစ်ပါတယ်။
မိတ်ဆွေသော်တရှင်များရှင် တဖြည်းဖြည်းနည်းပါးလာတဲ့တစ်ဦးနဲ့တစ်ဦးလေးစားမှုကို ပြန်လည်တည်မှတ်ချင်တယ်ဆိုရင်တော့၊အဖြေဟာအားလုံးပေါ်မှာဘဲရှိပါတယ်။ပြန်လည်သုံးသပ်ဖို့လို
ပါတယ်။ကလေးတွေကိုသွန်သင်ဆုံးမတဲ့ပုံစံ၊မိသားစုဘ၀ပုံစံတွေ၊လူကြီးတွေရဲ့အထင်ကြီးစရာ၊ လေးစားစရာအချက်များဟာအများကြီးအရေးကြီးလှပါတယ်။ဒါကြောင့်လောကကြီးထဲမှာလိုအပ်နေတဲ့တစ်ဦးနဲ့တစ်ဦးလေးစားမှုလိုချင်တယ်ဆိုရင် မိမိကစပြီးပြင်ဆင်ကြပါလို့တိုက်တွန်းလိုပါတယ်။
ချစ်သောသောတရှင်အပေါင်း တစ်ဦးနဲ့တစ်ဦးလေးစားမှုတစ်ခုကိုရယူနိုင်ကြပါစေရှင်။အားပေးနားဆင်ကြည့်ရှုသူအပေါင်းဘုရားရှင်ကောင်းကြီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ စစ္စတာရ်မေရီဒိမ်ပါရှင်။

Add new comment

8 + 6 =